တပ်မတော်တစ်ရပ်လုံးအနေဖြင့် ၂၀၁၁ ခုနှစ်မှစ၍ ၂၀၁၉ ခုနှစ်အထိ သစ်ပင်မျိုးစုံ ၁၂ သန်း ၇ သိန်း ကျော် စိုက်ပျိုးခဲ့ပြီး ၁၀ သန်းကျော်ရှင်သန်ဖြစ်ထွန်း၊ စိုက်ပျိုးထားသည့် သစ်ပင်များ၊ သစ်တောများ ရှင်သန်ဖြစ်ထွန်းအောင် ပြုစုထိန်းသိမ်းခြင်းဖြင့် နောင်လာ နောက်သားများအတွက် အကျိုးရှိအောင် ဆောင်ရွက်ကြရန်လို

ေနျပည္ေတာ္၊ စက္တင္ဘာ  ၂၇

တပ္မေတာ္တစ္ရပ္လံုးအေနျဖင့္ ၂၀၁၁ ခုႏွစ္မွစ၍ ႏွစ္စဥ္မိုးရာသီသစ္ပင္စိုက္ပ်ိဳးပြဲမ်ားျပဳလုပ္၍ စက္မႈကုန္ၾကမ္း သီးႏွံပင္၊ ရတနာတန္းဝင္ပင္၊ ႏွစ္ရွည္စားသံုးသီးႏွံပင္ႏွင့္ အရိပ္ရ ေလကာပင္မ်ားအား စိုက္ပ်ိဳးခဲ့ရာ ၂၀၁၉ ခုႏွစ္၊ တတိယအႀကိမ္ မိုးရာသီသစ္ပင္ စိုက္ပ်ိဳးပြဲအထိ စုစုေပါင္းသစ္ပင္ ၁၂ သန္း ၇ သိန္းေက်ာ္ စိုက္ပ်ိဳးႏိုင္ခဲ့ကာ ၁၀ သန္းေက်ာ္ ရွင္သန္ျဖစ္ထြန္းခဲ့ေၾကာင္း၊ စိုက္ပ်ိဳးထားသည့္ သစ္ပင္သစ္ေတာမ်ား ရွင္သန္ျဖစ္ထြန္းေအာင္ ျပဳစုထိန္းသိမ္းျခင္းျဖင့္ ေနာင္လာေနာက္သားမ်ား အတြက္ အက်ိဳးရွိေအာင္ ေဆာင္ရြက္ၾကရန္လိုေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ေဇယ်ာသီရိ ၿမိဳ႕နယ္အတြင္းရွိ ေရဆင္းဆည္အနီး၌ က်င္းပျပဳလုပ္သည့္ ၂၀၁၉ ခုႏွစ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး (ၾကည္း၊ေရ၊ ေလ)မိသားစုမ်ား၏ စတုတၳအႀကိမ္ေျမာက္ မိုးရာသီသစ္ပင္စိုက္ပ်ိဳးပြဲတြင္ အမွာစကား ေျပာၾကားရာ၌ ထည့္သြင္းေျပာၾကားသည္။

