မြန်မာ့ရိုးရာ ယဉ်ကျေးမှု အနုသုခုမပညာရပ်များ၊ မျိုးချစ်စိတ် ဇာတိသွေး ဇာတိမာန်များ ဖော်ထုတ်၊ ထိန်းသိမ်း၊ စောင့်ရှောက်သောအားဖြင့် ကျင်းပပြုလုပ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏(၁၈)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

နေပြည်တော်၊ စက်တင်ဘာ – ၉



ဦးစွာ မျက်လှည့်ပြိုင်ပွဲ (အဖွဲ့လိုက်)တွင် ပထမဆုရရှိသည့် အမှတ်(၂)နယ်လှည့် ပြည်သူ့ဆက်ဆံရေး တပ်ခွဲ၊ ခေတ်ပေါ်တီးဝိုင်းပြိုင်ပွဲ(အဖွဲ့လိုက်) ပထမဆုရရှိသည့် အမှတ်(၂)နယ်လှည့်ပြည်သူ့ ဆက်ဆံရေးတပ်ခွဲနှင့် မြန်မာ့ဆိုင်းအတီးပြိုင်ပွဲ(အဖွဲ့လိုက်) ပထမဆု ရရှိသည့် အမှတ်(၄)နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲတို့မှ စစ်သည်၊ စစ်သမီးများအား စိတ်ဓာတ်ရေးရာနှင့် လူထုဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းကလည်းကောင်း၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု(နန်းတွင်း) ယိမ်းအကပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ်(၂)နယ်လှည့်ပြည်သူ့ ဆက်ဆံရေးတပ်ခွဲမှ ပျံ့ပွားစိမ်းယိမ်းအဖွဲ့၊ မြန်မာ့ရိုးရာယဉ်ကျေးမှု (စိတ်ကြိုက်) ယိမ်းအကပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ်(၂) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ အလောင်းစည်သူမင်းတရားကြီး ဗျောယိမ်းအဖွဲ့၊ မြန်မာ့ရိုးရာယဉ်ကျေးမှု(တိုင်းရင်းသားရိုးရာ)ယိမ်းအကပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ်(၁)နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ လှမ်းခဲ့ပါလေမြန်မာပြည်ယိမ်းအဖွဲ့ တို့မှ စစ်သည်၊ စစ်သမီးများအား ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး က လည်းကောင်း၊ အငြိမ့်ပြိုင်ပွဲ(အဖွဲ့လိုက်) ပထမဆုရရှိသည့် အမှတ်(၁)နယ် လှည့်ပြည်သူ့ ဆက်ဆံရေးတပ်ခွဲမှ စိန်သရဖူအငြိမ့်အဖွဲ့နှင့် ပြဇာတ်ပြိုင်ပွဲ (အဖွဲ့လိုက်) ပထမဆုရရှိသည့် အမှတ်(၂)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ မပြောဝံ့ပါသည်ကစ္စပနဒီ ပြဇာတ်အဖွဲ့တို့မှ စစ်သည်၊ စစ်သမီးများအား ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။








(Unicode Version)

မြန်မာ့ရိုးရာ ယဉ်ကျေးမှု အနုသုခုမပညာရပ်များ၊ မျိုးချစ်စိတ် ဇာတိသွေး ဇာတိမာန်များ ဖော်ထုတ်၊ ထိန်းသိမ်း၊ စောင့်ရှောက်သောအားဖြင့် ကျင်းပပြုလုပ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏(၁၈)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

နေပြည်တော်၊ စက်တင်ဘာ – ၉

မြန်မာ့ရိုးရာ ယဉ်ကျေးမှုအနုသုခုမပညာရပ်များ မတိမ်ကော၊ မပပျောက်စေရန်နှင့် မျိုးချစ်စိတ်၊ ဇာတိသွေး ဇာတိမာန်များ ရှင်သန်ထက်မြက်စေရန် ရည်ရွယ်ချက်များဖြင့် နှစ်စဉ်ကျင်းပပြုလုပ် လျက်ရှိသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏(၁၈)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲဆုချီးမြှင်ပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ အကောင်းဆုံးတံခွန်စိုက်ဆုအား ပေးအပ်ချီးမြှင့်သည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်နှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ အကဲဖြတ်အနုပညာရှင်ကြီးများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များနှင့် ပြိုင်ပွဲဝင် စစ်သည်၊ စစ်သမီးများတက်ရောက်ကြသည်။

