တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗီယက်နမ်ပြည်သူ့တပ်မတော် စစ်ဦးစီးအရာရှိချုပ် Senior Lieutenant General Phan Van Giang ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ

ေနျပည္ေတာ္၊ စက္တင္ဘာ ၂၅

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္သည္ ဗီယက္နမ္ျပည္သူ႕ တပ္မေတာ္ စစ္ဦးစီးအရာရွိခ်ဳပ္ Senior Lieutenant General Phan Van Giang ဦးေဆာင္သည့္ ခ်စ္ၾကည္ေရးကိုယ္စားလွယ္အဖြဲ႕အား ယေန႕ညပိုင္းတြင္ Kempinski Hotel ၌ ဂုဏ္ျပဳညစာျဖင့္ တည္ခင္းဧည့္ခံသည္။

အဆိုပါဂုဏ္ျပဳညစာစားပြဲအခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ဒုတိယ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုးဝင္း၊ ၫႇိႏိႈင္းကြပ္ကဲေရးမွဴး(ၾကည္း၊ေရ၊ေလ) ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမွဴးႏွင့္ ဗီယက္နမ္ႏိုင္ငံဆိုင္ရာျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ) ဗိုလ္မွဴးခ်ဳပ္ ေအာင္ေဇယ်တို႔ တက္ေရာက္ၾကၿပီး ဗီယက္နမ္ျပည္သူ႕တပ္မေတာ္ စစ္ဦးစီးအရာရွိခ်ဳပ္ႏွင့္အတူ ျမန္မာႏိုင္ငံဆိုင္ရာ ဗီယက္နမ္ႏိုင္ငံစစ္သံမွဴး Colonel Nguyen Due Giang ႏွင့္ ဗီယက္နမ္ျပည္သူ႕တပ္မေတာ္ အရာရွိႀကီးမ်ား တက္ေရာက္ၾကသည္။

 

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားက ဗီယက္နမ္ျပည္သူ႕ တပ္မေတာ္စစ္ဦးစီး အရာရွိခ်ဳပ္ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕အား ႀကိဳဆိုႏႈတ္ဆက္ၾကသည္။ ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဗီယက္နမ္ျပည္သူ႕တပ္မေတာ္ စစ္ဦးစီးအရာရွိခ်ဳပ္တို႔သည္ ႏႈတ္ခြန္းဆက္စကားမ်ား အသီးသီးေျပာၾကားၾကသည္။

 

ဂုဏ္ျပဳညစာျဖင့္ တည္ခင္းဧည့္ခံရာတြင္ ျပည္သူ႔ဆက္ဆံေရးႏွင့္ စိတ္ဓာတ္စစ္ဆင္ေရး ၫႊန္ၾကားေရးမွဴး႐ံုးကြပ္ကဲမႈေအာက္ ျမဝတီေတးဂီတအဖြဲ႕က ႏွစ္ႏိုင္ငံေတးသီခ်င္းမ်ား၊ အက ပေဒသာ မ်ားျဖင့္ သီဆိုကျပေဖ်ာ္ေျဖၾကသည္။ ဂုဏ္ျပဳညစာစားပြဲအၿပီးတြင္ အမွတ္တရ လက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ၾကသည္။ ထို႔ေနာက္ သီဆိုကျပေဖ်ာ္ေျဖၾကေသာ ေဖ်ာ္ေျဖေရးအဖြဲ႕မွ စစ္သည္၊ စစ္သမီးမ်ားအား ဂုဏ္ျပဳပန္းျခင္းမ်ား အသီးသီးေပးအပ္ၾကၿပီး အမွတ္တရစုေပါင္းဓာတ္ပံု႐ိုက္ခဲ့ၾကသည္။

(Unicode Version)

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗီယက်နမ်ပြည်သူ့တပ်မတော် စစ်ဦးစီးအရာရှိချုပ် Senior Lieutenant General Phan Van Giang ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ

နေပြည်တော်၊ စက်တင်ဘာ ၂၅

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဗီယက်နမ်ပြည်သူ့ တပ်မတော် စစ်ဦးစီးအရာရှိချုပ် Senior Lieutenant General Phan Van Giang ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ယနေ့ညပိုင်းတွင် Kempinski Hotel ၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။

အဆိုပါဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဗီယက်နမ်နိုင်ငံဆိုင်ရာမြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် အောင်ဇေယျတို့ တက်ရောက်ကြပြီး ဗီယက်နမ်ပြည်သူ့တပ်မတော် စစ်ဦးစီးအရာရှိချုပ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံစစ်သံမှူး Colonel Nguyen Due Giang နှင့် ဗီယက်နမ်ပြည်သူ့တပ်မတော် အရာရှိကြီးများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များက ဗီယက်နမ်ပြည်သူ့ တပ်မတော်စစ်ဦးစီး အရာရှိချုပ်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဗီယက်နမ်ပြည်သူ့တပ်မတော် စစ်ဦးစီးအရာရှိချုပ်တို့သည် နှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားကြသည်။

ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံရာတွင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့က နှစ်နိုင်ငံတေးသီချင်းများ၊ အက ပဒေသာ များဖြင့် သီဆိုကပြဖျော်ဖြေကြသည်။ ဂုဏ်ပြုညစာစားပွဲအပြီးတွင် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။ ထို့နောက် သီဆိုကပြဖျော်ဖြေကြသော ဖျော်ဖြေရေးအဖွဲ့မှ စစ်သည်၊ စစ်သမီးများအား ဂုဏ်ပြုပန်းခြင်းများ အသီးသီးပေးအပ်ကြပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။