အဆိုပါ သစ္ပင္စိုက္ပ်ိဳးပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွ၊ ဒုတိယ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုးဝင္းႏွင့္ ဇနီး ေဒၚသန္းသန္းႏြယ္၊ ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးႏွင့္ဇနီး၊ ကာကြယ္ေရး ဝန္ႀကီး ဌာန ျပည္ေထာင္စုဝန္ႀကီးႏွင့္ဇနီး၊ နယ္စပ္ေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး၊ ၫႇိႏိႈင္း ကြပ္ကဲေရးမွဴး (ၾကည္း၊ေရ၊ေလ) ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး (ၾကည္း၊ေရ၊ေလ)မွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ဇနီးမ်ား၊ ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္ တိုင္းမွဴးႏွင့္ ဇနီး၊ ႏိုင္ငံေတာ္ကာကြယ္ေရးတကၠသိုလ္မွ သင္တန္းသား အရာရွိႀကီးမ်ား၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ံုး(ၾကည္း၊ ေရ၊ ေလ)ရွိ ႐ံုး၊ ဌာနအသီးသီးမွ အရာရွိ၊ စစ္သည္မ်ားႏွင့္ မိသားစုဝင္ မ်ား ပါဝင္တက္ေရာက္၍ သစ္ပင္မ်ားစိုက္ပ်ိဳးၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမွာစကားေျပာၾကားရာတြင္ ယေန႔ က်င္းပျပဳလုပ္သည့္ စတုတၳအႀကိမ္ေျမာက္သစ္ပင္စိုက္ပ်ိဳးပြဲသည္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး (ၾကည္း)ႏွင့္ တိုင္းစစ္ဌာနခ်ဳပ္ အားလံုးတြင္ ယခုႏွစ္အတြက္ေနာက္ဆံုးစိုက္ပ်ိဳးသည့္ သစ္ပင္စိုက္ပ်ိဳးပြဲျဖစ္ေၾကာင္း၊ ၂၀၁၁ ခုႏွစ္မွစ၍ ႏွစ္စဥ္မိုးရာသီသစ္ပင္စိုက္ပ်ိဳးပြဲမ်ား ျပဳလုပ္၍ စက္မႈကုန္ၾကမ္းသီးႏွံပင္၊ ရတနာတန္းဝင္ပင္၊ ႏွစ္ရွည္ စားသံုးသီးႏွံပင္ႏွင့္ အရိပ္ရေလကာပင္မ်ားအား စိုက္ပ်ိဳးခဲ့ရာ ၂၀၁၉ ခုႏွစ္၊ တတိယအႀကိမ္ မိုးရာသီသစ္ပင္ စိုက္ပ်ိဳးပြဲအထိ စုစုေပါင္းသစ္ပင္ ၁၂ သန္း ၇ သိန္းေက်ာ္ စိုက္ပ်ိဳးႏိုင္ခဲ့ကာ အပင္ေရ ၁၀ သန္းေက်ာ္ ရွင္သန္ျဖစ္ထြန္းခဲ့ၿပီး အပင္ေရ ၂ သန္းေက်ာ္ ေလ်ာ့နည္းပ်က္စီးခဲ့ေၾကာင္း၊ သစ္ပင္မ်ားစိုက္ပ်ိဳးရာတြင္ အခ်ိန္၊ လူအားႏွင့္ေငြအားမ်ား စိုက္ထုတ္ထားရသည္ ျဖစ္သျဖင့္ သစ္ပင္မ်ားရွင္သန္ျဖစ္ထြန္းေစရန္အတြက္ စနစ္တက်စိုက္ပ်ိဳးၾကရန္လိုေၾကာင္း၊ အပင္ေရ ၂ သန္း ေက်ာ္ ဆံုး႐ံႈးမႈသည္ မ်ားျပားသည့္ပမာဏျဖစ္သည့္အတြက္ ေအာင္ျမင္ျဖစ္ထြန္းေစရန္ စနစ္တက် စိုက္ပ်ိဳးထိန္းသိမ္း ပ်ိဳးေထာင္သြားရန္လိုအပ္ေၾကာင္း၊ ယခုကဲ့သို႔ သစ္ပင္ စိုက္ပ်ိဳးပြဲမ်ားျပဳလုပ္ျခင္း သည္ အရိပ္အာဝသရရွိရန္ႏွင့္ ရာသီဥတုအားအေထာက္အကူျဖစ္ေစရန္ စိုက္ပ်ိဳးျခင္းျဖစ္သည့္အျပင္ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရး၊ စိမ္းလန္းစိုေျပေရး အစိတ္အပိုင္းတစ္ရပ္အေနျဖင့္ ေဆာင္ရြက္ေနျခင္း ပင္ျဖစ္ေၾကာင္း၊ စိုက္ပ်ိဳးေန႐ံုျဖင့္ မလံုေလာက္ဘဲ ေအာင္ျမင္စြာရွင္သန္ျဖစ္ထြန္းႏိုင္ေရးအတြက္ ျပဳစုပ်ိဳးေထာင္ ထိန္းသိမ္းေစာင့္ေရွာက္ရန္လည္းလိုအပ္ေၾကာင္း၊ ယခုမိမိတို႔စိုက္ပ်ိဳးသည့္ အပင္မ်ား သည္ ေနာင္လာ ေနာက္သားမ်ားအတြက္ အက်ိဳးျဖစ္ထြန္းေစမည္ျဖစ္ေၾကာင္း၊ ေလာင္စာအျဖစ္ မီးေသြး၊ ထင္းသံုးစြဲမႈမ်ား ေလွ်ာ့ခ်ရမည္ျဖစ္ေၾကာင္း၊ ထို႔အျပင္ လွ်ပ္စစ္ဓာတ္အားလိုအပ္ခ်က္မ်ား ရွိေနဆဲျဖစ္၍ မိမိေဒသအတြက္၊ တိုင္းျပည္အတြက္ လွ်ပ္စစ္ဓာတ္အားႏွင့္ ေရအရင္းအျမစ္ သံုးစြဲမႈမ်ားကို လိုအပ္သည့္ေနရာတြင္သာ စနစ္တက်သံုးစြဲ၍ ပိုလွ်ံသည္မ်ားအား မွ်ေဝသံုးစြဲ ၾကရန္ လိုေၾကာင္း၊ ၂၀၁၁ ခုႏွစ္မွ ယခု စတုတၳအႀကိမ္ေျမာက္ မိုးရာသီ တစ္အုပ္တစ္မ သစ္ပင္စိုက္ပ်ိဳးပြဲအထိ စက္မႈကုန္ၾကမ္းသီးႏွံပင္၊ ရတနာတန္းဝင္ပင္၊ ႏွစ္ရွည္စားသံုး သီးႏွံပင္ႏွင့္ အရိပ္ရေလကာပင္မ်ား စိုက္ပ်ိဳးခဲ့ရာ အတိုင္းအတာတစ္ခုအထိ ေအာင္ျမင္ ျဖစ္ထြန္းရွင္သန္ခဲ့သျဖင့္ အသိအမွတ္ျပဳ ပါေၾကာင္းႏွင့္ ဆက္လက္၍လည္း ေအာင္ျမင္ျဖစ္ထြန္းေအာင္ စိုက္ပ်ိဳး၍ ထိန္းသိမ္းရန္ တာဝန္ရွိသူ မ်ားကလည္း စနစ္တက်ျပဳစု ထိန္းသိမ္းသြားၾကရန္ လိုအပ္ေၾကာင္းျဖင့္ ေျပာၾကားသည္။

