ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက်ရှိ သံဃာတော် အရှင်သူမြတ်တို့အား တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများနှင့်စေတနာရှင် ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့်ဆွမ်းပဒေသာပင်အလှူငွေများ ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ၊ ဇီဝိတဒါနသံဃာ့ဆေးရုံကြီး(ရန်ကုန်)သို့ နဝကမ္မဘက်စုံ ပဒေသာပင်အလှူငွေများ နှင့်စားသောက် ဖွယ်ရာများလှူဒါန်း

ေနျပည္ေတာ္၊ စက္တင္ဘာ – ၁၇

ရန္ကုန္တိုင္းေဒသႀကီး၊ ဗဟန္းၿမိဳ႕နယ္၊ ပါဠိတကၠသိုလ္ ေညာင္တုန္း ေက်ာင္းတိုက္ ရွိ သံဃာေတာ္ အရွင္သူျမတ္တို႕အား တပ္မေတာ္(ၾကည္း၊ေရ၊ေလ) မိသားစုမ်ားႏွင့္ေစတနာရွင္ ျပည္သူမ်ားက ဆြမ္းဆန္ေတာ္၊ ဆီ၊ ဆား၊ ပဲ၊ ေဆးႏွင့္ဆြမ္းပေဒသာပင္အလွဴေငြမ်ား လွဴဒါန္းပြဲကို ယေန႔ နံနက္ပိုင္းတြင္ အဆိုပါေက်ာင္းတိုက္၌က်င္းပျပဳလုပ္ရာ ပါဠိတကၠသိုလ္ ေညာင္တုန္းေက်ာင္းတိုက္ ပဓာနနာယက အဂၢမဟာပ႑ိတ အဂၢမဟာဂႏၲဝါစက ပ႑ိတ ဘဒၵႏၲပဝရာဘိဝံသ ႏွင့္ သံဃာေတာ္မ်ား တက္ေရာက္ခ်ီးျမႇင့္ေတာ္မူၾကသည္။

အဆိုပါ လွဴဒါန္းပြဲသို႔တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ ႏွင့္ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး (ၾကည္း၊ ေရ၊ ေလ)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမွဴးႏွင့္ဇနီး၊ ၿမိဳ႕နယ္အဆင့္ဌာနဆိုင္ရာ တာဝန္ရွိသူမ်ား၊ေစတနာရွင္အလွဴရွင္မ်ား၊ လူမႈေရးအသင္းအဖြဲ႕မ်ား၊ ဝတ္အသင္းအဖြဲ႕မ်ားႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အခမ္းအနားတက္ေရာက္လာၾကသူမ်ားသည္ ပါဠိတကၠသိုလ္ ေညာင္တုန္းေက်ာင္းတိုက္ ဆရာေတာ္ႀကီးထံမွ ငါးပါးသီလ ခံယူေဆာက္တည္ၾကၿပီး သံဃာေတာ္မ်ား ႐ြတ္ပြားခ်ီးျမႇင့္ေတာ္မူၾကသည့္ ေမတၱသုတ္ပရိတ္ တရားေတာ္မ်ားကိုနာယူၾကသည္။ ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဇနီး ေဒၚၾကဴၾကဴလွတို႕က ပါဠိတကၠသိုလ္ ေညာင္တုန္းေက်ာင္းတိုက္ဆရာေတာ္ႀကီးထံ လွဴဖြယ္ပစၥည္းမ်ားႏွင့္ တပ္မေတာ္(ၾကည္း၊ေရ၊ေလ) မိသားစုမ်ားက လွဴဒါန္းေသာ ဆြမ္းဆန္ေတာ္၊ ဆီ၊ ဆား၊ ပဲ တို႕ကို ဆက္ကပ္လွဴဒါန္းသည္။

ယင္းေနာက္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ဇနီး၊ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ အလွဴရွင္မ်ားက သံဃာေတာ္ မ်ားအားလွဴဖြယ္ပစၥည္းမ်ား အသီးသီးဆက္ကပ္ လွဴဒါန္းၾကသည္။

