တပ်မတော်သည် ပြည်သူကြားမှပေါက်ဖွားလာပြီး ပြည်သူများ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သဖြင့် မိမိတပ်ကို ကောင်းအောင်ဆောင်ရွက်ရန်လိုသည့်အပြင် မိမိနိုင်ငံတော် တိုးတက် ကောင်းမွန်ရေး အတွက် တစ်ဦးချင်းအသိစိတ်ဖြင့်နေထိုင်ကျင့်ကြံဆောင်ရွက်ရမည်ဖြစ်

ေနျပည္ေတာ္၊ စက္တင္ဘာ ၁၀

တပ္မေတာ္သည္ ျပည္သူၾကားမွေပါက္ဖြားလာၿပီး ျပည္သူမ်ား၏ အစိတ္အပိုင္းတစ္ရပ္ျဖစ္သျဖင့္ မိမိတပ္ကို ေကာင္းေအာင္ေဆာင္႐ြက္ရန္လိုသည့္အျပင္ မိမိႏိုင္ငံေတာ္ တိုးတက္ေကာင္းမြန္ေရး အတြက္ တစ္ဦးခ်င္းအသိစိတ္ျဖင့္ ေနထိုင္က်င့္ႀကံေဆာင္႐ြက္ရမည့္ ကိုယ္စီတာဝန္ရွိေၾကာင္း၊ တိုင္းျပည္တိုးတက္ၿပီး တည္ၿငိမ္ေအးခ်မ္းရန္အတြက္ ႏိုင္ငံေရးအရ တည္ၿငိမ္ေအးခ်မ္းရန္ႏွင့္ လုံၿခဳံေရးအရ တည္ၿငိမ္ေအးခ်မ္းရန္လိုေၾကာင္း၊ လုံၿခဳံေရးႏွင့္ တရားဥပေဒစိုးမိုးမႈမရွိပါက လူမႈစီးပြား ဘဝဖြံ႕ၿဖိဳးတိုးတက္မႈကို ေႏွာင့္ေႏွးၾကန႔္ၾကာေစမည္ျဖစ္ေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္၊ မႏၲေလးတပ္နယ္ရွိ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအား ယေနနံနက္ပိုင္းတြင္ တိုင္းစစ္ဌာနခ်ဳပ္၊ ရန္ေအာင္ျမင္ခန္းမ၌ ေတြ႕ဆုံ အမွာစကားေျပာၾကားစဥ္ ထည့္သြင္းေျပာၾကားသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေရ)ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ ေက်ာ္စြာလင္းႏွင့္ဇနီး၊ မႏၲေလးတပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား တက္ေရာက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမွာစကားေျပာၾကားရာတြင္ မည္သည့္အဖြဲ႕အစည္းတြင္မဆို ေခါင္းေဆာင္မႈအခန္းက႑သည္ အေရးႀကီးသည့္အတြက္ မိမိဦးေဆာင္ရသည့္အဖြဲ႕အစည္းမွ ယုံၾကည္အားကိုးရၿပီး အဖြဲ႕အစည္း၏ တိုးတက္ရာတိုးတက္ေၾကာင္းကို ေဆာင္႐ြက္ႏိုင္ရန္ အၿမဲႀကိဳးစားေနၾကရမည္ျဖစ္ေၾကာင္း၊ ေခါင္းေဆာင္ဟုဆိုရာတြင္ တပ္မေတာ္၌ ဒုတိယတပ္ၾကပ္မွစ၍ တပ္မေတာ္အႀကီးအကဲမ်ားအထိ ေခါင္းေဆာင္မ်ားပင္ျဖစ္သည့္အတြက္ ေခါင္းေဆာင္မႈအရည္ အခ်င္းမ်ား ေခါင္းေဆာင္မႈအဂၤါရပ္မ်ားႏွင့္ ျပည့္စုံေနရန္ မိမိကိုယ္ကို အၿမဲေလ့က်င့္ေနရမည္ျဖစ္ ေၾကာင္း၊ မိသားစုတစ္စုတြင္ ဦးစီးဦးေဆာင္ရသည့္ အိမ္ေထာင္ဦးစီးသည္ အေရးႀကီးၿပီး မိသားစု အတြက္ ဂုဏ္ယူရသည့္ အိမ္ေထာင္ဦးစီးျဖစ္သကဲ့သို႔ မိမိဦးေဆာင္ရသည့္ အဖြဲ႕အစည္းကိုလည္း ေကာင္းမြန္စြာေခါင္းေဆာင္ႏိုင္သည့္ ေခါင္းေဆာင္မ်ားျဖစ္ရန္ လိုေၾကာင္း၊ မိမိတစ္ဦးတစ္ေယာက္၏ ဆုံးျဖတ္ခ်က္၊ လုပ္ေဆာင္ခ်က္အမွားမ်ားေၾကာင့္ မိမိအဖြဲ႕အစည္းပုံရိပ္ ထိခိုက္ေစမည့္အျပင္ မိမိ၏ မိသားစုဘဝကို ထိခိုက္ေစၿပီး မိသားစု ယိမ္းယိုင္ပ်က္ျပားမႈမ်ား ျဖစ္ေစႏိုင္ေသာေၾကာင့္ မိမိ၏ လုပ္ေဆာင္ျပဳမႈခ်က္မ်ားအား စဥ္းစားဆုံးျဖတ္ၿပီးမွသာ ေဆာင္႐ြက္ရန္လိုေၾကာင္းမွာၾကားသည္။

