တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယား နိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ ၾသဂုတ္ ၃၀

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ျမန္မာႏိုင္ငံတြင္ တာ၀န္ၿပီးဆံုး၍ ကေမၻာဒီးယားႏိုင္ငံသို႔ ျပန္လည္ထြက္ခြာေတာ့မည့္ ျမန္မာႏိုင္ငံဆိုင္ရာ ကေမၻာဒီးယား ႏိုင္ငံ သံအမတ္ႀကီး H.E.Mr. Sok Chea အား ယေန႔ညေနပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမ၌ လက္ခံေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ကေမၻာဒီးယားႏိုင္ငံ သံအမတ္ႀကီးႏွင့္အတူ ေကာင္စစ္ ၀န္ Ms. Dy Yoeun ႏွင့္ တာ၀န္ရွိသူမ်ား တက္ေရာက္ ၾကသည္။

ထုိသုိ႔ေတြ႕ဆံုရာတြင္ ျမန္မာႏွင့္ကေမၻာဒီးယားႏွစ္ႏိုင္ငံအၾကား ေနာက္ခံသမိုင္းေၾကာင္း၊ ႐ုပ္ရည္ သြင္ျပင္လကၡဏာ၊ ယဥ္ေက်းမႈ၊ ကိုးကြယ္သည့္ဘာသာ၊ ေတြးေခၚမႈ စသည္ျဖင့္ တူညီမႈမ်ားစြာရွိၾကၿပီး ရွိရင္းစြဲခ်စ္ၾကည္ရင္းႏွီးမႈကို ထပ္မံတိုးျမႇင့္ႏိုင္မည့္အေျခအေနမ်ား၊ ျမန္မာႏိုင္ငံ၏အေျခအေနမွန္မ်ား ကို ကေမၻာဒီးယားႏိုင္ငံက နားလည္ေပးၿပီး အာဆီယံႏွင့္တကြ ႏိုင္ငံတကာအလယ္တြင္ ျမန္မာႏိုင္ငံ ဘက္မွ ရပ္တည္ေပးလ်က္ရွိသည့္အေျခအေနမ်ား၊ ႏွစ္ႏိုင္ငံအၾကား စီးပြားေရးဆုိင္ရာ၊ ခရီးသြား လုပ္ငန္းဆိုင္ရာ၊ ကုန္စည္ ျပပြဲဆုိင္ရာမ်ား အျပန္အလွန္ပူးေပါင္း ေဆာင္ရြက္ႏိုင္မည့္ အေျခအေနမ်ား၊ ႏွစ္ႏိုင္ငံ တပ္မေတာ္ႏွစ္ရပ္အၾကား ေလ့က်င့္ေရးဆုိင္ရာ၊ အားကစားဆိုင္ရာ၊ ယဥ္ေက်းမႈဆုိင္ရာ ခ်စ္ၾကည္ေရးခရီးစဥ္မ်ား ေစလႊတ္ႏိုင္မည့္ အေျခအေနမ်ားအား အျပန္အလွန္ ရင္းရင္းႏွီးႏွီး ေဆြးေႏြး ခဲ့ၾကသည္။

ေတြ႕ဆံုပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ကေမၻာဒီးယားႏိုင္ငံ သံအမတ္ႀကီးတို႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္လဲလွယ္ၾကကာ တက္ေရာက္လာၾကသူမ်ားႏွင့္အတူ စုေပါင္းဓာတ္ပံု႐ိုက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယား နိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ သြဂုတ် ၃၀

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံတွင် တာဝန်ပြီးဆုံး၍ ကမ္ဘောဒီးယားနိုင်ငံသို့ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယား နိုင်ငံ သံအမတ်ကြီး H.E.Mr. Sok Chea အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီးနှင့်အတူ ကောင်စစ် ၀န် Ms. Dy Yoeun နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနှင့်ကမ္ဘောဒီးယားနှစ်နိုင်ငံအကြား နောက်ခံသမိုင်းကြောင်း၊ ရုပ်ရည် သွင်ပြင်လက္ခဏာ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့်ဘာသာ၊ တွေးခေါ်မှု စသည်ဖြင့် တူညီမှုများစွာရှိကြပြီး ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို ထပ်မံတိုးမြှင့်နိုင်မည့်အခြေအနေများ၊ မြန်မာနိုင်ငံ၏အခြေအနေမှန်များ ကို ကမ္ဘောဒီးယားနိုင်ငံက နားလည်ပေးပြီး အာဆီယံနှင့်တကွ နိုင်ငံတကာအလယ်တွင် မြန်မာနိုင်ငံ ဘက်မှ ရပ်တည်ပေးလျက်ရှိသည့်အခြေအနေများ၊ နှစ်နိုင်ငံအကြား စီးပွားရေးဆိုင်ရာ၊ ခရီးသွား လုပ်ငန်းဆိုင်ရာ၊ ကုန်စည် ပြပွဲဆိုင်ရာများ အပြန်အလှန်ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား လေ့ကျင့်ရေးဆိုင်ရာ၊ အားကစားဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ ချစ်ကြည်ရေးခရီးစဉ်များ စေလွှတ်နိုင်မည့် အခြေအနေများအား အပြန်အလှန် ရင်းရင်းနှီးနှီး ဆွေးနွေး ခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်လဲလှယ်ကြကာ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။