မှန်ကန်သည့်ခေါင်းဆောင်ကောင်း ဖြစ်စေရန်အတွက် အမိန့်နာခံမှုကောင်းစွာဖြင့် နောက်လိုက်ကောင်းဖြစ်ရန် လည်းလိုအပ်၊ စည်းကမ်းရှိပြီး စည်းလုံးညီညွတ်စွာဖြင့် တိုးတက်အောင် ဆောင်ရွက်ကြရန်လို

ေနျပည္ေတာ္၊ စက္တင္ဘာ ၁၉

မွန္ကန္သည့္ေခါင္းေဆာင္ျဖစ္ေစရန္အတြက္ အမိန္႔နာခံမႈေကာင္းစြာျဖင့္ ေနာက္လိုက္ေကာင္းျဖစ္ရန္လည္း လိုအပ္ေၾကာင္း၊ ဘဝရည္မွန္းခ်က္မ်ား ျပည့္ဝရန္အတြက္ တစ္ဦးခ်င္း မိမိကိုယ္ကိုထိန္းသိမ္း၍ စည္းကမ္းတက် ႀကိဳးစားအားထုတ္ၾကရန္၊ ေရာင့္ရဲတင္းတိမ္စိတ္ရွိၾကရန္၊ စည္းလံုးညီၫြတ္စြာျဖင့္ မိမိတို႔ႏိုင္ငံကို တိုးတက္ ေကာင္းမြန္ေအာင္ေဆာင္ရြက္ၾကရန္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က တပ္မေတာ္(ၾကည္း) ဗိုလ္သင္တန္းေက်ာင္း(ေမွာ္ဘီ)မွ နည္းျပအရာရွိမ်ား၊ ေျခလ်င္တပ္စုမွဴး(အမ်ိဳးသမီး) သင္တန္းႏွင့္ ဘြဲ႕ရအမ်ိဳးသမီးဗိုလ္ေလာင္းသင္တန္း တို႔မွ သင္တန္းသူမ်ားအား ယေန႔နံနက္ပိုင္းတြင္ ျမဝတီခန္းမ၌ ေတြ႕ဆံုအမွာစကားေျပာၾကားစဥ္ ထည့္သြင္းေျပာၾကားသည္။

အဆိုပါေတြ႕ဆံုပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမွဴး၊ ေမွာ္ဘီတပ္နယ္မွ တပ္ရင္းတပ္ဖြဲ႕မွဴးမ်ား၊ တပ္မေတာ္(ၾကည္း) ဗိုလ္သင္တန္းေက်ာင္း(ေမွာ္ဘီ)မွ နည္းျပအရာရွိမ်ား၊ ေျခလ်င္တပ္စုမွဴး(အမ်ိဳးသမီး) သင္တန္းႏွင့္ ဘြဲ႕ရအမ်ိဳးသမီးဗိုလ္ေလာင္းသင္တန္းတို႔မွ သင္တန္းသူမ်ား တက္ေရာက္ၾကသည္။