ဆက္လက္ၿပီး စစ္သည္တစ္ဦးတစ္ေယာက္တိုင္း မိမိကိုယ္ကို ထိန္းသိမ္း၍ အမႈအခင္းမ်ား မျဖစ္ေအာင္၊ လူမႈစီးပြားဘဝတိုးတက္ေအာင္ ႀကိဳးစားလုပ္ေဆာင္ေနရမည္ျဖစ္ေၾကာင္း၊ စစ္သည္မ်ား အား တာဝန္ထမ္းေဆာင္သည့္ႏွစ္အလိုက္ အဆင့္တိုးျမင့္ေပးလ်က္ရွိေၾကာင္း၊ တစ္ဆင့္ျမင့္ေသာ ရာထူးတာဝန္မ်ား ထမ္းေဆာင္ႏိုင္ရန္အတြက္ ႀကိဳးစားအားထုတ္မႈ၊ စည္းကမ္းလိုက္နာမႈႏွင့္ က်န္းမာေရးေကာင္းမြန္ေအာင္ေနထိုင္မႈတို႔အေပၚမူတည္၍ ရာထူးတိုးျမင့္ေရးကိစၥရပ္မ်ားတြင္ကြာျခား သြားႏိုင္မည္ျဖစ္ေၾကာင္း၊ မိမိကိုယ္ကိုေကာင္းမြန္ေအာင္ႏွင့္ မိမိဦးေဆာင္ရသည့္ အဖြဲ႕အစည္း ေကာင္းမြန္ေအာင္ အၿမဲႀကိဳးစားေဆာင္႐ြက္ေနရမည္ျဖစ္ၿပီး တပ္မေတာ္တစ္ရပ္လုံး ေကာင္းမြန္ရန္ အတြက္ စစ္သည္တစ္ဦးတစ္ေယာက္တိုင္းတြင္ တာဝန္ကိုယ္စီရွိေၾကာင္း မွာၾကားသည္။

