ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးနေမှုများ ကြည့်ရှု အားပေး၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးကျေးရွာ၊ ရွာဦးဘုန်းတော်ကြီးကျောင်း ဘက်စုံပြန်လည်ပြုပြင်မွမ်းမံလှူဒါန်းခြင်း ရေစက်ချအလှူ မင်္ဂလာပြုလုပ်

ေနျပည္ေတာ္ ၊ ၾသဂုတ္ ၂၃

 

“က်န္းမာမွ အလုပ္လုပ္ႏိုင္မည္၊ က်န္းမာမွ ပညာေကာင္းစြာ သင္ၾကား ႏိုင္မည္” က်န္းမာေရးသည္ လူတိုင္းအတြက္ အလြန္အေရးႀကီးၿပီး က်န္းမာေရး ေကာင္းမြန္မွသာ လူမႈေရး၊ စီးပြားေရး၊ စားဝတ္ေနေရး၊ ပညာေရး စသည္တို႔ကို ေအာင္ျမင္စြာ ေဆာင္႐ြက္ႏိုင္မည္ျဖစ္သည့္ အတြက္ က်န္းမာေရးေကာင္းမြန္ရန္ အေရးႀကီးေၾကာင္း၊ မိမိတို႔က်န္းမာေရးကို ထိခိုက္ေစႏိုင္သည့္ အေသာက္အစား၊ အစားအေသာက္မ်ားကို ဆင္ျခင္ရန္လိုၿပီး ေဆးလိပ္၊ အရက္၊ ကြမ္းစားျခင္းမ်ားႏွင့္ ေန႔စဥ္ စားေသာက္ေနသည့္ စားေသာက္ကုန္ ပစၥည္းမ်ားတြင္ ေဘးဥပါဒ္ျဖစ္ေစသည့္ ျပည့္ဝဆီ၊ အခ်ိဳမႈန႔္ကဲ့သို႔ေသာ အရာမ်ားကိုလည္း ေရွာင္က်ဥ္ၾကရမည္ျဖစ္ေၾကာင္း၊ ျပည္သူတို႔၏ လူမႈစီးပြား တိုးတက္ေကာင္းမြန္မႈမွာ က်န္းမာေရးေကာင္းမြန္ရန္ အေရးႀကီးသျဖင့္ တိုင္းရင္းသားျပည္သူမ်ား၏ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားအတြက္ တပ္မေတာ္နယ္လွည့္အထူးကုေဆးအဖြဲ႕မ်ားျဖင့္ ေနရာေဒသမေ႐ြး ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က မေကြးတိုင္းေဒသႀကီး၊ မင္းဘူးခ႐ိုင္၊ ပြင့္ျဖဴၿမိဳ႕နယ္အတြင္း ေဒသခံျပည္သူမ်ားႏွင့္ ေတြ႕ဆုံစဥ္ ထည့္သြင္းေျပာၾကားသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ဇနီးေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္မွ တာဝန္ရွိသူမ်ား လိုက္ပါ၍ ယေန႔ေန႔လယ္ပိုင္းတြင္ မေကြးတိုင္း ေဒသႀကီး၊ မင္းဘူးခ႐ိုင္၊ ပြင့္ျဖဴၿမိဳ႕နယ္၊ ေရပုတ္ႀကီးေက်း႐ြာ၊ ေ႐ႊဘို႐ြာမေက်း႐ြာ၊ ေရွာက္ေတာ ေက်း႐ြာႏွင့္ ပတ္ဝန္းက်င္ေက်း႐ြာမ်ားမွ ေဒသခံျပည္သူမ်ားအား ေရပုတ္ႀကီးေက်း႐ြာ အေျခခံပညာ အလယ္တန္းေက်ာင္းႏွင့္ ေ႐ႊဘို႐ြာမေက်း႐ြာ၊ ျပည္လုံးခ်မ္းသာ မန္းစက္ေတာ္ရာ တတိယပါဒ ေစတီေတာ္ဝန္းအတြင္းတို႔၌ တပ္မေတာ္နယ္လွည့္ အထူးကုေဆးအဖြဲ႕မ်ားက က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္း ေဆာင္႐ြက္ေပးေနမႈမ်ားကို သြားေရာက္ၾကည့္ရႈအားေပးၿပီး ေဒသခံ ျပည္သူမ်ားအား ေတြ႕ဆုံခဲ့သည္။

