တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗီယက်နမ်ပြည်သူ့ တပ်မတော် စစ်ဦးစီးအရာရှိချုပ် Senior Lieutenant General Phan Van Giang အား ဂုဏ်ပြုကြိုဆို၊ တပ်မတော်နှစ်ရပ်ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ ကိစ္စရပ်များဆွေးနွေး

ေနျပည္ေတာ္၊ စက္တင္ဘာ ၂၅
တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္သည္ ဗီယက္နမ္ျပည္သူ႕ တပ္မေတာ္ စစ္ဦးစီးအရာရွိခ်ဳပ္ Senior Lieutenant General Phan Van Giang အား ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိေဇယ်ာသီရိဗိမာန္ေရွ႕၌ ဂုဏ္ျပဳတပ္ဖြဲ႕ျဖင့္ ႀကိဳဆိုသည္။
ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဗီယက္နမ္ျပည္သူ႕တပ္မေတာ္ စစ္ဦးစီးအရာရွိခ်ဳပ္တို႔ သည္ ဂုဏ္ျပဳတပ္ဖြဲ႕၏အေလးျပဳျခင္းကိုခံယူၾကၿပီး ဂုဏ္ျပဳတပ္ဖြဲ႕ကို လိုက္လံ ၾကည့္႐ႈစစ္ေဆးသည္။ ယင္းေနာက္ ဂုဏ္ျပဳတပ္ဖြဲ႕၏ ခ်ီတက္အေလးျပဳျခင္းကို ခံယူၾကၿပီး အခမ္းအနားတက္ေရာက္ လာၾကေသာ ႏွစ္ႏိုင္ငံတပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ အျပန္အလွန္ မိတ္ဆက္ေပးၾကသည္။
အဆိုပါဂုဏ္ျပဳႀကိဳဆိုပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုးဝင္း၊ ၫႇိႏိႈင္း ကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ) ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ ဗီယက္နမ္ႏိုင္ငံဆိုင္ရာ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ ေလ) ဗိုလ္မွဴးခ်ဳပ္ ေအာင္ေဇယ်တို႔ တက္ေရာက္ၾကၿပီး ဗီယက္နမ္ ျပည္သူ႕တပ္မေတာ္ စစ္ဦးစီးအရာရွိခ်ဳပ္ႏွင့္အတူ ျမန္မာႏိုင္ငံဆိုင္ရာ ဗီယက္နမ္ႏိုင္ငံ သံအမတ္ႀကီး Mrs.Dr.Luan Thuy Duong၊ ျမန္မာႏိုင္ငံဆိုင္ရာ ဗီယက္နမ္ႏိုင္ငံစစ္သံမွဴး Colonel Nguyen Due Giang ႏွင့္ ဗီယက္နမ္ျပည္သူ႕တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကသည္။
ဂုဏ္ျပဳတပ္ဖြဲ႕ျဖင့္ ႀကိဳဆိုၿပီးေနာက္ ဗီယက္နမ္ျပည္သူ႕တပ္မေတာ္ စစ္ဦးစီးအရာရွိခ်ဳပ္သည္ ေဇယ်ာသီရိဗိမာန္ ဧည့္သည္ေတာ္မွတ္တမ္းစာအုပ္တြင္ မွတ္တမ္းတင္လက္မွတ္ေရးထိုးသည္။ ထို႕ေနာက္ ဧည့္သည္ေတာ္ ဗီယက္နမ္ျပည္သူ႕တပ္မေတာ္ စစ္ဦးစီးအရာရွိခ်ဳပ္ႏွင့္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္တို႕သည္ ဧည့္ခန္းမေဆာင္၌ ေတြ႕ဆံုေဆြးေႏြးမႈျပဳလုပ္ ၾကသည္။
ေတြ႕ဆံုေဆြးေႏြးရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အေဆြေတာ္အေနျဖင့္ ဗီယက္နမ္ ျပည္သူ႕တပ္မေတာ္စစ္ဦးစီးအရာရွိခ်ဳပ္ စတင္တာဝန္ထမ္းေဆာင္ၿပီး ျမန္မာႏိုင္ငံသို႔ ပထမဦးဆံုး လာေရာက္သည့္ ခရီးစဥ္ျဖစ္သည့္အတြက္ ထူးျခားသည့္ခရီးစဥ္ ျဖစ္ေၾကာင္း၊ မိမိတို႔ႏွစ္ႏိုင္ငံသည္ မိတ္ေဆြေကာင္းႏိုင္ငံမ်ားျဖစ္ၿပီး သမိုင္းေၾကာင္းအရ ေကာင္းမြန္သည့္ဆက္ဆံေရးမ်ားရွိေၾကာင္း၊ ရွိရင္းစြဲခ်စ္ၾကည္ရင္းႏွီးမႈကို ပိုမိုခိုင္မာေအာင္ တိုးျမႇင့္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္းျဖင့္ ဦးစြာ ေျပာၾကားသည္။
