တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးအား တွေ့ဆုံ

ေနျပည္ေတာ္၊ စက္တင္ဘာ – ၃

ထုိင္းႏုိင္ငံတြင္က်င္းပျပဳလုပ္မည့္ သတၱမအႀကိမ္ေျမာက္ ထုိင္း-ျမန္မာ အဆင့္ျမင့္ အရာရွိႀကီးမ်ား အစည္းအေ၀း 7th Thailand-Myanmar High Level Committee Meeting တက္ေရာက္ရန္ ထုိင္းႏုိင္ငံ၊ ဗန္ေကာက္ၿမိဳ႕သုိ႕ ေရာက္ရွိေနေသာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ယေန႕နံနက္ပုိင္းတြင္ ထုိင္းႏုိင္ငံ၀န္ႀကီးခ်ဳပ္ ႏွင့္ ကာကြယ္ေရး၀န္ႀကီး General Prayut Chan-o-cha အား အစုိးရအိမ္ေတာ္၌ သြားေရာက္ ေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႕ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ၫႇိႏႈိင္းကြပ္ကဲေရးမွဴး (ၾကည္း၊ ေရ၊ ေလ) ဗုိလ္ခ်ဳပ္ႀကီးျမထြန္းဦးႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ထုိင္းႏုိင္ငံ ၀န္ႀကီးခ်ဳပ္ႏွင့္ ကာကြယ္ေရး၀န္ႀကီးႏွင့္အတူ ဒုတိယကာကြယ္ေရး၀န္ႀကီး Gen. Chaichan Changmontol ၊ ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ Gen. Ponpipaat Benyasri ႏွင့္ ထုိင္းႏုိင္ငံအစုိးရအဖြဲ႕မွတာ၀န္ရွိသူမ်ား၊ ထုိင္းဘုရင့္တပ္မေတာ္ မွ အရာရွိႀကီးမ်ား တက္ေရာက္ ၾကသည္။

ထုိသုိ႕ေတြ႕ဆုံရာတြင္ ထုိင္းႏုိင္ငံ၀န္ႀကီးခ်ဳပ္က ျမန္မာႏုိင္ငံအေနျဖင့္ သဘာ၀ေဘး အႏၲရာယ္ရင္ဆုိင္ ခဲ့ရသည့္အတြက္ စိတ္မေကာင္းျဖစ္မိပါေၾကာင္း၊ ႏွစ္ႏုိင္ငံပင္လယ္ေရပုိင္နက္ဆုိင္ရာပူးေပါင္း ေဆာင္ရြက္မႈမ်ား၊ အၾကမ္းဖက္မႈႏွိမ္နင္းေရးဆုိင္ရာမ်ား၊ ပညာေရး၊ က်န္းမာေရး၊ စုိက္ပ်ဳိးေရး လုပ္ငန္းမ်ားအျပင္ အျခားစီပြားေရးက႑မ်ားတြင္လည္း ပူးေပါင္းေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း၊ ႏွစ္ႏုိင္ငံအစုိးရႏွင့္ တပ္မေတာ္ႏွစ္ရပ္အၾကား ရွိရင္းစြဲ ခ်စ္ၾကည္ရင္းႏွီးမႈမ်ားအား ပုိမုိတုိးတက္ေအာင္ ဆက္လက္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

ထုိ႕ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ထုိင္းႏုိင္ငံႏွင့္ ျမန္မာႏုိင္ငံတုိ႕သည္ ယဥ္ေက်းမႈႏွင့္ သမုိင္းေၾကာင္းမ်ားစြာ တူညီသည့္ မိတ္ေဆြရင္းျခာႏုိင္ငံမ်ားျဖစ္ေၾကာင္း၊ ႏွစ္ႏုိင္ငံနယ္စပ္ေဒသ တည္ၿငိမ္ေအးခ်မ္းေရးအတြက္ တရားဥပေဒစုိးမုိးေရးႏွင့္ နယ္စပ္ေဒသလုံၿခံဳေရးမ်ားကုိ ပူးေပါင္း ေဆာင္ရြက္လ်က္ရွိေၾကာင္း၊ ပင္လယ္ေရပုိင္နက္လုံၿခဳံေရးဆုိင္ရာ ပူးေပါင္းေဆာင္ရြက္မႈအေနျဖင့္ ထုိင္းပင္လယ္ေကြ႕တြင္ ျပဳလုပ္လ်က္ရွိသည့္ အာဆီယံ-အေမရိကန္ ပင္လယ္ေရေၾကာင္းဆုိင္ရာ ေလ့က်င့္ခန္း ASEAN-US Maritime Exercise (AUMX) တြင္ ပါ၀င္ေလ့က်င့္လ်က္ရွိေၾကာင္း၊ အၾကမ္းဖက္မႈႏွိမ္နင္းေရးႏွင့္ မူးယစ္ေဆး၀ါးတုိက္ဖ်က္ေရးအတြက္ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွင့္ ရဲတပ္ဖြဲ႕၀င္မ်ား ေအာက္ေျခအဆင့္အထိ ပူးေပါင္းေဆာင္ရြက္ၿပီး ထိထိေရာက္ေရာက္ တုိက္ဖ်က္ သြားရန္လုိေၾကာင္း၊ ထုိင္းႏုိင္ငံတြင္ ေသဒဏ္ျပစ္ဒဏ္ခ်မွတ္ျခင္းခံထားရေသာ ျမန္မာႏုိင္ငံသား ၂ ဦး အား ႏွစ္ႏုိင္ငံႏွင့္ ႏွစ္ႏုိင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ရွိရင္းစြဲ ခ်စ္ၾကည္ရင္းႏွီးမႈမ်ားကုိ ေထာက္ထားၿပီး သက္ညႇာေပးရန္စဥ္းစားေပးေစလုိေၾကာင္း၊ တရားဥပေဒႏွင့္အညီ ကူညီေစာင့္ေရွာက္ေပးေစလုိ ေၾကာင္းႏွင့္ ႏွစ္ႏုိင္ငံပူးေပါင္း ေဆာင္ရြက္မႈမ်ားကုိ ဆက္လက္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

