တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ Russia Space System နှင့် Exhibition of Achievements of National Economy ရုရှားနိုင်ငံလုံးဆိုင်ရာပြခန်းများသို့ သွားရောက်လေ့လာ

ေနျပည္ေတာ္၊ ၾသဂုတ္ – ၁၉

ရုရွားဖက္ဒေရးရွင္းႏိုင္ငံတြင္ က်င္းပျပဳလုပ္ခဲ့ေသာ International Army Games – 2019 ပိတ္ပြဲ အခမ္းအနားသို႕ တက္ေရာက္ခဲ့သည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ ကိုယ္စားလွယ္အဖြဲ႕ သည္ ယေန႕နံနက္ပိုင္းတြင္ ေမာ္စကုိရွိ Russia Space System ႏွင့္ Exhibition of Achievements of National Economy ႐ုရွားႏုိင္ငံလုံးဆုိင္ရာျပခန္းမ်ားသုိ႕ သြားေရာက္ေလ့လာခဲ့ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ Russia Space System သို႕ ေရာက္ရွိ ၾကရာ Director Ivan KULTYSHEV ႏွင့္ဌာနအလိုက္ တာ၀န္ရွိသူမ်ားက ႀကိဳဆုိႏႈတ္ဆက္ခဲ့ၾကၿပီး Space System ၏အလုပ္လုပ္ပံု၊ ၿဂိဳဟ္တုလႊတ္တင္မႈမ်ားႏွင့္ ကမၻာပတ္လမ္းေၾကာင္းအတြင္း ထိန္းခ်ဳပ္မႈစနစ္မ်ား၊ ရာသီဥတုႏွင့္ သဘာ၀ေဘးအႏၲရာယ္ဆုိင္ရာအခ်က္အလက္မ်ားရယူမႈ အေျခ အေနမ်ားႏွင့္ပတ္သက္၍ ရွင္းလင္းတင္ျပၾကရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သိရွိလုိသည္ မ်ား ေမးျမန္းေဆြးေႏြးသည္။ ထုိ႕ေနာက္ Space Systemအတြင္း ၿဂဳိဟ္တုဆက္သြယ္ေရး ထိန္းခ်ဳပ္မႈစနစ္မ်ားႏွင့္ လုပ္ငန္းေဆာင္ရြက္ေနမႈ မ်ားအား လွည့္လည္ၾကည့္႐ႈရာ တာ၀န္ရွိသူမ်ားက ရွင္းလင္းျပသခဲ့ၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သိရွိလုိသည္မ်ားအား ေမးျမန္းေဆြးေႏြး ခဲ့ကာ အစည္းအေ၀းခန္းမတြင္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ခဲ့ၾကသည္။

ထုိ႕ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ Exhibition of Achievements of National Economy ႐ုရွားႏုိင္ငံလုံးဆုိင္ရာျပခန္းမ်ားသုိ႕ ေရာက္ရွိၾကရာ တာ၀န္ရွိသူမ်ားက ႀကိဳဆုိ ႏႈတ္ဆက္ၾကၿပီး ျပခန္းမ်ား၊ ရုပ္တုမ်ား၊ အပန္းေျဖဥယ်ာဥ္မ်ားႏွင့္ အာကာသျပတုိက္မ်ားအတြင္း လွည့္လည္ၾကည့္႐ႈေလ့လာ ၾကရာ တာ၀န္ရွိသူမ်ားက လုိက္လံရွင္းလင္းျပသခဲ့ၾကသည္။

