လူတိုင်း၊ နေရာတိုင်း၊ ဘာသာတိုင်း၊ အဖွဲ့အစည်းတိုင်း တိုင်းပြည်၏ ကောင်းရာ ကောင်းကျိုးအတွက် တူညီသည့် ဦးတည်ချက်များဖြင့် စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက် ကြမှသာ နိုင်ငံတော်အတွက် “အား” ဖြစ်စေနိုင်မည်

ေနျပည္ေတာ္၊ စက္တင္ဘာ – ၁၇

တပ္မေတာ္သားမ်ားအေနျဖင့္ ႏိုင္ငံေတာ္လံုၿခံဳေရး၊ ကာကြယ္ေရးတာဝန္မ်ား ရွိသည့္အျပင္ ႏိုင္ငံသားတစ္ဦးခ်င္းစီအေနျဖင့္ မိမိႏိုင္ငံေကာင္းရာေကာင္းက်ိဳး၊ အက်ိဳးစီးပြားကို တိုးတက္ ေကာင္းမြန္ေအာင္ ေဆာင္ရြက္ရမည့္တာဝန္လည္းရွိေၾကာင္း၊ လူတိုင္း၊ ေနရာတိုင္း၊ ဘာသာတိုင္း၊ အဖြဲ႕အစည္းတိုင္း တိုင္းျပည္၏ေကာင္းရာ ေကာင္းက်ိဳးအတြက္ တူညီသည့္ ဦးတည္ခ်က္မ်ားျဖင့္ ဝိုင္းဝန္းပူးေပါင္းေဆာင္ရြက္ၾကမွသာ ႏိုင္ငံေတာ္အတြက္ “အား”ျဖစ္ေစႏိုင္မည္ျဖစ္ေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က ယေန႕တြင္ ရန္ကုန္တိုင္း ေဒသႀကီး၊ ေက်ာက္တံတားၿမိဳ႕နယ္ႏွင့္ မဂၤလာေတာင္ၫြန္ၿမိဳ႕နယ္ရွိ မြတ္ဆလင္ကုသိုလ္ျဖစ္ေဆး႐ံု၊ ကတ္သလစ္သီလရွင္ေလးမ်ား၏ဘိုးဘြားရိပ္သာ၊ သွ်ရီသွ်ရီစႏၵီမယ္ေတာ္ဟိႏၵဴဘုရား ေက်ာင္းႏွင့္ ဇဖါရ္ရွား ဂူဗိမာန္မ်ားသို႕ သြားေရာက္၍ တပ္မေတာ္ (ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားႏွင့္ ေစတနာရွင္ ျပည္သူမ်ားက လွဴဒါန္းသည့္ ဆန္၊ ဆီ၊ ဆား၊ ပဲႏွင့္ အလွဴေငြမ်ား ေပးအပ္လွဴဒါန္းရာတြင္ ထည့္သြင္းေျပာၾကားသည္။

အဆိုပါ လွဴဒါန္းပြဲမ်ားသို႕ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ႏွင့္ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီး ခ်ဳပ္႐ံုးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမွဴးႏွင့္ဇနီး၊ ၿမိဳ႕နယ္အဆင့္ဌာနဆိုင္ရာတာဝန္ရွိသူမ်ား၊ ေစတနာရွင္ အလွဴရွင္မ်ားႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အဆိုပါအခမ္းအနားမ်ားတြင္ လွဴဒါန္းမႈမ်ားျပဳလုပ္ရျခင္း အေၾကာင္းမ်ားႏွင့္ ပတ္သက္၍ ရွင္းလင္းေျပာၾကားရာ၌ “အာေရာဂ်ံ၊ ပရမံ၊ လာဘံ”က်န္းမာျခင္းသည္ လာဘ္ႀကီးတစ္ပါးျဖစ္သည့္အတြက္ လူတိုင္းက်န္းမာခ်င္ၾကေၾကာင္း၊ လူတိုင္း၏ ေမွ်ာ္လင့္ခ်က္မွာ က်န္းမာစြာႏွင့္ အသက္ရွည္စြာေနထိုင္ႏိုင္ေရးပင္ ျဖစ္ေၾကာင္း၊ က်န္းမာမွ အလုပ္လုပ္ႏိုင္၊ ပညာသင္ၾကားႏိုင္၊ လူမႈစီးပြားဘဝ ဖြံ႕ၿဖိဳးတိုးတတ္ေအာင္ေဆာင္ရြက္ႏိုင္မည္ျဖစ္ေၾကာင္း၊ သို႕ေသာ္ မက်န္းမမာ ျဖစ္လာပါက ေဆးကုသမႈ ခံယူရန္အတြက္ ထိုက္သင့္သည့္ ကုန္က်မႈ ရွိမည္ျဖစ္ေၾကာင္း၊ ယေန႕လွဴဒါန္းမႈမ်ား ျပဳလုပ္ေသာ ကုသိုလ္ျဖစ္ေဆး႐ံု၊ ဘိုးဘြားရိပ္သာမ်ားသည္ ကုန္က်စရိတ္ မတတ္ႏိုင္သူမ်ားကို လူမ်ိဳးမေရြး၊ ဘာသာမေရြး ေဆးဝါးကုသေပးျခင္း၊ သက္ႀကီးရြယ္အိုမ်ားအား ကူညီေစာင့္ေရွာက္ေပးျခင္း စသည့္ မြန္ျမတ္၍ တန္ဖိုးရွိေသာ ဇီဝိတဒါန ကုသိုလ္အလုပ္မ်ား ျဖစ္၍ မိမိတို႕အေနျဖင့္ တတ္ႏိုင္သမွ်လွဴဒါန္းျခင္းျဖစ္ေၾကာင္း၊ ေစတနာရွင္ျပည္သူမ်ားကလည္း သဒၶါတရား ထက္သန္စြာ ထည့္ဝင္စုေပါင္း လွဴဒါန္းၾကေၾကာင္း။