ေတြ႕ဆံုအမွာစကားေျပာၾကားရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျမန္မာႏိုင္ငံ၏ လူဦးေရ ၅၀ ရာခိုင္ႏႈန္းေက်ာ္မွာ အမ်ိဳးသမီးမ်ားျဖစ္ေၾကာင္း၊ ႏိုင္ငံတကာတြင္ အမ်ိဳးသမီးမ်ား၏ က႑ကိုျမႇင့္တင္လ်က္ ရွိသကဲ့သို႔ မိမိတို႔တပ္မေတာ္တြင္ ယခင္ကတည္းက အမ်ိဳးသမီးစစ္မႈထမ္းမ်ားအား လက္႐ံုးဝန္ထမ္း တပ္ဖြဲ႕မ်ားတြင္ တာဝန္ေပးအပ္ခဲ့ၿပီး အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေဆးတပ္ဖြဲ႕တြင္သာ ဆက္လက္တာဝန္ ေပးအပ္ခဲ့ေၾကာင္း၊ ယခုအခါ မိမိတို႔အေနျဖင့္ အမ်ိဳးသမီးအရာရွိ၊ စစ္သည္မ်ားအား ျပန္လည္ေမြးထုတ္ကာ တာဝန္ေပးအပ္လ်က္ရွိၿပီး ယခုကဲ့သို႔ အမ်ိဳးသမီးအရာရွိမ်ား ေမြးထုတ္ေပးေနျခင္းသည္ စစ္ဘက္ ေခါင္းေဆာင္မ်ား ေမြးထုတ္ေပးေနျခင္းပင္ျဖစ္ေၾကာင္း၊ ဗိုလ္ေလာင္းသင္တန္း၊ တပ္စုမွဴးသင္တန္းဆိုသည္မွာ စာေပအတန္းပညာ သင္ၾကားျခင္းမဟုတ္ဘဲ စစ္ဘက္ဆိုင္ရာ ေခါင္းေဆာင္မႈအတတ္ပညာကို သင္ၾကားေပးေနျခင္း ျဖစ္ေၾကာင္း၊ ေခါင္းေဆာင္ေကာင္းျဖစ္ရန္အတြက္ ေနာက္လိုက္ေကာင္းျဖစ္ရန္လိုသလို အမိန္႔နာခံတတ္မႈႏွင့္ ၫႊန္ၾကားခ်က္မ်ားအား ေအာင္ျမင္စြာ အေကာင္အထည္ ေဖာ္ႏိုင္စြမ္းရွိရမည္ျဖစ္ေၾကာင္း။

လူတိုင္းတြင္ ဘဝအတြက္ ရည္မွန္းခ်က္မ်ားကိုယ္စီရွိၾကၿပီး မိမိတို႔ရည္မွန္းခ်က္မ်ားကို အေကာင္အထည္ ေဖာ္ရာတြင္ ကိုယ့္ကိုကိုယ္ ထိန္းသိမ္းေနထိုင္ရမည္ျဖစ္ၿပီး ႀကိဳးစားအားထုတ္မႈ၊ စည္းကမ္းလိုက္နာမႈ၊ က်န္းမာေရးေကာင္းမြန္မႈႏွင့္ တာဝန္ထမ္းေဆာင္ႏို္င္မႈမ်ားအေပၚ မူတည္၍ ရလဒ္ကြာျခားသြားေၾကာင္း၊ “စည္းကမ္းသည္ တပ္မေတာ္၏ ေက်ာ႐ိုး” ျဖစ္သည္ႏွင့္အညီ သတ္မွတ္ဝတ္စားဆင္ယင္မႈကအစ အေသးအဖြဲ စည္းကမ္းမ်ားလိုက္နာျခင္းျဖင့္ မိမိကိုယ္ကိုထိန္းသိမ္း၍ ေနထိုင္ရမည္ျဖစ္ေၾကာင္း၊ က်ီးဘုတ္႐ိုေသ ဘုတ္က်ီး႐ိုေသ ဆိုသကဲ့သို႔ အထက္ေအာက္အျပန္အလွန္ ႐ိုေသေလးစားမႈရွိရမည္ျဖစ္ၿပီး စည္းလံုး ညီၫြတ္စြာျဖင့္ ေနထိုင္ရမည္ျဖစ္ေၾကာင္း၊ တစ္ဦးခ်င္းတိုးတက္မႈမွသည္ တပ္တစ္တပ္ခ်င္းတိုးတက္ေအာင္၊ တပ္မေတာ္တစ္ရပ္လံုး တိုးတက္ေအာင္ ေဆာင္ရြက္ၾကရန္လိုေၾကာင္း၊ ႏိုင္ငံ၏ အစိတ္အပိုင္းျဖစ္ေသာ တပ္မေတာ္ တိုးတက္ျခင္းသည္ ႏိုင္ငံတိုးတက္ျခင္းလည္း ျဖစ္ေၾကာင္း။