က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္႐ြက္ေပးေနသည့္ ေက်း႐ြာမ်ား၌ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီး၊ အဖြဲ႕ဝင္မ်ားသည္ မ်က္စိခြဲစိတ္ေဝဒနာရွင္ သံဃာေတာ္ႏွစ္ပါးႏွင့္ ေဒသခံျပည္သူမ်ားအား ေနကာမ်က္မွန္ႏွင့္ စာၾကည့္ မ်က္မွန္မ်ားအား တစ္ဦးခ်င္းရင္းရင္းႏွီးႏွီး လိုက္လံတပ္ဆင္ေပးအပ္ၿပီး အားေပးစကားေျပာၾကားသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ တပ္မေတာ္ နယ္လွည့္အထူးကုေဆးအဖြဲ႕က ေဒသခံျပည္သူမ်ားအား က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္႐ြက္ေပးေနမႈအား လိုက္လံၾကည့္ရႈအားေပးသည္။

ထို႔ျပင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ား ေဆာင္႐ြက္ ေပးလ်က္ရွိသည့္ ေရပုတ္ႀကီးေက်း႐ြာ၊ ေ႐ႊဘို႐ြာမေက်း႐ြာ၊ ေရွာက္ေတာေက်း႐ြာႏွင့္ ပတ္ဝန္းက်င္ ေက်း႐ြာမ်ားမွ ေဒသခံျပည္သူမ်ားအား ေရပုတ္ႀကီးေက်း႐ြာ အေျခခံပညာအလယ္တန္းေက်ာင္းႏွင့္ ေ႐ႊဘို႐ြာမေက်း႐ြာ၊ ျပည္လုံးခ်မ္းသာ မုန္းစက္ေတာ္ရာ တတိယပါဒေစတီေတာ္ ဓမၼာ႐ုံတို႔၌ ရင္းရင္းႏွီးႏွီးေတြ႕ဆုံ၍ ေဒသဖြံ႕ၿဖိဳးေရးဆိုင္ရာကိစၥရပ္မ်ားအား ေဆြးေႏြးေျပာၾကားရာ၌ ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးမ်ားက ေဒသဆိုင္ရာအခ်က္အလက္မ်ားႏွင့္ ေဒသအတြင္း စီးပြားေရးအေျခအေနမ်ား အားလည္းေကာင္း ၊ ေဒသခံျပည္သူမ်ားက ေဒသအတြင္း လိုအပ္ခ်က္မ်ားအားလည္းေကာင္း အသီးသီးတင္ျပၾကရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ယခုတင္ျပခ်က္မ်ားကို အတတ္ႏိုင္ဆုံး တပ္မေတာ္မွ ေဆာင္႐ြက္ေပးမည္ျဖစ္သလို ႏိုင္ငံေတာ္အပိုင္းမွလည္း ေဆာင္႐ြက္ေပးႏိုင္ေရး တင္ျပ ေပးမည္ျဖစ္ေၾကာင္း ရွင္းလင္းေျပာၾကားၿပီး၊ ယခုမေကြးတိုင္းေဒသႀကီး ၊ စကု၊ ပြင့္ျဖဴ၊ ေစတုတၱရာ၊ ပဒါန္းၿမိဳ႕နယ္အတြင္းရွိ ေဒသခံျပည္သူမ်ားအား က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္႐ြက္ ေပးရန္ ေရာက္ရွိေနေသာ ပါရဂူမ်ား၊ ေဆးမႉးမ်ားႏွင့္ သူနာျပဳမ်ားပါဝင္ေသာ တပ္မေတာ္နယ္လွည့္ အထူးေဆးကုသေရးအဖြဲ႕သည္ ၾသဂုတ္ ၁၃ရက္မွ ၾသဂုတ္ ၂၂ ရက္ထိ ေဒသခံျပည္သူ တစ္ေသာင္းေက်ာ္အား ေဆးဝါးကုသမႈမ်ား ေဆာင္႐ြက္ေပးႏိုင္ခဲ့ေၾကာင္း၊ ဧရာဝတီျမစ္ အေနာက္ဘက္ျခမ္း ေဒသအတြင္း ၂၀၁၂ ခုႏွစ္မွစ၍ တပ္မေတာ္နယ္လွည့္ေဆးကုသေရးအဖြဲ႕ အေနျဖင့္ ေဒသခံျပည္သူ ၁၄၀၀၀၀ ေက်ာ္ကို က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္႐ြက္ေပး ႏိုင္ခဲ့ၿပီး စုစုေပါင္း ၁၄ ႀကိမ္ ေဆာင္႐ြက္ေပးႏိုင္ခဲ့ေၾကာင္း ေျပာၾကားသည္။