တပ္မေတာ္သည္ ႏိုင္ငံေတာ္၏ အစိတ္အပိုင္းျဖစ္ၿပီး တပ္မေတာ္သားမ်ားသည္ ျပည္သူမ်ားမွ ေမြးဖြားေသာ ျပည္သူ၏ အစိတ္အပိုင္းျဖစ္ၾကေၾကာင္း၊ ထို႕ေၾကာင့္ တပ္မေတာ္အေနျဖင့္ ျပည္သူမ်ား၏ အေျခခံလိုအပ္ခ်က္ျဖစ္ေသာ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ားကို အေလးထား ကာ တပ္မေတာ္သို႕ လွဴဒါန္းေငြမ်ား၊ တပ္မေတာ္သက္သာ ေခ်ာင္ခ်ိေရးရံပံုေငြမ်ားမွ က်ခံသံုးစြဲ ေဆာင္ရြက္ေပးေနျခင္းျဖစ္ေၾကာင္း၊ တပ္မေတာ္ (ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားႏွင့္ ေစတနာရွင္ ျပည္သူမ်ား၏ စုေပါင္းအားျဖင့္လွဴဒါန္းမႈျပဳႏိုင္ျခင္းျဖစ္၍ မည္သည့္အခက္အခဲကိုမဆို တိုင္းျပည္ အတြက္ တူညီသည့္စိတ္ဓာတ္၊ တူညီသည့္ ရည္ရြယ္ခ်က္၊ တူညီသည့္ အလုပ္ကို စုေပါင္း လုပ္ေဆာင္ျခင္းျဖင့္ တိုင္းျပည္၏ “အား” ကို ရရွိႏိုင္မည္ျဖစ္ေၾကာင္း။

