တပ်မတော်တစ်ရပ်လုံးအနေဖြင့် ငါးမျိုးစိုက်ထည့်ခြင်းများဆောင်ရွက်၊၂၀၁၉ ခုနှစ်တွင် ပထမအကြိမ် ငါးကောင်ရေ ၇ ဒသမ ၈ သန်းကျော်၊ ယခုဒုတိယအကြိမ် ငါးကောင်ရေ ၇ ဒသမ ၃ သန်းကျော်၊ စုစုပေါင်းငါးကောင်ရေ ၁၅ ဒသမ ၁ သန်းကျော် ငါးမျိုးများစိုက်ထည့် ပေးနိုင်ခဲ့

ေနျပည္ေတာ္၊ ၾသဂုတ္ – ၂၈

သဘာ၀ပတ္၀န္းက်င္ႏွင့္ ေဂဟစနစ္ထိန္းသိမ္းေရး၊ စားေရးလုိအပ္္ခ်က္ျဖစ္ေသာ သား/ငါး က႑တြင္ ငါးသယံဇာတမ်ား တုိးပြားေစေရးႏွင့္ ငါးမ်ိဳးမ်ားထိန္းသိမ္းႏိုင္ေရးတို႔အတြက္ ရည္႐ြယ္၍ တပ္မေတာ္ အေနျဖင့္ ငါးမ်ဳိးမ်ား စုိက္ထည့္ျခင္းမ်ားကုိ ၂၀၁၁ ခုႏွစ္မွ စတင္၍ ေဆာင္ရြက္လ်က္ရွိသည္။ ယေန႔ညေနပိုင္းတြင္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း၊ ေရ၊ေလ)မိသားစုမ်ား၏ ၂၀၁၉ခုႏွစ္အတြက္ ဒုတိယအႀကိမ္ ငါးမ်ိဳးမ်ားစုိက္ထည့္ေပးျခင္းကုိ ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ေဇယ်ာသီရိၿမိဳ႕နယ္ အတြင္းရွိ ေရဆင္းဆည္၌ က်င္းပျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ တက္ေရာက္၍ ငါးမ်ိဳးမ်ားအား ဦးေဆာင္စုိက္ထည့္ေပးသည္။

အဆုိပါ ငါးမ်ဳိးစုိက္ထည့္ပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွ၊ ဒုတိယ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္းႏွင့္ ဇနီး ေဒၚသန္းသန္းႏြယ္၊ ျပည္ေထာင္စု၀န္ႀကီးမ်ားျဖစ္ၾကသည့္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြႏွင့္ဇနီး၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စိန္၀င္းႏွင့္ဇနီး၊ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦးႏွင့္ ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း၊ေရ၊ေလ)မွ တပ္မေတာ္အရာရွိႀကီး မ်ားႏွင့္ဇနီးမ်ား၊ ေနျပည္ေတာ္တုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴးႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္ရံုး (ၾကည္း၊ေရ၊ေလ)ရွိ ရံုး၊ ဌာနအသီးသီးမွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား တက္ေရာက္ၾကသည္။

ထို႕ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးဦးေဆာင္၍ တပ္မေတာ္(ၾကည္း၊ေရ၊ေလ) အရာရွိ၊ စစ္သည္၊ မိသားစုမ်ားက ေရဆင္းဆည္အတြင္းသုိ႔ ငါးျမစ္ခ်င္းေကာင္ေရ ၁၅၀၀၀၀ အား စုိက္ထည့္ေပးၾကသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၏ စုေပါင္းငါးမ်ိဳးစိုက္ထည့္ေနမႈမ်ားကို လွည့္လည္ၾကည့္ရႈၾကသည္။

ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း၊ေရ၊ေလ) မိသားစုမ်ားက ေရဆင္းဆည္အတြင္း ၂၀၁၁ ခုႏွစ္မွ စတင္၍ ငါးမ်ိဳးမ်ားစုိက္ထည့္ျခင္းအားေဆာင္ရြက္ခဲ့ရာ ယေန႔အထိ ထုိင္းငါးခုံးမ၊ ေငြေရာင္ငါးၾကင္း၊ ငါးျမစ္ခ်င္းႏွင့္ ျမက္စားငါးၾကင္း အပါအ၀င္ ငါးမ်ိဳးစုံေကာင္ေရ ၇၈၅၇၀၀ ကုိ စုိက္ထည့္ေပးခဲ့ေၾကာင္း သိရွိရသည္။

အလားတူ တုိင္းစစ္ဌာနခ်ဳပ္အသီးသီးတြင္လည္း ငါးမ်ဳိးစုိက္ထည့္ပြဲမ်ားျပဳလုပ္၍ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားက ငါးမ်ဳိးမ်ားအား သတ္မွတ္ေနရာအသီးသီး၌ စုေပါင္းစုိက္ထည့္ေပးၾကသည္။ ထုိသုိ႕ စုိက္ထည့္ေပးၾကရာ၌ ေနျပည္ေတာ္တုိင္းစစ္ဌာနခ်ဳပ္တြင္ ငါးမ်ဳိးစုံေကာင္ေရ ၅၀၀၀၀၀ အား လည္းေကာင္း၊ ေျမာက္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တြင္ ငါးမ်ဳိးစုံေကာင္ေရ ၅၀၀၀၀၀ အားလည္းေကာင္း၊ အေရွ႕ေျမာက္တုိင္းစစ္ဌာနခ်ဳပ္တြင္ ငါးမ်ဳိးစုံေကာင္ေရ ၅၀၀၀၀၀ အားလည္းေကာင္း၊ အေရွ႕ပုိင္းတုိင္း စစ္ဌာနခ်ဳပ္တြင္ ငါးမ်ဳိးစုံေကာင္ေရ ၆၁၆၀၀၀ အားလည္းေကာင္း၊ အေရွ႕အလယ္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္တြင္ ငါးမ်ဳိးစုံေကာင္ေရ ၅၀၀၀၀၀ အားလည္းေကာင္း၊ ႀတိဂံေဒသတုိင္းစစ္ဌာနခ်ဳပ္တြင္ ငါးမ်ဳိးစုံေကာင္ေရ ၄၀၀၀၀၀ အားလည္းေကာင္း၊ အေရွ႕ေတာင္တုိင္းစစ္ဌာနခ်ဳပ္တြင္ ငါးမ်ဳိးစုံ ေကာင္ေရ ၅၀၀၅၀၀ အားလည္းေကာင္း၊ ကမ္း႐ုိးတန္းေဒသတုိင္းစစ္ဌာနခ်ဳပ္တြင္ ငါးမ်ဳိးစုံေကာင္ေရ ၄၂၅၀၀၀ အားလည္းေကာင္း၊ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္တြင္ ငါးမ်ဳိးစုံေကာင္ေရ ၅၀၂၀၀၀ အား လည္းေကာင္း၊ အေနာက္ေတာင္တုိင္းစစ္ဌာနခ်ဳပ္တြင္ ငါးမ်ဳိးစုံေကာင္ေရ ၅၀၀၀၀၀ အား လည္းေကာင္း၊ အေနာက္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္တြင္ ငါးမ်ဳိးစုံေကာင္ေရ ၆၀၅၀၀၀ အားလည္းေကာင္း၊ အေနာက္ေျမာက္တုိင္းစစ္ဌာနခ်ဳပ္တြင္ ငါးမ်ဳိးစုံေကာင္ေရ ၅၂၅၀၀၀ အားလည္းေကာင္း၊ အလယ္ပုိင္း တုိင္းစစ္ဌာနခ်ဳပ္တြင္ ငါးမ်ဳိးစုံေကာင္ေရ ၅၆၆၇၅၀ အားလည္းေကာင္း၊ ေတာင္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္တြင္ ငါးမ်ဳိးစုံေကာင္ေရ ၅၁၀၀၀၀ အားလည္းေကာင္း စုေပါင္းစုိက္ထည့္ခဲ့ၾကၿပီး တပ္မေတာ္တစ္ရပ္လုံးအေနျဖင့္ ယေန႕တြင္ စုစုေပါင္းငါးမ်ဳိးစုံေကာင္ေရ ၇၃၀၀၂၅၀ အား စုိက္ထည့္ ေပးခဲ့ကာ တုိင္းစစ္ဌာနခ်ဳပ္အသီးသီး၌ ယခုႏွစ္အတြင္း ငါးေကာင္ေရ တစ္သန္းေက်ာ္စီ စုိက္ထည့္ေပး ႏုိင္ခဲ့သည္။

