တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ပြန်လည်ရောက်ရှိ

ေနျပည္ေတာ္၊ ၾသဂုတ္  ၂၀

ရုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ ကာကြယ္ေရး၀န္ႀကီး Army General Sergei Kuzhugetovich Shoigu ၏ ဖိတ္ၾကားခ်က္အရ ရုရွားဖက္ဒေရးရွင္းႏိုင္ငံတြင္ က်င္းပျပဳလုပ္ခဲ့ေသာ International Army Games-2019 ပိတ္ပြဲအခမ္းအနားသို႕ တက္ေရာက္ခဲ့သည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ကိုယ္စားလွယ္အဖြဲ႕သည္ ၾသဂုတ္ ၁၉ ရက္ညပုိင္းတြင္ ေမာ္စကုိၿမိဳ႕ Domodedovo အျပည္ျပည္ဆုိင္ရာေလဆိပ္မွ ျပန္လည္ ထြက္ခြာၾကရာ ရုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ ကာကြယ္ေရး၀န္ႀကီးဌာန၊ ဒုတိယ၀န္ႀကီး Colonel General Alexander V.Fomin၊ ႐ုရွားႏုိင္ငံဆုိင္ရာျမန္မာႏိုင္ငံ သံအမတ္ႀကီး ဦးကုိကုိရွိန္၊ ျမန္မာစစ္သံ (ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးခ်ဳပ္ ေက်ာ္စိုးမုိးႏွင့္ တာ၀န္ရွိသူမ်ားက ေလဆိပ္တြင္ ပုိ႔ေဆာင္ ႏႈတ္ဆက္ၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ ကုိယ္စားလွယ္ အဖြဲ႕သည္ ယေန႕မြန္းလြဲပုိင္းတြင္ ရန္ကုန္အျပည္ျပည္ဆုိင္ရာေလဆိပ္သုိ႔ ျပန္လည္ေရာက္ရွိၾကရာ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး မင္းေနာင္၊ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္သက္ပုံ၊ ျမန္မာႏုိင္ငံဆုိင္ရာ ႐ုရွားဖက္ဒေရးရွင္းႏုိင္ငံသံ႐ုံးမွ Mr.Andrey Baronov၊ စစ္သံမွဴး Colonel Eduard OKLADNIKOV ႏွင့္တာ၀န္ရွိသူမ်ားက ေလဆိပ္တြင္ႀကိဳဆုိႏႈတ္ဆက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ တပ္မေတာ္ေလ့က်င့္ေရးအရာရွိခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအးႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ တပ္မေတာ္ အရာရွိႀကီးမ်ား ျပန္လည္ လုိက္ပါလာခဲ့ၾကသည္။ ခရီးစဥ္အတြင္း International Army Games-2019 ပိတ္ပြဲအခမ္းအနားသို႕ တက္ေရာက္ျခင္း၊ ႐ု႐ွားႏုိင္ငံ စစ္ဘက္အႀကီးအကဲမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြး၍ ႏွစ္ႏုိင္ငံဆက္ဆံမႈ တုိးျမႇင့္ေဆာင္ရြက္ေရး၊ ႏွစ္ႏုိင္ငံပူးေပါင္းေဆာင္ရြက္မႈတုိးျမႇင့္ေရးဆုိင္ရာကိစၥရပ္မ်ားအား ေဆြးေႏြး ခဲ့ၾကေၾကာင္းႏွင့္ အထင္ကရ ေနရာမ်ားသုိ႕ သြားေရာက္ေလ့လာျခင္းမ်ား ျပဳလုပ္ခဲ့ၾကသည္။

 

(Unicode Version)

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ပြန်လည်ရောက်ရှိ

နေပြည်တော်၊ သြဂုတ် ၂၀

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergei Kuzhugetovich Shoigu ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော International Army Games-2019 ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် သြဂုတ် ၁၉ ရက်ညပိုင်းတွင် မော်စကိုမြို့ Domodedovo အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည် ထွက်ခွာကြရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Colonel General Alexander V.Fomin၊ ရုရှားနိုင်ငံဆိုင်ရာမြန်မာနိုင်ငံ သံအမတ်ကြီး ဦးကိုကိုရှိန်၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင် နှုတ်ဆက်ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ် အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိကြရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ Mr.Andrey Baronov၊ စစ်သံမှူး Colonel Eduard OKLADNIKOV နှင့်တာဝန်ရှိသူများက လေဆိပ်တွင်ကြိုဆိုနှုတ်ဆက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ ပြန်လည် လိုက်ပါလာခဲ့ကြသည်။ ခရီးစဉ်အတွင်း International Army Games-2019 ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ခြင်း၊ ရုရှားနိုင်ငံ စစ်ဘက်အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေး၍ နှစ်နိုင်ငံဆက်ဆံမှု တိုးမြှင့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေး ခဲ့ကြကြောင်းနှင့် အထင်ကရ နေရာများသို့ သွားရောက်လေ့လာခြင်းများ ပြုလုပ်ခဲ့ကြသည်။

 

 

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။