ယင္းေနာက္ ဧည့္သည္ေတာ္ ဗီယက္နမ္ျပည္သူ႕တပ္မေတာ္စစ္ဦးစီးအရာရွိခ်ဳပ္က ယခုကဲ့သို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္၏ ဖိတ္ၾကားခ်က္အရ ခ်စ္ၾကည္ေရးခရီးလာေရာက္ရသည့္အတြက္ ေက်းဇူးတင္ရွိပါေၾကာင္း၊ မိမိအေနျဖင့္ ျမန္မာႏိုင္ငံသို႔ ပထမဦးဆံုးအႀကိမ္လာေရာက္သည့္ ခ်စ္ၾကည္ေရးခရီးစဥ္ျဖစ္ၿပီး မိမိတို႔ႏွစ္ႏိုင္ငံသည္ ခင္မင္ရင္းႏွီး သည့္ ဆက္ဆံေရးရွိသည့္ မိတ္ေဆြေကာင္းႏိုင္ငံမ်ား ျဖစ္ပါေၾကာင္း၊ ႏွစ္ႏိုင္ငံပူးေပါင္းေဆာင္ရြက္မႈႏွင့္ ဆက္ဆံေရးသည္ ေရွးယခင္ကပင္ တည္ၿမဲခဲ့ၿပီး ဆက္လက္တိုးျမႇင့္ေဆာင္ရြက္သြားၾကရမည္ ျဖစ္ပါေၾကာင္း၊ စီးပြားေရးဆိုင္ရာ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား၊ ေလ့က်င့္ေရးဆိုင္ရာမ်ားသာမက အျခားနယ္ပယ္ မ်ားတြင္လည္း ပူးေပါင္းေဆာင္ရြက္သြားၾကရမည္ျဖစ္ပါေၾကာင္း၊ လာမည့္ ၂၀၂၀ ျပည့္ႏွစ္တြင္ ဗီယက္နမ္ႏိုင္ငံအေနျဖင့္ အာဆီယံအလွည့္က်ဥကၠ႒တာဝန္ ထမ္းေဆာင္ရမည္ျဖစ္၍ တာဝန္မ်ား ေအာင္ျမင္စြာ ထမ္းေဆာင္ႏိုင္ရန္ ႀကိဳးပမ္းေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္းျဖင့္ ေျပာၾကားသည္။
ထို႔ေနာက္ ၂၀၂၀ ျပည့္ႏွစ္တြင္ ဗီယက္နမ္ႏိုင္ငံက အာဆီယံအလွည့္က်ဥကၠ႒ တာဝန္ယူ ေဆာင္ရြက္ရာ၌ ျမန္မာ့တပ္မေတာ္က အျပည့္အဝ ပူးေပါင္းကူညီေဆာင္ရြက္ေပးသြားမည့္ အေျခ အေနမ်ား၊ ဗီယက္နမ္တပ္မေတာ္သည္ ေခါင္းေဆာင္ႀကီး ဟိုခ်ီမင္း လက္ထက္မွ ယခုအခ်ိန္အထိ ျပည္သူမ်ား၏အက်ိဳးစီးပြားအတြက္ ႏိုင္ငံကာကြယ္ေရးတြင္သာမက ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး က႑မ်ား၌လည္း အဓိကပါဝင္ကူညီေဆာင္ရြက္ေပးလ်က္ရွိသည့္အေျခအေနမ်ား၊ ႏိုင္ငံတိုင္းရွိ တပ္မေတာ္တိုင္းသည္ မိမိတို႕ႏိုင္ငံ၏ အခ်ဳပ္အျခာႏွင့္ ပိုင္နက္နယ္ေျမ ၊ ျပည္သူလူထု၏ အသက္အိုးအိမ္စည္းစိမ္ကို ကာကြယ္ေစာင့္ေရွာက္ရန္ တာဝန္ရွိၿပီး ေဒသတြင္း ၫႇိႏိႈင္းေျဖရွင္းႏိုင္ သည့္ အျငင္းပြားမႈမ်ားကို ႏိုင္ငံတကာက ဝင္ေရာက္စြက္ဖက္ျခင္းမ်ိဳးသည္ ေဒသ၏တည္ၿငိမ္ေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္မႈကို ထိခိုက္ေစႏိုင္သည့္ အေျခအေနမ်ား၊ အာဆီယံေဒသတြင္း ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ တည္ၿငိမ္ေအးခ်မ္းေရးအတြက္ အဖြဲ႕ဝင္ႏိုင္ငံမ်ား၏ တပ္မေတာ္အခ်င္းခ်င္း စည္းလံုးညီၫြတ္စြာျဖင့္ ပူးေပါင္းေဆာင္ရြက္မႈမ်ား ခိုင္မာရန္၊ ဆက္ဆံေရးမ်ားတိုးျမႇင့္ေဆာင္ရြက္ရန္ လိုအပ္သည့္ အေျခအေနမ်ား၊ ျမန္မာႏိုင္ငံအေနျဖင့္ ေတာင္တ႐ုတ္ပင္လယ္အေရးကိစၥ အပါအဝင္ အေရွ႕ေတာင္ အာရွေဒသတြင္းႏွင့္ ႏိုင္ငံတကာဆက္ဆံေရးက႑မ်ားတြင္ အာဆီယံအဖြဲ႕၏ ရပ္တည္ခ်က္ အတိုင္းသာ ရပ္တည္ေဆာင္ရြက္သြားမည့္ အေျခအေနမ်ား၊ ႏွစ္ႏိုင္ငံအၾကား စီးပြားေရး၊ ကုန္သြယ္မႈ ႏွင့္ ခရီးသြားလုပ္ငန္းမ်ားတြင္ ပိုမိုတိုးျမႇင့္ေဆာင္ရြက္ႏိုင္မည့္ အလားအလာမ်ား၊ ႏွစ္ႏိုင္ငံ တပ္မေတာ္ ႏွစ္ရပ္အၾကားခ်စ္ၾကည္ေရး ခရီးစဥ္မ်ား အျပန္အလွန္လည္ပတ္ေရး၊ ေလ့က်င့္ေရးဆိုင္ရာႏွင့္ ေဆးဘက္ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္မႈအေျခအေနမ်ား၊ နည္းပညာ၊ ယဥ္ေက်းမႈ၊ အားကစားႏွင့္ အျခားနယ္ပယ္မ်ားတြင္လည္း အျပန္အလွန္ပူးေပါင္း ေဆာင္ရြက္ႏိုင္မည့္အေျခအေနမ်ား၊ ႏိုင္ငံ အားလံုး၏ တာဝန္ျဖစ္ေသာ မူးယစ္ေဆးဝါးကာကြယ္တားဆီးတိုက္ဖ်က္ေရးႏွင့္ သတင္းအခ်က္ အလက္ဖလွယ္ေရးအတြက္ ပူးေပါင္းေဆာင္ရြက္ႏိုင္မည့္ အေျခအေနမ်ား၊ ျမန္မာႏိုင္ငံ၏ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ား ေဆာင္ရြက္ေနသည့္ အေျခအေနမ်ားအား ခင္မင္ရင္းႏွီးစြာ က်ယ္က်ယ္ျပန္႕ျပန္႕ အျမင္ခ်င္း ဖလွယ္ေဆြးေႏြးခဲ့ၾကသည္။
ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဗီယက္နမ္ျပည္သူ႕တပ္မေတာ္ စစ္ဦးစီးအရာရွိခ်ဳပ္ တို႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ၾကၿပီး တက္ေရာက္လာၾကသူ မ်ားႏွင့္အတူ စုေပါင္းဓာတ္ပံု႐ိုက္ခဲ့ၾကသည္။ ဗီယက္နမ္ျပည္သူ႕တပ္မေတာ္ စစ္ဦးစီးအရာရွိခ်ဳပ္၏ ယခုခရီးစဥ္သည္ ျမန္မာႏွင့္ ဗီယက္နမ္ ႏွစ္ႏိုင္ငံပူးေပါင္း ေဆာင္ရြက္ေရးႏွင့္ ဆက္ဆံေရးမ်ား တိုးျမႇင့္ေဆာင္ရြက္ေရး နယ္ပယ္အားလံုးအတြက္ မ်ားစြာအက်ိဳးရွိေစမည့္ ခရီးစဥ္ျဖစ္ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗီယက်နမ်ပြည်သူ့ တပ်မတော် စစ်ဦးစီးအရာရှိချုပ် Senior Lieutenant General Phan Van Giang အား ဂုဏ်ပြုကြိုဆို၊ တပ်မတော်နှစ်ရပ်ချစ်ကြည်ရင်းနှီးမှုဆိုင်ရာ ကိစ္စရပ်များဆွေးနွေး

နေပြည်တော်၊ စက်တင်ဘာ ၂၅

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဗီယက်နမ်ပြည်သူ့ တပ်မတော် စစ်ဦးစီးအရာရှိချုပ် Senior Lieutenant General Phan Van Giang အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိဇေယျာသီရိဗိမာန်ရှေ့၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဗီယက်နမ်ပြည်သူ့တပ်မတော် စစ်ဦးစီးအရာရှိချုပ်တို့ သည် ဂုဏ်ပြုတပ်ဖွဲ့၏အလေးပြုခြင်းကိုခံယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့ကို လိုက်လံ ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ဂုဏ်ပြုတပ်ဖွဲ့၏ ချီတက်အလေးပြုခြင်းကို ခံယူကြပြီး အခမ်းအနားတက်ရောက် လာကြသော နှစ်နိုင်ငံတပ်မတော်အရာရှိကြီးများနှင့် အပြန်အလှန် မိတ်ဆက်ပေးကြသည်။