 

 

ထို႕ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီးတို႔က ရတနာတန္းဝင္ တမလန္းပင္ကို ဦးေဆာင္ စိုက္ပ်ိဳးေပးၾကသည္။ ဆက္လက္ၿပီး ဒုတိယတပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ကာကြယ္ေရး ဦးစီးခ်ဳပ္(ၾကည္း)ႏွင့္ဇနီး၊ ျပည္ေထာင္စုဝန္ႀကီးမ်ားႏွင့္ ဇနီးမ်ား၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုးမွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ဇနီးမ်ား၊ အခမ္းအနား တက္ေရာက္လာၾကသည့္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ားက သတ္မွတ္ေနရာအသီးသီးတြင္ ရတနာတန္းဝင္ ကြ်န္း၊ တမလန္း၊ မေဟာ္ဂနီပင္မ်ားႏွင့္ မန္ဂ်န္ရွားပင္မ်ားအား တစ္အုပ္ တစ္မ စုေပါင္းစိုက္ပ်ိဳးၾကသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား၏ စုေပါင္းသစ္ပင္စိုက္ပ်ိဳးေနမႈအား လွည့္လည္ၾကည့္႐ႈအားေပးၾကသည္။ ယေန႔က်င္းပျပဳလုပ္သည့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း၊ေရ၊ေလ) မိသားစုမ်ား၏ ၂၀၁၉ ခုႏွစ္၊ စတုတၳအႀကိမ္မိုးရာသီ သစ္ပင္စိုက္ပ်ိဳးပြဲတြင္ ရတနာတန္းဝင္ ကြ်န္း ၁၄၅၈ ပင္၊ တမလန္း ၃၃၀ ပင္၊ မေဟာ္ဂနီ ၇၀ဝ ပင္ႏွင့္ မန္ဂ်န္ရွား ၂၀၇၄ ပင္၊ စုစုေပါင္း ၄၅၆၂ ပင္အား စုေပါင္းစိုက္ပ်ိဳးခဲ့ၾကသည္။ ေရဆင္းဆည္ ပတ္ဝန္းက်င္၌ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးႏွင့္ ေဂဟစနစ္ထိန္းသိမ္းေရးအတြက္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း) အေနျဖင့္ ၂၀၁၁ ခုႏွစ္မွ ၂၀၁၉ ခုႏွစ္ စတုတၳအႀကိမ္ မိုးရာသီ သစ္ပင္ စိုက္ပ်ိဳးပြဲအထိ မိုးရာသီသစ္ပင္စိုက္ပ်ိဳးပြဲမ်ားတြင္ ရတနာတန္းဝင္ပင္၊ ႏွစ္ရွည္သီးႏွံပင္ႏွင့္ အရိပ္ရ ေလကာပင္ စုစုေပါင္း ၁၅၅၄၀၅ ပင္အားစိုက္ပ်ိဳးခဲ့ၿပီးျဖစ္ေၾကာင္း သိရွိရသည္။