အဆင့္ႏွင့္ေလ်ာ္ညီသည့္ အသိပညာ၊ အတတ္ပညာမ်ား သင္ယူတတ္ေျမာက္ႏိုင္ေစရန္အတြက္ ယခုကဲ့သို႔ သင္တန္းမ်ားအဆင့္ဆင့္ ဖြင့္လွစ္သင္ၾကားေပးျခင္းျဖစ္ေၾကာင္း၊ မိမိတာဝန္ထမ္းေဆာင္ေနရသည့္ တပ္ရင္း၊ တပ္ဖြဲ႕မ်ားႏွင့္ သင္တန္းေက်ာင္းမ်ားတြင္ အၿမဲႀကိဳးစားအားထုတ္မႈရွိေနရမည္ျဖစ္ၿပီး မိမိကိုယ္ကို တိုးတက္ေအာင္ အသိပညာ အတတ္ပညာမ်ားျဖင့္ တည္ေဆာက္ရမည္ျဖစ္ေၾကာင္း၊ ေခါင္းေဆာင္အေနျဖင့္ လက္ေအာက္ကို ညီၫြတ္မွ်တစြာ မွန္မွန္ကန္ကန္ အုပ္ခ်ဳပ္ေနရမည္ျဖစ္ၿပီး အသိတရား၊ သတိတရားထား၍ အလုပ္လုပ္ျခင္းျဖင့္ ေအာင္ျမင္မႈ အက်ိဳးရရွိႏိုင္မည္ျဖစ္ေၾကာင္း၊ အခ်ိန္ကိုအက်ိဳးရွိစြာ အသံုးခ်ရန္လိုၿပီး ဘဝတိုးတက္ေရး အေထာက္အကူျဖစ္ေစမည့္ ဗဟုသုတႏွင့္ စာေပမ်ားရွာေဖြ ဖတ္မွတ္ေလ့လာရန္ လိုသည့္အျပင္ က်န္းမာေရးအတြက္ ကိုယ္လက္လႈပ္ရွားအားကစားကိုလည္း အခ်ိန္ေပး၍ လုပ္ေဆာင္ရန္ လိုေၾကာင္း၊ သြားသင့္သည့္ေနရာကိုသာသြားရန္၊ ေပါင္းသင့္သည့္ သူကိုသာေပါင္းရန္၊ လုပ္သင့္သည့္ အလုပ္ကိုသာလုပ္ရန္ႏွင့္ ေျပာသင့္သည္ကိုသာေျပာရန္ဟူေသာ သင့္ ၄ သင့္ကို လိုက္နာရန္လိုေၾကာင္း၊ မိမိကိုယ္မိမိ အလိုမလိုက္ရန္ႏွင့္ လက္ေအာက္ကိုလည္း ထိန္းသိမ္းၾကပ္မတ္ရန္လိုေၾကာင္း၊ မိမိဘဝ တိုးတက္မႈႏွင့္ က်န္းမာေရးကိုထိခိုက္ ပ်က္စီးေစႏိုင္သည့္ လုပ္ငန္းရပ္မ်ားကို ေရွာင္ၾကဥ္ၾကရန္လိုေၾကာင္း၊ မိမိကိုယ္ကို စည္းကမ္းတက် ေရာင့္ရဲတင္းတိမ္စိတ္ျဖင့္ ထိန္းသိမ္းၿပီး ႀကိဳးစားအားထုတ္မႈမ်ားျဖင့္ ဘဝတိုးတက္ေအာင္ ေဆာင္ရြက္ကာ တပ္မေတာ္အရာရွိ ေခါင္းေဆာင္ေကာင္းမ်ားျဖစ္ေအာင္ ႀကိဳးစားၾကရမည္ ျဖစ္ေၾကာင္းျဖင့္ မွာၾကားသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ပူးေပါင္းစစ္ဆင္ေရးႏွင့္ ေလထီးသင္တန္းေက်ာင္း၊ ေလထီးခ်ကြင္းတြင္ အလြတ္ခုန္ေလထီး(အမ်ိဳးသမီး) သင္တန္းအမွတ္စဥ္ (၂)မွ အလြတ္ခုန္ေလထီးစစ္သမီးမ်ား၏ အျမင့္ေပ ၅၀ဝ၀ မွ အလြတ္ခုန္ေလထီးဖြင့္သင္ခန္းစာ လက္ေတြ႕ ေလ့က်င့္ေနမႈမ်ားအား သြားေရာက္ၾကည့္႐ႈသည္။ ယင္းေနာက္ သင္တန္းသူမ်ားအား ရင္းရင္းႏွီးႏွီးေတြ႕ဆံု၍ ေလထီးစစ္သည္မ်ားအေနျဖင့္ ေခတ္မီတပ္မေတာ္ျဖစ္ေရးတြင္ တစ္စိတ္တစ္ပိုင္းမွ ပါဝင္အားျဖည့္လ်က္ ရွိေၾကာင္း၊ ႐ုပ္ပိုင္းဆိုင္ရာ၊ စိတ္ပိုင္းဆိုင္ရာ ႀကံ႕ခိုင္မႈရွိစြာျဖင့္ ရဲရဲဝံ့ဝံ့ေလ့က်င့္ေနၾကသည္ကို ေတြ႕ရွိရသျဖင့္ ဂုဏ္ယူအသိအမွတ္ျပဳပါေၾကာင္း၊ သင္တန္းၿပီးေျမာက္ၿပီး လစဥ္၊ ႏွစ္စဥ္ ျပန္လည္ေလ့က်င့္မႈမ်ားတြင္လည္း မပ်က္မကြက္ျဖင့္ နည္းစနစ္မွန္ကန္စြာ ေလ့က်င့္ၾကရန္လိုေၾကာင္းႏွင့္ ႏိုင္ငံတကာႏွင့္ရင္ေဘာင္တန္း၍ တပ္မေတာ္၏ဂုဏ္ကို ျမႇင့္တင္ၾကရမည္ျဖစ္ေၾကာင္းျဖင့္ အမွာစကားေျပာၾကားခဲ့ၿပီး ဂုဏ္ျပဳခ်ီးျမႇင့္ေငြမ်ား ေပးအပ္ခဲ့သည္။