တပ္မေတာ္သားမ်ားႏွင့္ မိသားစုဝင္မ်ား၏ သက္သာေခ်ာင္ခ်ိေရးႏွင့္ စားေရးတြင္ ပူပန္မႈမရွိေစေရး အတြက္ တပ္ပိုင္စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ားေဆာင္႐ြက္ၿပီး ထြက္ရွိလာသည့္ အာဟာရျပည့္ဝေသာ အသား၊ ငါး၊ ဟင္းသီးဟင္း႐ြက္၊ ၾကက္ဥမ်ားအား သက္သာေသာေဈးႏႈန္းမ်ားျဖင့္ ေရာင္းခ် ေပးလ်က္ရွိေၾကာင္း၊ မိမိတို႔၏ဝင္ေငြႏွင့္ ထြက္ေငြအား အသုံးႏွင့္အျဖဳန္းခြဲျခားၿပီး မွ်တစြာသုံးစြဲရန္ လိုေၾကာင္း၊ က်န္းမာေရးသည္ လူတိုင္းအတြက္ အလြန္အေရးႀကီးၿပီး က်န္းမာေရး ေကာင္းမြန္မွသာ လူမႈေရး၊ စီးပြားေရး၊ စားဝတ္ေနေရး၊ ပညာေရး စသည္တို႔ကို ေအာင္ျမင္စြာ ေဆာင္႐ြက္ႏိုင္မည္ျဖစ္သျဖင့္ က်န္းမာေရးေကာင္းမြန္ရန္ အေရးႀကီးေၾကာင္း၊ က်န္းမာေရး ေကာင္းမြန္မႈမရွိပါက မိမိကိုယ္တိုင္ႏွင့္ မိမိအဖြဲ႕အစည္း၏ လုပ္ငန္းေဆာင္႐ြက္မႈမ်ားကိုလည္း ထိခိုက္ ေစႏိုင္ေၾကာင္း၊ က်န္းမာေရးကို ထိခိုက္ေစႏိုင္သည့္ အေသာက္အစား၊ အစားအေသာက္၊ အေပ်ာ္ အပါးလိုက္စားျခင္းမ်ားအား တတ္ႏိုင္သမွ် ေရွာင္ၾကဥ္ရန္လိုေၾကာင္းႏွင့္ မူးယစ္ေဆးဝါးသုံးစြဲမႈမ်ားအား လုံးဝေရွာင္ၾကဥ္ရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ မူးယစ္ေဆးဝါးတားဆီးႏွိမ္ႏွင္းေရး ဆိုင္ရာကိစၥရပ္မ်ားအား အထူးအေလးထားေဆာင္႐ြက္လ်က္ရွိၿပီး တပ္မေတာ္တစ္ရပ္လုံး မူးယစ္ ေဆးဝါးဖမ္းဆီးရမိမႈအေနျဖင့္ ၂၀၁၈ ခုႏွစ္ အတြင္း စုစုေပါင္းကာလတန္ဖိုးက်ပ္ ၁၄၇.၅၈ ဘီလီယံခန႔္ႏွင့္ ၂၀၁၉ ခုႏွစ္ ဩဂုတ္လ အထိ ၂၅၁.၇၈ ဘီလီယံခန႔္ ဖမ္းဆီးရမိခဲ့ေၾကာင္း၊ တပ္မေတာ္အတြင္း မူးယစ္ေဆးဝါးသုံးစြဲမႈမ်ားပ်ံ႕ႏွံ႔မႈမရွိေစေရး အဆင့္အတန္းအားလုံးကိုယ္စီ အသိ စိတ္ဓာတ္ျဖင့္ ဝိုင္းဝန္းထိန္းသိမ္းရမည္ျဖစ္ေၾကာင္း၊ အေသာက္အစား၊ အေပ်ာ္အပါးႏွင့္ မူးယစ္ေဆးဝါး ေရွာင္ၾကဥ္ထိန္းသိမ္းမႈ မရွိျခင္းမွတစ္ဆင့္ အုပ္ခ်ဳပ္မႈကိစၥရပ္မ်ား ျဖစ္ေစႏိုင္သျဖင့္ မိမိအတြက္ အက်ိဳးမရွိမည့္ စားေသာက္မႈႏွင့္သုံးစြဲမႈမ်ားအား ဆင္ျခင္ရန္လိုေၾကာင္း၊ ေရ၊ မီးသုံးစြဲမႈမ်ားကိုလည္း စနစ္တက်ႏွင့္ အေလအလြင့္ မရွိေအာင္ ကိုယ္စီအသိစိတ္ျဖင့္ ေခြၽတာသုံးစြဲရမည္ျဖစ္ေၾကာင္း မွာၾကား သည္။

ထို႔ေနာက္ မိမိတို႔အေနျဖင့္ စာတတ္႐ုံျဖင့္ မလုံေလာက္ဘဲ အသိပညာ၊ အတတ္ပညာပိုင္းအေနျဖင့္ မိမိဘဝတိုးတက္ေရးအတြက္ အတတ္ပညာမ်ားသာမက အသိပညာမ်ားႏွင့္ ေတြးေခၚေျမာ္ျမင္မႈမ်ား တိုးတက္ေစရန္ အတြက္ သုတ၊ ရသ စာအုပ္၊ စာေစာင္မ်ားအား ဖတ္ရႈေလ့လာေနရန္လိုေၾကာင္း၊ ေခါင္းေဆာင္ပိုင္းမ်ားမွလည္း စာၾကည့္တိုက္မ်ားကို ေသခ်ာစြာ ျဖည့္ဆည္းေဆာင္႐ြက္ေပး ရမည္ျဖစ္ေၾကာင္း၊ မိမိတို႔၏ အသိပညာတိုးတက္ေရးအျပင္ သား၊ သမီးမ်ား၏ ပညာရည္ျမင့္မားေရး အတြက္လည္း ၾကပ္မတ္ေဆာင္႐ြက္ရမည္ျဖစ္ၿပီး တပ္မေတာ္မွ စစ္သည္မိသားစုဝင္မ်ား၏ သား၊ သမီးမ်ား ပညာရည္ျမင့္မားေရးအတြက္ ပညာရည္ခြၽန္ဆုမ်ား ေပးအပ္ျခင္း၊ ပညာသင္ စရိတ္မ်ား ေထာက္ပံ့ျခင္း၊ ေလ့လာေရးခရီးမ်ား ေစလႊတ္ေပးလ်က္ရွိသည့္အျပင္ ေဝးလံေခါင္းပါးသည့္ တပ္မ်ားမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား အထက္တန္းေက်ာင္းမ်ားႏွင့္ တကၠသိုလ္မ်ားရွိသည့္ ၿမိဳ႕မ်ား၌ ေဘာ္ဒါေဆာင္မ်ား ဖြင့္လွစ္ေဆာင္႐ြက္ေပးထားေၾကာင္း မွာၾကားသည္။

ထို႔ျပင္ စစ္သည္၊ မိသားစုဝင္မ်ားအေနျဖင့္ စည္းလုံးညီၫြတ္စြာျဖင့္ ေနထိုင္ရမည္ျဖစ္ၿပီး ေခါင္းေဆာင္ပိုင္းမ်ားမွလည္း မိမိဦးစီးဦးေဆာင္ျပဳရသည့္ အဖြဲ႕အစည္းကို အၿမဲ စည္းလုံးညီၫြတ္မႈ ရွိေအာင္ ေဆာင္႐ြက္ေနရမည္ျဖစ္ေၾကာင္း၊ မိမိအဖြဲ႕အစည္းႏွင့္ တိုင္းျပည္ အေပၚသစၥာေစာင့္သိ ရမည္ျဖစ္ၿပီး မိမိကိုယ္ကိုေကာင္းေအာင္၊ မိမိတို႔ တပ္ေကာင္း ေအာင္၊ ထိုမွတစ္ဆင့္ႏိုင္ငံ ေကာင္းေအာင္ အားလုံးဝိုင္းဝန္းေဆာင္႐ြက္ၾကရန္လိုေၾကာင္း ျဖင့္ မွာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအတြက္ သုတ၊ ရသ စာအုပ္၊ စာေစာင္မ်ားကိုလည္းေကာင္း၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ဇနီး ေဒၚၾကဴၾကဴလွက တပ္နယ္မိခင္ႏွင့္ကေလးေစာင့္ေရွာက္ ေရးအသင္းအတြက္ ခ်ီးျမႇင့္ေငြမ်ားကို လည္းေကာင္း ေပးအပ္ရာ တိုင္းမႉးႏွင့္ဇနီးတို႔က လက္ခံရယူၾကသည္။

ထို႔ေနာက္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ညိဳေစာ တို႔က တပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအတြက္ အားကစားပစၥည္းမ်ားႏွင့္ စားေသာက္ဖြယ္ရာမ်ားအား အသီးသီးေပးအပ္ရာ တာဝန္ရွိသူ မ်ားကလက္ခံရယူၾကသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး၊ အဖြဲ႕ဝင္မ်ားသည္ တပ္နယ္မွ အရာရွိ၊ စစ္သည္ မိသားစုမ်ားအား ရင္းရင္းႏွီးႏွီး ႏႈတ္ဆက္ခဲ့သည္။

 

(Unicode Version)

