တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်း ဒါရုဆလမ်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ စက္တင္ဘာ  ၁၃

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္သည္ ျမန္မာႏိုင္ငံတြင္ တာဝန္ၿပီးဆံုး၍ ဘ႐ူႏိုင္းဒါ႐ုဆလမ္ႏိုင္ငံသို႔ ျပန္လည္ထြက္ခြာေတာ့မည့္ သံတမန္မ်ားအဖြဲ႕ နာယက ျဖစ္သူ ျမန္မာႏိုင္ငံဆိုင္ရာ ဘ႐ူႏိုင္းဒါ႐ုဆလမ္ႏိုင္ငံ သံအမတ္ႀကီး H.E.Mr. Pehin  Orang  Kaya  Seri  Pahlawan  Dato  Paduka  Haji  Abdu’r   Rahmani bin  Dato Paduka Haji  Basir ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕အား ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမ၌ လက္ခံေတြ႕ဆံုသည္။

အဆိုပါေတြ႕ဆံုပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီး ခ်ဳပ္႐ံုး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိုးထြဋ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ဘ႐ူႏိုင္းဒါ႐ုဆလမ္ႏိုင္ငံ သံအမတ္ႀကီးႏွင့္အတူ သံ႐ံုးဒုတိယအႀကီးအကဲ  Mr. Shahrual Anaz Ismail တို႕ တက္ေရာက္ၾက သည္။

ထိုသို႔ေတြ႕ဆံုရာတြင္ ႏွစ္ႏိုင္ငံႏွင့္ ႏွစ္ႏိုင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ရွိရင္းစြဲခ်စ္ၾကည္ရင္းႏွီးမႈကို တိုးျမႇင့္ေဆာင္ရြက္သြားမည့္အေျခအေနမ်ား၊  ျမန္မာႏိုင္ငံတြင္ တိုင္းရင္းသားျပည္သူမ်ားအားလံုးကို ဥပေဒပိုင္းဆိုင္ရာ၊ ဘာသာေရးဆိုင္ရာမ်ားတြင္ ခြဲျခားဆက္ဆံမႈ မရွိသည့္အေျခအေနမ်ား၊ တိုင္းျပည္ ဖြံ႕ၿဖိဳးတိုးတက္ရန္အတြက္ ႏိုင္ငံေရးအရတည္ၿငိမ္ေအးခ်မ္းရန္ႏွင့္ လံုၿခံဳေရးအရတည္ၿငိမ္ေအးခ်မ္းရန္ လိုအပ္သည့္အေျခအေနမ်ား၊ ႏွစ္ႏိုင္ငံတပ္မေတာ္ႏွစ္ရပ္ၾကား အဆင့္လိုက္ခ်စ္ၾကည္ေရးခရီးစဥ္မ်ား အျပန္အလွန္လည္ပတ္ေရးဆိုင္ရာကိစၥရပ္မ်ားႏွင့္ ေလ့က်င့္ေရးဆိုင္ရာ သင္တန္းသားမ်ား အျပန္ အလွန္ေစလႊတ္ေရး ဆိုင္ရာကိစၥရပ္မ်ားအား ရင္းႏွီးပြင့္လင္းစြာ အျမင္ခ်င္းဖလွယ္ ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆံုပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဘ႐ူႏိုင္းဒါ႐ုဆလမ္ႏိုင္ငံ သံအမတ္ႀကီး တို႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်း ဒါရုဆလမ်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ စက်တင်ဘာ – ၁၃

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံတွင် တာဝန်ပြီးဆုံး၍ ဘရူနိုင်းဒါရုဆလမ်နိုင်ငံသို့ ပြန်လည်ထွက်ခွာတော့မည့် သံတမန်များအဖွဲ့ နာယက ဖြစ်သူ မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းဒါရုဆလမ်နိုင်ငံ သံအမတ်ကြီး H.E.Mr. Pehin  Orang  Kaya  Seri  Pahlawan  Dato  Paduka  Haji  Abdu’r   Rahmani bin  Dato Paduka Haji  Basir ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ဘရူနိုင်းဒါရုဆလမ်နိုင်ငံ သံအမတ်ကြီးနှင့်အတူ သံရုံးဒုတိယအကြီးအကဲ  Mr. Shahrual Anaz Ismail တို့ တက်ရောက်ကြ သည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများ၊  မြန်မာနိုင်ငံတွင် တိုင်းရင်းသားပြည်သူများအားလုံးကို ဥပဒေပိုင်းဆိုင်ရာ၊ ဘာသာရေးဆိုင်ရာများတွင် ခွဲခြားဆက်ဆံမှု မရှိသည့်အခြေအနေများ၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံရေးအရတည်ငြိမ်အေးချမ်းရန်နှင့် လုံခြုံရေးအရတည်ငြိမ်အေးချမ်းရန် လိုအပ်သည့်အခြေအနေများ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား အဆင့်လိုက်ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေးဆိုင်ရာကိစ္စရပ်များနှင့် လေ့ကျင့်ရေးဆိုင်ရာ သင်တန်းသားများ အပြန် အလှန်စေလွှတ်ရေး ဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဘရူနိုင်းဒါရုဆလမ်နိုင်ငံ သံအမတ်ကြီး တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။