(Unicode Version)

မှန်ကန်သည့်ခေါင်းဆောင်ကောင်း ဖြစ်စေရန်အတွက် အမိန့်နာခံမှုကောင်းစွာဖြင့် နောက်လိုက်ကောင်းဖြစ်ရန် လည်းလိုအပ်၊ စည်းကမ်းရှိပြီး စည်းလုံးညီညွတ်စွာဖြင့် တိုးတက်အောင် ဆောင်ရွက်ကြရန်လို

နေပြည်တော်၊ စက်တင်ဘာ ၁၉

မှန်ကန်သည့်ခေါင်းဆောင်ဖြစ်စေရန်အတွက် အမိန့်နာခံမှုကောင်းစွာဖြင့် နောက်လိုက်ကောင်းဖြစ်ရန်လည်း လိုအပ်ကြောင်း၊ ဘဝရည်မှန်းချက်များ ပြည့်ဝရန်အတွက် တစ်ဦးချင်း မိမိကိုယ်ကိုထိန်းသိမ်း၍ စည်းကမ်းတကျ ကြိုးစားအားထုတ်ကြရန်၊ ရောင့်ရဲတင်းတိမ်စိတ်ရှိကြရန်၊ စည်းလုံးညီညွတ်စွာဖြင့် မိမိတို့နိုင်ငံကို တိုးတက် ကောင်းမွန်အောင်ဆောင်ရွက်ကြရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)မှ နည်းပြအရာရှိများ၊ ခြေလျင်တပ်စုမှူး(အမျိုးသမီး) သင်တန်းနှင့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း တို့မှ သင်တန်းသူများအား ယနေ့နံနက်ပိုင်းတွင် မြဝတီခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မှော်ဘီတပ်နယ်မှ တပ်ရင်းတပ်ဖွဲ့မှူးများ၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)မှ နည်းပြအရာရှိများ၊ ခြေလျင်တပ်စုမှူး(အမျိုးသမီး) သင်တန်းနှင့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းတို့မှ သင်တန်းသူများ တက်ရောက်ကြသည်။

