နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ ခရစ်ယာန်ဘာသာရေးအသင်းအဖွဲ့များနှင့် အစ္စလာမ်ဘာသာရေး အသင်းအဖွဲ့များသို့ တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် အလှူငွေများ ပေးအပ်လှူဒါန်း

ေနျပည္ေတာ္၊ ၾသဂုတ္ ၂၅

မည္သည့္ဘာသာတြင္မဆို လႉဒါန္းမႈႏွင့္ ပတ္သက္ၿပီး ေကာင္းမြန္သည့္ အက်ိဳးရရွိျခင္းကိုသာ ေဖာ္ျပ ထားေၾကာင္း၊ ျမန္မာႏိုင္ငံတြင္ လူဦးေရ၏ ၆ ရာခိုင္ႏႈန္းခန႔္သည္ ခရစ္ယာန္ဘာသာ ကိုးကြယ္သူ မ်ားျဖစ္ၿပီး ၄ ရာခိုင္ႏႈန္းေက်ာ္သည္ အစၥလာမ္ဘာသာကိုးကြယ္ၾကသူမ်ားျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံ အေရွ႕၊ အေနာက္၊ ေတာင္၊ ေျမာက္ ေဒသအႏွံ႔အျပားတြင္ ခရစ္ယာန္ႏွင့္ အစၥလာမ္ဘာသာ ကိုးကြယ္သူမ်ားစြာရွိေၾကာင္း၊ ဖြဲ႕စည္းပုံအေျခခံဥပေဒတြင္လည္း ႏိုင္ငံေတာ္သည္ ဗုဒၶဘာသာ သာသနာေတာ္ကို ႏိုင္ငံေတာ္၏ ႏိုင္ငံသားအမ်ားဆုံး ကိုးကြယ္ရာျဖစ္ေသာ ဂုဏ္ထူးဝိေသသႏွင့္ ျပည္စုံသည့္ ဘာသာသာသနာအျဖစ္ အသိအမွတ္ျပဳသကဲ့သို႔ ခရစ္ယာန္ဘာသာ သာသနာ၊ အစၥလာမ္ဘာသာ သာသနာ၊ ဟိႏၵဴဘာသာ သာသနာႏွင့္ နတ္ကိုးကြယ္ေသာ ဘာသာတို႔ကိုလည္း ကိုးကြယ္ရာ ဘာသာမ်ားဟူ၍ အသိအမွတ္ျပဳထားေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယေန႔မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္၊ ပ်ဥ္းမနားၿမိဳ႕နယ္ရွိ ပ်ဥ္းမနားၿမိဳ႕၊ စိန႔္မိုင္ကယ္ကက္သလစ္ဘုရားေက်ာင္းႏွင့္ ဦးေက်း ဂ်ာေမ့ဗလီမ်ားသို႔ သြားေရာက္၍ ခရစ္ယာန္ဘာသာေရးအသင္းအဖြဲ႕မ်ားႏွင့္ အစၥလာမ္ဘာသာေရး အသင္းအဖြဲ႕မ်ားအတြက္ ဆန္၊ ဆီ၊ ဆား၊ ပဲႏွင့္ အလႉေငြမ်ား သြားေရာက္ ေပးအပ္လႉဒါန္းရာတြင္ ထည့္သြင္းေျပာၾကားသည္။

