တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ စံပြဘက်စုံ စိုက်ပျိုးမွေးမြူရေးစခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး

ေနျပည္ေတာ္၊ စက္တင္ဘာ – ၁၁

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္သည္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုးမွတပ္မေတာ္အရာရွိႀကီးမ်ား၊ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ား လိုက္ပါလ်က္ ယေန႕ေန႕လယ္ပိုင္းတြင္ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္၊ စံျပဘက္စံု စိုက္ပ်ိဳးေမြးျမဴေရးစခန္းသို႔ သြားေရာက္ၾကည့္႐ႈ စစ္ေဆးသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားအား စံျပဘက္စံု စိုက္ပ်ိဳးေမြးျမဴေရးစခန္း ရွင္းလင္းေဆာင္၌ စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္း ေဆာင္ရြက္ေနမႈမ်ားအား တိုင္းစစ္ဌာနခ်ဳပ္မွ တာဝန္ရွိသူတစ္ဦးက ရွင္းလင္းတင္ျပသည္။ ရွင္းလင္းတင္ျပမႈမ်ားအေပၚ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္ပိုင္စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ား ေဆာင္ရြက္ေနျခင္းသည္ အျမတ္ရရွိ ေစရန္ ေဆာင္ရြက္ေနျခင္း မဟုတ္ဘဲ တပ္တြင္းမိသားစုမ်ား သက္သာေခ်ာင္ခ်ိေရးအတြက္ရည္ရြယ္၍ ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း၊ အာဟာရျပည့္ဝေသာ အသား၊ ငါး၊ ဟင္းသီးဟင္းရြက္၊ ၾကက္ဥမ်ား အား သက္သာေသာေဈးႏႈန္းမ်ားျဖင့္ တပ္မိသားစုမ်ားသို႕ ေရာင္းခ်ေပးသြားရန္ႏွင့္ ပိုလွ်ံသည့္ ထြက္ကုန္မ်ားအား ျပင္ပရွိဝန္ထမ္းမိသားစုမ်ားႏွင့္ ေဒသခံျပည္သူမ်ားသို႕ သက္သာေသာေဈးႏႈန္း မ်ားျဖင့္ ေရာင္းခ်သြားရန္လိုေၾကာင္းႏွင့္ ေမြးျမဴေရးလုပ္ငန္းတြင္ အစာစနစ္၊ ေရစနစ္မ်ား သန္႕ရွင္း သပ္ရပ္မႈရွိစြာျဖင့္ လတ္ဆတ္ေသာအသား၊ ငါးမ်ားရရွိေအာင္ စနစ္တက်ေမြးျမဴရန္ လိုေၾကာင္းမွာၾကားသည္။

ထို႕ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ စံျပဘက္စံု စိုက္ပ်ိဳးေမြးျမဴေရး စခန္းအတြင္း စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးေဆာင္ရြက္ထားရွိမႈမ်ားအား လိုက္လံၾကည့္႐ႈ စစ္ေဆးရာ တာဝန္ခံမ်ားက အသီးသီးရွင္းလင္းတင္ျပၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လိုအပ္သည္မ်ား မွာၾကားခဲ့သည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ စံပြဘက်စုံ စိုက်ပျိုးမွေးမြူရေးစခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ စက်တင်ဘာ – ၁၁

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် အဖွဲ့ဝင်များ လိုက်ပါလျက် ယနေ့နေ့လယ်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စံပြဘက်စုံ စိုက်ပျိုးမွေးမြူရေးစခန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား စံပြဘက်စုံ စိုက်ပျိုးမွေးမြူရေးစခန်း ရှင်းလင်းဆောင်၌ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းသည် အမြတ်ရရှိ စေရန် ဆောင်ရွက်နေခြင်း မဟုတ်ဘဲ တပ်တွင်းမိသားစုများ သက်သာချောင်ချိရေးအတွက်ရည်ရွယ်၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အာဟာရပြည့်ဝသော အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ကြက်ဥများ အား သက်သာသောဈေးနှုန်းများဖြင့် တပ်မိသားစုများသို့ ရောင်းချပေးသွားရန်နှင့် ပိုလျှံသည့် ထွက်ကုန်များအား ပြင်ပရှိဝန်ထမ်းမိသားစုများနှင့် ဒေသခံပြည်သူများသို့ သက်သာသောဈေးနှုန်း များဖြင့် ရောင်းချသွားရန်လိုကြောင်းနှင့် မွေးမြူရေးလုပ်ငန်းတွင် အစာစနစ်၊ ရေစနစ်များ သန့်ရှင်း သပ်ရပ်မှုရှိစွာဖြင့် လတ်ဆတ်သောအသား၊ ငါးများရရှိအောင် စနစ်တကျမွေးမြူရန် လိုကြောင်းမှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စံပြဘက်စုံ စိုက်ပျိုးမွေးမြူရေး စခန်းအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှု စစ်ဆေးရာ တာဝန်ခံများက အသီးသီးရှင်းလင်းတင်ပြကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များ မှာကြားခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။