မိမိတို့သည် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၍ တစ်မိုးအောက်တွင် နေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများဖြစ်သည့်အတွက် မိမိနိုင်ငံ၏ ကောင်းရာ ကောင်းကျိုးကို ဆောင်ရွက်ရန် တာဝန် ကိုယ်စီရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂျွန်းဗလီ အခြေခံဘာသာရေး စာသင်ကျောင်းနှင့် ရွှေနှလုံးတော်ကက်သလစ် ဘုရားရှိခိုးကျောင်းသို့ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင် ပြည်သူများက ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် အလှူငွေများ ပေးအပ်လှူဒါန်းပွဲတွင် ထည့်သွင်း ပြောကြား

ေနျပည္ေတာ္၊ စက္တင္ဘာ – ၁၁

မိမိတို႕သည္ တစ္ေျမတည္းေန၊ တစ္ေရတည္းေသာက္၍ တစ္မိုးေအာက္တြင္ ေနထိုင္လ်က္ရွိသည့္ ျမန္မာႏိုင္ငံသားမ်ားျဖစ္သည့္အတြက္ မိမိႏိုင္ငံ၏ ေကာင္းရာ ေကာင္းက်ိဳးကို ေဆာင္ရြက္ရန္ တာဝန္ကိုယ္စီရွိေၾကာင္း၊ ေနထိုင္ရာေဒသမ်ား မည္သို႕ပင္ကြဲျပားေနသည္ျဖစ္ေစ မိမိေနထိုင္သည့္ တိုင္းျပည္ကို ခ်စ္ျမတ္ႏိုးၿပီး စည္းလံုးညီၫြတ္စြာျဖင့္ တစ္ေသြးတည္းတစ္သားတည္း တူညီသည့္ စိတ္ဓာတ္မ်ားျဖင့္ ႏိုင္ငံေတာ္တိုးတက္ ေကာင္းမြန္ေစရန္ ေဆာင္ရြက္သြားၾကရမည္ျဖစ္ေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က ယေန႕ေန႕လယ္ပိုင္းတြင္ မႏၱေလးတိုင္းေဒသႀကီး၊ ခ်မ္းေအးသာစံၿမိဳ႕နယ္ႏွင့္ ေအာင္ေျမသာစံၿမိဳ႕နယ္ရွိ ဂြ်န္းဗလီအေျခခံ ဘာသာေရးစာသင္ေက်ာင္းႏွင့္ ေရႊႏွလံုးေတာ္ကက္သလစ္ဘုရားရွိခိုးေက်ာင္းသို႕ သြားေရာက္၍ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားႏွင့္ ေစတနာရွင္ျပည္သူမ်ားက လွဴဒါန္းသည့္ ဆန္၊ ဆီ၊ ဆား၊ ပဲႏွင့္ အလွဴေငြမ်ား ေပးအပ္လွဴဒါန္းရာတြင္ ထည့္သြင္းေျပာၾကားသည္။

အဆိုပါ လွဴဒါန္းပြဲမ်ားသို႕ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ႏွင့္ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီး ခ်ဳပ္႐ံုးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမွဴးႏွင့္ဇနီး၊ ေစတနာ ရွင္အလွဴရွင္မ်ားႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လွဴဒါန္းသည့္ အခမ္းအနားမ်ား၌ လွဴဒါန္းရျခင္းႏွင့္ ပတ္သက္၍ ရွင္းလင္းေျပာၾကားရာတြင္ ျမန္မာႏိုင္ငံတြင္ လူဦးေရ၏ ၅ ရာခိုင္ႏႈန္းခန္႕သည္ အစၥလာမ္ဘာသာ ကိုးကြယ္သူမ်ားျဖစ္ၿပီး ၆ ရာခိုင္ႏႈန္းခန္႕သည္ ခရစ္ယာန္ဘာသာကိုးကြယ္သူမ်ားျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံ၏ ေနရာအႏွံ႕အျပားတြင္ ခရစ္ယာန္ႏွင့္ အစၥလာမ္ဘာသာ ကိုးကြယ္သူမ်ားစြာရွိေၾကာင္း၊ ဖြဲ႕စည္းပံုအေျခခံဥပေဒတြင္လည္း ႏိုင္ငံေတာ္သည္ ဗုဒၶဘာသာသာသနာေတာ္ကို ႏိုင္ငံေတာ္၏ ႏိုင္ငံသား အမ်ားဆံုး ကိုးကြယ္ရာျဖစ္ေသာ ဂုဏ္ထူးဝိေသသႏွင့္ ျပည့္စံုသည့္ ဘာသာ သာသနာ အျဖစ္ အသိအမွတ္ျပဳသကဲ့သို႕ ခရစ္ယာန္ဘာသာ၊ အစၥလာမ္ဘာသာ၊ ဟိႏၵဴဘာသာႏွင့္ နတ္ကိုးကြယ္ေသာ ဘာသာတို႕ကိုလည္း ကိုးကြယ္ရာဘာသာမ်ားဟူ၍ အသိအမွတ္ျပဳထားေၾကာင္း၊ ဘာသာေရးကို အေၾကာင္းျပ၍ ႏိုင္ငံေရးမတည္ၿငိမ္မႈမ်ား၊ ပဋိပကၡမ်ား စသည့္ မလိုလားအပ္သည့္ အေၾကာင္းကိစၥမ်ား မျဖစ္ေစလိုေၾကာင္း၊ တပ္မေတာ္ (ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားႏွင့္ ေစတနာရွင္ျပည္သူမ်ား စုေပါင္း၍ ဆန္၊ ဆီ၊ ဆား၊ ပဲ၊ ေဆးႏွင့္ အလွဴေငြမ်ားလွဴဒါန္းျခင္းကို ယခင္ကတည္းကပင္ ဘုန္းႀကီးေက်ာင္းမ်ား၊ သီလရွင္စာသင္တိုက္မ်ား၊ ဘိုးဘြားရိပ္သာမ်ားႏွင့္ ဘာသာေရးအသင္းအဖြဲ႕မ်ားသို႕ လွဴဒါန္းမႈမ်ား ျပဳလုပ္လ်က္ရွိရာ ယခုႏွစ္တြင္ ေနျပည္ေတာ္၊ ပ်ဥ္းမနားၿမိဳ႕နယ္ရွိ အစၥလာမ္ဘာသာေရးအသင္းအဖြဲ႕မ်ားႏွင့္ ခရစ္ယာန္ဘာသာေရး အသင္းအဖြဲ႕ မ်ားသို႕ စတင္လွဴဒါန္းခဲ့ေၾကာင္း၊ ယခု ခ်မ္းေအးသာစံၿမိဳ႕နယ္ႏွင့္ေအာင္ေျမသာစံၿမိဳ႕နယ္ရွိ ဂြ်န္းဗလီ အေျခခံဘာသာေရးစာသင္ေက်ာင္းႏွင့္ ေရႊႏွလံုးေတာ္ကက္သလစ္ဘုရား ရွိခိုးေက်ာင္းသို႕ လွဴဒါန္းျခင္းျဖစ္ေၾကာင္း၊ လက္ရွိပစၥဳပၸန္တြင္ေနထိုင္သည့္ သူမ်ားသည္ အနာဂတ္ကို ဖန္တီးပံုေဖာ္သူ မ်ားျဖစ္သည့္ အတြက္ မိမိတို႕တိုင္းျပည္အတြင္း ေအးခ်မ္းစြာ လုပ္ကိုင္စားေသာက္ႏိုင္ရန္၊ တရား ဥပေဒစိုးမိုးမႈရွိရန္ႏွင့္ တည္ၿငိမ္ေအးခ်မ္းမႈရွိေစရန္ စည္းလံုးညီၫြတ္စြာျဖင့္အတူ ယွဥ္တြဲ၍ မိမိေဒသ ေကာင္းေအာင္၊ တိုင္းျပည္အတြက္ ေကာင္းေအာင္ ဝိုင္းဝန္းပူးေပါင္း ေဆာင္ရြက္ၾကရမည္ျဖစ္ေၾကာင္း တိုက္တြန္း ေျပာၾကားသည္။