၎ေနာက္ စစ္ေရးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မ်ိဳးေဇာ္သိန္းက တပ္မေတာ္ (ၾကည္း၊ေရ၊ေလ) မိသားစုမ်ားမွလွဴဒါန္းသည့္ ဆြမ္းပေဒသာပင္အလွဴေငြမ်ားအား လည္းေကာင္း၊ အလွဴရွင္မ်ားက လွဴဒါန္းသည့္ ဆြမ္းပေဒသာပင္အလွဴေငြမ်ားအားလည္း ေကာင္းအသီးသီးလွဴဒါန္းၾကရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ ကလက္ခံရယူသည္။ ဆက္လက္၍ အလွဴရွင္မ်ားက အလွဴေငြမ်ားအသီးသီးေပးအပ္ လွဴဒါန္းၾကရာ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ တို႕က လက္ခံရယူေပးၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တက္ေရာက္လာၾကသူမ်ားသည္ ပါဠိတကၠသိုလ္ ေညာင္တုန္းေက်ာင္းတိုက္၊ စာခ်နာယက၊ ႏိုင္ငံေတာ္ဗဟိုသံဃာ့ ဝန္ေဆာင္၊ လွရတနာ ေက်ာင္းတိုက္ဆရာေတာ္ အဂၢမဟာ ဂႏၴဝါစကပ႑ိတ၊ ေစတိယဂၤဏ ပႆရသီရိ မဟာဓမၼဂု႐ု ဘဒၵႏၲနာရဒါဘိဝံသထံမွ အႏုေမာဒနာတရား နာယူ၍ လွဴဒါန္းမႈ အစုစုအတြက္ ေရစက္သြန္းခ်အမွ် ေပးေဝခဲ့ၾကၿပီး သံဃာေတာ္အရွင္သူျမတ္မ်ားအား ေန႕ဆြမ္းဆက္ကပ္လွဴဒါန္းၾကသည္။

ထို႕ျပင္ ယေန႕နံနက္ပိုင္းတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ ဝင္မ်ားသည္ ဗဟန္းၿမိဳ႕နယ္ရွိ ဇီဝိတဒါနသံဃာ့ေဆး႐ံုႀကီး(ရန္ကုန္)သို႕ တပ္မေတာ္ (ၾကည္း၊ေရ၊ေလ) မိသားစု မ်ားႏွင့္ေစတနာရွင္ျပည္သူမ်ားစုေပါင္း လွဴဒါန္းသည့္ နဝကမၼဘက္စံုပေဒသာပင္အလွဴေငြမ်ားႏွင့္ စားေသာက္ဖြယ္ရာမ်ားသြားေရာက္ ေပးအပ္ လွဴဒါန္းသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က လွဴဒါန္းရျခင္းႏွင့္ ပတ္သက္ၿပီး တပ္မေတာ္ (ၾကည္း၊ေရ၊ေလ)မိသားစုမ်ားႏွင့္ ေစတနာရွင္ျပည္သူမ်ားစုေပါင္း၍ ယခင္ကတည္းကပင္ ဘာသာ သာသနာအက်ိဳးအတြက္ လွဴဒါန္းမႈမ်ားျပဳလုပ္ေပးလ်က္ရွိေၾကာင္း၊ ဇီဝိတဒါနသံဃာ့ေဆး႐ံုႀကီးကို ၁၉၄၀ ျပည့္ႏွစ္ကပင္စတင္၍ ကုသိုလ္ျဖစ္ ေဆးခန္းအျဖစ္ ဖြင့္လွစ္ခဲ့ျခင္းျဖစ္ရာ ယခုအခ်ိန္တြင္ ေဆး႐ံုႀကီးတစ္႐ံုအျဖစ္ သံဃာေတာ္မ်ား၊ သီလရွင္မ်ားႏွင့္နာမက်န္းသူ ဘာသာလူမ်ိဳးမေရြးတို႕၏ အသက္ရွည္ရာရွည္ေၾကာင္း၊ က်န္းမာရာက်န္းမာေၾကာင္း အခမဲ့ဒါနကုသိုလ္ျပဳျခင္းျဖစ္ရာေစတနာရွင္ ျပည္သူမ်ားႏွင့္ ေပါင္းစုစည္း၍ လွဴဒါန္းရသည့္အတြက္ ဝမ္းေျမာက္ပါေၾကာင္း၊ ၿပီးျပည့္စံုေသာ လွဴဒါန္းေစာင့္ေရွာက္မႈ မဟုတ္ေသာ္လည္း တစ္စိတ္တစ္ေဒသအေနျဖင့္ အေထာက္အပံ့ ရေစမည္ ျဖစ္ပါေၾကာင္း၊ က်န္းမာမွ အလုပ္လုပ္ႏိုင္မည္၊ က်န္းမာမွ ပညာေကာင္းစြာ သင္ၾကားႏိုင္မည္ျဖစ္ကာ က်န္းမာေရးသည္ လူတိုင္းအတြက္ အလြန္အေရးႀကီးၿပီး က်န္းမာေရးမေကာင္းပါက မည္မွ်ပင္ ခ်မ္းသာေနသည္ျဖစ္ေစ စိတ္ခ်မ္းသာႏိုင္မည္ မဟုတ္ေၾကာင္း၊ ဤေဆး႐ံုႀကီးကို တာဝန္ယူ ေနၾကသူမ်ားသည္ အမ်ားျပည္သူေကာင္းက်ိဳးႏွင့္ ဘာသာသာသနာအက်ိဳးအတြက္ သယ္ပိုး ထမ္းရြက္ေနၾကသူမ်ားျဖစ္သည့္အတြက္ အသိအမွတ္ျပဳပါေၾကာင္း၊ ေရွ႕ဆက္ၿပီး အမ်ားအက်ိဳး အတြက္ ပိုမိုအက်ိဳးေဆာင္ႏိုင္ပါေစရန္ ဆုမြန္ေကာင္း ေတာင္းေပးပါေၾကာင္းျဖင့္ ရွင္းလင္းေျပာ ၾကားသည္။

