နှစ်စဉ် နှစ်တိုင်း ကျင်းပပြုလုပ်လျက်ရှိသည့်အတိုင်း ယခုနှစ်တွင်လည်း ၂၃ နှစ်မြောက် အဖြစ် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့်စေတနာရှင် ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင်အလှူငွေများ လှူဒါန်းပွဲအခမ်းအနား ကျင်းပ

ေနျပည္ေတာ္၊ ၾသဂုတ္ ၂၅

တပ္မေတာ္(ၾကည္း၊ေရ၊ေလ) မိသားစုမ်ားႏွင့္ေစတနာရွင္ျပည္သူမ်ားစုေပါင္း၍ ဆြမ္းဆန္ေတာ္၊ ဆီ၊ ဆား၊ ပဲ၊ ေဆးႏွင့္ဆြမ္းပေဒသာပင္အလႉေငြမ်ား ေပးအပ္လႉဒါန္းျခင္းမ်ားကို ၁၉၉၆ ခုႏွစ္ကပင္ ႏွစ္စဥ္ျပဳလုပ္ခဲ့ၿပီး ၂၀၀၆ ခုႏွစ္မွစတင္၍ ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြင္းရွိ ပ်ဥ္းမနားၿမိဳ႕နယ္၊ တပ္ကုန္းၿမိဳ႕နယ္ႏွင့္ လယ္ေဝးၿမိဳ႕နယ္မ်ားအပါအဝင္ ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ၿမိဳ႕နယ္(၈) ၿမိဳ႕နယ္အတြင္းရွိ ပရိယတၱိ စာသင္တိုက္မ်ား၊ သာသနာႏြယ္ဝင္ သီလရွင္စာသင္တိုက္မ်ားႏွင့္ ဘိုးဘြား ရိပ္သာမ်ားသို႔ လႉဒါန္းလ်က္ရွိရာ ယေန႔မြန္းလြဲပိုင္းတြင္လည္း ပ်ဥ္းမနားၿမိဳ႕ရွိ မဟာဝိသုတာရာမ ေဈးကုန္းေက်ာင္းတိုက္၌ က်င္းပျပဳလုပ္ရာ ေဈးကုန္းေက်ာင္းတိုက္ ဦးစီးပဓာနနာယက အဘိဓဇ မဟာရ႒ဂု႐ု ဘဒၵႏၲ ကဝိသာရ ႏွင့္ သံဃာေတာ္မ်ား တက္ေရာက္ခ်ီးျမႇင့္ေတာ္မူၾကသည္။

အခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ ဇနီးေဒၚၾကဴၾကဴလွ၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းႏွင့္ ဇနီး ေဒၚသန္းသန္းႏြယ္၊ ျပည္ေထာင္စုဝန္ႀကီးမ်ား ျဖစ္ၾကသည့္ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြႏွင့္ဇနီး၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိန္ဝင္းႏွင့္ဇနီး၊ ညႇိႏႈိင္းကြပ္ကဲေရးမႉး (ၾကည္း၊ ေရ၊ေလ) ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦးႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီး ခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ဇနီးမ်ား၊ ေနျပည္ေတာ္တိုင္း စစ္ဌာနခ်ဳပ္တိုင္းမႉးႏွင့္ဇနီး ႏွင့္ ေစတနာရွင္အလႉရွင္မ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အခမ္းအနားတက္ေရာက္လာၾကသူမ်ားသည္ မဟာ ဝိသုတာရာမေဈးကုန္းေက်ာင္းတိုက္ဦးစီးပဓာနနာယက ဆရာေတာ္ႀကီးထံမွ ငါးပါးသီလခံယူ ေဆာက္တည္ၾကၿပီး သံဃာေတာ္မ်ား ႐ြတ္ပြားခ်ီးျမႇင့္ေတာ္မူၾကသည့္ ေမတၱသုတ္ပရိတ္ တရားေတာ္ မ်ားကို နာယူၾကသည္။ ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီးက မဟာဝိသုတာရာမ ေဈးကုန္းေက်ာင္းတိုက္ ဦစီးပဓာနနာယကဆရာေတာ္ႀကီးထံ လႉဖြယ္ပစၥည္းမ်ား ဆက္ကပ္ လႉဒါန္းသည္။

ယင္းေနာက္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ႏွင့္ ဇနီးက မဂၤလာေဇယ်ဳံပါဠိတကၠသိုလ္ေက်ာင္းတိုက္ဆရာေတာ္ ဘဒၵႏၲဝိမလဗုဒၶိထံသို႔ လည္းေကာင္း၊ ျပည္ေထာင္စုဝန္ႀကီးမ်ားႏွင့္ဇနီးမ်ား၊ တပ္မေတာ္အရာရွိႀကီးမ်ား ႏွင့္အလႉရွင္မ်ားက သံဃာေတာ္မ်ား ႏွင့္ သီလရွင္ဆရာႀကီးမ်ားအားလည္းေကာင္း လႉဖြယ္ပစၥည္းမ်ား အသီးသီးဆက္ကပ္လႉဒါန္း ၾကသည္။