ေတြ႕ဆုံပြဲ အၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ထုိင္းႏုိင္ငံ၀န္ႀကီးခ်ဳပ္ႏွင့္ ကာကြယ္ေရး ၀န္ႀကီးတုိ႕သည္ အထိမ္းအမွတ္တံဆိပ္ႏွင့္ အမွတ္တရလက္ေဆာင္ ပစၥည္းမ်ား အျပန္အလွန္ ေပးအပ္ခဲ့ၾကၿပီး တက္ေရာက္လာၾကသူမ်ားႏွင့္အတူ စုေပါင္း ဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးအား တွေ့ဆုံ

နေပြည်တော်၊ စက်တင်ဘာ – ၃

ထိုင်းနိုင်ငံတွင်ကျင်းပပြုလုပ်မည့် သတ္တမအကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး 7th Thailand-Myanmar High Level Committee Meeting တက်ရောက်ရန် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့သို့ ရောက်ရှိနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံဝန်ကြီးချုပ် နှင့် ကာကွယ်ရေးဝန်ကြီး General Prayut Chan-o-cha အား အစိုးရအိမ်တော်၌ သွားရောက် တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ထိုင်းနိုင်ငံ ၀န်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးနှင့်အတူ ဒုတိယကာကွယ်ရေးဝန်ကြီး Gen. Chaichan Changmontol ၊ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Ponpipaat Benyasri နှင့် ထိုင်းနိုင်ငံအစိုးရအဖွဲ့မှတာဝန်ရှိသူများ၊ ထိုင်းဘုရင့်တပ်မတော် မှ အရာရှိကြီးများ တက်ရောက် ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ထိုင်းနိုင်ငံဝန်ကြီးချုပ်က မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေး အန္တရာယ်ရင်ဆိုင် ခဲ့ရသည့်အတွက် စိတ်မကောင်းဖြစ်မိပါကြောင်း၊ နှစ်နိုင်ငံပင်လယ်ရေပိုင်နက်ဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုများ၊ အကြမ်းဖက်မှုနှိမ်နင်းရေးဆိုင်ရာများ၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး လုပ်ငန်းများအပြင် အခြားစီပွားရေးကဏ္ဍများတွင်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုများအား ပိုမိုတိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းများစွာ တူညီသည့် မိတ်ဆွေရင်းခြာနိုင်ငံများဖြစ်ကြောင်း၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် တရားဥပဒေစိုးမိုးရေးနှင့် နယ်စပ်ဒေသလုံခြုံရေးများကို ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ပင်လယ်ရေပိုင်နက်လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ထိုင်းပင်လယ်ကွေ့တွင် ပြုလုပ်လျက်ရှိသည့် အာဆီယံ-အမေရိကန် ပင်လယ်ရေကြောင်းဆိုင်ရာ လေ့ကျင့်ခန်း ASEAN-US Maritime Exercise (AUMX) တွင် ပါ၀င်လေ့ကျင့်လျက်ရှိကြောင်း၊ အကြမ်းဖက်မှုနှိမ်နင်းရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် နှစ်နိုင်ငံတပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ အောက်ခြေအဆင့်အထိ ပူးပေါင်းဆောင်ရွက်ပြီး ထိထိရောက်ရောက် တိုက်ဖျက် သွားရန်လိုကြောင်း၊ ထိုင်းနိုင်ငံတွင် သေဒဏ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသော မြန်မာနိုင်ငံသား ၂ ဦး အား နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုများကို ထောက်ထားပြီး သက်ညှာပေးရန်စဉ်းစားပေးစေလိုကြောင်း၊ တရားဥပဒေနှင့်အညီ ကူညီစောင့်ရှောက်ပေးစေလို ကြောင်းနှင့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ၀န်ကြီးတို့သည် အထိမ်းအမှတ်တံဆိပ်နှင့် အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။