တွေ့ဆုံအမှာစကားပြောကြားရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံ၏ လူဦးရေ ၅၀ ရာခိုင်နှုန်းကျော်မှာ အမျိုးသမီးများဖြစ်ကြောင်း၊ နိုင်ငံတကာတွင် အမျိုးသမီးများ၏ ကဏ္ဍကိုမြှင့်တင်လျက် ရှိသကဲ့သို့ မိမိတို့တပ်မတော်တွင် ယခင်ကတည်းက အမျိုးသမီးစစ်မှုထမ်းများအား လက်ရုံးဝန်ထမ်း တပ်ဖွဲ့များတွင် တာဝန်ပေးအပ်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ဆေးတပ်ဖွဲ့တွင်သာ ဆက်လက်တာဝန် ပေးအပ်ခဲ့ကြောင်း၊ ယခုအခါ မိမိတို့အနေဖြင့် အမျိုးသမီးအရာရှိ၊ စစ်သည်များအား ပြန်လည်မွေးထုတ်ကာ တာဝန်ပေးအပ်လျက်ရှိပြီး ယခုကဲ့သို့ အမျိုးသမီးအရာရှိများ မွေးထုတ်ပေးနေခြင်းသည် စစ်ဘက် ခေါင်းဆောင်များ မွေးထုတ်ပေးနေခြင်းပင်ဖြစ်ကြောင်း၊ ဗိုလ်လောင်းသင်တန်း၊ တပ်စုမှူးသင်တန်းဆိုသည်မှာ စာပေအတန်းပညာ သင်ကြားခြင်းမဟုတ်ဘဲ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်မှုအတတ်ပညာကို သင်ကြားပေးနေခြင်း ဖြစ်ကြောင်း၊ ခေါင်းဆောင်ကောင်းဖြစ်ရန်အတွက် နောက်လိုက်ကောင်းဖြစ်ရန်လိုသလို အမိန့်နာခံတတ်မှုနှင့် ညွှန်ကြားချက်များအား အောင်မြင်စွာ အကောင်အထည် ဖော်နိုင်စွမ်းရှိရမည်ဖြစ်ကြောင်း။

လူတိုင်းတွင် ဘဝအတွက် ရည်မှန်းချက်များကိုယ်စီရှိကြပြီး မိမိတို့ရည်မှန်းချက်များကို အကောင်အထည် ဖော်ရာတွင် ကိုယ့်ကိုကိုယ် ထိန်းသိမ်းနေထိုင်ရမည်ဖြစ်ပြီး ကြိုးစားအားထုတ်မှု၊ စည်းကမ်းလိုက်နာမှု၊ ကျန်းမာရေးကောင်းမွန်မှုနှင့် တာဝန်ထမ်းဆောင်နိုင်မှုများအပေါ် မူတည်၍ ရလဒ်ကွာခြားသွားကြောင်း၊ “စည်းကမ်းသည် တပ်မတော်၏ ကျောရိုး” ဖြစ်သည်နှင့်အညီ သတ်မှတ်ဝတ်စားဆင်ယင်မှုကအစ အသေးအဖွဲ စည်းကမ်းများလိုက်နာခြင်းဖြင့် မိမိကိုယ်ကိုထိန်းသိမ်း၍ နေထိုင်ရမည်ဖြစ်ကြောင်း၊ ကျီးဘုတ်ရိုသေ ဘုတ်ကျီးရိုသေ ဆိုသကဲ့သို့ အထက်အောက်အပြန်အလှန် ရိုသေလေးစားမှုရှိရမည်ဖြစ်ပြီး စည်းလုံး ညီညွတ်စွာဖြင့် နေထိုင်ရမည်ဖြစ်ကြောင်း၊ တစ်ဦးချင်းတိုးတက်မှုမှသည် တပ်တစ်တပ်ချင်းတိုးတက်အောင်၊ တပ်မတော်တစ်ရပ်လုံး တိုးတက်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံ၏ အစိတ်အပိုင်းဖြစ်သော တပ်မတော် တိုးတက်ခြင်းသည် နိုင်ငံတိုးတက်ခြင်းလည်း ဖြစ်ကြောင်း။