ျမန္မာႏိုင္ငံတြင္ ဗုဒၶဘာသာသာသနာသည္ ႏိုင္ငံသားအမ်ားဆံုးကိုးကြယ္ရာ ဂုဏ္ထူးဝိေသသႏွင့္ ျပည့္စံုသည့္ ဘာသာသာသနာအျဖစ္ အသိအမွတ္ျပဳသကဲ့သို႕ အျခားဘာသာမ်ားကိုလည္း ယံုၾကည္ကိုးကြယ္ရာ ဘာသာမ်ားအျဖစ္ အသိအမွတ္ျပဳကာ ဘာသာေရးအရ ခြဲျခားမႈ၊ ကြဲျပားမႈ မရွိေၾကာင္း၊ ႏိုင္ငံတြင္း မွီတင္းေနထိုင္ၾကသူ ႏိုင္ငံသားမ်ားအားလံုး တစ္ေျမတည္းေန၊ တစ္ေရတည္းေသာက္၊ တစ္ေလတည္း႐ႈၾကသူမ်ားျဖစ္၍ စည္းလံုးညီၫြတ္စြာျဖင့္ တူညီေသာ ရည္႐ြယ္ခ်က္ထားရွိကာ မိမိႏိုင္ငံ ဖြံ႕ၿဖိဳးတိုးတက္ေအာင္ လုပ္ၾကမည္ဆိုသည့္ စိတ္ေမြးၾကရန္ လိုေၾကာင္း၊ ခိုင္ၿမဲၿပီး အစည္းမေျပသည့္ ဝါးစည္းကဲ့သို႕ ရွိၾကမွသာ မည္သူကပင္ ၿခိမ္းေျခာက္ သည္ျဖစ္ေစ စိုးရိမ္ေၾကာင့္ၾကစရာရွိ္မည္ မဟုတ္ေၾကာင္း၊ ႏိုင္ငံအတြင္း တိုင္းရင္းသားလူမ်ိဳးေပါင္းစံု၊ ဘာသာေပါင္းစံု တည္ရွိေနျခင္းသည္ ပကတိအမွန္တရား အတိုင္းပင္ျဖစ္သည္ကို သိရွိ၍ ခြဲျခားစိတ္ မထားၾကရန္လိုေၾကာင္း၊ ႏိုင္ငံအတြက္ သိသင့္သိထိုက္သည္မ်ားကို သိရွိနားလည္ၿပီး မည္သည့္ အေၾကာင္းအရာတြင္မဆို ကြဲျပားမႈမရွိ ကိုယ္စီတာဝန္ေက်ပြန္ကာ တိုင္းျပည္အတြက္ ေကာင္းက်ိဳး ေဖာ္ေဆာင္ၾကေစလိုေၾကာင္း။

မိမိတို႕ တစ္ဦးခ်င္း၊ မိသားစု၊ အဖြဲ႕အစည္းအသီးသီးတို႕ အေနျဖင့္ တိုင္းျပည္အတြက္ ထိခိုက္ နစ္နာေစမည့္ အေၾကာင္းအရာမ်ားကို ေရွာင္ၾကဥ္ကာ မိမိလိုရာကိုသာ ေတြး၍မရဘဲ ေကာင္းက်ိဳးကို မွ်မွ်တတျမင္တတ္ရမည္ျဖစ္ေၾကာင္း၊ မိမိတို႕ေနထိုင္သည့္ တိုင္းျပည္ကို ႏိုင္ငံသားတိုင္းက ခ်စ္ျမတ္ႏိုးၿပီး ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေစရန္ အသိတရား၊ သတိတရားျဖင့္ ထိန္းသိမ္း ေဆာင္ရြက္ၾကေစလိုေၾကာင္း။

တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားႏွင့္ ေစတနာရွင္ျပည္သူမ်ား စုေပါင္း၍ ဘုန္းေတာ္ႀကီး ေက်ာင္းမ်ား၊ သီလရွင္စာသင္တို္က္မ်ား၊ ဘိုးဘြားရိပ္သာမ်ားႏွင့္ ဘာသာေရးအသင္းအဖြဲ႕မ်ားသို႕ ေရွးယခင္ကပင္ လွဴဒါန္းမႈမ်ား ႏွစ္စဥ္ေဆာင္ရြက္ခဲ့ေၾကာင္း၊ အလားတူ ခရစ္ယာန္ႏွင့္ အစၥလာမ္ ဘာသာေရး၊ လူမႈေရးအသင္းအဖြဲ႕မ်ားသို႕လည္း လွဴဒါန္းႏို္င္ရန္ ယမန္ႏွစ္ကပင္ စီစဥ္ခဲ့ၿပီး ယခုႏွစ္တြင္ ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္ အစရွိသည့္ ေနရာမ်ားတြင္ လွဴဒါန္းမႈမ်ား ျပဳလုပ္ျခင္းျဖစ္ေၾကာင္း၊ ကုသိုလ္အလုပ္ဆိုသည္မွာ ရွိတာကို မွ်ေဝခံစားေစလိုသည့္ စိတ္ရင္း ေစတနာျဖင့္ ေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း၊ ဘာသာလူမ်ိဳးမခြဲျခားဘဲ မြန္ျမတ္သည့္ ကုသိုလ္ အလုပ္မ်ားကို ယခုထက္ ပိုမိုေဆာင္ရြက္ႏို္င္ၾကပါေစဟု ဆုမြန္ေကာင္းေတာင္းပါေၾကာင္း စသည္ျဖင့္ ျပည့္ျပည့္စံုစံု ရွင္းလင္းေျပာၾကားသည္။