တပ်မတော်သည် ပြည်သူကြားမှပေါက်ဖွားလာပြီး ပြည်သူများ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သဖြင့် မိမိတပ်ကို ကောင်းအောင်ဆောင်ရွက်ရန်လိုသည့်အပြင် မိမိနိုင်ငံတော် တိုးတက် ကောင်းမွန်ရေး အတွက် တစ်ဦးချင်းအသိစိတ်ဖြင့်နေထိုင်ကျင့်ကြံဆောင်ရွက်ရမည်ဖြစ်

နေပြည်တော်၊ စက်တင်ဘာ ၁၀

တပ်မတော်သည် ပြည်သူကြားမှပေါက်ဖွားလာပြီး ပြည်သူများ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သဖြင့် မိမိတပ်ကို ကောင်းအောင်ဆောင်ရွက်ရန်လိုသည့်အပြင် မိမိနိုင်ငံတော် တိုးတက်ကောင်းမွန်ရေး အတွက် တစ်ဦးချင်းအသိစိတ်ဖြင့် နေထိုင်ကျင့်ကြံဆောင်ရွက်ရမည့် ကိုယ်စီတာဝန်ရှိကြောင်း၊ တိုင်းပြည်တိုးတက်ပြီး တည်ငြိမ်အေးချမ်းရန်အတွက် နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းရန်နှင့် လုံခြုံရေးအရ တည်ငြိမ်အေးချမ်းရန်လိုကြောင်း၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးမှုမရှိပါက လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးကြန့်ကြာစေမည်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မန္တလေးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား ယနေနံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ရန်အောင်မြင်ခန်းမ၌ တွေ့ဆုံ အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်စွာလင်းနှင့်ဇနီး၊ မန္တလေးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် မည်သည့်အဖွဲ့အစည်းတွင်မဆို ခေါင်းဆောင်မှုအခန်းကဏ္ဍသည် အရေးကြီးသည့်အတွက် မိမိဦးဆောင်ရသည့်အဖွဲ့အစည်းမှ ယုံကြည်အားကိုးရပြီး အဖွဲ့အစည်း၏ တိုးတက်ရာတိုးတက်ကြောင်းကို ဆောင်ရွက်နိုင်ရန် အမြဲကြိုးစားနေကြရမည်ဖြစ်ကြောင်း၊ ခေါင်းဆောင်ဟုဆိုရာတွင် တပ်မတော်၌ ဒုတိယတပ်ကြပ်မှစ၍ တပ်မတော်အကြီးအကဲများအထိ ခေါင်းဆောင်များပင်ဖြစ်သည့်အတွက် ခေါင်းဆောင်မှုအရည် အချင်းများ ခေါင်းဆောင်မှုအင်္ဂါရပ်များနှင့် ပြည့်စုံနေရန် မိမိကိုယ်ကို အမြဲလေ့ကျင့်နေရမည်ဖြစ် ကြောင်း၊ မိသားစုတစ်စုတွင် ဦးစီးဦးဆောင်ရသည့် အိမ်ထောင်ဦးစီးသည် အရေးကြီးပြီး မိသားစု အတွက် ဂုဏ်ယူရသည့် အိမ်ထောင်ဦးစီးဖြစ်သကဲ့သို့ မိမိဦးဆောင်ရသည့် အဖွဲ့အစည်းကိုလည်း ကောင်းမွန်စွာခေါင်းဆောင်နိုင်သည့် ခေါင်းဆောင်များဖြစ်ရန် လိုကြောင်း၊ မိမိတစ်ဦးတစ်ယောက်၏ ဆုံးဖြတ်ချက်၊ လုပ်ဆောင်ချက်အမှားများကြောင့် မိမိအဖွဲ့အစည်းပုံရိပ် ထိခိုက်စေမည့်အပြင် မိမိ၏ မိသားစုဘဝကို ထိခိုက်စေပြီး မိသားစု ယိမ်းယိုင်ပျက်ပြားမှုများ ဖြစ်စေနိုင်သောကြောင့် မိမိ၏ လုပ်ဆောင်ပြုမှုချက်များအား စဉ်းစားဆုံးဖြတ်ပြီးမှသာ ဆောင်ရွက်ရန်လိုကြောင်းမှာကြားသည်။