အဆင့်နှင့်လျော်ညီသည့် အသိပညာ၊ အတတ်ပညာများ သင်ယူတတ်မြောက်နိုင်စေရန်အတွက် ယခုကဲ့သို့ သင်တန်းများအဆင့်ဆင့် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ မိမိတာဝန်ထမ်းဆောင်နေရသည့် တပ်ရင်း၊ တပ်ဖွဲ့များနှင့် သင်တန်းကျောင်းများတွင် အမြဲကြိုးစားအားထုတ်မှုရှိနေရမည်ဖြစ်ပြီး မိမိကိုယ်ကို တိုးတက်အောင် အသိပညာ အတတ်ပညာများဖြင့် တည်ဆောက်ရမည်ဖြစ်ကြောင်း၊ ခေါင်းဆောင်အနေဖြင့် လက်အောက်ကို ညီညွတ်မျှတစွာ မှန်မှန်ကန်ကန် အုပ်ချုပ်နေရမည်ဖြစ်ပြီး အသိတရား၊ သတိတရားထား၍ အလုပ်လုပ်ခြင်းဖြင့် အောင်မြင်မှု အကျိုးရရှိနိုင်မည်ဖြစ်ကြောင်း၊ အချိန်ကိုအကျိုးရှိစွာ အသုံးချရန်လိုပြီး ဘဝတိုးတက်ရေး အထောက်အကူဖြစ်စေမည့် ဗဟုသုတနှင့် စာပေများရှာဖွေ ဖတ်မှတ်လေ့လာရန် လိုသည့်အပြင် ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစားကိုလည်း အချိန်ပေး၍ လုပ်ဆောင်ရန် လိုကြောင်း၊ သွားသင့်သည့်နေရာကိုသာသွားရန်၊ ပေါင်းသင့်သည့် သူကိုသာပေါင်းရန်၊ လုပ်သင့်သည့် အလုပ်ကိုသာလုပ်ရန်နှင့် ပြောသင့်သည်ကိုသာပြောရန်ဟူသော သင့် ၄ သင့်ကို လိုက်နာရန်လိုကြောင်း၊ မိမိကိုယ်မိမိ အလိုမလိုက်ရန်နှင့် လက်အောက်ကိုလည်း ထိန်းသိမ်းကြပ်မတ်ရန်လိုကြောင်း၊ မိမိဘဝ တိုးတက်မှုနှင့် ကျန်းမာရေးကိုထိခိုက် ပျက်စီးစေနိုင်သည့် လုပ်ငန်းရပ်များကို ရှောင်ကြဉ်ကြရန်လိုကြောင်း၊ မိမိကိုယ်ကို စည်းကမ်းတကျ ရောင့်ရဲတင်းတိမ်စိတ်ဖြင့် ထိန်းသိမ်းပြီး ကြိုးစားအားထုတ်မှုများဖြင့် ဘဝတိုးတက်အောင် ဆောင်ရွက်ကာ တပ်မတော်အရာရှိ ခေါင်းဆောင်ကောင်းများဖြစ်အောင် ကြိုးစားကြရမည် ဖြစ်ကြောင်းဖြင့် မှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ပူးပေါင်းစစ်ဆင်ရေးနှင့် လေထီးသင်တန်းကျောင်း၊ လေထီးချကွင်းတွင် အလွတ်ခုန်လေထီး(အမျိုးသမီး) သင်တန်းအမှတ်စဉ် (၂)မှ အလွတ်ခုန်လေထီးစစ်သမီးများ၏ အမြင့်ပေ ၅၀ဝ၀ မှ အလွတ်ခုန်လေထီးဖွင့်သင်ခန်းစာ လက်တွေ့ လေ့ကျင့်နေမှုများအား သွားရောက်ကြည့်ရှုသည်။ ယင်းနောက် သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လေထီးစစ်သည်များအနေဖြင့် ခေတ်မီတပ်မတော်ဖြစ်ရေးတွင် တစ်စိတ်တစ်ပိုင်းမှ ပါဝင်အားဖြည့်လျက် ရှိကြောင်း၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိစွာဖြင့် ရဲရဲဝံ့ဝံ့လေ့ကျင့်နေကြသည်ကို တွေ့ရှိရသဖြင့် ဂုဏ်ယူအသိအမှတ်ပြုပါကြောင်း၊ သင်တန်းပြီးမြောက်ပြီး လစဉ်၊ နှစ်စဉ် ပြန်လည်လေ့ကျင့်မှုများတွင်လည်း မပျက်မကွက်ဖြင့် နည်းစနစ်မှန်ကန်စွာ လေ့ကျင့်ကြရန်လိုကြောင်းနှင့် နိုင်ငံတကာနှင့်ရင်ဘောင်တန်း၍ တပ်မတော်၏ဂုဏ်ကို မြှင့်တင်ကြရမည်ဖြစ်ကြောင်းဖြင့် အမှာစကားပြောကြားခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။