ထို႔ေနာက္ တပ္မေတာ္(ၾကည္း၊ေရ၊ေလ)မိသားစုမ်ားမွလႉဒါန္းေသာ ဆြမ္းဆန္ေတာ္ ၆၂၄ အိတ္ႏွင့္ ပဲ ၁၈၇၂ ပိႆာအား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးက လည္းေကာင္း၊ ျမန္မာ့စီးပြားေရး ဦးပိုင္အမ်ားႏွင့္သက္ဆိုင္ေသာကုမၸဏီလီမိတက္မွလႉဒါန္းသည့္ ဆီ ၁၈၇ ပိႆာ ၂၀ က်ပ္သားႏွင့္ ဆား ၁၈၇၂ ပိႆာအား ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ႏွင့္ ဇနီးက လည္းေကာင္း၊ အလႉရွင္မ်ားက ဆြမ္းဆန္ေတာ္၊ ဆီ၊ ဆား၊ ပဲ၊ ေဆးမ်ားအား လည္းေကာင္း ေဈးကုန္းဆရာေတာ္ႀကီးထံ အသီးသီးဆက္ကပ္လႉဒါန္းၾကသည္။

၎ေနာက္ ညႇိႏႈိင္းကြပ္ကဲေရးမႉး (ၾကည္း၊ေရ၊ေလ) ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦးက တပ္မေတာ္ (ၾကည္း၊ေရ၊ေလ)မိသားစုမ်ားမွလႉဒါန္းသည့္ ဆြမ္းပေဒသာပင္အလႉေငြမ်ားအား လည္းေကာင္း၊ အလႉရွင္မ်ားကလႉဒါန္းသည့္ ဆြမ္းပေဒသာပင္အလႉေငြမ်ားအားလည္းေကာင္း အသီးသီးလႉဒါန္း ၾကရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က လက္ခံရယူသည္။ ယင္းေနာက္အလႉရွင္မ်ားက အလႉေငြမ်ားအသီးသီးေပးအပ္ လႉဒါန္းၾကရာ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ႏွင့္ ညႇိႏႈိင္းကြပ္ကဲေရးမႉး (ၾကည္း၊ ေရ၊ေလ) တို႔က အသီးသီးလက္ခံရယူၾကသည္။

ထို႔ေနာက္ တပ္မေတာ္(ၾကည္း၊ေရ၊ေလ)မိသားစုမ်ားႏွင့္အလႉရွင္မ်ားက ဆြမ္းဆန္ေတာ္၊ ဆီ၊ ဆား၊ ပဲ၊ ေဆးႏွင့္ဆြမ္းပေဒသာပင္အလႉေငြမ်ား ေပးအပ္လႉဒါန္းရျခင္း၏ ရည္႐ြယ္ခ်က္ႏွင့္ပတ္သက္ၿပီး တာဝန္ရွိသူတစ္ဦးက ေလွ်ာက္ထားတင္ျပသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အခမ္းအနားတက္ေရာက္လာၾကသူမ်ားက ေဈးကုန္းဆရာေတာ္ႀကီးထံမွ အႏုေမာဒနာတရားနာယူ၍ လႉဒါန္းမႈ အစုစုအတြက္ ေရစက္သြန္းခ်အမွ်ေပးေဝၾကသည္။

ယေန႔က်င္းပ ျပဳလုပ္သည့္အခမ္းအနားတြင္ လႉဒါန္းမႈအစုစုမွာ ၂၁၀၀၀၀၀၀ က်ပ္၊ ဆန္ ၈၄၃ အိတ္၊ ဆီ ၁၉၇ ပိႆာ ၂၀ က်ပ္သား၊ ပဲ ၁၈၇၂ ပိႆာ၊ ဆား ၁၈၇၂ ပိႆာ၊ င႐ုပ္သီးမႈန႔္ ၂၁၀၀ ထုပ္၊ နႏြင္းမႈန႔္ ၁၀၀၀ ထုတ္၊ မဆလာ ၁၀၀၀ ထုပ္၊ ငါးပိေထာင္း ၅၀၀ ဘူး၊ ေဆးမ်ိဳးစုံ ၅၆၀၀ ဘူး၊ ၃၆၀ ထုပ္ႏွင့္ လႉဖြယ္ပစၥည္းမ်ားအား လႉဒါန္းခဲ့သည္။

(Unicode Version)

နှစ်စဉ် နှစ်တိုင်း ကျင်းပပြုလုပ်လျက်ရှိသည့်အတိုင်း ယခုနှစ်တွင်လည်း ၂၃ နှစ်မြောက် အဖြစ် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့်စေတနာရှင် ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင်အလှူငွေများ လှူဒါန်းပွဲအခမ်းအနား ကျင်းပ