ဦးစွာ မျက်လှည့်ပြိုင်ပွဲ (အဖွဲ့လိုက်)တွင် ပထမဆုရရှိသည့် အမှတ်(၂)နယ်လှည့် ပြည်သူ့ဆက်ဆံရေး တပ်ခွဲ၊ ခေတ်ပေါ်တီးဝိုင်းပြိုင်ပွဲ(အဖွဲ့လိုက်) ပထမဆုရရှိသည့် အမှတ်(၂)နယ်လှည့်ပြည်သူ့ ဆက်ဆံရေးတပ်ခွဲနှင့် မြန်မာ့ဆိုင်းအတီးပြိုင်ပွဲ(အဖွဲ့လိုက်) ပထမဆု ရရှိသည့် အမှတ်(၄)နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲတို့မှ စစ်သည်၊ စစ်သမီးများအား စိတ်ဓာတ်ရေးရာနှင့် လူထုဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းကလည်းကောင်း၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု(နန်းတွင်း) ယိမ်းအကပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ်(၂)နယ်လှည့်ပြည်သူ့ ဆက်ဆံရေးတပ်ခွဲမှ ပျံ့ပွားစိမ်းယိမ်းအဖွဲ့၊ မြန်မာ့ရိုးရာယဉ်ကျေးမှု (စိတ်ကြိုက်) ယိမ်းအကပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ်(၂) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ အလောင်းစည်သူမင်းတရားကြီး ဗျောယိမ်းအဖွဲ့၊ မြန်မာ့ရိုးရာယဉ်ကျေးမှု(တို်င်းရင်းသားရိုးရာ)ယိမ်းအကပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ်(၁)နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ လှမ်းခဲ့ပါလေမြန်မာပြည်ယိမ်းအဖွဲ့ တို့မှ စစ်သည်၊ စစ်သမီးများအား ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး က လည်းကောင်း၊ အငြိမ့်ပြိုင်ပွဲ(အဖွဲ့လိုက်) ပထမဆုရရှိသည့် အမှတ်(၁)နယ် လှည့်ပြည်သူ့ ဆက်ဆံရေးတပ်ခွဲမှ စိန်သရဖူအငြိမ့်အဖွဲ့နှင့် ပြဇာတ်ပြိုင်ပွဲ (အဖွဲ့လိုက်) ပထမဆုရရှိသည့် အမှတ်(၂)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ မပြောဝံ့ပါသည်ကစ္စပနဒီ ပြဇာတ်အဖွဲ့တို့မှ စစ်သည်၊ စစ်သမီးများအား ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏(၁၈)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲတွင် အကောင်းဆုံးတံခွန်စိုက်ဆုရရှိသည့် အမှတ်(၂) နယ်လှည့်ပြည်သူ့ ဆက်ဆံရေးတပ်ခွဲအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တံခွန်စိုက်ဆု ပေးအပ်ချီးမြှင့်သည်။