တပ္မေတာ္ တစ္ရပ္လုံးအေနျဖင့္ ၂၀၁၉ ခုႏွစ္အတြင္း ပထမအႀကိမ္ ငါးမ်ဳိးစုံ ေကာင္ေရ ၇ ဒသမ ၈ သန္းေက်ာ္ကုိ စုိက္ထည့္ေပးႏုိင္ခဲ့ၿပီး ယခုဒုတိယအႀကိမ္ ငါးမ်ဳိးစုံေကာင္ေရ ၇ ဒသမ ၃ သန္းေက်ာ္ အပါအ၀င္ စုစုေပါင္း ငါးမ်ဳိးစုံေကာင္ေရ ၁၅ ဒသမ ၁ သန္းေက်ာ္အား စုိက္ထည့္ေပးႏုိင္ခဲ့သည္။

(Unicode Version)

တပ်မတော်တစ်ရပ်လုံးအနေဖြင့် ငါးမျိုးစိုက်ထည့်ခြင်းများဆောင်ရွက်၊၂၀၁၉ ခုနှစ်တွင် ပထမအကြိမ် ငါးကောင်ရေ ၇ ဒသမ ၈ သန်းကျော်၊ ယခုဒုတိယအကြိမ် ငါးကောင်ရေ ၇ ဒသမ ၃ သန်းကျော်၊ စုစုပေါင်းငါးကောင်ရေ ၁၅ ဒသမ ၁ သန်းကျော် ငါးမျိုးများစိုက်ထည့် ပေးနိုင်ခဲ့

နေပြည်တော်၊ သြဂုတ် – ၂၈

သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေး၊ စားရေးလိုအပ်ချက်ဖြစ်သော သား/ငါး ကဏ္ဍတွင် ငါးသယံဇာတများ တိုးပွားစေရေးနှင့် ငါးမျိုးများထိန်းသိမ်းနိုင်ရေးတို့အတွက် ရည်ရွယ်၍ တပ်မတော် အနေဖြင့် ငါးမျိုးများ စိုက်ထည့်ခြင်းများကို ၂၀၁၁ ခုနှစ်မှ စတင်၍ ဆောင်ရွက်လျက်ရှိသည်။ ယနေ့ညနေပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊လေ)မိသားစုများ၏ ၂၀၁၉ခုနှစ်အတွက် ဒုတိယအကြိမ် ငါးမျိုးများစိုက်ထည့်ပေးခြင်းကို နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ် အတွင်းရှိ ရေဆင်းဆည်၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ငါးမျိုးများအား ဦးဆောင်စိုက်ထည့်ပေးသည်။

အဆိုပါ ငါးမျိုးစိုက်ထည့်ပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ)မှ တပ်မတော်အရာရှိကြီး များနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ)ရှိ ရုံး၊ ဌာနအသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးဦးဆောင်၍ တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ မိသားစုများက ရေဆင်းဆည်အတွင်းသို့ ငါးမြစ်ချင်းကောင်ရေ ၁၅၀၀၀၀ အား စိုက်ထည့်ပေးကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ စုပေါင်းငါးမျိုးစိုက်ထည့်နေမှုများကို လှည့်လည်ကြည့်ရှုကြသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ) မိသားစုများက ရေဆင်းဆည်အတွင်း ၂၀၁၁ ခုနှစ်မှ စတင်၍ ငါးမျိုးများစိုက်ထည့်ခြင်းအားဆောင်ရွက်ခဲ့ရာ ယနေ့အထိ ထိုင်းငါးခုံးမ၊ ငွေရောင်ငါးကြင်း၊ ငါးမြစ်ချင်းနှင့် မြက်စားငါးကြင်း အပါအဝင် ငါးမျိုးစုံကောင်ရေ ၇၈၅၇၀၀ ကို စိုက်ထည့်ပေးခဲ့ကြောင်း သိရှိရသည်။