ဆက်လက်ပြီး စစ်သည်တစ်ဦးတစ်ယောက်တိုင်း မိမိကိုယ်ကို ထိန်းသိမ်း၍ အမှုအခင်းများ မဖြစ်အောင်၊ လူမှုစီးပွားဘဝတိုးတက်အောင် ကြိုးစားလုပ်ဆောင်နေရမည်ဖြစ်ကြောင်း၊ စစ်သည်များ အား တာဝန်ထမ်းဆောင်သည့်နှစ်အလိုက် အဆင့်တိုးမြင့်ပေးလျက်ရှိကြောင်း၊ တစ်ဆင့်မြင့်သော ရာထူးတာဝန်များ ထမ်းဆောင်နိုင်ရန်အတွက် ကြိုးစားအားထုတ်မှု၊ စည်းကမ်းလိုက်နာမှုနှင့် ကျန်းမာရေးကောင်းမွန်အောင်နေထိုင်မှုတို့အပေါ်မူတည်၍ ရာထူးတိုးမြင့်ရေးကိစ္စရပ်များတွင်ကွာခြား သွားနိုင်မည်ဖြစ်ကြောင်း၊ မိမိကိုယ်ကိုကောင်းမွန်အောင်နှင့် မိမိဦးဆောင်ရသည့် အဖွဲ့အစည်း ကောင်းမွန်အောင် အမြဲကြိုးစားဆောင်ရွက်နေရမည်ဖြစ်ပြီး တပ်မတော်တစ်ရပ်လုံး ကောင်းမွန်ရန် အတွက် စစ်သည်တစ်ဦးတစ်ယောက်တိုင်းတွင် တာဝန်ကိုယ်စီရှိကြောင်း မှာကြားသည်။

တပ်မတော်သားများနှင့် မိသားစုဝင်များ၏ သက်သာချောင်ချိရေးနှင့် စားရေးတွင် ပူပန်မှုမရှိစေရေး အတွက် တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ပြီး ထွက်ရှိလာသည့် အာဟာရပြည့်ဝသော အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ကြက်ဥများအား သက်သာသောဈေးနှုန်းများဖြင့် ရောင်းချ ပေးလျက်ရှိကြောင်း၊ မိမိတို့၏ဝင်ငွေနှင့် ထွက်ငွေအား အသုံးနှင့်အဖြုန်းခွဲခြားပြီး မျှတစွာသုံးစွဲရန် လိုကြောင်း၊ ကျန်းမာရေးသည် လူတိုင်းအတွက် အလွန်အရေးကြီးပြီး ကျန်းမာရေး ကောင်းမွန်မှသာ လူမှုရေး၊ စီးပွားရေး၊ စားဝတ်နေရေး၊ ပညာရေး စသည်တို့ကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ကျန်းမာရေးကောင်းမွန်ရန် အရေးကြီးကြောင်း၊ ကျန်းမာရေး ကောင်းမွန်မှုမရှိပါက မိမိကိုယ်တိုင်နှင့် မိမိအဖွဲ့အစည်း၏ လုပ်ငန်းဆောင်ရွက်မှုများကိုလည်း ထိခိုက် စေနိုင်ကြောင်း၊ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် အသောက်အစား၊ အစားအသောက်၊ အပျော် အပါးလိုက်စားခြင်းများအား တတ်နိုင်သမျှ ရှောင်ကြဉ်ရန်လိုကြောင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုများအား လုံးဝရှောင်ကြဉ်ရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ဆိုင်ရာကိစ္စရပ်များအား အထူးအလေးထားဆောင်ရွက်လျက်ရှိပြီး တပ်မတော်တစ်ရပ်လုံး မူးယစ် ဆေးဝါးဖမ်းဆီးရမိမှုအနေဖြင့် ၂၀၁၈ ခုနှစ် အတွင်း စုစုပေါင်းကာလတန်ဖိုးကျပ် ၁၄၇.၅၈ ဘီလီယံခန့်နှင့် ၂၀၁၉ ခုနှစ် ဩဂုတ်လ အထိ ၂၅၁.၇၈ ဘီလီယံခန့် ဖမ်းဆီးရမိခဲ့ကြောင်း၊ တပ်မတော်အတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုများပျံ့နှံ့မှုမရှိစေရေး အဆင့်အတန်းအားလုံးကိုယ်စီ အသိ စိတ်ဓာတ်ဖြင့် ဝိုင်းဝန်းထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ အသောက်အစား၊ အပျော်အပါးနှင့် မူးယစ်ဆေးဝါး ရှောင်ကြဉ်ထိန်းသိမ်းမှု မရှိခြင်းမှတစ်ဆင့် အုပ်ချုပ်မှုကိစ္စရပ်များ ဖြစ်စေနိုင်သဖြင့် မိမိအတွက် အကျိုးမရှိမည့် စားသောက်မှုနှင့်သုံးစွဲမှုများအား ဆင်ခြင်ရန်လိုကြောင်း၊ ရေ၊ မီးသုံးစွဲမှုများကိုလည်း စနစ်တကျနှင့် အလေအလွင့် မရှိအောင် ကိုယ်စီအသိစိတ်ဖြင့် ချွေတာသုံးစွဲရမည်ဖြစ်ကြောင်း မှာကြား သည်။