အဆိုပါ လႉဒါန္းပြဲမ်ားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ ဇနီးေဒၚၾကဴၾကဴလွ၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းႏွင့္ ဇနီး ေဒၚသန္းသန္းႏြယ္၊ ျပည္ေထာင္စုဝန္ႀကီးမ်ား ျဖစ္ၾကသည့္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးေက်ာ္ေဆြႏွင့္ဇနီး၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိန္ဝင္းႏွင့္ဇနီး၊ ညႇိႏႈိင္းကြပ္ကဲေရးမႉး (ၾကည္း၊ ေရ၊ေလ) ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦးႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ဇနီးမ်ား၊ ေနျပည္ေတာ္တိုင္း စစ္ဌာနခ်ဳပ္ တိုင္းမႉးႏွင့္ဇနီး ႏွင့္ေစတနာရွင္အလႉရွင္မ်ား တက္ေရာက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လႉဒါန္းသည့္ အခမ္းအနားမ်ား၌ လႉဒါန္းရျခင္းႏွင့္ ပတ္သက္၍ ရွင္းလင္းေျပာၾကားရာတြင္ ဘာသာေရးဆိုင္ရာကိစၥရပ္မ်ား ေဆာင္႐ြက္ရာ၌ အေထာက္အကူရရွိေစရန္ ယခုကဲ့သို႔ လာေရာက္လႉဒါန္းျခင္းျဖစ္ေၾကာင္း၊ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားႏွင့္ ေစတနာရွင္ျပည္သူမ်ား စုေပါင္း၍ ဆန္၊ ဆီ၊ ဆား ပဲႏွင့္ အလႉေငြမ်ား လႉဒါန္းျခင္းကို ၁၉၉၆ ခုႏွစ္မွ စတင္ၿပီး ဘုန္းႀကီးေက်ာင္းမ်ား၊ သီလရွင္စာသင္တိုက္မ်ားႏွင့္ ဘိုးဘြားရိပ္သာမ်ားသို႔ ႏွစ္စဥ္ဝါတြင္း ကာလအတြင္း လႉဒါန္းမႈမ်ား ျပဳလုပ္လ်က္ရွိရာ ယခုႏွစ္တြင္ ပ်ဥ္းမနားၿမိဳ႕နယ္ အတြင္းရွိ ခရစ္ယာန္ ဘာသာ ဘုရားေက်ာင္း ၁၁ ေက်ာင္းႏွင့္ အစၥလာမ္ အာရဗီ အထက္တန္းေက်ာင္း၊ ဗလီ ၁၃ ခုတို႔အား ထည့္သြင္းလႉဒါန္းျခင္းျဖစ္ေၾကာင္း၊ အေရးႀကီးသည္မွာ တိုင္းရင္းသား၊ ႏိုင္ငံသားအားလုံး တိုင္းျပည္ ေအးခ်မ္းသာယာေရးႏွင့္ ဖြံ႕ၿဖိဳးေရးအတြက္ ေကာင္းရာ ေကာင္းက်ိဳးကို ၿငိမ္းခ်မ္းေသာနည္းလမ္းမ်ား ျဖင့္ စည္းလုံးညီၫြတ္စြာ ဝိုင္းဝန္းပူးေပါင္း ေဆာင္႐ြက္ၾကရန္လိုေၾကာင္း ေျပာၾကားသည္။

ထို႔ေနာက္ စိန႔္မိုင္ကယ္ကက္သလစ္ ဘုရားရွိခိုးေက်ာင္းတြင္ တပ္မေတာ္ (ၾကည္း၊ေရ၊ေလ) မိသားစုမ်ားႏွင့္ ေစတနာရွင္အလႉရွင္မ်ားက လႉဒါန္းသည့္ ဆန္၊ ဆီ၊ ဆား၊ ပဲႏွင့္ အလႉေငြမ်ားအား ခရစ္ယာန္ဘာသာေရးအသင္းအဖြဲ႕မ်ားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေပးအပ္လႉဒါန္းရာ ေနျပည္ေတာ္ခရစ္ယာန္အသင္းေတာ္မ်ား ေကာင္စီဥကၠ႒ ဆရာေတာ္ ေဒါက္တာ ဦးတင္ေမာင္ေအးက လည္းေကာင္း၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)က ေပးအပ္ လႉဒါန္းရာ စိန႔္မိုင္ကယ္ ကက္သလစ္ဘုရားရွိခိုးေက်ာင္းမွ ေက်ာင္းထိုင္ဘုန္းေတာ္ႀကီး ဖာသာ ဦးစိုးလင္းေအာင္က လည္းေကာင္းအသီးသီး လက္ခံရယူၾကသည္။

ဦးေက်း ဂ်ာေမ့ဗလီတြင္ အစၥလာမ္ဘာသာေရးအသင္းအဖြဲ႕မ်ားသို႔ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္က ေပးအပ္လႉဒါန္းရာ ဦးေက်း အာရဗီအထက္တန္းေက်ာင္း အတြင္းေရးမႉး ေမာ္လဝီ ဦးဆန္းဝင္းႏွင့္အဖြဲ႕မွလည္းေကာင္း၊ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း)က ေပးအပ္လႉဒါန္းရာ ပ်ဥ္းမနားၿမိဳ႕နယ္ အိုလမာသာသနာပညာရွင္မ်ားအဖြဲ႕ ဥကၠ႒ အလ္ဟဂ်္ ေမာ္လနာ ဟာေဖ့ဇ္ ဦးေဇာ္ျမတ္ ႏွင့္ အဖြဲ႕မွလည္းေကာင္း အသီးသီးလက္ခံ ရယူခဲ့ၾက သည္။