ထို႔ေနာက္ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ လိုအပ္သည္မ်ားအား ေဆာင္႐ြက္ေပးႏိုင္ေရး ညႇိႏႈိင္း ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္းႏွင့္ တပ္မေတာ္မွလည္း တတ္စြမ္းသေ႐ြ႕ ကူညီေဆာင္႐ြက္ေပး သြားမည္ျဖစ္ေၾကာင္း “စိုက္ပ်ိဳးေရးလုပ္ငန္းကို အေျခခံသည့္ ေဒသခံျပည္သူမ်ား စီးပြားေရးဖြံ႕ၿဖိဳး တိုးတက္ေစရန္” ေဒသဝမ္းစာဖူလုံေရးအတြက္ စိုက္ပ်ိဳးေရးလုပ္ငန္းကို ေအာင္ျမင္ျဖစ္ထြန္းေအာင္ ေဆာင္႐ြက္ရန္လိုအပ္ၿပီး စိုက္ပ်ိဳးေျမမ်ားအတြက္လိုအပ္သည့္ ေျမၾသဇာရရွိေရးအတြက္ ေျမေဆြးမ်ားႏွင့္ ႏြားေခ်းကဲ့သို႔ေသာ သဘာဝေျမၾသဇာမ်ားကို အသုံးျပဳရန္လိုအပ္ေၾကာင္း၊ စိုက္ပ်ိဳးေရးတြင္ ေအာင္ျမင္ျဖစ္ထြန္းေရးအတြက္ ေကာင္းမြန္ေသာမ်ိဳးပင္မ်ားရရွိေရး၊ စိုက္နည္းစနစ္ မွန္ကန္ေစေရး၊ စိုက္ပ်ိဳးေရႏွင့္ေအာင္ေရဖူလုံစြာရရွိေရး၊ စိုက္ပ်ိဳးေျမကိုစနစ္တက်ျပင္ဆင္ၿပီး သဘာ၀ ေျမၾသဇာ၊ ဓာတ္ေျမၾသဇာအခ်ိဳးက်က် ထည့္သြင္းေရး စသည့္စိုက္နည္းစနစ္မ်ားျဖင့္ စိုက္ပ်ိဳးရမည္ျဖစ္ ေၾကာင္း ေျပာၾကားသည္။

ဆက္လက္ၿပီး “ေဒသကိုျပန္လည္အက်ိဳးျပဳႏိုင္သည့္ ပညာတတ္မ်ား၊ အသိပညာ၊ အတတ္ပညာရွင္ မ်ား ေမြးထုတ္ေပးရန္” မိမိတို႔တစ္ဦးခ်င္း၏ မိသားစု၊ ေက်း႐ြာ၊ ၿမိဳ႕နယ္၊ ေဒသဖြံ႕ၿဖိဳး တိုးတက္ေရးအတြက္ လူတိုင္းတြင္ ကိုယ္စီတာဝန္ရွိေၾကာင္း၊ ယင္းသို႔ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ပညာေရးကို ဦးစားေပးရမည္ျဖစ္ေၾကာင္း၊ မူလတန္းပညာအဆင့္ျဖင့္ ရပ္တန႔္၍မရဘဲ အလယ္တန္း၊ အထက္တန္း၊ တကၠသိုလ္ပညာမ်ား ဆက္လက္သင္ၾကားမွသာ အသိပညာ၊ အတတ္ပညာမ်ား ရရွိမည္ျဖစ္ၿပီး မည္သည့္လုပ္ငန္းလုပ္ကိုင္သည္ျဖစ္ေစ စဥ္းစားေတြးေခၚႏိုင္စြမ္းျမင့္မားစြာျဖင့္ ေအာင္ျမင္စြာ ေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း၊ ပညာေရးအေျခအေနကို တစ္ႏိုင္ငံလုံး အတိုင္း အတာျဖင့္ၾကည့္ပါက ၂၀၀၈ ခုႏွစ္တြင္ သူငယ္တန္းတက္ေရာက္ခဲ့သူ ၁ သန္း ၂ သိန္းခန႔္ရွိေၾကာင္း၊ ယင္းအေရအတြက္မွ ပၪၥမတန္းတက္ေရာက္သူ ၇ သိန္း ၁ ေသာင္း ခန႔္ျဖစ္၍ စတင္တက္ေရာက္သူ၏ ၅၈ ရာခိုင္ႏႈန္းခန႔္ရွိေၾကာင္း၊ ယင္းမွအထက္တန္း အဆင့္ နဝမတန္းသို႔ တက္ေရာက္သူ ၅ သိန္း ၆ ေသာင္းေက်ာ္ရွိရာ အလယ္တန္း အင္အား၏ ၄၂ ဒသမ ၅ ရာခိုင္ႏႈန္း ခန႔္ျဖစ္ေၾကာင္း၊ ၂၀၁၈-၂၀၁၉ ခုႏွစ္ တကၠသိုလ္ဝင္တန္း ေျဖဆိုေအာင္ျမင္မႈမွာ ၃၁ ဒသမ ၄၄ ရာခိုင္ႏႈန္းရွိရာ စတင္ေက်ာင္း ေနသည္မွ တကၠသိုလ္ဝင္တန္းေအာင္ျမင္သည္အထိ တက္ေရာက္ႏိုင္သူ အေရအတြက္ လြန္စြာ နည္းပါးသျဖင့္ ပညာေရးကိုဂ႐ုတစိုက္အားေပး ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