လွဴဒါန္းမႈအသီးသီးျပဳလုပ္ရာ၌ မြတ္စလင္ကုသိုလ္ျဖစ္ေဆး႐ံုတြင္ တပ္မေတာ္ (ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားႏွင့္ ေစတနာရွင္ျပည္သူမ်ားက လွဴဒါန္းသည့္ ဆန္၊ ဆီ၊ ဆား၊ ပဲႏွင့္ အလွဴေငြမ်ားအား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေပးအပ္လွဴဒါန္းရာ မြတ္စလင္ကုသိုလ္ျဖစ္ေဆး႐ံုႏွင့္ ဇီဝိတဒါန အသင္းမွ အက်ိဳးေဆာင္ ေဆး႐ံုအုပ္ႀကီး ေဒါက္တာ အက္စ္မဒါးကလည္းေကာင္း၊ စစ္ေထာက္ခ်ဳပ္ႏွင့္ ေစတနာရွင္ျပည္သူမ်ားက စားေသာက္ဖြယ္ရာမ်ားႏွင့္အလွဴေငြမ်ားအား ေပးအပ္လွဴဒါန္းရာ တာဝန္ရွိသူမ်ားကလည္းေကာင္း အသီးသီးလက္ခံရယူၾကသည္။

ကတ္သလစ္သီလရွင္ေလးမ်ား၏ ဘိုးဘြားရိပ္သာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အလွဴေငြမ်ားေပးအပ္လွဴဒါန္းရာ စစၥတာႀကီး ေမရီဂ်ိဳးစဖင္းက လက္ခံရယူသည္။ ဆက္လက္၍ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ႏွင့္ ေစတနာရွင္ျပည္သူမ်ားက ဆန္၊ ဆီ၊ ဆား၊ ပဲႏွင့္ အလွဴေငြမ်ားအားေပးအပ္လွဴဒါန္းရာ စစၥတာႀကီး ေမရီဂ်ိဳးစဖင္းက လက္ခံရယူခဲ့သည္။

သွ်ရီသွ်ရီစႏၵီမယ္ေတာ္ဟိႏၵဴဘုရားေက်ာင္းတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အလွဴေငြမ်ား ေပးအပ္လွဴဒါန္းရာ ျမန္မာႏိုင္ငံလံုးဆိုင္ရာ ဟိႏၵဴဘာသာေရးဗဟိုအဖြဲ႕ခ်ဳပ္ ဒုတိယဥကၠ႒ ဦးေအာင္သြင္က လက္ခံရယူသည္။ ဆက္လက္၍ စစ္ေရးခ်ဳပ္ႏွင့္ ေစတနာရွင္ျပည္သူမ်ားက ေပးအပ္ လွဴဒါန္းရာ သွ်ရီသွ်ရီစႏၵီ မယ္ေတာ္ဟိႏၵဴဘုရားေက်ာင္းမွ တာဝန္ရွိသူမ်ားက အသီးသီးလက္ခံ ရယူၾကသည္။

ဇဖာရ္ရွားဂူဗိမာန္တြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေပးအပ္လွဴဒါန္းရာ ျမန္မာႏိုင္ငံလံုးဆိုင္ရာ ဇဖာရ္ရွားဂူဗိမာန္ႀကီးၾကပ္ေရးေကာ္မတီမွ ဟာဂ်ီဦးေအးလြင္က လက္ခံရယူၿပီး အမွတ္တရ လက္ေဆာင္ျပန္လည္ေပးအပ္သည္။ ဆက္လက္၍ စစ္ေရးခ်ဳပ္ႏွင့္ ေစတနာရွင္ျပည္သူမ်ားက ေပးအပ္လွဴဒါန္းရာ ဇဖာရ္ရွားဂူဗိမာန္ ႀကီးၾကပ္ေရးေကာ္မတီမွ တာဝန္ရွိသူမ်ားက လက္ခံရယူ ၾကသည္။