 

ထို႕ေနာက္ တပ္မေတာ္(ၾကည္း၊ေရ၊ေလ) မိသားစုမ်ားကလွဴဒါန္းသည့္ အလွဴေငြမ်ားအား တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ကလည္းေကာင္း၊ စားေသာက္ဖြယ္ရာပစၥည္းမ်ားအား စစ္ေထာက္ခ်ဳပ္က လည္းေကာင္း၊ ေစတနာရွင္ျပည္သူမ်ားက လွဴဒါန္းသည့္ အလွဴေငြမ်ားအား အလွဴရွင္ တစ္ဦးကလည္းေကာင္း အသီးသီးေပးအပ္လွဴဒါန္းၾကရာ ေဆး႐ံုႀကီးအုပ္ခ်ဳပ္ေရးအဖြဲ႕ဥကၠ႒ ဦးဝင္းလြင္ႏွင့္ တာဝန္ရွိသူမ်ားက လက္ခံရယူၾကသည္။ ယင္းေနာက္ လွဴဒါန္းမႈအေပၚ ဇီဝိတဒါန သံဃာ့ေဆး႐ံုႀကီး(ရန္ကုန္)မွ ေဆး႐ံုႀကီး အုပ္ခ်ဳပ္ေရးအဖြဲ႕ဒုတိယဥကၠ႒ ဦးသန္းထြန္းက ေက်းဇူးတင္ စကားျပန္လည္ေျပာၾကားခဲ့သည္။

တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ)မိသားစုမ်ားႏွင့္ ေစတနာရွင္ျပည္သူမ်ား၏ ယေန႔ က်င္းပျပဳလုပ္သည့္ လွဴဒါန္းမႈအစုစုအေနျဖင့္ ပါဠိတကၠသိုလ္ ေညာင္တုန္းေက်ာင္းတိုက္သို႕ ဆြမ္းပေဒသာပင္ အလွဴေငြက်ပ္ ၂၃၁၂၄၀ဝ၀၊ ဆန္ ၁၁ အိတ္၊ ဆီ ၃၄ ပိႆာ၉၀က်ပ္သား၊ ပဲ ၁၀ အိတ္၊ ဆား ၁၇ ပိႆာ၊ ေဆးမ်ိဳးစံုတို႕ႏွင့္လွဴဖြယ္ပစၥည္းမ်ားကို လွဴဒါန္းခဲ့ၿပီး ဇီဝိတဒါနသံဃာ့ေဆး႐ံုႀကီး(ရန္ကုန္)သို႕ နဝကမၼဘက္စံု ပေဒသာပင္အလွဴေငြ က်ပ္သိန္း ၁၀ဝ ၊ နန္းၿမိဳင္ေကာ္ဖီႏွင့္ ေရႊဖီဦးလက္ဖက္ရည္ထုပ္ ၁၁၄၀ ထုပ္တို႕အားလွဴဒါန္းခဲ့ပါသည္။

