နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတဗန်းမော်ဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ၊ ဗန်းမော် ကျောင်းတိုက်နှင့် မစိုးရိမ်ကျောင်းတိုက်တို့ရှိ သံဃာတော်များအား ဆွမ်းဆန်တော်၊ဆီ၊ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင် အလှူငွေများ လှူဒါန်းပွဲကျင်းပ

ေနျပည္ေတာ္၊ စက္တင္ဘာ – ၁၁

ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ဥကၠ႒ အဘိဓဇမဟာရ႒ဂု႐ု၊ အဘိဓဇ အဂၢမဟာသဒၶမၼေဇာတိက၊ အဂၢမဟာပ႑ိတ ဗန္းေမာ္ဆရာေတာ္ဘုရားႀကီး ေဒါက္တာ ဘဒၵႏၲကုမာရာဘိဝံသႏွင့္ မႏၱေလးတိုင္း ေဒသႀကီး၊ မဟာေအာင္ေျမၿမိဳ႕နယ္၊ ဗန္းေမာ္ေက်ာင္းတိုက္ရွိ သံဃာေတာ္အရွင္သူျမတ္မ်ားအား တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ)မိသားစုမ်ားႏွင့္ ေစတနာရွင္ျပည္သူမ်ားက ဆြမ္းဆန္ေတာ္၊ ဆီ၊ ဆား၊ ပဲ၊ ေဆးႏွင့္ဆြမ္းပေဒသာပင္ အလွဴေငြမ်ား ဆက္ကပ္လွဴဒါန္းပြဲကို ယေန႕ညေနပိုင္းတြင္ အဆိုပါ ေက်ာင္းတိုက္၌ က်င္းပျပဳလုပ္သည္။

အဆိုပါ လွဴဒါန္းပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ ႏွင့္ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုးမွ တပ္မေတာ္ အရာရွိႀကီးမ်ား၊ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမွဴးႏွင့္ဇနီး၊ ေစတနာရွင္ အလွဴရွင္မ်ား၊ ဝတ္ အသင္းအဖြဲ႕မ်ားႏွင့္ အရာရွိ၊ စစ္သည္မိသားစုမ်ား ၊ ဖိတ္ၾကားထားသူ မ်ားတက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အခမ္းအနားတက္ေရာက္လာၾကသူမ်ားသည္ ဗန္းေမာ္ ဆရာေတာ္ဘုရားႀကီးထံမွ ငါးပါးသီလ ခံယူေဆာက္တည္ၾကၿပီး သံဃာေတာ္မ်ား႐ြတ္ပြား ခ်ီးျမႇင့္ ေတာ္မူၾကသည့္ ေမတၱသုတ္ပရိတ္တရားေတာ္မ်ားကို နာယူၾကသည္။ ထို႔ေနာက္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီးေဒၚၾကဴၾကဴလွတို႕က ဗန္းေမာ္ဆရာေတာ္ဘုရားႀကီးထံ လွဴဖြယ္ပစၥည္း မ်ားႏွင့္ တပ္မေတာ္ (ၾကည္း၊ေရ၊ ေလ) မိသားစုမ်ားမွ လွဴဒါန္းေသာ ဆြမ္းဆန္ေတာ္ ၅၀ အိတ္ႏွင့္ ပဲ ၅ အိတ္တို႕ကို ဆက္ကပ္ လွဴဒါန္းသည္။

ယင္းေနာက္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ဇနီး၊ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ အလွဴရွင္မ်ားက သံဃာေတာ္မ်ားအားလွဴဖြယ္ပစၥည္းမ်ားအား အသီးသီးဆက္ကပ္ လွဴဒါန္းၾကသည္။

၎ေနာက္ စစ္ေရးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မ်ိဳးေဇာ္သိန္းက တပ္မေတာ္ (ၾကည္း၊ေရ၊ေလ)မိသားစုမ်ား မွ လွဴဒါန္းသည့္ ဆြမ္းပေဒသာပင္အလွဴေငြမ်ားအား လည္းေကာင္း၊ အလွဴရွင္မ်ားကလွဴဒါန္းသည့္ ဆြမ္းပေဒသာပင္အလွဴေငြမ်ားအားလည္းေကာင္း အသီးသီးလွဴဒါန္းၾကရာ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ ကလက္ခံရယူၿပီး ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ျပန္လည္ ေပးအပ္သည္။ ဆက္လက္၍ အလွဴရွင္မ်ားက အလွဴေငြမ်ား အသီးသီးေပးအပ္လွဴဒါန္းၾကရာ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေက်ာ္တို႕က လက္ခံရယူၿပီး ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ျပန္လည္ေပးအပ္သည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တက္ေရာက္လာၾကသူမ်ားသည္ ဗန္းေမာ္ ဆရာေတာ္ဘုရားႀကီးထံမွ အႏုေမာဒနာတရား နာယူ၍ လွဴဒါန္းမႈ အစုစုအတြက္ ေရစက္သြန္းခ် အမွ်ေပးေဝၾကသည္။ အခမ္းအနားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားက ေစတနာရွင္အလွဴရွင္မ်ားႏွင့္ တက္ေရာက္လာၾကသူမ်ားအား ရင္းရင္းႏွီးႏွီးလိုက္လံ ႏႈတ္ဆက္ ခဲ့ၾကသည္။

