တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ၾသဂုတ္ ၂၂

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ျမန္မာႏိုင္ငံဆုိင္ရာ တ႐ုတ္ ျပည္သူ႕သမၼတႏုိင္ငံ သံအမတ္ႀကီး H.E.Mr.Chen Hai အား ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမ၌ လက္ခံေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး သံအမတ္ႀကီးႏွင့္အတူ တာ၀န္ရွိသူမ်ား တက္ေရာက္ ၾကသည္။

ထုိသုိ႔ေတြ႕ဆံုရာတြင္ ရခိုင္ျပည္နယ္တြင္ လူ႕အခြင့္အေရးခ်ိဳးေဖာက္မႈမ်ား အေၾကာင္းျပ၍ ႏိုင္ငံတကာ မွ ျမန္မာႏိုင္ငံအေပၚ ဖိအားေပးေဆာင္ရြက္ေနမႈမ်ားအား တ႐ုတ္ႏိုင္ငံက လက္မခံဘဲ ျမန္မာႏိုင္ငံ ဘက္မွ ရပ္တည္ေဆာင္ရြက္ေပးလ်က္ရွိသည့္ အေျခအေနမ်ား၊ ျပင္ဦးလြင္ၿမိဳ႕ႏွင့္ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)တို႔တြင္ အၾကမ္းဖက္တိုက္ခိုက္မႈျဖစ္စဥ္မ်ား ျဖစ္ပြားခဲ့သည့္အေျခအေနမ်ား၊ ယင္းအၾကမ္းဖက္တုိက္ခိုက္မႈျဖစ္စဥ္မ်ားကုိ တ႐ုတ္ႏိုင္ငံက ျပတ္ျပတ္သားသားကန္႔ကြက္ ႐ႈတ္ခ် ေၾကာင္းႏွင့္ တ႐ုတ္ႏိုင္ငံ၏ရပ္တည္ခ်က္ အေျခအေနမ်ား၊ ျမန္မာႏိုင္ငံ၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား တြင္ တ႐ုတ္ႏိုင္ငံက ကူညီေဆာင္ရြက္ေပးလ်က္ရွိသည့္ အေျခအေနမ်ား၊ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈမ်ား တိုးတက္မႈရရွိရန္ႏွင့္ လုပ္ေဆာင္ႏိုင္မည့္ အေျခအေနမ်ားအား ေဆြးေႏြးခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ သြဂုတ် ၂၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr.Chen Hai အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး သံအမတ်ကြီးနှင့်အတူ တာဝန်ရှိသူများ တက်ရောက် ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများ အကြောင်းပြ၍ နိုင်ငံတကာ မှ မြန်မာနိုင်ငံအပေါ် ဖိအားပေးဆောင်ရွက်နေမှုများအား တရုတ်နိုင်ငံက လက်မခံဘဲ မြန်မာနိုင်ငံ ဘက်မှ ရပ်တည်ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ ပြင်ဦးလွင်မြို့နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားခဲ့သည့်အခြေအနေများ၊ ယင်းအကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များကို တရုတ်နိုင်ငံက ပြတ်ပြတ်သားသားကန့်ကွက် ရှုတ်ချ ကြောင်းနှင့် တရုတ်နိုင်ငံ၏ရပ်တည်ချက် အခြေအနေများ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တွင် တရုတ်နိုင်ငံက ကူညီဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ ငြိမ်းချမ်းရေးဆွေးနွေးမှုများ တိုးတက်မှုရရှိရန်နှင့် လုပ်ဆောင်နိုင်မည့် အခြေအနေများအား ဆွေးနွေးခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။