ထို႔ျပင္ “လူမႈစီးပြားဘ၀ ဖြံ႕ၿဖိဳးတိုးတက္ေစရန္အေရးႀကီးေသာ လွ်ပ္စစ္မီးရရွိေရး” ႏွင့္ လမ္းပန္း ဆက္သြယ္ေရးမွာလည္း အေရးႀကီးေၾကာင္း၊ လွ်ပ္စစ္မီး လိုအပ္ခ်က္အတြက္ ေဆာင္႐ြက္ရာတြင္ သဘာဝပတ္ဝန္းက်င္ႏွင့္ အျခားအေၾကာင္းအမ်ိဳးမ်ိဳးျပ၍ ကန႔္ကြက္မႈမ်ားရွိေနသျဖင့္ မိမိေဒသ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ သက္ဆိုင္ရာအစိုးရအဖြဲ႕ အစည္းမ်ားျဖင့္ ပူးေပါင္းေဆာင္႐ြက္၍ မွန္ကန္ေသာ နည္းလမ္းကို ရွာရမည္ျဖစ္ေၾကာင္း၊ တိုင္းျပည္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ တည္ၿငိမ္ ေအးခ်မ္းမႈရွိရန္လည္းလိုအပ္ၿပီး တရားနည္းလမ္းမက်ေသာလုပ္ရပ္မ်ား မျပဳလုပ္ၾကရန္ လိုေၾကာင္း ျဖင့္ ရွင္းလင္းေဆြးေႏြး ေျပာၾကားသည္။

 

ေတြ႕ဆုံပြဲမ်ားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေဒသခံျပည္သူ မ်ားအတြက္ စားေသာက္ဖြယ္ရာမ်ားအားလည္းေကာင္း၊ တပ္မေတာ္ကာကြယ္ေရးဦးစီး ခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွ က သုတ၊ ရသ စာအုပ္ စာေစာင္မ်ားအားလည္းေကာင္း ေပးအပ္ရာ ေက်း႐ြာတာဝန္ရွိသူမ်ားက လက္ခံရယူသည္။

ယင္းေနာက္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္တို႔က စားေသာက္ဖြယ္ရာမ်ား ေပးအပ္ရာ ေက်း႐ြာတာဝန္ရွိသူမ်ားက လက္ခံရယူခဲ့ၾကသည္။

ထို႔ျပင္ ယေန႔နံနက္ပိုင္းတြင္လည္း မေကြးတိုင္းေဒသႀကီး၊ ပြင့္ျဖဴၿမိဳ႕နယ္၊ ေရပုတ္ႀကီးေက်း႐ြာရွိ ႐ြာဦးဘုန္းေတာ္ႀကီးေက်ာင္း ဘက္စုံျပန္လည္ျပဳျပင္မြမ္းမံလႉဒါန္းျခင္း ေရစက္ခ်အလႉမဂၤလာအား အဆိုပါေက်ာင္း၌ျပဳလုပ္ရာ မေကြးတိုင္းေဒသႀကီး သံဃနာယက အဖြဲ႕ဥကၠ႒ မေကြးၿမိဳ႕၊ ေအာင္ေျမ ရတနာပရိယတၱိစာသင္တိုက္ ပဓာနနာယက အဂၢမဟာပ႑ိတ ဘဒၵႏၲပ႑ိစၥသာရ အမႉးျပဳေသာ ဆရာေတာ္၊ သံဃာေတာ္မ်ား ႂကြေရာက္ခ်ီးျမႇင့္ေတာ္မူၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ဇနီးေဒၚၾကဴၾကဴလွႏွင့္ အဖြဲ႕ဝင္မ်ား၊ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္မွ တာဝန္ရွိသူမ်ား၊ ေဒသခံျပည္သူမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တက္ေရာက္လာၾကသူမ်ားက ေအာင္ေျမရတနာပရိယတၱိ စာသင္တိုက္ ပဓာနနာယက ဆရာေတာ္ထံမွ ငါးပါးသီလ ခံယူေဆာက္တည္ၾကၿပီး ဆရာေတာ္၊ သံဃာေတာ္ အရွင္သူျမတ္မ်ား ႐ြတ္ပြားခ်ီးျမႇင့္ေတာ္မူသည့္ ေမတၱသုတ္ ပရိတ္တရားေတာ္မ်ားကို နာယူၾကသည္။