ထို႕ေနာက္ ဂြ်န္းဗလီအေျခခံဘာသာေရးစာသင္ေက်ာင္းတြင္ တပ္မေတာ္ (ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားႏွင့္ ေစတနာရွင္ ျပည္သူမ်ားက လွဴဒါန္းသည့္ ဆန္၊ ဆီ၊ ဆား၊ ပဲႏွင့္ အလွဴေငြမ်ားအား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေပးအပ္လွဴဒါန္းရာ ဂြ်န္းဗလီအေျခခံဘာသာေရးစာသင္ေက်ာင္း ဥကၠ႒ ဟာဂ်ီ ဦးညီညီကလည္းေကာင္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ)ႏွင့္ ေစတနာရွင္ျပည္သူမ်ားက ေပးအပ္လွဴဒါန္းရာ တာဝန္ရွိသူမ်ားက လည္းေကာင္း အသီးသီး လက္ခံရယူၾကသည္။

အလားတူ ေရႊႏွလံုးေတာ္ကက္သလစ္ဘုရားရွိခိုးေက်ာင္းတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေပးအပ္လွဴဒါန္းရာ ေရႊႏွလံုးေတာ္ကက္သလစ္ ဘုရားရွိခိုးေက်ာင္းမွ ဂိုဏ္းခ်ဳပ္ဆရာေတာ္ ဖာသာ မာကု တင္ဝင္းက လက္ခံရယူသည္။ ဆက္လက္၍ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)၊ ကာကြယ္ေရးဦးစီး ခ်ဳပ္(ေလ)ႏွင့္ ေစတနာရွင္ျပည္သူမ်ားက ေပးအပ္လွဴဒါန္းရာ တာဝန္ရွိသူမ်ားက လည္းေကာင္း အသီးသီး လက္ခံရယူၾကသည္။

ယင္းေနာက္ ဂြ်န္းဗလီအေျခခံဘာသာေရးစာသင္ေက်ာင္း နာယက ေဒါက္တာေမာင္ေမာင္ႏွင့္ ေရႊႏွလံုးေတာ္ကက္သလစ္ ဘုရားရွိခိုးေက်ာင္းမွ ဂိုဏ္းခ်ဳပ္ ဆရာေတာ္ ဖာသာ မာကုတင္ဝင္းတို႕က ေက်းဇူးတင္စကားႏွင့္ ဆုေတာင္းစကားမ်ား အသီးသီးျပန္လည္ေျပာၾကားခဲ့ၾကသည္။ ေတြ႕ဆံုပြဲမ်ား အၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားက တက္ေရာက္လာၾကသည့္ ဘာသာေရးေခါင္းေဆာင္မ်ားႏွင့္ ဧည့္ပရိသတ္မ်ားအား ရင္းရင္းႏွီးႏွီးလိုက္လံႏႈတ္ဆက္ခဲ့ၿပီး အမွတ္တရစုေပါင္းဓာတ္ပံု႐ိုက္ကူးၾကသည္။

တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားႏွင့္ အလွဴရွင္မ်ား၏ ခ်မ္းေအးသာစံၿမိဳ႕နယ္ႏွင့္ ေအာင္ေျမသာစံၿမိဳ႕နယ္ရွိ ဂြ်န္းဗလီအေျခခံဘာသာေရးစာသင္ေက်ာင္းႏွင့္ ေရႊႏွလံုးေတာ္ကက္သလစ္ ဘုရားရွိခိုးေက်ာင္းအတြက္ လွဴဒါန္းမႈအေနျဖင့္ အလွဴေငြ ၉၅ သိန္း၊ ဆန္ ၁၄၀ အိတ္၊ ကုလားပဲ ၆ အိတ္၊ ဆား ၄ အိတ္၊ ဆီ ၃၀ ပိႆာတို႕ကို လွဴဒါန္းခဲ့ၾကသည္။

(Unicode Version)