ထို႔အတူ ယေန႔နံနက္ပိုင္းတြင္ တိုင္းစစ္ဌာနခ်ဳပ္အသီးသီးတြင္လည္း မိုးရာသီ တစ္အုပ္တစ္မ သစ္ပင္စိုက္ပ်ိဳးပြဲမ်ားကို စတုတၳအႀကိမ္က်င္းပျပဳလုပ္၍ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား စုေပါင္း စိုက္ပ်ိဳးၾကသည္။ ထိုသို႔စိုက္ပ်ိဳးရာ၌ ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္ တြင္ စိုက္ပ်ိဳးပင္ ၃၇၈၆၀ ပင္၊ ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တြင္စိုက္ပ်ိဳးပင္ ၃၃၄၁၄ ပင္၊ အေရွ႕ေျမာက္တိုင္းစစ္ဌာနခ်ဳပ္တြင္ စိုက္ပ်ိဳးပင္ ၂၂၁၈၃ ပင္၊ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တြင္ စိုက္ပ်ိဳးပင္ ၁၉၈၀ဝ ပင္၊ အေရွ႕ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တြင္ စိုက္ပ်ိဳးပင္ ၁၉၅၀ဝ ပင္၊ ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္တြင္ စိုက္ပ်ိဳးပင္ ၂၃၇၃၄ ပင္၊ အေရွ႕ေတာင္တိုင္းစစ္ဌာနခ်ဳပ္တြင္ စိုက္ပ်ိဳးပင္ ၃၅၆၃၅ ပင္၊ ကမ္း႐ိုးတန္း ေဒသတိုင္းစစ္ဌာနခ်ဳပ္တြင္ စိုက္ပ်ိဳးပင္ ၂၂၁၇၈ ပင္၊ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္တြင္ စိုက္ပ်ိဳးပင္ ၃၁၃၅၄ ပင္၊ အေနာက္ေတာင္တိုင္းစစ္ဌာနခ်ဳပ္တြင္ စိုက္ပ်ိဳးပင္ ၁၄၉၁၅ ပင္၊ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္တြင္ စိုက္ပ်ိဳးပင္ ၁၆၀၄၀ ပင္၊ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္တြင္ စိုက္ပ်ိဳးပင္ ၁၇၄၅၀ ပင္၊ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တြင္ စိုက္ပ်ိဳးပင္ ၃၁၀ဝ၀ ပင္ႏွင့္ ေတာင္ပိုင္းတိုင္းစစ္ဌာန ခ်ဳပ္တြင္ ၄၅၇၁၉ ပင္အား စိုက္ပ်ိဳးၾကၿပီး ယေန႕တြင္ တပ္မေတာ္တစ္ရပ္လံုးအေနျဖင့္ ရတနာတန္းဝင္ပင္၊ ႏွစ္ရွည္သီးႏွံပင္ႏွင့္ အရိပ္ရေလကာပင္ စုစုေပါင္း ၃၇၅၃၄၄ ပင္အား စိုက္ပ်ိဳးႏိုင္ခဲ့သည္။

(Unicode Version)

တပ်မတော်တစ်ရပ်လုံးအနေဖြင့် ၂၀၁၁ ခုနှစ်မှစ၍ ၂၀၁၉ ခုနှစ်အထိ သစ်ပင်မျိုးစုံ ၁၂ သန်း ၇ သိန်း ကျော် စိုက်ပျိုးခဲ့ပြီး ၁၀ သန်းကျော်ရှင်သန်ဖြစ်ထွန်း၊ စိုက်ပျိုးထားသည့် သစ်ပင်များ၊ သစ်တောများ ရှင်သန်ဖြစ်ထွန်းအောင် ပြုစုထိန်းသိမ်းခြင်းဖြင့် နောင်လာ နောက်သားများအတွက် အကျိုးရှိအောင် ဆောင်ရွက်ကြရန်လို