 

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ ဇနီး ေဒၚၾကဴၾကဴလွ တို႔က မေကြးတိုင္းေဒသႀကီး သံဃနာယကအဖြဲ႕ ဥကၠဌ မေကြးၿမိဳ႕၊ ေအာင္ေျမရတနာပရိယတၱိ စာသင္တိုက္ ပဓာနနာယက ဆရာေတာ္ႀကီးထံ လႉဖြယ္ပစၥည္းမ်ားအားလည္းေကာင္း၊ ေရပုတ္ႀကီး ႐ြာဦးဘုန္းေတာ္ႀကီးေက်ာင္း ဆရာေတာ္ ဘဒၵႏၲဝဏၰိႆရထံသို႔ လႉဖြယ္ပစၥည္းမ်ားႏွင့္ ဘုန္းေတာ္ႀကီးေက်ာင္းျပဳျပင္မႈမွတ္တမ္းဓာတ္ပုံမ်ားအားလည္းေကာင္း ဆက္ကပ္လႉဒါန္းရာ ေရပုတ္ႀကီး ႐ြာဦးဘုန္းေတာ္ႀကီးေက်ာင္း ဆရာေတာ္မွ ဂုဏ္ျပဳမွတ္တမ္းလႊာ ျပန္လည္ေပးအပ္သည္။

ယင္းေနာက္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ ႏွင့္ဇနီး၊ အခမ္းအနားတက္ ေရာက္လာၾကသည့္ တပ္မေတာ္ အရာရွိႀကီးမ်ားက ဆရာေတာ္၊ သံဃာေတာ္မ်ားထံ လႉဖြယ္ပစၥည္းမ်ားကို အသီးသီး ဆက္ကပ္ လႉဒါန္းၾကသည္။

ထို႔ေနာက္ ေအာင္ေျမရတနာပရိယတၱိစာသင္တိုက္ ပဓာန နာယက ဆရာေတာ္ႀကီးက အႏုေမာဒနာ တရားေဟာၾကား ခ်ီးျမႇင့္ေတာ္မူၿပီး လႉဒါန္းမႈအစုစုတို႔ အတြက္ ေရစက္သြန္းခ်အမွ်ေပးေဝၾကကာ ဗုဒၶသာသနံ စိရံ တိ႒တု သုံးႀကိမ္႐ြတ္ဆို ဆုေတာင္း၍ အခမ္းအနားကို႐ုပ္သိမ္းလိုက္သည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ ဇနီး ေဒၚၾကဴၾကဴလွတို႔က ေက်ာင္းဝန္းအတြင္းရွိ ကမၸည္းေမာ္ကြန္း ေက်ာက္စာတိုင္အား အေမႊးနံ႔သာရည္ မ်ားျဖင့္ ပက္ဖ်န္းခဲ့ၾကကာ ေအာင္ေျမရတနာ ပရိယတၱိ စာသင္တိုက္ ပဓာနနာယက ဆရာေတာ္ႀကီး အမႉးျပဳေသာ ဆရာေတာ္၊ သံဃာေတာ္ အရွင္သူျမတ္မ်ားအား ေန႔ဆြမ္းဆက္ကပ္လႉဒါန္းခဲ့ၾကသည္။ ထို႔ျပင္ ဧည့္ပရိသတ္ ေဒသခံျပည္သူမ်ားအား စားေသာက္ဖြယ္ရာမ်ားေပးအပ္ၿပီး ေန႔လယ္စာျဖင့္ ဧည့္ခံေကြၽးေမြးခဲ့ၾကသည္။

 

(Unicode Version)

ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးနေမှုများ ကြည့်ရှု အားပေး၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးကျေးရွာ၊ ရွာဦးဘုန်းတော်ကြီးကျောင်း ဘက်စုံပြန်လည်ပြုပြင်မွမ်းမံလှူဒါန်းခြင်း ရေစက်ချအလှူ မင်္ဂလာပြုလုပ်

နေပြည်တော် ၊ သြဂုတ် ၂၃

“ကျန်းမာမှ အလုပ်လုပ်နိုင်မည်၊ ကျန်းမာမှ ပညာကောင်းစွာ သင်ကြား နိုင်မည်” ကျန်းမာရေးသည် လူတိုင်းအတွက် အလွန်အရေးကြီးပြီး ကျန်းမာရေး ကောင်းမွန်မှသာ လူမှုရေး၊ စီးပွားရေး၊ စားဝတ်နေရေး၊ ပညာရေး စသည်တို့ကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည့် အတွက် ကျန်းမာရေးကောင်းမွန်ရန် အရေးကြီးကြောင်း၊ မိမိတို့ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် အသောက်အစား၊ အစားအသောက်များကို ဆင်ခြင်ရန်လိုပြီး ဆေးလိပ်၊ အရက်၊ ကွမ်းစားခြင်းများနှင့် နေ့စဉ် စားသောက်နေသည့် စားသောက်ကုန် ပစ္စည်းများတွင် ဘေးဥပါဒ်ဖြစ်စေသည့် ပြည့်ဝဆီ၊ အချိုမှုန့်ကဲ့သို့သော အရာများကိုလည်း ရှောင်ကျဉ်ကြရမည်ဖြစ်ကြောင်း၊ ပြည်သူတို့၏ လူမှုစီးပွား တိုးတက်ကောင်းမွန်မှုမှာ ကျန်းမာရေးကောင်းမွန်ရန် အရေးကြီးသဖြင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့များဖြင့် နေရာဒေသမရွေး ဆောင်ရွက်ပေးလျက်ရှိကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်း ဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နေ့လယ်ပိုင်းတွင် မကွေးတိုင်း ဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးကျေးရွာ၊ ရွှေဘိုရွာမကျေးရွာ၊ ရှောက်တော ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ရေပုတ်ကြီးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းနှင့် ရွှေဘိုရွာမကျေးရွာ၊ ပြည်လုံးချမ်းသာ မန်းစက်တော်ရာ တတိယပါဒ စေတီတော်ဝန်းအတွင်းတို့၌ တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့များက ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်ပေးနေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး ဒေသခံ ပြည်သူများအား တွေ့ဆုံခဲ့သည်။

ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် ကျေးရွာများ၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် မျက်စိခွဲစိတ်ဝေဒနာရှင် သံဃာတော်နှစ်ပါးနှင့် ဒေသခံပြည်သူများအား နေကာမျက်မှန်နှင့် စာကြည့် မျက်မှန်များအား တစ်ဦးချင်းရင်းရင်းနှီးနှီး လိုက်လံတပ်ဆင်ပေးအပ်ပြီး အားပေးစကားပြောကြားသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော် နယ်လှည့်အထူးကုဆေးအဖွဲ့က ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအား လိုက်လံကြည့်ရှုအားပေးသည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိသည့် ရေပုတ်ကြီးကျေးရွာ၊ ရွှေဘိုရွာမကျေးရွာ၊ ရှောက်တောကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများအား ရေပုတ်ကြီးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းနှင့် ရွှေဘိုရွာမကျေးရွာ၊ ပြည်လုံးချမ်းသာ မုန်းစက်တော်ရာ တတိယပါဒစေတီတော် ဓမ္မာရုံတို့၌ ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးပြောကြားရာ၌ ကျေးရွာ အုပ်ချုပ်ရေးမှူးများက ဒေသဆိုင်ရာအချက်အလက်များနှင့် ဒေသအတွင်း စီးပွားရေးအခြေအနေများ အားလည်းကောင်း ၊ ဒေသခံပြည်သူများက ဒေသအတွင်း လိုအပ်ချက်များအားလည်းကောင်း အသီးသီးတင်ပြကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုတင်ပြချက်များကို အတတ်နိုင်ဆုံး တပ်မတော်မှ ဆောင်ရွက်ပေးမည်ဖြစ်သလို နိုင်ငံတော်အပိုင်းမှလည်း ဆောင်ရွက်ပေးနိုင်ရေး တင်ပြ ပေးမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး၊ ယခုမကွေးတိုင်းဒေသကြီး ၊ စကု၊ ပွင့်ဖြူ၊ စေတုတ္တရာ၊ ပဒါန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးရန် ရောက်ရှိနေသော ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်နယ်လှည့် အထူးဆေးကုသရေးအဖွဲ့သည် သြဂုတ် ၁၃ရက်မှ သြဂုတ် ၂၂ ရက်ထိ ဒေသခံပြည်သူ တစ်သောင်းကျော်အား ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ဧရာဝတီမြစ် အနောက်ဘက်ခြမ်း ဒေသအတွင်း ၂၀၁၂ ခုနှစ်မှစ၍ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့ အနေဖြင့် ဒေသခံပြည်သူ ၁၄၀၀၀၀ ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး နိုင်ခဲ့ပြီး စုစုပေါင်း ၁၄ ကြိမ် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ပြောကြားသည်။