လွဴဒါန္းပြဲမ်ား အၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ မြတ္ဆလင္ ကုသိုလ္ျဖစ္ေဆး႐ံုတြင္ တက္ေရာက္ေဆးကုသမႈခံယူေနၾကသူမ်ား၊ ကတ္သလစ္ သီလရွင္ေလးမ်ား ၏ ဘိုးဘြားရိပ္သာရွိ ဘိုးဘြားမ်ား၏ က်န္းမာေရးအေျခအေနမ်ားအား ရင္းရင္းႏွီးႏွီးအားေပး စကားေျပာၾကားျခင္း၊ သွ်ရီသွ်ရီစႏၵီမယ္ေတာ္ ဟိႏၵဴဘုရားေက်ာင္းႏွင့္ ဇဖာရ္ရွားဂူဗိမာန္မ်ားအတြင္း လွည့္လည္ၾကည့္႐ႈေလ့လာျခင္းမ်ား ျပဳလုပ္ခဲ့ၾကသည္။ ယင္းေနာက္သက္ဆိုင္ရာ ဘာသာေရး အသင္းအဖြဲ႕မ်ားမွ တာဝန္ရွိသူမ်ားက ေက်းဇူးတင္စကားႏွင့္ ဆုေတာင္းစကားမ်ား အသီးသီးျပန္လည္ ေျပာၾကားခဲ့ၾကၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားက တက္ေရာက္လာၾကသည့္ ဘာသာေရး ေခါင္းေဆာင္မ်ားႏွင့္ ဧည့္ပရိသတ္မ်ားအား ရင္းရင္းႏွီးႏွီးႏႈတ္ဆက္ကာ အမွတ္တရ စုေပါင္းဓာတ္ပံုမ်ား႐ိုက္ကူးၾကသည္။

တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားႏွင့္ ေစတနာရွင္ျပည္သူမ်ား၏ ေက်ာက္တံတားၿမိဳ႕နယ္ႏွင့္ မဂၤလာေတာင္ၫြန္႕ၿမိဳ႕နယ္ရွိ မြတ္ဆလင္ကုသိုလ္ျဖစ္ေဆး႐ံု၊ ကတ္သလစ္သီလရွင္ေလးမ်ား၏ ဘိုးဘြားရိပ္သာ၊ သွ်ရီသွ်ရီစႏၵီမယ္ေတာ္ဟိႏၵဴ ဘုရားေက်ာင္းႏွင့္ ဇဖာရ္ရွားဂူဗိမာန္မ်ားသို႕ ယေန႕ လွဴဒါန္းမႈအေနျဖင့္ တပ္မေတာ္ (ၾကည္း၊ ေရ၊ ေလ) မိသားစုမ်ားက အလွဴေငြက်ပ္သိန္း ၁၂၀၊ ဆန္ ၁၄၆ အိတ္၊ ကုလားပဲ ၁၅ အိတ္၊ ဆား ၂ အိတ္ႏွင့္ ၁၇၅ ပိႆာ၊ ဆီ ၄၉ ပိႆာ ၉၀ က်ပ္သား၊ နန္းၿမိဳင္ေကာ္ဖီႏွင့္ ေရႊဖီဦးလက္ဖက္ရည္ထုပ္ ၃၇၈၀ ထုပ္တို႕ကို လွဴဒါန္းခဲ့ၾကၿပီး ေစတနာရွင္ ျပည္သူမ်ားက အလွဴေငြက်ပ္သိန္း ၁၂၀ ကိုလွဴဒါန္းခဲ့ပါသည္။

 

(Unicode Version)

လူတိုင်း၊ နေရာတိုင်း၊ ဘာသာတိုင်း၊ အဖွဲ့အစည်းတိုင်း တိုင်းပြည်၏ ကောင်းရာ ကောင်းကျိုးအတွက် တူညီသည့် ဦးတည်ချက်များဖြင့် စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက် ကြမှသာ နိုင်ငံတော်အတွက် “အား” ဖြစ်စေနိုင်မည်

နေပြည်တော်၊ စက်တင်ဘာ – ၁၇

တပ်မတော်သားများအနေဖြင့် နိုင်ငံတော်လုံခြုံရေး၊ ကာကွယ်ရေးတာဝန်များ ရှိသည့်အပြင် နိုင်ငံသားတစ်ဦးချင်းစီအနေဖြင့် မိမိနိုင်ငံကောင်းရာကောင်းကျိုး၊ အကျိုးစီးပွားကို တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်ရမည့်တာဝန်လည်းရှိကြောင်း၊ လူတိုင်း၊ နေရာတိုင်း၊ ဘာသာတိုင်း၊ အဖွဲ့အစည်းတိုင်း တိုင်းပြည်၏ကောင်းရာ ကောင်းကျိုးအတွက် တူညီသည့် ဦးတည်ချက်များဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြမှသာ နိုင်ငံတော်အတွက် “အား”ဖြစ်စေနိုင်မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့တွင် ရန်ကုန်တိုင်း ဒေသကြီး၊ ကျောက်တံတားမြို့နယ်နှင့် မင်္ဂလာတောင်ညွန်မြို့နယ်ရှိ မွတ်ဆလင်ကုသိုလ်ဖြစ်ဆေးရုံ၊ ကတ်သလစ်သီလရှင်လေးများ၏ဘိုးဘွားရိပ်သာ၊ သျှရီသျှရီစန္ဒီမယ်တော်ဟိန္ဒူဘုရား ကျောင်းနှင့် ဇဖါရ်ရှား ဂူဗိမာန်များသို့ သွားရောက်၍ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင် ပြည်သူများက လှူဒါန်းသည့် ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် အလှူငွေများ ပေးအပ်လှူဒါန်းရာတွင် ထည့်သွင်းပြောကြားသည်။