ထို့နောက် မိမိတို့အနေဖြင့် စာတတ်ရုံဖြင့် မလုံလောက်ဘဲ အသိပညာ၊ အတတ်ပညာပိုင်းအနေဖြင့် မိမိဘဝတိုးတက်ရေးအတွက် အတတ်ပညာများသာမက အသိပညာများနှင့် တွေးခေါ်မြော်မြင်မှုများ တိုးတက်စေရန် အတွက် သုတ၊ ရသ စာအုပ်၊ စာစောင်များအား ဖတ်ရှုလေ့လာနေရန်လိုကြောင်း၊ ခေါင်းဆောင်ပိုင်းများမှလည်း စာကြည့်တိုက်များကို သေချာစွာ ဖြည့်ဆည်းဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း၊ မိမိတို့၏ အသိပညာတိုးတက်ရေးအပြင် သား၊ သမီးများ၏ ပညာရည်မြင့်မားရေး အတွက်လည်း ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ပြီး တပ်မတော်မှ စစ်သည်မိသားစုဝင်များ၏ သား၊ သမီးများ ပညာရည်မြင့်မားရေးအတွက် ပညာရည်ချွန်ဆုများ ပေးအပ်ခြင်း၊ ပညာသင် စရိတ်များ ထောက်ပံ့ခြင်း၊ လေ့လာရေးခရီးများ စေလွှတ်ပေးလျက်ရှိသည့်အပြင် ဝေးလံခေါင်းပါးသည့် တပ်များမှ ကျောင်းသား၊ ကျောင်းသူများအား အထက်တန်းကျောင်းများနှင့် တက္ကသိုလ်များရှိသည့် မြို့များ၌ ဘော်ဒါဆောင်များ ဖွင့်လှစ်ဆောင်ရွက်ပေးထားကြောင်း မှာကြားသည်။

ထို့ပြင် စစ်သည်၊ မိသားစုဝင်များအနေဖြင့် စည်းလုံးညီညွတ်စွာဖြင့် နေထိုင်ရမည်ဖြစ်ပြီး ခေါင်းဆောင်ပိုင်းများမှလည်း မိမိဦးစီးဦးဆောင်ပြုရသည့် အဖွဲ့အစည်းကို အမြဲ စည်းလုံးညီညွတ်မှု ရှိအောင် ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ မိမိအဖွဲ့အစည်းနှင့် တိုင်းပြည် အပေါ်သစ္စာစောင့်သိ ရမည်ဖြစ်ပြီး မိမိကိုယ်ကိုကောင်းအောင်၊ မိမိတို့ တပ်ကောင်း အောင်၊ ထိုမှတစ်ဆင့်နိုင်ငံ ကောင်းအောင် အားလုံးဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း ဖြင့် မှာကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် သုတ၊ ရသ စာအုပ်၊ စာစောင်များကိုလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှက တပ်နယ်မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်းအတွက် ချီးမြှင့်ငွေများကို လည်းကောင်း ပေးအပ်ရာ တိုင်းမှူးနှင့်ဇနီးတို့က လက်ခံရယူကြသည်။

ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော တို့က တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် အားကစားပစ္စည်းများနှင့် စားသောက်ဖွယ်ရာများအား အသီးသီးပေးအပ်ရာ တာဝန်ရှိသူ များကလက်ခံရယူကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် တပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။