နေပြည်တော်၊ သြဂုတ် ၂၅

တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့်စေတနာရှင်ပြည်သူများစုပေါင်း၍ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့်ဆွမ်းပဒေသာပင်အလှူငွေများ ပေးအပ်လှူဒါန်းခြင်းများကို ၁၉၉၆ ခုနှစ်ကပင် နှစ်စဉ်ပြုလုပ်ခဲ့ပြီး ၂၀၀၆ ခုနှစ်မှစတင်၍ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ပျဉ်းမနားမြို့နယ်၊ တပ်ကုန်းမြို့နယ်နှင့် လယ်ဝေးမြို့နယ်များအပါအဝင် နေပြည်တော်ကောင်စီနယ်မြေ၊ မြို့နယ်(၈) မြို့နယ်အတွင်းရှိ ပရိယတ္တိ စာသင်တိုက်များ၊ သာသနာနွယ်ဝင် သီလရှင်စာသင်တိုက်များနှင့် ဘိုးဘွား ရိပ်သာများသို့ လှူဒါန်းလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင်လည်း ပျဉ်းမနားမြို့ရှိ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ ဈေးကုန်းကျောင်းတိုက် ဦးစီးပဓာနနာယက အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တ ကဝိသာရ နှင့် သံဃာတော်များ တက်ရောက်ချီးမြှင့်တော်မူကြသည်။

အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီး ချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး နှင့် စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မဟာ ဝိသုတာရာမဈေးကုန်းကျောင်းတိုက်ဦးစီးပဓာနနာယက ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည့် မေတ္တသုတ်ပရိတ် တရားတော် များကို နာယူကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးက မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက် ဦစီးပဓာနနာယကဆရာတော်ကြီးထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် ဇနီးက မင်္ဂလာဇေယျုံပါဠိတက္ကသိုလ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိမလဗုဒ္ဓိထံသို့ လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ တပ်မတော်အရာရှိကြီးများ နှင့်အလှူရှင်များက သံဃာတော်များ နှင့် သီလရှင်ဆရာကြီးများအားလည်းကောင်း လှူဖွယ်ပစ္စည်းများ အသီးသီးဆက်ကပ်လှူဒါန်း ကြသည်။

ထို့နောက် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများမှလှူဒါန်းသော ဆွမ်းဆန်တော် ၆၂၄ အိတ်နှင့် ပဲ ၁၈၇၂ ပိဿာအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးက လည်းကောင်း၊ မြန်မာ့စီးပွားရေး ဦးပိုင်အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်မှလှူဒါန်းသည့် ဆီ ၁၈၇ ပိဿာ ၂၀ ကျပ်သားနှင့် ဆား ၁၈၇၂ ပိဿာအား ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် ဇနီးက လည်းကောင်း၊ အလှူရှင်များက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးများအား လည်းကောင်း ဈေးကုန်းဆရာတော်ကြီးထံ အသီးသီးဆက်ကပ်လှူဒါန်းကြသည်။

၎င်းနောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးက တပ်မတော် (ကြည်း၊ရေ၊လေ)မိသားစုများမှလှူဒါန်းသည့် ဆွမ်းပဒေသာပင်အလှူငွေများအား လည်းကောင်း၊ အလှူရှင်များကလှူဒါန်းသည့် ဆွမ်းပဒေသာပင်အလှူငွေများအားလည်းကောင်း အသီးသီးလှူဒါန်း ကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ခံရယူသည်။ ယင်းနောက်အလှူရှင်များက အလှူငွေများအသီးသီးပေးအပ် လှူဒါန်းကြရာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊လေ) တို့က အသီးသီးလက်ခံရယူကြသည်။

ထို့နောက် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများနှင့်အလှူရှင်များက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့်ဆွမ်းပဒေသာပင်အလှူငွေများ ပေးအပ်လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး တာဝန်ရှိသူတစ်ဦးက လျှောက်ထားတင်ပြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများက ဈေးကုန်းဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

ယနေ့ကျင်းပ ပြုလုပ်သည့်အခမ်းအနားတွင် လှူဒါန်းမှုအစုစုမှာ ၂၁၀၀၀၀၀၀ ကျပ်၊ ဆန် ၈၄၃ အိတ်၊ ဆီ ၁၉၇ ပိဿာ ၂၀ ကျပ်သား၊ ပဲ ၁၈၇၂ ပိဿာ၊ ဆား ၁၈၇၂ ပိဿာ၊ ငရုပ်သီးမှုန့် ၂၁၀၀ ထုပ်၊ နနွင်းမှုန့် ၁၀၀၀ ထုတ်၊ မဆလာ ၁၀၀၀ ထုပ်၊ ငါးပိထောင်း ၅၀၀ ဘူး၊ ဆေးမျိုးစုံ ၅၆၀၀ ဘူး၊ ၃၆၀ ထုပ်နှင့် လှူဖွယ်ပစ္စည်းများအား လှူဒါန်းခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။