ထို႕ျပင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ နံနက္ပိုင္းတြင္လည္း မစိုးရိမ္ ေက်ာင္းတိုက္ရွိ သံဃာေတာ္အရွင္သူျမတ္မ်ားအား တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ)မိသားစုမ်ားႏွင့္ ေစတနာရွင္ျပည္သူမ်ားက ဆြမ္းဆန္ေတာ္၊ ဆီ၊ ဆား၊ ပဲ၊ ေဆးႏွင့္ဆြမ္းပေဒသာပင္အလွဴေငြမ်ား ဆက္ကပ္လွဴဒါန္းပြဲသို႕ တက္ေရာက္၍ ႏိုင္ငံေတာ္ဩဝါဒါစရိယ မစိုးရိမ္ေက်ာင္းတိုက္ဦးစီး ပဓာန နာယက ဆရာေတာ္ အဂၢမဟာပ႑ိတ ဘဒၵႏၲ ကဝႏၵာဘိဝံသထံ လွဴဖြယ္ပစၥည္းမ်ားႏွင့္ တပ္မေတာ္ (ၾကည္း၊ေရ၊ ေလ) မိသားစုမ်ားမွ လွဴဒါန္းေသာ ဆြမ္းဆန္ေတာ္ ၁၂၈ အိတ္ႏွင့္ ပဲ ၁၃ အိတ္တို႕ကို ဆက္ကပ္လွဴဒါန္းသည္။

ယင္းေနာက္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ဇနီး၊ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ အလွဴရွင္မ်ားက သံဃာေတာ္ မ်ားအားလွဴဖြယ္ပစၥည္းမ်ားအား အသီးသီးဆက္ကပ္ လွဴဒါန္းၾကသည္။

၎ေနာက္ စစ္ေရးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မ်ိဳးေဇာ္သိန္းက တပ္မေတာ္ (ၾကည္း၊ေရ၊ေလ) မိသားစုမ်ားမွလွဴဒါန္းသည့္ ဆြမ္းပေဒသာပင္အလွဴေငြမ်ားအား လည္းေကာင္း၊ အလွဴရွင္မ်ားက လွဴဒါန္းသည့္ ဆြမ္းပေဒသာပင္အလွဴေငြမ်ားအားလည္းေကာင္း အသီးသီးလွဴဒါန္းၾကရာ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ကလက္ခံရယူၿပီး ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ျပန္လည္ေပးအပ္သည္။ ဆက္လက္၍ အလွဴရွင္မ်ားက အလွဴေငြမ်ားအသီးသီးေပးအပ္လွဴဒါန္းၾကရာ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေက်ာ္တို႕က လက္ခံရယူၿပီး ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ျပန္လည္ေပးအပ္သည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တက္ေရာက္လာၾကသူမ်ားက မႏၱေလးတိုင္း ေဒသႀကီး သံဃနာယကအဖြဲ႕ဥကၠ႒ မစိုးရိမ္ေက်ာင္းတိုက္ဆရာေတာ္ အဂၢမဟာပ႑ိတ ဘဒၵႏၵ ဝိစိတၱာဘိဝံသ ဆရာေတာ္ႀကီးထံမွ အႏုေမာဒနာတရား နာယူ၍ လွဴဒါန္းမႈအစုစုအတြက္ ေရစက္ သြန္းခ်အမွ်ေပးေဝခဲ့ၾကၿပီး သံဃာေတာ္အရွင္သူျမတ္မ်ားအား ေန႕ဆြမ္းဆက္ကပ္လွဴဒါန္းခဲ့ၾကသည္။

တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ)မိသားစုမ်ားႏွင့္ ေစတနာရွင္ျပည္သူမ်ား၏ ယေန႔ က်င္းပျပဳလုပ္သည့္ လွဴဒါန္းမႈအစုစု အေနျဖင့္ ဆြမ္းပေဒသာပင္အလွဴေငြ ၂၇၅ သိန္း၊ ဆန္ ၁၇၈ အိတ္၊ ဆီ ၅၀ ပိႆာ၊ ပဲ ၁၈ အိတ္၊ ဆား ၁၀ အိတ္၊ ဘီစကစ္ ၁၀၅ ဖာ၊ ေခါက္ဆြဲေျခာက္ ၁၀ဝ ဖာ၊ ဆပ္ျပာ ၅၀ ဖာ၊ ေဆးမ်ိဳးစံုတို႕ႏွင့္လွဴဖြယ္ပစၥည္းမ်ားအား လွဴဒါန္းခဲ့ၾကသည္။

(Unicode Version)

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတဗန်းမော်ဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ၊ ဗန်းမော် ကျောင်းတိုက်နှင့် မစိုးရိမ်ကျောင်းတိုက်တို့ရှိ သံဃာတော်များအား ဆွမ်းဆန်တော်၊ဆီ၊ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင် အလှူငွေများ လှူဒါန်းပွဲကျင်းပ