မိမိတို့သည် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၍ တစ်မိုးအောက်တွင် နေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများဖြစ်သည့်အတွက် မိမိနိုင်ငံ၏ ကောင်းရာ ကောင်းကျိုးကို ဆောင်ရွက်ရန် တာဝန် ကိုယ်စီရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂျွန်းဗလီ အခြေခံဘာသာရေး စာသင်ကျောင်းနှင့် ရွှေနှလုံးတော်ကက်သလစ် ဘုရားရှိခိုးကျောင်းသို့ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင် ပြည်သူများက ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် အလှူငွေများ ပေးအပ်လှူဒါန်းပွဲတွင် ထည့်သွင်း ပြောကြား

နေပြည်တော်၊ စက်တင်ဘာ – ၁၁

မိမိတို့သည် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၍ တစ်မိုးအောက်တွင် နေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများဖြစ်သည့်အတွက် မိမိနိုင်ငံ၏ ကောင်းရာ ကောင်းကျိုးကို ဆောင်ရွက်ရန် တာဝန်ကိုယ်စီရှိကြောင်း၊ နေထိုင်ရာဒေသများ မည်သို့ပင်ကွဲပြားနေသည်ဖြစ်စေ မိမိနေထိုင်သည့် တိုင်းပြည်ကို ချစ်မြတ်နိုးပြီး စည်းလုံးညီညွတ်စွာဖြင့် တစ်သွေးတည်းတစ်သားတည်း တူညီသည့် စိတ်ဓာတ်များဖြင့် နိုင်ငံတော်တိုးတက် ကောင်းမွန်စေရန် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နေ့လယ်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်ရှိ ဂျွန်းဗလီအခြေခံ ဘာသာရေးစာသင်ကျောင်းနှင့် ရွှေနှလုံးတော်ကက်သလစ်ဘုရားရှိခိုးကျောင်းသို့ သွားရောက်၍ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက လှူဒါန်းသည့် ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် အလှူငွေများ ပေးအပ်လှူဒါန်းရာတွင် ထည့်သွင်းပြောကြားသည်။

အဆိုပါ လှူဒါန်းပွဲများသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ စေတနာ ရှင်အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လှူဒါန်းသည့် အခမ်းအနားများ၌ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် မြန်မာနိုင်ငံတွင် လူဦးရေ၏ ၅ ရာခိုင်နှုန်းခန့်သည် အစ္စလာမ်ဘာသာ ကိုးကွယ်သူများဖြစ်ပြီး ၆ ရာခိုင်နှုန်းခန့်သည် ခရစ်ယာန်ဘာသာကိုးကွယ်သူများဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ နေရာအနှံ့အပြားတွင် ခရစ်ယာန်နှင့် အစ္စလာမ်ဘာသာ ကိုးကွယ်သူများစွာရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း နိုင်ငံတော်သည် ဗုဒ္ဓဘာသာသာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသား အများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် ဘာသာ သာသနာ အဖြစ် အသိအမှတ်ပြုသကဲ့သို့ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် နတ်ကိုးကွယ်သော ဘာသာတို့ကိုလည်း ကိုးကွယ်ရာဘာသာများဟူ၍ အသိအမှတ်ပြုထားကြောင်း၊ ဘာသာရေးကို အကြောင်းပြ၍ နိုင်ငံရေးမတည်ငြိမ်မှုများ၊ ပဋိပက္ခများ စသည့် မလိုလားအပ်သည့် အကြောင်းကိစ္စများ မဖြစ်စေလိုကြောင်း၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများ စုပေါင်း၍ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် အလှူငွေများလှူဒါန်းခြင်းကို ယခင်ကတည်းကပင် ဘုန်းကြီးကျောင်းများ၊ သီလရှင်စာသင်တိုက်များ၊ ဘိုးဘွားရိပ်သာများနှင့် ဘာသာရေးအသင်းအဖွဲ့များသို့ လှူဒါန်းမှုများ ပြုလုပ်လျက်ရှိရာ ယခုနှစ်တွင် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ အစ္စလာမ်ဘာသာရေးအသင်းအဖွဲ့များနှင့် ခရစ်ယာန်ဘာသာရေး အသင်းအဖွဲ့ များသို့ စတင်လှူဒါန်းခဲ့ကြောင်း၊ ယခု ချမ်းအေးသာစံမြို့နယ်နှင့်အောင်မြေသာစံမြို့နယ်ရှိ ဂျွန်းဗလီ အခြေခံဘာသာရေးစာသင်ကျောင်းနှင့် ရွှေနှလုံးတော်ကက်သလစ်ဘုရား ရှိခိုးကျောင်းသို့ လှူဒါန်းခြင်းဖြစ်ကြောင်း၊ လက်ရှိပစ္စုပ္ပန်တွင်နေထိုင်သည့် သူများသည် အနာဂတ်ကို ဖန်တီးပုံဖော်သူ များဖြစ်သည့် အတွက် မိမိတို့တိုင်းပြည်အတွင်း အေးချမ်းစွာ လုပ်ကိုင်စားသောက်နိုင်ရန်၊ တရား ဥပဒေစိုးမိုးမှုရှိရန်နှင့် တည်ငြိမ်အေးချမ်းမှုရှိစေရန် စည်းလုံးညီညွတ်စွာဖြင့်အတူ ယှဉ်တွဲ၍ မိမိဒေသ ကောင်းအောင်၊ တိုင်းပြည်အတွက် ကောင်းအောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တိုက်တွန်း ပြောကြားသည်။