အဆုိပါ Exhibition of Achievements of National Economy ကုိ ၁၉၃၉ ခုႏွစ္တြင္ စတင္ေဆာက္လုပ္ခဲ့ျခင္းျဖစ္ၿပီး စုိ္က္ပ်ဳိးေရးႏွင့္သက္ဆုိင္္ေသာ ျပခန္းမ်ား အျဖစ္စတင္အသုံးျပဳခဲ့ျခင္း ျဖစ္သည္။ ၁၉၈၆ ခုႏွစ္အထိ ဆုိဗီယက္ျပည္ေထာင္စုဆုိင္ရာ ျပခန္းမ်ားအျဖစ္ အသုံးျပဳခဲ့ၿပီး ၂၀၁၃ ေနာက္ပုိင္းတြင္ ႐ုရွားႏုိင္ငံလုံးဆုိင္ရာျပခန္းမ်ား အျဖစ္ အသုံးျပဳခဲ့ေၾကာင္းႏွင့္ စုစည္းျပသထားေသာ ကမၻာ့အႀကီးဆုံးျပခန္းမ်ားစာရင္းတြင္ အဆင့္ ၅၀ အတြင္းပါ၀င္ေၾကာင္းသိရွိရၿပီး ဧရိယာစတုရန္းမီတာ ၂၃၇၅၀၀၀ ခန္႕က်ယ္၀န္းသည္။ ျပခန္းေပါင္း ၁၃ ခုႏွင့္ အေဆာက္အဦေပါင္း ၇၅ လုံးခန္႕ရွိၿပီး လက္နက္ျပခန္း၊ စက္႐ုပ္ျပခန္း၊ နည္းပညာဆုိင္ရာျပခန္း၊ ေမာ္စကိုပုံစံငယ္၊ ပညာေရးဆုိင္ရာျပခန္း၊ သမုိင္းေၾကာင္း ျပတုိက္၊ ေၾကြထည္ျပခန္း၊ ေလယာဥ္ျပခန္းႏွင့္ ငါးျပတုိက္တုိ႕ ပါ၀င္ေၾကာင္း သိရွိရသည္။ အာကာသျပတုိက္ကုိ ၂၀၁၈ ခုႏွစ္ ဧၿပီလတြင္ စတင္ဖြင့္လွစ္ခဲ့ၿပီး အာကာသႏွင့္ ပတ္သက္သည့္ ပုံစံငယ္ေပါင္း ၁၂၀ ေက်ာ္ႏွင့္ အျခားေသာ ပစၥည္းအမ်ဳိးအစားေပါင္း ၂ ေထာင္ေက်ာ္ ခင္းက်င္းျပသထားသည္။ အဆုိပါ အာကာသျပခန္းတြင္ ႐ုရွားႏုိင္ငံမွ ပထမဆုံးလႊတ္တင္ခဲ့ေသာ ပုံစံတူၿဂိဳဟ္တု၊ အာကာသ အတြင္းသုိ႕ ပထမဆုံးသက္ရွိသတၲ၀ါအျဖစ္ ေစလႊတ္ခဲ့ေသာ ေခြးကေလး Laika လုိက္ပါခဲ့ေသာပုံစံတူၿဂိဳဟ္တု၊ မီယာအာကာသစခန္းယာဥ္ပုံစံတူအပါအ၀င္ ႐ုရွားႏုိင္ငံမွ အာကာသသုိ႕ေစလႊတ္ေသာ ဒုံးပ်ံႏွင့္ၿဂိဳဟ္တုမ်ား အဆင့္ဆင့္တုိးတက္ေျပာင္းလဲလာမ်ားႏွင့္ အာကာသပညာကုိ စိတ္ပါ၀င္စားသူမ်ား၊ ေလေၾကာင္းႏွင့္အာကာသပညာတကၠသုိလ္ တက္ေရာက္ ေနၾကသူမ်ားအတြက္ စိတ္၀င္စားဖြယ္ရာ ျပည္စုံစြာခင္းက်င္းျပသထားသည္ကုိ ေတြ႕ရွိရေၾကာင္းႏွင့္ Exhibition of Achievements of National Economy ႐ုရွားႏုိင္ငံလုံးဆုိင္ရာျပခန္းမ်ားသုိ႕ ၀င္ေၾကးအခမဲ့ျဖင့္၀င္ေရာက္ ခြင့္ျပဳထားၿပီး ကမၻာလွည့္ခရီးသြားမ်ား၊ လာေရာက္ေလ့လာ အပန္းေျဖသူမ်ား၊ ကုိယ္လက္လႈပ္႐ွားအားကစားျပဳလုပ္သူမ်ားျဖင့္ အၿမဲမျပတ္ စည္ကားလ်က္ ရွိသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ Russia Space System နှင့် Exhibition of Achievements of National Economy ရုရှားနိုင်ငံလုံးဆိုင်ရာပြခန်းများသို့ သွားရောက်လေ့လာ

နေပြည်တော်၊ သြဂုတ် – ၁၉

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော International Army Games – 2019 ပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ သည် ယနေ့နံနက်ပိုင်းတွင် မော်စကိုရှိ Russia Space System နှင့် Exhibition of Achievements of National Economy ရုရှားနိုင်ငံလုံးဆိုင်ရာပြခန်းများသို့ သွားရောက်လေ့လာခဲ့ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် Russia Space System သို့ ရောက်ရှိ ကြရာ Director Ivan KULTYSHEV နှင့်ဌာနအလိုက် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး Space System ၏အလုပ်လုပ်ပုံ၊ ဂြိုဟ်တုလွှတ်တင်မှုများနှင့် ကမ္ဘာပတ်လမ်းကြောင်းအတွင်း ထိန်းချုပ်မှုစနစ်များ၊ ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအချက်အလက်များရယူမှု အခြေ အနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည် များ မေးမြန်းဆွေးနွေးသည်။ ထို့နောက် Space Systemအတွင်း ဂြိုဟ်တုဆက်သွယ်ရေး ထိန်းချုပ်မှုစနစ်များနှင့် လုပ်ငန်းဆောင်ရွက်နေမှု များအား လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များအား မေးမြန်းဆွေးနွေး ခဲ့ကာ အစည်းအဝေးခန်းမတွင် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် Exhibition of Achievements of National Economy ရုရှားနိုင်ငံလုံးဆိုင်ရာပြခန်းများသို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြပြီး ပြခန်းများ၊ ရုပ်တုများ၊ အပန်းဖြေဥယျာဉ်များနှင့် အာကာသပြတိုက်များအတွင်း လှည့်လည်ကြည့်ရှုလေ့လာ ကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြသည်။