ထို့နောက် အမှတ်(၂)တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်မှ စစ်သမီးများက မြန်မာ့ဆိုင်း သံစုံဝိုင်းဖြင့် စံတော်ချိန်တီးလုံးအား လက်စွမ်းပြတီးခတ်ခြင်း၊ ခေတ်ဟောင်းတေး အဆိုပြိုင်ပွဲ (အမျိုးသမီး)တွင် ပထမဆုရရှိခဲ့သည့် အမှတ်(၄)နယ်လှည့်ပြည်သူ့ ဆက်ဆံရေးတပ်ခွဲမှ တပ်ကြပ်ကြီး အစားခန့် အေးမြသီတာက မဲဇာရွှေလီတေးသီချင်း၊ ကာလပေါ်တေးအဆိုပြိုင်ပွဲ(အမျိုးသား)တွင် ပထမဆုရရှိခဲ့သည့် အမှတ်(၁)နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ တက အောင်ဘို၀မ်းက အမုန်းခွန်အားပေးသနားပါ တေးသီချင်း၊ နှစ်ပါးသွားအကပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် အမှတ်(၃) နယ်လှည့်ပြည်သူ့ဆက်ဆံရေး တပ်ခွဲမှ တသ အောင်မြင့်ဦးနှင့် တပ်ကြပ်ကြီးအစားခန့် သက်ရွှေစင် တို့က နှစ်ပါးသွား ကကွက်များထဲမှ အကောင်းဆုံးနှစ်ပါးသွားကကွက်များ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု (နန်းတွင်းယိမ်း)ယိမ်းအကပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် အမှတ်(၂)နယ်လှည့်ပြည်သူ့ ဆက်ဆံရေး တပ်ခွဲမှ စစ်သမီးများက ပျံ့ပွားစိမ်းယိမ်းအက၊ အရေးပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့သည့် အမှတ် (၂)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ ဗိုလ်မှူး တင်ထူး နှင့် စစ်သည်၊ စစ်သမီးများက ကြိုဆိုဂုဏ်ပြု စိန်ရတုသီချင်း၊ မျက်လှည့်(အဖွဲ့လိုက်)ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် အမှတ်(၂) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ အကောင်းဆုံး မျက်လှည့် ပြကွက်များ၊ ခေတ်ပေါ်တီးဝိုင်း (အဖွဲ့လိုက်)ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် အမှတ်(၂) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ လက်စွမ်းပြတီးခတ်ခြင်း၊ မြန်မာ့ဆိုင်းဝိုင်း(အဖွဲ့လိုက်)ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့်အမှတ်(၄) နယ်လှည့်ပြည်သူ့ဆက်ဆံရေး တပ်ခွဲမှ ဆိုင်းလက်စွမ်းပြ တီးခတ်ခြင်း၊ အငြိမ့်(အဖွဲ့လိုက်)ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် အမှတ်(၁)နယ်လှည့်ပြည်သူ့ ဆက်ဆံရေးတပ်ခွဲမှ အငြိမ့်ကောက်နုတ်ချက်များ၊ ပြိုင်ပွဲဝင် စစ်သည်၊ စစ်သမီးများစုပေါင်း၍ ဇာတိမာန်တေးသီချင်းတို့ဖြင့် အသီးသီး သီဆိုတီးမှုတ် ကပြဖျော်ဖြေကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြိုင်ပွဲဝင် စစ်သည်၊ စစ်သမီးများ နှင့်အကဲဖြတ် အနုပညာရှင်ကြီးများအတွက် ချီးမြှင့်ငွေများပေးအပ်ရာ စစ်သည်၊ စစ်သမီး များ ကိုယ်စား ဒုတိယ အရာခံဗိုလ် မြင့်ထွေးနှင့် တပ်ကြပ်ကြီးအစားခန့် အေးမြအောင် တို့က လက်ခံရယူကြပြီး အကဲဖြတ် အနုပညာရှင်ကြီးများကိုယ်စား အကြံပေးပညာရှင် ဦးတင်ထွန်းဦးက လက်ခံရယူသည်။ ၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အကဲဖြတ်အနုပညာရှင်ကြီးများနှင့် စစ်သည်၊ စစ်သမီးများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သီဆိုတီးမှုတ် ကပြဖျော်ဖြေမှုများနှင့် ပတ်သက်၍ လိုအပ်ချက်များကို ဆွေးနွေးလမ်းညွှန်မှာကြား သည်။

မွန်းလွဲပိုင်းတွင် ဆုချီးမြှင့်ပွဲဒုတိယပိုင်းအား ဆက်လက်ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ထွန်းထွန်းညီနှင့် တပ်မတော်အရာရှိကြီးများ၊ အကဲဖြတ် အနုပညာရှင်ကြီးများ၊ ဖိတ်ကြား ထားသည့်ဧည့်သည်တော်များနှင့် ပြိုင်ပွဲဝင် စစ်သည်၊ စစ်သမီးများတက်ရောက်ကြသည်။