ထို့နောက် ဂျွန်းဗလီအခြေခံဘာသာရေးစာသင်ကျောင်းတွင် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင် ပြည်သူများက လှူဒါန်းသည့် ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် အလှူငွေများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပေးအပ်လှူဒါန်းရာ ဂျွန်းဗလီအခြေခံဘာသာရေးစာသင်ကျောင်း ဥက္ကဋ္ဌ ဟာဂျီ ဦးညီညီကလည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေး ဦးစီးချုပ်(လေ)နှင့် စေတနာရှင်ပြည်သူများက ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လည်းကောင်း အသီးသီး လက်ခံရယူကြသည်။

အလားတူ ရွှေနှလုံးတော်ကက်သလစ်ဘုရားရှိခိုးကျောင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပေးအပ်လှူဒါန်းရာ ရွှေနှလုံးတော်ကက်သလစ် ဘုရားရှိခိုးကျောင်းမှ ဂိုဏ်းချုပ်ဆရာတော် ဖာသာ မာကု တင်ဝင်းက လက်ခံရယူသည်။ ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီး ချုပ်(လေ)နှင့် စေတနာရှင်ပြည်သူများက ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လည်းကောင်း အသီးသီး လက်ခံရယူကြသည်။

ယင်းနောက် ဂျွန်းဗလီအခြေခံဘာသာရေးစာသင်ကျောင်း နာယက ဒေါက်တာမောင်မောင်နှင့် ရွှေနှလုံးတော်ကက်သလစ် ဘုရားရှိခိုးကျောင်းမှ ဂိုဏ်းချုပ် ဆရာတော် ဖာသာ မာကုတင်ဝင်းတို့က ကျေးဇူးတင်စကားနှင့် ဆုတောင်းစကားများ အသီးသီးပြန်လည်ပြောကြားခဲ့ကြသည်။ တွေ့ဆုံပွဲများ အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက တက်ရောက်လာကြသည့် ဘာသာရေးခေါင်းဆောင်များနှင့် ဧည့်ပရိသတ်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။

တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် အလှူရှင်များ၏ ချမ်းအေးသာစံမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်ရှိ ဂျွန်းဗလီအခြေခံဘာသာရေးစာသင်ကျောင်းနှင့် ရွှေနှလုံးတော်ကက်သလစ် ဘုရားရှိခိုးကျောင်းအတွက် လှူဒါန်းမှုအနေဖြင့် အလှူငွေ ၉၅ သိန်း၊ ဆန် ၁၄၀ အိတ်၊ ကုလားပဲ ၆ အိတ်၊ ဆား ၄ အိတ်၊ ဆီ ၃၀ ပိဿာတို့ကို လှူဒါန်းခဲ့ကြသည်။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။