တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗီယက်နမ်ပြည်သူ့တပ်မတော် စစ်ဦးစီးအရာရှိချုပ် Senior Lieutenant General Phan Van Giang အား ဂုဏ်ပြုကြိုဆို၊ တပ်မတော်နှစ်ရပ် ချစ်ကြည်ရင်းနှီးမှုဆိုင်ရာကိစ္စရပ်များဆွေးနွေး

ေနျပည္ေတာ္၊ စက္တင္ဘာ ၂၅

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ သည္ ဗီယက္နမ္ျပည္သူ႔တပ္မေတာ္ စစ္ဦးစီးအရာရွိခ်ဳပ္ Senior Lieutenant General Phan Van Giang အား ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ေဇယ်ာသီရိဗိမာန္ေရွ႕၌ ဂုဏ္ျပဳတပ္ဖြဲ႕ျဖင့္ ႀကိဳဆိုသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဗီယက္နမ္ျပည္သူ႕တပ္မေတာ္စစ္ဦးစီးအရာရွိခ်ဳပ္ တို႔သည္ ဂုဏ္ျပဳတပ္ဖြဲ႕၏ အေလးျပဳျခင္းကိုခံယူၾကၿပီး ဂုဏ္ျပဳတပ္ဖြဲ႕ကို လိုက္လံၾကည့္ရႈစစ္ေဆးသည္။ ယင္းေနာက္ ဂုဏ္ျပဳတပ္ဖြဲ႕၏ ခ်ီတက္အေလးျပဳျခင္းကိုခံယူၾကၿပီး အခမ္းအနားတက္ေရာက္လာၾကေသာ ႏွစ္ႏိုင္ငံ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ အျပန္အလွန္ မိတ္ဆက္ေပးၾကသည္။

ထို႔ေနာက္ ဗီယက္နမ္ျပည္သူ႔တပ္မေတာ္ စစ္ဦးစီးအရာရွိခ်ဳပ္သည္ ေဇယ်ာသီရိဗိမာန္ ဧည့္သည္ေတာ္ မွတ္တမ္းစာအုပ္တြင္ မွတ္တမ္းတင္လက္မွတ္ေရးထိုးၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဧည့္ခန္းမ ေဆာင္၌ ေတြ႕ဆံုေဆြးေႏြးၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗီယက်နမ်ပြည်သူ့တပ်မတော် စစ်ဦးစီးအရာရှိချုပ် Senior Lieutenant General Phan Van Giang အား ဂုဏ်ပြုကြိုဆို၊ တပ်မတော်နှစ်ရပ် ချစ်ကြည်ရင်းနှီးမှုဆိုင်ရာကိစ္စရပ်များဆွေးနွေး

နေပြည်တော်၊ စက်တင်ဘာ ၂၅

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဗီယက်နမ်ပြည်သူ့တပ်မတော် စစ်ဦးစီးအရာရှိချုပ် Senior Lieutenant General Phan Van Giang အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ရှေ့၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဗီယက်နမ်ပြည်သူ့တပ်မတော်စစ်ဦးစီးအရာရှိချုပ် တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ဂုဏ်ပြုတပ်ဖွဲ့၏ ချီတက်အလေးပြုခြင်းကိုခံယူကြပြီး အခမ်းအနားတက်ရောက်လာကြသော နှစ်နိုင်ငံ တပ်မတော်အရာရှိကြီးများနှင့် အပြန်အလှန် မိတ်ဆက်ပေးကြသည်။

ထို့နောက် ဗီယက်နမ်ပြည်သူ့တပ်မတော် စစ်ဦးစီးအရာရှိချုပ်သည် ဇေယျာသီရိဗိမာန် ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဧည့်ခန်းမ ဆောင်၌ တွေ့ဆုံဆွေးနွေးကြသည်။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။