အဆိုပါဂုဏ်ပြုကြိုဆိုပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာစစ်သံ(ကြည်း၊ရေ၊ လေ) ဗိုလ်မှူးချုပ် အောင်ဇေယျတို့ တက်ရောက်ကြပြီး ဗီယက်နမ် ပြည်သူ့တပ်မတော် စစ်ဦးစီးအရာရှိချုပ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး Mrs.Dr.Luan Thuy Duong၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံစစ်သံမှူး Colonel Nguyen Due Giang နှင့် ဗီယက်နမ်ပြည်သူ့တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။

ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုပြီးနောက် ဗီယက်နမ်ပြည်သူ့တပ်မတော် စစ်ဦးစီးအရာရှိချုပ်သည် ဇေယျာသီရိဗိမာန် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးသည်။ ထို့နောက် ဧည့်သည်တော် ဗီယက်နမ်ပြည်သူ့တပ်မတော် စစ်ဦးစီးအရာရှိချုပ်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့သည် ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးမှုပြုလုပ် ကြသည်။

တွေ့ဆုံဆွေးနွေးရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဆွေတော်အနေဖြင့် ဗီယက်နမ် ပြည်သူ့တပ်မတော်စစ်ဦးစီးအရာရှိချုပ် စတင်တာဝန်ထမ်းဆောင်ပြီး မြန်မာနိုင်ငံသို့ ပထမဦးဆုံး လာရောက်သည့် ခရီးစဉ်ဖြစ်သည့်အတွက် ထူးခြားသည့်ခရီးစဉ် ဖြစ်ကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် မိတ်ဆွေကောင်းနိုင်ငံများဖြစ်ပြီး သမိုင်းကြောင်းအရ ကောင်းမွန်သည့်ဆက်ဆံရေးများရှိကြောင်း၊ ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာအောင် တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ဦးစွာ ပြောကြားသည်။

ယင်းနောက် ဧည့်သည်တော် ဗီယက်နမ်ပြည်သူ့တပ်မတော်စစ်ဦးစီးအရာရှိချုပ်က ယခုကဲ့သို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ချစ်ကြည်ရေးခရီးလာရောက်ရသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိအနေဖြင့် မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ်လာရောက်သည့် ချစ်ကြည်ရေးခရီးစဉ်ဖြစ်ပြီး မိမိတို့နှစ်နိုင်ငံသည် ခင်မင်ရင်းနှီး သည့် ဆက်ဆံရေးရှိသည့် မိတ်ဆွေကောင်းနိုင်ငံများ ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်ဆံရေးသည် ရှေးယခင်ကပင် တည်မြဲခဲ့ပြီး ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ၊ လေ့ကျင့်ရေးဆိုင်ရာများသာမက အခြားနယ်ပယ် များတွင်လည်း ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ဗီယက်နမ်နိုင်ငံအနေဖြင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန် ထမ်းဆောင်ရမည်ဖြစ်၍ တာဝန်များ အောင်မြင်စွာ ထမ်းဆောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ၂၀၂၀ ပြည့်နှစ်တွင် ဗီယက်နမ်နိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူ ဆောင်ရွက်ရာ၌ မြန်မာ့တပ်မတော်က အပြည့်အဝ ပူးပေါင်းကူညီဆောင်ရွက်ပေးသွားမည့် အခြေ အနေများ၊ ဗီယက်နမ်တပ်မတော်သည် ခေါင်းဆောင်ကြီး ဟိုချီမင်း လက်ထက်မှ ယခုအချိန်အထိ ပြည်သူများ၏အကျိုးစီးပွားအတွက် နိုင်ငံကာကွယ်ရေးတွင်သာမက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍများ၌လည်း အဓိကပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိသည့်အခြေအနေများ၊ နိုင်ငံတိုင်းရှိ တပ်မတော်တိုင်းသည် မိမိတို့နိုင်ငံ၏ အချုပ်အခြာနှင့် ပိုင်နက်နယ်မြေ ၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိပြီး ဒေသတွင်း ညှိနှိုင်းဖြေရှင်းနိုင် သည့် အငြင်းပွားမှုများကို နိုင်ငံတကာက ဝင်ရောက်စွက်ဖက်ခြင်းမျိုးသည် ဒေသ၏တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေနိုင်သည့် အခြေအနေများ၊ အာဆီယံဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အဖွဲ့ဝင်နိုင်ငံများ၏ တပ်မတော်အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာရန်၊ ဆက်ဆံရေးများတိုးမြှင့်ဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် တောင်တရုတ်ပင်လယ်အရေးကိစ္စ အပါအဝင် အရှေ့တောင် အာရှဒေသတွင်းနှင့် နိုင်ငံတကာဆက်ဆံရေးကဏ္ဍများတွင် အာဆီယံအဖွဲ့၏ ရပ်တည်ချက် အတိုင်းသာ ရပ်တည်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်မှု နှင့် ခရီးသွားလုပ်ငန်းများတွင် ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည့် အလားအလာများ၊ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြားချစ်ကြည်ရေး ခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေး၊ လေ့ကျင့်ရေးဆိုင်ရာနှင့် ဆေးဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ နည်းပညာ၊ ယဉ်ကျေးမှု၊ အားကစားနှင့် အခြားနယ်ပယ်များတွင်လည်း အပြန်အလှန်ပူးပေါင်း ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ နိုင်ငံ အားလုံး၏ တာဝန်ဖြစ်သော မူးယစ်ဆေးဝါးကာကွယ်တားဆီးတိုက်ဖျက်ရေးနှင့် သတင်းအချက် အလက်ဖလှယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေသည့် အခြေအနေများအား ခင်မင်ရင်းနှီးစွာ ကျယ်ကျယ်ပြန့်ပြန့် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဗီယက်နမ်ပြည်သူ့တပ်မတော် စစ်ဦးစီးအရာရှိချုပ် တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး တက်ရောက်လာကြသူ များနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။ ဗီယက်နမ်ပြည်သူ့တပ်မတော် စစ်ဦးစီးအရာရှိချုပ်၏ ယခုခရီးစဉ်သည် မြန်မာနှင့် ဗီယက်နမ် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးနှင့် ဆက်ဆံရေးများ တိုးမြှင့်ဆောင်ရွက်ရေး နယ်ပယ်အားလုံးအတွက် များစွာအကျိုးရှိစေမည့် ခရီးစဉ်ဖြစ်ကြောင်း သတင်းရရှိသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။