တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့ တပ်မတော်ကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိ

ေနျပည္ေတာ္၊ စက္တင္ဘာ – ၅

သတၱမအႀကိမ္ေျမာက္ ထုိင္း-ျမန္မာ အဆင့္ျမင့္အရာရွိႀကီးမ်ားအစည္းအေ၀း 7th Thailand-Myanmar High Level Committee Meeting သုိ႕တက္ေရာက္ခဲ့သည့္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ကုိယ္စားလွယ္အဖြဲ႕သည္ ယေန႕ညေနပုိင္းတြင္ ထုိင္းႏုိင္ငံ၊ ဟြာဟင္းၿမိဳ႕၊ ဟြာဟင္းေလဆိပ္မွ ျပန္လည္ထြက္ခြာၾကရာ ထုိင္းဘုရင့္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ႐ုံးမွ Deputy Chief of Joint Staff ျဖစ္သူ Gen. Choochart Buakhao ႏွင့္ဇနီး၊ ထုိင္းဘုရင့္တပ္မေတာ္အရာရွိႀကီးမ်ား၊ ျမန္မာစစ္သံ(ၾကည္း၊ ေရ၊ ေလ) ဗုိလ္မွဴးခ်ဳပ္ ခင္ေဇာ္ႏွင့္ ဇနီး၊ တာ၀န္ရွိသူမ်ားက ေလဆိပ္တြင္ ပုိ႕ေဆာင္ ႏႈတ္ဆက္ၾကသည္။

ထုိ႕ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ေနျပည္ေတာ္ အျပည္ျပည္ဆုိင္ရာ ေလဆိပ္သုိ႕ ျပန္လည္ေရာက္ရွိရာ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီး စုိး၀င္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ေနျပည္ေတာ္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး၊ ျမန္မာႏိုင္ငံဆိုင္ရာ ထိုင္းႏိုင္ငံသံအမတ္ႀကီး H.E.Mrs.Suphatra Srimaitreephithak ၊ ထုိင္းဘုရင့္ တပ္မေတာ္ေရတပ္စစ္သံမွဴး Capt. Puchong Praditteera ႏွင့္ ထုိင္းဘုရင့္တပ္မေတာ္ ေလတပ္ စစ္သံမွဴး Group Captain Pruit Tusesuin တုိ႔က ေလဆိပ္တြင္ ႀကိဳဆုိခဲ့ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ အဖြဲ႕၀င္မ်ားသည္ ထုိင္း-ျမန္မာ အဆင့္ျမင့္အရာရွိႀကီးမ်ား အစည္းအေ၀းသုိ႔ တက္ေရာက္ခဲ့ၿပီး ထုိင္းႏုိင္ငံအစုိးရအဖြဲ႕ အႀကီးအကဲမ်ားႏွင့္ေတြ႕ဆုံ၍ ႏွစ္ႏုိင္ငံ ဆက္ဆံေရး၊ ပူးေပါင္းေဆာင္ရြက္ေရးဆုိင္ရာ ကိစၥရပ္မ်ားအား ေဆြးေႏြးျခင္းႏွင့္ အထင္ကရေနရာ မ်ားသုိ႕ သြားေရာက္ေလ့လာျခင္းမ်ား ေဆာင္ရြက္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့ တပ်မတော်ကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိ

နေပြည်တော်၊ စက်တင်ဘာ – ၅

သတ္တမအကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး 7th Thailand-Myanmar High Level Committee Meeting သို့တက်ရောက်ခဲ့သည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ထိုင်းနိုင်ငံ၊ ဟွာဟင်းမြို့၊ ဟွာဟင်းလေဆိပ်မှ ပြန်လည်ထွက်ခွာကြရာ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံးမှ Deputy Chief of Joint Staff ဖြစ်သူ Gen. Choochart Buakhao နှင့်ဇနီး၊ ထိုင်းဘုရင့်တပ်မတော်အရာရှိကြီးများ၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ခင်ဇော်နှင့် ဇနီး၊ တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင် နှုတ်ဆက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E.Mrs.Suphatra Srimaitreephithak ၊ ထိုင်းဘုရင့် တပ်မတော်ရေတပ်စစ်သံမှူး Capt. Puchong Praditteera နှင့် ထိုင်းဘုရင့်တပ်မတော် လေတပ် စစ်သံမှူး Group Captain Pruit Tusesuin တို့က လေဆိပ်တွင် ကြိုဆိုခဲ့ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ အဖွဲ့ဝင်များသည် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံအစိုးရအဖွဲ့ အကြီးအကဲများနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခြင်းနှင့် အထင်ကရနေရာ များသို့ သွားရောက်လေ့လာခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။