(Unicode Version)

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက်ရှိ သံဃာတော် အရှင်သူမြတ်တို့အား တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများနှင့်စေတနာရှင် ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့်ဆွမ်းပဒေသာပင်အလှူငွေများ ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ၊ ဇီဝိတဒါနသံဃာ့ဆေးရုံကြီး(ရန်ကုန်)သို့ နဝကမ္မဘက်စုံ ပဒေသာပင်အလှူငွေများ နှင့်စားသောက် ဖွယ်ရာများလှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ – ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ပါဠိတက္ကသိုလ် ညောင်တုန်း ကျောင်းတိုက် ရှိ သံဃာတော် အရှင်သူမြတ်တို့အား တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့်စေတနာရှင် ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့်ဆွမ်းပဒေသာပင်အလှူငွေများ လှူဒါန်းပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်၌ကျင်းပပြုလုပ်ရာ ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ ဘဒ္ဒန္တပဝရာဘိဝံသ နှင့် သံဃာတော်များ တက်ရောက်ချီးမြှင့်တော်မူကြသည်။

အဆိုပါ လှူဒါန်းပွဲသို့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊စေတနာရှင်အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဝတ်အသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည့် မေတ္တသုတ်ပရိတ် တရားတော်များကိုနာယူကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက်ဆရာတော်ကြီးထံ လှူဖွယ်ပစ္စည်းများနှင့် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက လှူဒါန်းသော ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ တို့ကို ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့် အလှူရှင်များက သံဃာတော် များအားလှူဖွယ်ပစ္စည်းများ အသီးသီးဆက်ကပ် လှူဒါန်းကြသည်။

၎င်းနောက် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများမှလှူဒါန်းသည့် ဆွမ်းပဒေသာပင်အလှူငွေများအား လည်းကောင်း၊ အလှူရှင်များက လှူဒါန်းသည့် ဆွမ်းပဒေသာပင်အလှူငွေများအားလည်း ကောင်းအသီးသီးလှူဒါန်းကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလက်ခံရယူသည်။ ဆက်လက်၍ အလှူရှင်များက အလှူငွေများအသီးသီးပေးအပ် လှူဒါန်းကြရာ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် တို့က လက်ခံရယူပေးကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တက်ရောက်လာကြသူများသည် ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက်၊ စာချနာယက၊ နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်၊ လှရတနာ ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ စေတိယင်္ဂဏ ပဿရသီရိ မဟာဓမ္မဂုရု ဘဒ္ဒန္တနာရဒါဘိဝံသထံမှ အနုမောဒနာတရား နာယူ၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှ ပေးဝေခဲ့ကြပြီး သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