နေပြည်တော်၊ စက်တင်ဘာ – ၁၁

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ ဗန်းမော်ဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသနှင့် မန္တလေးတိုင်း ဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ဗန်းမော်ကျောင်းတိုက်ရှိ သံဃာတော်အရှင်သူမြတ်များအား တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့်ဆွမ်းပဒေသာပင် အလှူငွေများ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့ညနေပိုင်းတွင် အဆိုပါ ကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။

အဆိုပါ လှူဒါန်းပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ စေတနာရှင် အလှူရှင်များ၊ ဝတ် အသင်းအဖွဲ့များနှင့် အရာရှိ၊ စစ်သည်မိသားစုများ ၊ ဖိတ်ကြားထားသူ များတက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ဗန်းမော် ဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များရွတ်ပွား ချီးမြှင့် တော်မူကြသည့် မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးဒေါ်ကြူကြူလှတို့က ဗန်းမော်ဆရာတော်ဘုရားကြီးထံ လှူဖွယ်ပစ္စည်း များနှင့် တပ်မတော် (ကြည်း၊ရေ၊ လေ) မိသားစုများမှ လှူဒါန်းသော ဆွမ်းဆန်တော် ၅၀ အိတ်နှင့် ပဲ ၅ အိတ်တို့ကို ဆက်ကပ် လှူဒါန်းသည်။

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့် အလှူရှင်များက သံဃာတော်များအားလှူဖွယ်ပစ္စည်းများအား အသီးသီးဆက်ကပ် လှူဒါန်းကြသည်။

၎င်းနောက် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက တပ်မတော် (ကြည်း၊ရေ၊လေ)မိသားစုများ မှ လှူဒါန်းသည့် ဆွမ်းပဒေသာပင်အလှူငွေများအား လည်းကောင်း၊ အလှူရှင်များကလှူဒါန်းသည့် ဆွမ်းပဒေသာပင်အလှူငွေများအားလည်းကောင်း အသီးသီးလှူဒါန်းကြရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်သည်။ ဆက်လက်၍ အလှူရှင်များက အလှူငွေများ အသီးသီးပေးအပ်လှူဒါန်းကြရာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်တို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တက်ရောက်လာကြသူများသည် ဗန်းမော် ဆရာတော်ဘုရားကြီးထံမှ အနုမောဒနာတရား နာယူ၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။ အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက စေတနာရှင်အလှူရှင်များနှင့် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက် ခဲ့ကြသည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် နံနက်ပိုင်းတွင်လည်း မစိုးရိမ် ကျောင်းတိုက်ရှိ သံဃာတော်အရှင်သူမြတ်များအား တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့်ဆွမ်းပဒေသာပင်အလှူငွေများ ဆက်ကပ်လှူဒါန်းပွဲသို့ တက်ရောက်၍ နိုင်ငံတော်ဩဝါဒါစရိယ မစိုးရိမ်ကျောင်းတိုက်ဦးစီး ပဓာန နာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကဝန္ဒာဘိဝံသထံ လှူဖွယ်ပစ္စည်းများနှင့် တပ်မတော် (ကြည်း၊ရေ၊ လေ) မိသားစုများမှ လှူဒါန်းသော ဆွမ်းဆန်တော် ၁၂၈ အိတ်နှင့် ပဲ ၁၃ အိတ်တို့ကို ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့် အလှူရှင်များက သံဃာတော် များအားလှူဖွယ်ပစ္စည်းများအား အသီးသီးဆက်ကပ် လှူဒါန်းကြသည်။

၎င်းနောက် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများမှလှူဒါန်းသည့် ဆွမ်းပဒေသာပင်အလှူငွေများအား လည်းကောင်း၊ အလှူရှင်များက လှူဒါန်းသည့် ဆွမ်းပဒေသာပင်အလှူငွေများအားလည်းကောင်း အသီးသီးလှူဒါန်းကြရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။ ဆက်လက်၍ အလှူရှင်များက အလှူငွေများအသီးသီးပေးအပ်လှူဒါန်းကြရာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်တို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တက်ရောက်လာကြသူများက မန္တလေးတိုင်း ဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မစိုးရိမ်ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္ဒ ဝိစိတ္တာဘိဝံသ ဆရာတော်ကြီးထံမှ အနုမောဒနာတရား နာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းချအမျှပေးဝေခဲ့ကြပြီး သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများ၏ ယနေ့ ကျင်းပပြုလုပ်သည့် လှူဒါန်းမှုအစုစု အနေဖြင့် ဆွမ်းပဒေသာပင်အလှူငွေ ၂၇၅ သိန်း၊ ဆန် ၁၇၈ အိတ်၊ ဆီ ၅၀ ပိဿာ၊ ပဲ ၁၈ အိတ်၊ ဆား ၁၀ အိတ်၊ ဘီစကစ် ၁၀၅ ဖာ၊ ခေါက်ဆွဲခြောက် ၁၀ဝ ဖာ၊ ဆပ်ပြာ ၅၀ ဖာ၊ ဆေးမျိုးစုံတို့နှင့်လှူဖွယ်ပစ္စည်းများအား လှူဒါန်းခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။