ထို့နောက် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များအား ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် တပ်မတော်မှလည်း တတ်စွမ်းသရွေ့ ကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း “စိုက်ပျိုးရေးလုပ်ငန်းကို အခြေခံသည့် ဒေသခံပြည်သူများ စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရန်” ဒေသဝမ်းစာဖူလုံရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ရန်လိုအပ်ပြီး စိုက်ပျိုးမြေများအတွက်လိုအပ်သည့် မြေသြဇာရရှိရေးအတွက် မြေဆွေးများနှင့် နွားချေးကဲ့သို့သော သဘာဝမြေသြဇာများကို အသုံးပြုရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေးတွင် အောင်မြင်ဖြစ်ထွန်းရေးအတွက် ကောင်းမွန်သောမျိုးပင်များရရှိရေး၊ စိုက်နည်းစနစ် မှန်ကန်စေရေး၊ စိုက်ပျိုးရေနှင့်အောင်ရေဖူလုံစွာရရှိရေး၊ စိုက်ပျိုးမြေကိုစနစ်တကျပြင်ဆင်ပြီး သဘာ၀ မြေသြဇာ၊ ဓာတ်မြေသြဇာအချိုးကျကျ ထည့်သွင်းရေး စသည့်စိုက်နည်းစနစ်များဖြင့် စိုက်ပျိုးရမည်ဖြစ် ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး “ဒေသကိုပြန်လည်အကျိုးပြုနိုင်သည့် ပညာတတ်များ၊ အသိပညာ၊ အတတ်ပညာရှင် များ မွေးထုတ်ပေးရန်” မိမိတို့တစ်ဦးချင်း၏ မိသားစု၊ ကျေးရွာ၊ မြို့နယ်၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် လူတိုင်းတွင် ကိုယ်စီတာဝန်ရှိကြောင်း၊ ယင်းသို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကို ဦးစားပေးရမည်ဖြစ်ကြောင်း၊ မူလတန်းပညာအဆင့်ဖြင့် ရပ်တန့်၍မရဘဲ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်ပညာများ ဆက်လက်သင်ကြားမှသာ အသိပညာ၊ အတတ်ပညာများ ရရှိမည်ဖြစ်ပြီး မည်သည့်လုပ်ငန်းလုပ်ကိုင်သည်ဖြစ်စေ စဉ်းစားတွေးခေါ်နိုင်စွမ်းမြင့်မားစွာဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ပညာရေးအခြေအနေကို တစ်နိုင်ငံလုံး အတိုင်း အတာဖြင့်ကြည့်ပါက ၂၀၀၈ ခုနှစ်တွင် သူငယ်တန်းတက်ရောက်ခဲ့သူ ၁ သန်း ၂ သိန်းခန့်ရှိကြောင်း၊ ယင်းအရေအတွက်မှ ပဉ္စမတန်းတက်ရောက်သူ ၇ သိန်း ၁ သောင်း ခန့်ဖြစ်၍ စတင်တက်ရောက်သူ၏ ၅၈ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ ယင်းမှအထက်တန်း အဆင့် နဝမတန်းသို့ တက်ရောက်သူ ၅ သိန်း ၆ သောင်းကျော်ရှိရာ အလယ်တန်း အင်အား၏ ၄၂ ဒသမ ၅ ရာခိုင်နှုန်း ခန့်ဖြစ်ကြောင်း၊ ၂၀၁၈-၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်မှုမှာ ၃၁ ဒသမ ၄၄ ရာခိုင်နှုန်းရှိရာ စတင်ကျောင်း နေသည်မှ တက္ကသိုလ်ဝင်တန်းအောင်မြင်သည်အထိ တက်ရောက်နိုင်သူ အရေအတွက် လွန်စွာ နည်းပါးသဖြင့် ပညာရေးကိုဂရုတစိုက်အားပေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် “လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်စေရန်အရေးကြီးသော လျှပ်စစ်မီးရရှိရေး” နှင့် လမ်းပန်း ဆက်သွယ်ရေးမှာလည်း အရေးကြီးကြောင်း၊ လျှပ်စစ်မီး လိုအပ်ချက်အတွက် ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်နှင့် အခြားအကြောင်းအမျိုးမျိုးပြ၍ ကန့်ကွက်မှုများရှိနေသဖြင့် မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာအစိုးရအဖွဲ့ အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်၍ မှန်ကန်သော နည်းလမ်းကို ရှာရမည်ဖြစ်ကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ် အေးချမ်းမှုရှိရန်လည်းလိုအပ်ပြီး တရားနည်းလမ်းမကျသောလုပ်ရပ်များ မပြုလုပ်ကြရန် လိုကြောင်း ဖြင့် ရှင်းလင်းဆွေးနွေး ပြောကြားသည်။