ထို့ပြင် ယနေ့နံနက်ပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ ဝင်များသည် ဗဟန်းမြို့နယ်ရှိ ဇီဝိတဒါနသံဃာ့ဆေးရုံကြီး(ရန်ကုန်)သို့ တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစု များနှင့်စေတနာရှင်ပြည်သူများစုပေါင်း လှူဒါန်းသည့် နဝကမ္မဘက်စုံပဒေသာပင်အလှူငွေများနှင့် စားသောက်ဖွယ်ရာများသွားရောက် ပေးအပ် လှူဒါန်းသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လှူဒါန်းရခြင်းနှင့် ပတ်သက်ပြီး တပ်မတော် (ကြည်း၊ရေ၊လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများစုပေါင်း၍ ယခင်ကတည်းကပင် ဘာသာ သာသနာအကျိုးအတွက် လှူဒါန်းမှုများပြုလုပ်ပေးလျက်ရှိကြောင်း၊ ဇီဝိတဒါနသံဃာ့ဆေးရုံကြီးကို ၁၉၄၀ ပြည့်နှစ်ကပင်စတင်၍ ကုသိုလ်ဖြစ် ဆေးခန်းအဖြစ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ရာ ယခုအချိန်တွင် ဆေးရုံကြီးတစ်ရုံအဖြစ် သံဃာတော်များ၊ သီလရှင်များနှင့်နာမကျန်းသူ ဘာသာလူမျိုးမရွေးတို့၏ အသက်ရှည်ရာရှည်ကြောင်း၊ ကျန်းမာရာကျန်းမာကြောင်း အခမဲ့ဒါနကုသိုလ်ပြုခြင်းဖြစ်ရာစေတနာရှင် ပြည်သူများနှင့် ပေါင်းစုစည်း၍ လှူဒါန်းရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ ပြီးပြည့်စုံသော လှူဒါန်းစောင့်ရှောက်မှု မဟုတ်သော်လည်း တစ်စိတ်တစ်ဒေသအနေဖြင့် အထောက်အပံ့ ရစေမည် ဖြစ်ပါကြောင်း၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည်၊ ကျန်းမာမှ ပညာကောင်းစွာ သင်ကြားနိုင်မည်ဖြစ်ကာ ကျန်းမာရေးသည် လူတိုင်းအတွက် အလွန်အရေးကြီးပြီး ကျန်းမာရေးမကောင်းပါက မည်မျှပင် ချမ်းသာနေသည်ဖြစ်စေ စိတ်ချမ်းသာနိုင်မည် မဟုတ်ကြောင်း၊ ဤဆေးရုံကြီးကို တာဝန်ယူ နေကြသူများသည် အများပြည်သူကောင်းကျိုးနှင့် ဘာသာသာသနာအကျိုးအတွက် သယ်ပိုး ထမ်းရွက်နေကြသူများဖြစ်သည့်အတွက် အသိအမှတ်ပြုပါကြောင်း၊ ရှေ့ဆက်ပြီး အများအကျိုး အတွက် ပိုမိုအကျိုးဆောင်နိုင်ပါစေရန် ဆုမွန်ကောင်း တောင်းပေးပါကြောင်းဖြင့် ရှင်းလင်းပြော ကြားသည်။

ထို့နောက် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများကလှူဒါန်းသည့် အလှူငွေများအား တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကလည်းကောင်း၊ စားသောက်ဖွယ်ရာပစ္စည်းများအား စစ်ထောက်ချုပ်က လည်းကောင်း၊ စေတနာရှင်ပြည်သူများက လှူဒါန်းသည့် အလှူငွေများအား အလှူရှင် တစ်ဦးကလည်းကောင်း အသီးသီးပေးအပ်လှူဒါန်းကြရာ ဆေးရုံကြီးအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလွင်နှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။ ယင်းနောက် လှူဒါန်းမှုအပေါ် ဇီဝိတဒါန သံဃာ့ဆေးရုံကြီး(ရန်ကုန်)မှ ဆေးရုံကြီး အုပ်ချုပ်ရေးအဖွဲ့ဒုတိယဥက္ကဋ္ဌ ဦးသန်းထွန်းက ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့သည်။

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများ၏ ယနေ့ ကျင်းပပြုလုပ်သည့် လှူဒါန်းမှုအစုစုအနေဖြင့် ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက်သို့ ဆွမ်းပဒေသာပင် အလှူငွေကျပ် ၂၃၁၂၄၀ဝဝ၊ ဆန် ၁၁ အိတ်၊ ဆီ ၃၄ ပိဿာ၉၀ကျပ်သား၊ ပဲ ၁၀ အိတ်၊ ဆား ၁၇ ပိဿာ၊ ဆေးမျိုးစုံတို့နှင့်လှူဖွယ်ပစ္စည်းများကို လှူဒါန်းခဲ့ပြီး ဇီဝိတဒါနသံဃာ့ဆေးရုံကြီး(ရန်ကုန်)သို့ နဝကမ္မဘက်စုံ ပဒေသာပင်အလှူငွေ ကျပ်သိန်း ၁၀ဝ ၊ နန်းမြိုင်ကော်ဖီနှင့် ရွှေဖီဦးလက်ဖက်ရည်ထုပ် ၁၁၄၀ ထုပ်တို့အားလှူဒါန်းခဲ့ပါသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။