အဆိုပါ Exhibition of Achievements of National Economy ကို ၁၉၃၉ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး စို်က်ပျိုးရေးနှင့်သက်ဆိုင််သော ပြခန်းများ အဖြစ်စတင်အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ၁၉၈၆ ခုနှစ်အထိ ဆိုဗီယက်ပြည်ထောင်စုဆိုင်ရာ ပြခန်းများအဖြစ် အသုံးပြုခဲ့ပြီး ၂၀၁၃ နောက်ပိုင်းတွင် ရုရှားနိုင်ငံလုံးဆိုင်ရာပြခန်းများ အဖြစ် အသုံးပြုခဲ့ကြောင်းနှင့် စုစည်းပြသထားသော ကမ္ဘာ့အကြီးဆုံးပြခန်းများစာရင်းတွင် အဆင့် ၅၀ အတွင်းပါ၀င်ကြောင်းသိရှိရပြီး ဧရိယာစတုရန်းမီတာ ၂၃၇၅၀၀၀ ခန့်ကျယ်ဝန်းသည်။ ပြခန်းပေါင်း ၁၃ ခုနှင့် အဆောက်အဦပေါင်း ရ၅ လုံးခန့်ရှိပြီး လက်နက်ပြခန်း၊ စက်ရုပ်ပြခန်း၊ နည်းပညာဆိုင်ရာပြခန်း၊ မော်စကိုပုံစံငယ်၊ ပညာရေးဆိုင်ရာပြခန်း၊ သမိုင်းကြောင်း ပြတိုက်၊ ကြွေထည်ပြခန်း၊ လေယာဉ်ပြခန်းနှင့် ငါးပြတိုက်တို့ ပါ၀င်ကြောင်း သိရှိရသည်။ အာကာသပြတိုက်ကို ၂၀၁၈ ခုနှစ် ဧပြီလတွင် စတင်ဖွင့်လှစ်ခဲ့ပြီး အာကာသနှင့် ပတ်သက်သည့် ပုံစံငယ်ပေါင်း ၁၂၀ ကျော်နှင့် အခြားသော ပစ္စည်းအမျိုးအစားပေါင်း ၂ ထောင်ကျော် ခင်းကျင်းပြသထားသည်။ အဆိုပါ အာကာသပြခန်းတွင် ရုရှားနိုင်ငံမှ ပထမဆုံးလွှတ်တင်ခဲ့သော ပုံစံတူဂြိုဟ်တု၊ အာကာသ အတွင်းသို့ ပထမဆုံးသက်ရှိသတ္တဝါအဖြစ် စေလွှတ်ခဲ့သော ခွေးကလေး Laika လိုက်ပါခဲ့သောပုံစံတူဂြိုဟ်တု၊ မီယာအာကာသစခန်းယာဉ်ပုံစံတူအပါအဝင် ရုရှားနိုင်ငံမှ အာကာသသို့စေလွှတ်သော ဒုံးပျံနှင့်ဂြိုဟ်တုများ အဆင့်ဆင့်တိုးတက်ပြောင်းလဲလာများနှင့် အာကာသပညာကို စိတ်ပါ၀င်စားသူများ၊ လေကြောင်းနှင့်အာကာသပညာတက္ကသိုလ် တက်ရောက် နေကြသူများအတွက် စိတ်ဝင်စားဖွယ်ရာ ပြည်စုံစွာခင်းကျင်းပြသထားသည်ကို တွေ့ရှိရကြောင်းနှင့် Exhibition of Achievements of National Economy ရုရှားနိုင်ငံလုံးဆိုင်ရာပြခန်းများသို့ ၀င်ကြေးအခမဲ့ဖြင့်ဝင်ရောက် ခွင့်ပြုထားပြီး ကမ္ဘာလှည့်ခရီးသွားများ၊ လာရောက်လေ့လာ အပန်းဖြေသူများ၊ ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်သူများဖြင့် အမြဲမပြတ် စည်ကားလျက် ရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။