တွေ့ဆုံပွဲများအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒေသခံပြည်သူ များအတွက် စားသောက်ဖွယ်ရာများအားလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်၏ဇနီး ဒေါ်ကြူကြူလှ က သုတ၊ ရသ စာအုပ် စာစောင်များအားလည်းကောင်း ပေးအပ်ရာ ကျေးရွာတာဝန်ရှိသူများက လက်ခံရယူသည်။

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်တို့က စားသောက်ဖွယ်ရာများ ပေးအပ်ရာ ကျေးရွာတာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

ထို့ပြင် ယနေ့နံနက်ပိုင်းတွင်လည်း မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးကျေးရွာရှိ ရွာဦးဘုန်းတော်ကြီးကျောင်း ဘက်စုံပြန်လည်ပြုပြင်မွမ်းမံလှူဒါန်းခြင်း ရေစက်ချအလှူမင်္ဂလာအား အဆိုပါကျောင်း၌ပြုလုပ်ရာ မကွေးတိုင်းဒေသကြီး သံဃနာယက အဖွဲ့ဥက္ကဋ္ဌ မကွေးမြို့၊ အောင်မြေ ရတနာပရိယတ္တိစာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပဏ္ဍိစ္စသာရ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တက်ရောက်လာကြသူများက အောင်မြေရတနာပရိယတ္တိ စာသင်တိုက် ပဓာနနာယက ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ် ပရိတ်တရားတော်များကို နာယူကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့က မကွေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဌ မကွေးမြို့၊ အောင်မြေရတနာပရိယတ္တိ စာသင်တိုက် ပဓာနနာယက ဆရာတော်ကြီးထံ လှူဖွယ်ပစ္စည်းများအားလည်းကောင်း၊ ရေပုတ်ကြီး ရွာဦးဘုန်းတော်ကြီးကျောင်း ဆရာတော် ဘဒ္ဒန္တဝဏ္ဏိဿရထံသို့ လှူဖွယ်ပစ္စည်းများနှင့် ဘုန်းတော်ကြီးကျောင်းပြုပြင်မှုမှတ်တမ်းဓာတ်ပုံများအားလည်းကောင်း ဆက်ကပ်လှူဒါန်းရာ ရေပုတ်ကြီး ရွာဦးဘုန်းတော်ကြီးကျောင်း ဆရာတော်မှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် နှင့်ဇနီး၊ အခမ်းအနားတက် ရောက်လာကြသည့် တပ်မတော် အရာရှိကြီးများက ဆရာတော်၊ သံဃာတော်များထံ လှူဖွယ်ပစ္စည်းများကို အသီးသီး ဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် အောင်မြေရတနာပရိယတ္တိစာသင်တိုက် ပဓာန နာယက ဆရာတော်ကြီးက အနုမောဒနာ တရားဟောကြား ချီးမြှင့်တော်မူပြီး လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချအမျှပေးဝေကြကာ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က ကျောင်းဝန်းအတွင်းရှိ ကမ္ပည်းမော်ကွန်း ကျောက်စာတိုင်အား အမွှေးနံ့သာရည် များဖြင့် ပက်ဖျန်းခဲ့ကြကာ အောင်မြေရတနာ ပရိယတ္တိ စာသင်တိုက် ပဓာနနာယက ဆရာတော်ကြီး အမှူးပြုသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့ပြင် ဧည့်ပရိသတ် ဒေသခံပြည်သူများအား စားသောက်ဖွယ်ရာများပေးအပ်ပြီး နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။