အဆိုပါ လှူဒါန်းပွဲများသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဆိုပါအခမ်းအနားများတွင် လှူဒါန်းမှုများပြုလုပ်ရခြင်း အကြောင်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာ၌ “အာရောဂျံ၊ ပရမံ၊ လာဘံ”ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဖြစ်သည့်အတွက် လူတိုင်းကျန်းမာချင်ကြကြောင်း၊ လူတိုင်း၏ မျှော်လင့်ချက်မှာ ကျန်းမာစွာနှင့် အသက်ရှည်စွာနေထိုင်နိုင်ရေးပင် ဖြစ်ကြောင်း၊ ကျန်းမာမှ အလုပ်လုပ်နိုင်၊ ပညာသင်ကြားနိုင်၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတတ်အောင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ သို့သော် မကျန်းမမာ ဖြစ်လာပါက ဆေးကုသမှု ခံယူရန်အတွက် ထိုက်သင့်သည့် ကုန်ကျမှု ရှိမည်ဖြစ်ကြောင်း၊ ယနေ့လှူဒါန်းမှုများ ပြုလုပ်သော ကုသိုလ်ဖြစ်ဆေးရုံ၊ ဘိုးဘွားရိပ်သာများသည် ကုန်ကျစရိတ် မတတ်နိုင်သူများကို လူမျိုးမရွေး၊ ဘာသာမရွေး ဆေးဝါးကုသပေးခြင်း၊ သက်ကြီးရွယ်အိုများအား ကူညီစောင့်ရှောက်ပေးခြင်း စသည့် မွန်မြတ်၍ တန်ဖိုးရှိသော ဇီဝိတဒါန ကုသိုလ်အလုပ်များ ဖြစ်၍ မိမိတို့အနေဖြင့် တတ်နိုင်သမျှလှူဒါန်းခြင်းဖြစ်ကြောင်း၊ စေတနာရှင်ပြည်သူများကလည်း သဒ္ဓါတရား ထက်သန်စွာ ထည့်ဝင်စုပေါင်း လှူဒါန်းကြကြောင်း။

တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်းဖြစ်ပြီး တပ်မတော်သားများသည် ပြည်သူများမှ မွေးဖွားသော ပြည်သူ၏ အစိတ်အပိုင်းဖြစ်ကြကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် ပြည်သူများ၏ အခြေခံလိုအပ်ချက်ဖြစ်သော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အလေးထား ကာ တပ်မတော်သို့ လှူဒါန်းငွေများ၊ တပ်မတော်သက်သာ ချောင်ချိရေးရံပုံငွေများမှ ကျခံသုံးစွဲ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင် ပြည်သူများ၏ စုပေါင်းအားဖြင့်လှူဒါန်းမှုပြုနိုင်ခြင်းဖြစ်၍ မည်သည့်အခက်အခဲကိုမဆို တိုင်းပြည် အတွက် တူညီသည့်စိတ်ဓာတ်၊ တူညီသည့် ရည်ရွယ်ချက်၊ တူညီသည့် အလုပ်ကို စုပေါင်း လုပ်ဆောင်ခြင်းဖြင့် တိုင်းပြည်၏ “အား” ကို ရရှိနိုင်မည်ဖြစ်ကြောင်း။

မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာသာသနာသည် နိုင်ငံသားအများဆုံးကိုးကွယ်ရာ ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် ဘာသာသာသနာအဖြစ် အသိအမှတ်ပြုသကဲ့သို့ အခြားဘာသာများကိုလည်း ယုံကြည်ကိုးကွယ်ရာ ဘာသာများအဖြစ် အသိအမှတ်ပြုကာ ဘာသာရေးအရ ခွဲခြားမှု၊ ကွဲပြားမှု မရှိကြောင်း၊ နိုင်ငံတွင်း မှီတင်းနေထိုင်ကြသူ နိုင်ငံသားများအားလုံး တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ တစ်လေတည်းရှုကြသူများဖြစ်၍ စည်းလုံးညီညွတ်စွာဖြင့် တူညီသော ရည်ရွယ်ချက်ထားရှိကာ မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကြမည်ဆိုသည့် စိတ်မွေးကြရန် လိုကြောင်း၊ ခိုင်မြဲပြီး အစည်းမပြေသည့် ဝါးစည်းကဲ့သို့ ရှိကြမှသာ မည်သူကပင် ခြိမ်းခြောက် သည်ဖြစ်စေ စိုးရိမ်ကြောင့်ကြစရာရှိမည် မဟုတ်ကြောင်း၊ နိုင်ငံအတွင်း တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ တည်ရှိနေခြင်းသည် ပကတိအမှန်တရား အတိုင်းပင်ဖြစ်သည်ကို သိရှိ၍ ခွဲခြားစိတ် မထားကြရန်လိုကြောင်း၊ နိုင်ငံအတွက် သိသင့်သိထိုက်သည်များကို သိရှိနားလည်ပြီး မည်သည့် အကြောင်းအရာတွင်မဆို ကွဲပြားမှုမရှိ ကိုယ်စီတာဝန်ကျေပွန်ကာ တိုင်းပြည်အတွက် ကောင်းကျိုး ဖော်ဆောင်ကြစေလိုကြောင်း။

မိမိတို့ တစ်ဦးချင်း၊ မိသားစု၊ အဖွဲ့အစည်းအသီးသီးတို့ အနေဖြင့် တိုင်းပြည်အတွက် ထိခိုက် နစ်နာစေမည့် အကြောင်းအရာများကို ရှောင်ကြဉ်ကာ မိမိလိုရာကိုသာ တွေး၍မရဘဲ ကောင်းကျိုးကို မျှမျှတတမြင်တတ်ရမည်ဖြစ်ကြောင်း၊ မိမိတို့နေထိုင်သည့် တိုင်းပြည်ကို နိုင်ငံသားတိုင်းက ချစ်မြတ်နိုးပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန် အသိတရား၊ သတိတရားဖြင့် ထိန်းသိမ်း ဆောင်ရွက်ကြစေလိုကြောင်း။

တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများ စုပေါင်း၍ ဘုန်းတော်ကြီး ကျောင်းများ၊ သီလရှင်စာသင်တိုက်များ၊ ဘိုးဘွားရိပ်သာများနှင့် ဘာသာရေးအသင်းအဖွဲ့များသို့ ရှေးယခင်ကပင် လှူဒါန်းမှုများ နှစ်စဉ်ဆောင်ရွက်ခဲ့ကြောင်း၊ အလားတူ ခရစ်ယာန်နှင့် အစ္စလာမ် ဘာသာရေး၊ လူမှုရေးအသင်းအဖွဲ့များသို့လည်း လှူဒါန်းနိုင်ရန် ယမန်နှစ်ကပင် စီစဉ်ခဲ့ပြီး ယခုနှစ်တွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အစရှိသည့် နေရာများတွင် လှူဒါန်းမှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ကုသိုလ်အလုပ်ဆိုသည်မှာ ရှိတာကို မျှဝေခံစားစေလိုသည့် စိတ်ရင်း စေတနာဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဘာသာလူမျိုးမခွဲခြားဘဲ မွန်မြတ်သည့် ကုသိုလ် အလုပ်များကို ယခုထက် ပိုမိုဆောင်ရွက်နိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်းပါကြောင်း စသည်ဖြင့် ပြည့်ပြည့်စုံစုံ ရှင်းလင်းပြောကြားသည်။

လှူဒါန်းမှုအသီးသီးပြုလုပ်ရာ၌ မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံတွင် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက လှူဒါန်းသည့် ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် အလှူငွေများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပေးအပ်လှူဒါန်းရာ မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံနှင့် ဇီဝိတဒါန အသင်းမှ အကျိုးဆောင် ဆေးရုံအုပ်ကြီး ဒေါက်တာ အက်စ်မဒါးကလည်းကောင်း၊ စစ်ထောက်ချုပ်နှင့် စေတနာရှင်ပြည်သူများက စားသောက်ဖွယ်ရာများနှင့်အလှူငွေများအား ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများကလည်းကောင်း အသီးသီးလက်ခံရယူကြသည်။