ယင္းေနာက္ ခရစ္ယာန္ဘာသာေရး အသင္းအဖြဲ႕မ်ားကိုယ္စား ဆရာေတာ္ ေဒါက္တာ ဦးတင္ေမာင္ေအးကလည္းေကာင္း၊ အစၥလာမ္ဘာသာေရးအသင္းအဖြဲ႕မ်ား ကိုယ္စား အစၥလာမ္ အာရဗီအထက္တန္းေက်ာင္း ေက်ာင္းအုပ္ႀကီး အလ္ဟဂ်္ ေမာ္လနာ ဟာေဖ့ဇ္ ဦးထြန္းျမင့္က လည္းေကာင္း ေက်းဇူးတင္စကားႏွင့္ ဆုေတာင္းစကားမ်ား အသီးသီးျပန္လည္ေျပာၾကားခဲ့သည္။ ေတြ႕ဆုံပြဲမ်ားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားက တက္ေရာက္လာၾက သည့္ ဘာသာေရးေခါင္းေဆာင္မ်ားႏွင့္ ဧည့္ပရိတ္သတ္မ်ားအား ရင္းရင္းႏွီးႏွီး လိုက္လံႏႈတ္ဆက္ ခဲ့ၾကသည္။

တပ္မေတာ္(ၾကည္း၊ေရ၊ေလ)မိသားစုမ်ားႏွင့္ ေစတနာရွင္အလႉရွင္မ်ား၏ ပ်ဥ္းမနားၿမိဳ႕နယ္ရွိ ခရစ္ယာန္ဘာသာေရးအသင္းအဖြဲ႕မ်ားႏွင့္ အစၥလာမ္ဘာသာေရး အသင္းအဖြဲ႕မ်ားအတြက္ လႉဒါန္းမႈ အေနျဖင့္ အလႉေငြ ၃၀ သိန္း၊ ဆန္ ၆၀ အိတ္၊ ကုလားပဲ ၅ အိတ္၊ ဆား ၃ အိတ္၊ ဆီ ၃၀ ပိႆာ တို႔အား အသီးသီး လႉဒါန္းခဲ့ၾကသည္။

(Unicode Version)

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ ခရစ်ယာန်ဘာသာရေးအသင်းအဖွဲ့များနှင့် အစ္စလာမ်ဘာသာရေး အသင်းအဖွဲ့များသို့ တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် အလှူငွေများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ သြဂုတ် ၂၅

မည်သည့်ဘာသာတွင်မဆို လှူဒါန်းမှုနှင့် ပတ်သက်ပြီး ကောင်းမွန်သည့် အကျိုးရရှိခြင်းကိုသာ ဖော်ပြ ထားကြောင်း၊ မြန်မာနိုင်ငံတွင် လူဦးရေ၏ ၆ ရာခိုင်နှုန်းခန့်သည် ခရစ်ယာန်ဘာသာ ကိုးကွယ်သူ များဖြစ်ပြီး ၄ ရာခိုင်နှုန်းကျော်သည် အစ္စလာမ်ဘာသာကိုးကွယ်ကြသူများဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အရှေ့၊ အနောက်၊ တောင်၊ မြောက် ဒေသအနှံ့အပြားတွင် ခရစ်ယာန်နှင့် အစ္စလာမ်ဘာသာ ကိုးကွယ်သူများစွာရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း နိုင်ငံတော်သည် ဗုဒ္ဓဘာသာ သာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည်စုံသည့် ဘာသာသာသနာအဖြစ် အသိအမှတ်ပြုသကဲ့သို့ ခရစ်ယာန်ဘာသာ သာသနာ၊ အစ္စလာမ်ဘာသာ သာသနာ၊ ဟိန္ဒူဘာသာ သာသနာနှင့် နတ်ကိုးကွယ်သော ဘာသာတို့ကိုလည်း ကိုးကွယ်ရာ ဘာသာများဟူ၍ အသိအမှတ်ပြုထားကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ ပျဉ်းမနားမြို့၊ စိန့်မိုင်ကယ်ကက်သလစ်ဘုရားကျောင်းနှင့် ဦးကျေး ဂျာမေ့ဗလီများသို့ သွားရောက်၍ ခရစ်ယာန်ဘာသာရေးအသင်းအဖွဲ့များနှင့် အစ္စလာမ်ဘာသာရေး အသင်းအဖွဲ့များအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် အလှူငွေများ သွားရောက် ပေးအပ်လှူဒါန်းရာတွင် ထည့်သွင်းပြောကြားသည်။