ပြိုင်ပွဲအလိုက် အကောင်းဆုံးဆု၊ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆုများ ရရှိကြသည့် စစ်သည်၊ စစ်သမီးများအား ပြည်သူ့ဆက်ဆံရေးနှင် ့စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ထွန်းထွန်းညီ၊ ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ရဲရင့်အောင်၊ အကြံပေးပညာရှင် ဦးတင်ထွန်းဦး၊ ဒေါ်စန်းနုနှင့် ဒေါ်သန်းသန်းအေး၊ အကဲဖြတ်ပညာရှင် ဦးစိုးထွဋ်ခိုင်၊ ဦးတင်ရွှေ နှင့်တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ် ချီးမြှင့်ကြသည်။

ယင်းနောက် အကဲဖြတ်ပညာရှင်များကိုယ်စား အကြံပေးပညာရှင် ဦးတင်ထွန်းဦး ကပြိုင်ပွဲအပေါ် သုံးသပ်ချက်များအား ဆွေးနွေးတင်ပြသည်။ ထို့နောက် ဗိုလ်ချုပ် ထွန်းထွန်းညီ က ပြိုင်ပွဲကျင်းပ ခဲ့မှုများနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ဆွေးနွေးမှာကြားပြီး အကဲဖြတ် ပညာရှင်များအား ဂုဏ်ပြု လက်ဆောင်များပေးအပ်ခဲ့သည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏ တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲများအား မြန်မာ့ရိုးရာယဉ်ကျေးမှုအနုသုခုမပညာရပ်များကို မတိမ်ကော၊ မပပျောက်အောင် ဆက်လက် ထိန်းသိမ်းစောင့်ရှောက်ရန်၊ အနုသုခုမပညာရပ်များမှတစ်ဆင့် နိုင်ငံသားတိုင်း၏ နှလုံးသား၌ ဇာတိသွေး၊ ဇာတိမာန်ကို အရင်းခံသည့်မျိုးချစ် စိတ်များ ပွင့်လန်းရှင်သန်စေရန်နှင့် မိမိတို့ တပ်ဖွဲ့ဝင်များ၏ အနုပညာအရည်အသွေး မှန်မှန်ကန်ကန် တိုးတက် ဖြစ်ထွန်းလာအောင် ၀ါရင့်၊ သမ္ဘာရင့်အနုပညာရှင်၊ အတတ် ပညာရှင်ကြီးများထံမှ စစ်မှန်သည့် အနုပညာအမွေအနှစ်များကို မျိုးဆက်သစ် ပညာရှင်များ ဖြစ်စေရန် ရည်ရွယ်၍ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီအနုပညာအဖွဲ့များ နှင့် နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲများမှ စစ်သည်၊ စစ်သမီးများဖြင့် နှစ်စဉ်ကျင်းပ ပြုလုပ်နေခြင်းဖြစ်ပြီး ယခုနှစ်ပြိုင်ပွဲတွင်ခေတ်ဟောင်းတေး၊ ကာလပေါ်တေး၊ ခေတ်ပေါ်တေး၊ အငြိမ့်ပြိုင်ပွဲ၊ အကပြိုင်ပွဲ၊ မြန်မာ့ဆိုင်းပြိုင်ပွဲ၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု(စိတ်ကြိုက်) ယိမ်းအက၊ နှစ်ပါးသွားအက၊ ပြဇာတ်ပြိုင်ပွဲ၊ ခေတ်ပေါ်တီးဝိုင်း၊ မျက်လှည့်ပြိုင်ပွဲနှင့်တေးသီချင်းအရေးပြိုင်ပွဲ၊ စုစုပေါင်းပြိုင်ပွဲအမျိုးအစား ၃၅ မျိုးအား ပြိုင်ပွဲဝင်စစ်သည်၊ စစ်သမီး စုစုပေါင်း ၃၁၂ ဦး ပါ၀င်ယှဉ်ပြိုင်ခဲ့ကြသည်။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။