ကတ်သလစ်သီလရှင်လေးများ၏ ဘိုးဘွားရိပ်သာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အလှူငွေများပေးအပ်လှူဒါန်းရာ စစ္စတာကြီး မေရီဂျိုးစဖင်းက လက်ခံရယူသည်။ ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် စေတနာရှင်ပြည်သူများက ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် အလှူငွေများအားပေးအပ်လှူဒါန်းရာ စစ္စတာကြီး မေရီဂျိုးစဖင်းက လက်ခံရယူခဲ့သည်။

သျှရီသျှရီစန္ဒီမယ်တော်ဟိန္ဒူဘုရားကျောင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အလှူငွေများ ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်သွင်က လက်ခံရယူသည်။ ဆက်လက်၍ စစ်ရေးချုပ်နှင့် စေတနာရှင်ပြည်သူများက ပေးအပ် လှူဒါန်းရာ သျှရီသျှရီစန္ဒီ မယ်တော်ဟိန္ဒူဘုရားကျောင်းမှ တာဝန်ရှိသူများက အသီးသီးလက်ခံ ရယူကြသည်။

ဇဖာရ်ရှားဂူဗိမာန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဇဖာရ်ရှားဂူဗိမာန်ကြီးကြပ်ရေးကော်မတီမှ ဟာဂျီဦးအေးလွင်က လက်ခံရယူပြီး အမှတ်တရ လက်ဆောင်ပြန်လည်ပေးအပ်သည်။ ဆက်လက်၍ စစ်ရေးချုပ်နှင့် စေတနာရှင်ပြည်သူများက ပေးအပ်လှူဒါန်းရာ ဇဖာရ်ရှားဂူဗိမာန် ကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူများက လက်ခံရယူ ကြသည်။

လှူဒါန်းပွဲများ အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မွတ်ဆလင် ကုသိုလ်ဖြစ်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေကြသူများ၊ ကတ်သလစ် သီလရှင်လေးများ ၏ ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများ၏ ကျန်းမာရေးအခြေအနေများအား ရင်းရင်းနှီးနှီးအားပေး စကားပြောကြားခြင်း၊ သျှရီသျှရီစန္ဒီမယ်တော် ဟိန္ဒူဘုရားကျောင်းနှင့် ဇဖာရ်ရှားဂူဗိမာန်များအတွင်း လှည့်လည်ကြည့်ရှုလေ့လာခြင်းများ ပြုလုပ်ခဲ့ကြသည်။ ယင်းနောက်သက်ဆိုင်ရာ ဘာသာရေး အသင်းအဖွဲ့များမှ တာဝန်ရှိသူများက ကျေးဇူးတင်စကားနှင့် ဆုတောင်းစကားများ အသီးသီးပြန်လည် ပြောကြားခဲ့ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက တက်ရောက်လာကြသည့် ဘာသာရေး ခေါင်းဆောင်များနှင့် ဧည့်ပရိသတ်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ အမှတ်တရ စုပေါင်းဓာတ်ပုံများရိုက်ကူးကြသည်။

တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများ၏ ကျောက်တံတားမြို့နယ်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မွတ်ဆလင်ကုသိုလ်ဖြစ်ဆေးရုံ၊ ကတ်သလစ်သီလရှင်လေးများ၏ ဘိုးဘွားရိပ်သာ၊ သျှရီသျှရီစန္ဒီမယ်တော်ဟိန္ဒူ ဘုရားကျောင်းနှင့် ဇဖာရ်ရှားဂူဗိမာန်များသို့ ယနေ့ လှူဒါန်းမှုအနေဖြင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက အလှူငွေကျပ်သိန်း ၁၂၀၊ ဆန် ၁၄၆ အိတ်၊ ကုလားပဲ ၁၅ အိတ်၊ ဆား ၂ အိတ်နှင့် ၁၇၅ ပိဿာ၊ ဆီ ၄၉ ပိဿာ ၉၀ ကျပ်သား၊ နန်းမြိုင်ကော်ဖီနှင့် ရွှေဖီဦးလက်ဖက်ရည်ထုပ် ၃၇၈၀ ထုပ်တို့ကို လှူဒါန်းခဲ့ကြပြီး စေတနာရှင် ပြည်သူများက အလှူငွေကျပ်သိန်း ၁၂၀ ကိုလှူဒါန်းခဲ့ပါသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။