အဆိုပါ လှူဒါန်းပွဲများသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေနှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး နှင့်စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လှူဒါန်းသည့် အခမ်းအနားများ၌ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ဘာသာရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာ၌ အထောက်အကူရရှိစေရန် ယခုကဲ့သို့ လာရောက်လှူဒါန်းခြင်းဖြစ်ကြောင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများ စုပေါင်း၍ ဆန်၊ ဆီ၊ ဆား ပဲနှင့် အလှူငွေများ လှူဒါန်းခြင်းကို ၁၉၉၆ ခုနှစ်မှ စတင်ပြီး ဘုန်းကြီးကျောင်းများ၊ သီလရှင်စာသင်တိုက်များနှင့် ဘိုးဘွားရိပ်သာများသို့ နှစ်စဉ်ဝါတွင်း ကာလအတွင်း လှူဒါန်းမှုများ ပြုလုပ်လျက်ရှိရာ ယခုနှစ်တွင် ပျဉ်းမနားမြို့နယ် အတွင်းရှိ ခရစ်ယာန် ဘာသာ ဘုရားကျောင်း ၁၁ ကျောင်းနှင့် အစ္စလာမ် အာရဗီ အထက်တန်းကျောင်း၊ ဗလီ ၁၃ ခုတို့အား ထည့်သွင်းလှူဒါန်းခြင်းဖြစ်ကြောင်း၊ အရေးကြီးသည်မှာ တိုင်းရင်းသား၊ နိုင်ငံသားအားလုံး တိုင်းပြည် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးအတွက် ကောင်းရာ ကောင်းကျိုးကို ငြိမ်းချမ်းသောနည်းလမ်းများ ဖြင့် စည်းလုံးညီညွတ်စွာ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် စိန့်မိုင်ကယ်ကက်သလစ် ဘုရားရှိခိုးကျောင်းတွင် တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများနှင့် စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် အလှူငွေများအား ခရစ်ယာန်ဘာသာရေးအသင်းအဖွဲ့များသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပေးအပ်လှူဒါန်းရာ နေပြည်တော်ခရစ်ယာန်အသင်းတော်များ ကောင်စီဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဦးတင်မောင်အေးက လည်းကောင်း၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က ပေးအပ် လှူဒါန်းရာ စိန့်မိုင်ကယ် ကက်သလစ်ဘုရားရှိခိုးကျောင်းမှ ကျောင်းထိုင်ဘုန်းတော်ကြီး ဖာသာ ဦးစိုးလင်းအောင်က လည်းကောင်းအသီးသီး လက်ခံရယူကြသည်။

ဦးကျေး ဂျာမေ့ဗလီတွင် အစ္စလာမ်ဘာသာရေးအသင်းအဖွဲ့များသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပေးအပ်လှူဒါန်းရာ ဦးကျေး အာရဗီအထက်တန်းကျောင်း အတွင်းရေးမှူး မော်လဝီ ဦးဆန်းဝင်းနှင့်အဖွဲ့မှလည်းကောင်း၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က ပေးအပ်လှူဒါန်းရာ ပျဉ်းမနားမြို့နယ် အိုလမာသာသနာပညာရှင်များအဖွဲ့ ဥက္ကဋ္ဌ အလ်ဟဂျ် မော်လနာ ဟာဖေ့ဇ် ဦးဇော်မြတ် နှင့် အဖွဲ့မှလည်းကောင်း အသီးသီးလက်ခံ ရယူခဲ့ကြ သည်။ 

ယင်းနောက် ခရစ်ယာန်ဘာသာရေး အသင်းအဖွဲ့များကိုယ်စား ဆရာတော် ဒေါက်တာ ဦးတင်မောင်အေးကလည်းကောင်း၊ အစ္စလာမ်ဘာသာရေးအသင်းအဖွဲ့များ ကိုယ်စား အစ္စလာမ် အာရဗီအထက်တန်းကျောင်း ကျောင်းအုပ်ကြီး အလ်ဟဂျ် မော်လနာ ဟာဖေ့ဇ် ဦးထွန်းမြင့်က လည်းကောင်း ကျေးဇူးတင်စကားနှင့် ဆုတောင်းစကားများ အသီးသီးပြန်လည်ပြောကြားခဲ့သည်။ တွေ့ဆုံပွဲများအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက တက်ရောက်လာကြ သည့် ဘာသာရေးခေါင်းဆောင်များနှင့် ဧည့်ပရိတ်သတ်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့ကြသည်။ 

တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများနှင့် စေတနာရှင်အလှူရှင်များ၏ ပျဉ်းမနားမြို့နယ်ရှိ ခရစ်ယာန်ဘာသာရေးအသင်းအဖွဲ့များနှင့် အစ္စလာမ်ဘာသာရေး အသင်းအဖွဲ့များအတွက် လှူဒါန်းမှု အနေဖြင့် အလှူငွေ ၃၀ သိန်း၊ ဆန် ၆၀ အိတ်၊ ကုလားပဲ ၅ အိတ်၊ ဆား ၃ အိတ်၊ ဆီ ၃၀ ပိဿာ တို့အား အသီးသီး လှူဒါန်းခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။