အလားတူ တိုင်းစစ်ဌာနချုပ်အသီးသီးတွင်လည်း ငါးမျိုးစိုက်ထည့်ပွဲများပြုလုပ်၍ အရာရှိ၊ စစ်သည်၊ မိသားစုများက ငါးမျိုးများအား သတ်မှတ်နေရာအသီးသီး၌ စုပေါင်းစိုက်ထည့်ပေးကြသည်။ ထိုသို့ စိုက်ထည့်ပေးကြရာ၌ နေပြည်တော်တိုင်းစစ်ဌာနချုပ်တွင် ငါးမျိုးစုံကောင်ရေ ၅၀၀၀၀၀ အား လည်းကောင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ငါးမျိုးစုံကောင်ရေ ၅၀၀၀၀၀ အားလည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တွင် ငါးမျိုးစုံကောင်ရေ ၅၀၀၀၀၀ အားလည်းကောင်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တွင် ငါးမျိုးစုံကောင်ရေ ၆၁၆၀၀၀ အားလည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် ငါးမျိုးစုံကောင်ရေ ၅၀၀၀၀၀ အားလည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တွင် ငါးမျိုးစုံကောင်ရေ ၄၀၀၀၀၀ အားလည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် ငါးမျိုးစုံ ကောင်ရေ ၅၀၀၅၀၀ အားလည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တွင် ငါးမျိုးစုံကောင်ရေ ၄၂၅၀၀၀ အားလည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တွင် ငါးမျိုးစုံကောင်ရေ ၅၀၂၀၀၀ အား လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တွင် ငါးမျိုးစုံကောင်ရေ ၅၀၀၀၀၀ အား လည်းကောင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ငါးမျိုးစုံကောင်ရေ ၆၀၅၀၀၀ အားလည်းကောင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တွင် ငါးမျိုးစုံကောင်ရေ ၅၂၅၀၀၀ အားလည်းကောင်း၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တွင် ငါးမျိုးစုံကောင်ရေ ၅၆၆၇၅၀ အားလည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် ငါးမျိုးစုံကောင်ရေ ၅၁၀၀၀၀ အားလည်းကောင်း စုပေါင်းစိုက်ထည့်ခဲ့ကြပြီး တပ်မတော်တစ်ရပ်လုံးအနေဖြင့် ယနေ့တွင် စုစုပေါင်းငါးမျိုးစုံကောင်ရေ ၇၃၀၀၂၅၀ အား စိုက်ထည့် ပေးခဲ့ကာ တိုင်းစစ်ဌာနချုပ်အသီးသီး၌ ယခုနှစ်အတွင်း ငါးကောင်ရေ တစ်သန်းကျော်စီ စိုက်ထည့်ပေး နိုင်ခဲ့သည်။

တပ်မတော် တစ်ရပ်လုံးအနေဖြင့် ၂၀၁၉ ခုနှစ်အတွင်း ပထမအကြိမ် ငါးမျိုးစုံ ကောင်ရေ ၇ ဒသမ ၈ သန်းကျော်ကို စိုက်ထည့်ပေးနိုင်ခဲ့ပြီး ယခုဒုတိယအကြိမ် ငါးမျိုးစုံကောင်ရေ ၇ ဒသမ ၃ သန်းကျော် အပါအဝင် စုစုပေါင်း ငါးမျိုးစုံကောင်ရေ ၁၅ ဒသမ ၁ သန်းကျော်အား စိုက်ထည့်ပေးနိုင်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။