နေပြည်တော်၊ စက်တင်ဘာ – ၂၇

တပ်မတော်တစ်ရပ်လုံးအနေဖြင့် ၂၀၁၁ ခုနှစ်မှစ၍ နှစ်စဉ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများပြုလုပ်၍ စက်မှုကုန်ကြမ်း သီးနှံပင်၊ ရတနာတန်းဝင်ပင်၊ နှစ်ရှည်စားသုံးသီးနှံပင်နှင့် အရိပ်ရ လေကာပင်များအား စိုက်ပျိုးခဲ့ရာ ၂၀၁၉ ခုနှစ်၊ တတိယအကြိမ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအထိ စုစုပေါင်းသစ်ပင် ၁၂ သန်း ၇ သိန်းကျော် စိုက်ပျိုးနိုင်ခဲ့ကာ ၁၀ သန်းကျော် ရှင်သန်ဖြစ်ထွန်းခဲ့ကြောင်း၊ စိုက်ပျိုးထားသည့် သစ်ပင်သစ်တောများ ရှင်သန်ဖြစ်ထွန်းအောင် ပြုစုထိန်းသိမ်းခြင်းဖြင့် နောင်လာနောက်သားများ အတွက် အကျိုးရှိအောင် ဆောင်ရွက်ကြရန်လိုကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိ မြို့နယ်အတွင်းရှိ ရေဆင်းဆည်အနီး၌ ကျင်းပပြုလုပ်သည့် ၂၀၁၉ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊ လေ)မိသားစုများ၏ စတုတ္ထအကြိမ်မြောက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် အမှာစကား ပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ကာကွယ်ရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ) နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ)မှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသား အရာရှိကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)ရှိ ရုံး၊ ဌာနအသီးသီးမှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင် များ ပါဝင်တက်ရောက်၍ သစ်ပင်များစိုက်ပျိုးကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် ယနေ့ ကျင်းပပြုလုပ်သည့် စတုတ္ထအကြိမ်မြောက်သစ်ပင်စိုက်ပျိုးပွဲသည် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)နှင့် တိုင်းစစ်ဌာနချုပ် အားလုံးတွင် ယခုနှစ်အတွက်နောက်ဆုံးစိုက်ပျိုးသည့် သစ်ပင်စိုက်ပျိုးပွဲဖြစ်ကြောင်း၊ ၂၀၁၁ ခုနှစ်မှစ၍ နှစ်စဉ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများ ပြုလုပ်၍ စက်မှုကုန်ကြမ်းသီးနှံပင်၊ ရတနာတန်းဝင်ပင်၊ နှစ်ရှည် စားသုံးသီးနှံပင်နှင့် အရိပ်ရလေကာပင်များအား စိုက်ပျိုးခဲ့ရာ ၂၀၁၉ ခုနှစ်၊ တတိယအကြိမ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအထိ စုစုပေါင်းသစ်ပင် ၁၂ သန်း ၇ သိန်းကျော် စိုက်ပျိုးနိုင်ခဲ့ကာ အပင်ရေ ၁၀ သန်းကျော် ရှင်သန်ဖြစ်ထွန်းခဲ့ပြီး အပင်ရေ ၂ သန်းကျော် လျော့နည်းပျက်စီးခဲ့ကြောင်း၊ သစ်ပင်များစိုက်ပျိုးရာတွင် အချိန်၊ လူအားနှင့်ငွေအားများ စိုက်ထုတ်ထားရသည် ဖြစ်သဖြင့် သစ်ပင်များရှင်သန်ဖြစ်ထွန်းစေရန်အတွက် စနစ်တကျစိုက်ပျိုးကြရန်လိုကြောင်း၊ အပင်ရေ ၂ သန်း ကျော် ဆုံးရှုံးမှုသည် များပြားသည့်ပမာဏဖြစ်သည့်အတွက် အောင်မြင်ဖြစ်ထွန်းစေရန် စနစ်တကျ စိုက်ပျိုးထိန်းသိမ်း ပျိုးထောင်သွားရန်လိုအပ်ကြောင်း၊ ယခုကဲ့သို့ သစ်ပင် စိုက်ပျိုးပွဲများပြုလုပ်ခြင်း သည် အရိပ်အာဝသရရှိရန်နှင့် ရာသီဥတုအားအထောက်အကူဖြစ်စေရန် စိုက်ပျိုးခြင်းဖြစ်သည့်အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ စိမ်းလန်းစိုပြေရေး အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ဆောင်ရွက်နေခြင်း ပင်ဖြစ်ကြောင်း၊ စိုက်ပျိုးနေရုံဖြင့် မလုံလောက်ဘဲ အောင်မြင်စွာရှင်သန်ဖြစ်ထွန်းနိုင်ရေးအတွက် ပြုစုပျိုးထောင် ထိန်းသိမ်းစောင့်ရှောက်ရန်လည်းလိုအပ်ကြောင်း၊ ယခုမိမိတို့စိုက်ပျိုးသည့် အပင်များ သည် နောင်လာ နောက်သားများအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ လောင်စာအဖြစ် မီးသွေး၊ ထင်းသုံးစွဲမှုများ လျှော့ချရမည်ဖြစ်ကြောင်း၊ ထို့အပြင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်များ ရှိနေဆဲဖြစ်၍ မိမိဒေသအတွက်၊ တိုင်းပြည်အတွက် လျှပ်စစ်ဓာတ်အားနှင့် ရေအရင်းအမြစ် သုံးစွဲမှုများကို လိုအပ်သည့်နေရာတွင်သာ စနစ်တကျသုံးစွဲ၍ ပိုလျှံသည်များအား မျှဝေသုံးစွဲ ကြရန် လိုကြောင်း၊ ၂၀၁၁ ခုနှစ်မှ ယခု စတုတ္ထအကြိမ်မြောက် မိုးရာသီ တစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲအထိ စက်မှုကုန်ကြမ်းသီးနှံပင်၊ ရတနာတန်းဝင်ပင်၊ နှစ်ရှည်စားသုံး သီးနှံပင်နှင့် အရိပ်ရလေကာပင်များ စိုက်ပျိုးခဲ့ရာ အတိုင်းအတာတစ်ခုအထိ အောင်မြင် ဖြစ်ထွန်းရှင်သန်ခဲ့သဖြင့် အသိအမှတ်ပြု ပါကြောင်းနှင့် ဆက်လက်၍လည်း အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုး၍ ထိန်းသိမ်းရန် တာဝန်ရှိသူ များကလည်း စနစ်တကျပြုစု ထိန်းသိမ်းသွားကြရန် လိုအပ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ရတနာတန်းဝင် တမလန်းပင်ကို ဦးဆောင် စိုက်ပျိုးပေးကြသည်။ ဆက်လက်ပြီး ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အခမ်းအနား တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများက သတ်မှတ်နေရာအသီးသီးတွင် ရတနာတန်းဝင် ကျွန်း၊ တမလန်း၊ မဟော်ဂနီပင်များနှင့် မန်ဂျန်ရှားပင်များအား တစ်အုပ် တစ်မ စုပေါင်းစိုက်ပျိုးကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှုအားပေးကြသည်။ ယနေ့ကျင်းပပြုလုပ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ) မိသားစုများ၏ ၂၀၁၉ ခုနှစ်၊ စတုတ္ထအကြိမ်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ကျွန်း ၁၄၅၈ ပင်၊ တမလန်း ၃၃၀ ပင်၊ မဟော်ဂနီ ၇၀ဝ ပင်နှင့် မန်ဂျန်ရှား ၂၀၇၄ ပင်၊ စုစုပေါင်း ၄၅၆၂ ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ ရေဆင်းဆည် ပတ်ဝန်းကျင်၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဂေဟစနစ်ထိန်းသိမ်းရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၁၉ ခုနှစ် စတုတ္ထအကြိမ် မိုးရာသီ သစ်ပင် စိုက်ပျိုးပွဲအထိ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများတွင် ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရ လေကာပင် စုစုပေါင်း ၁၅၅၄၀၅ ပင်အားစိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

ထို့အတူ ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်အသီးသီးတွင်လည်း မိုးရာသီ တစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲများကို စတုတ္ထအကြိမ်ကျင်းပပြုလုပ်၍ အရာရှိ၊ စစ်သည်၊ မိသားစုများ စုပေါင်း စိုက်ပျိုးကြသည်။ ထိုသို့စိုက်ပျိုးရာ၌ နေပြည်တော်တိုင်းစစ်ဌာနချုပ် တွင် စိုက်ပျိုးပင် ၃၇၈၆၀ ပင်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်စိုက်ပျိုးပင် ၃၃၄၁၄ ပင်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တွင် စိုက်ပျိုးပင် ၂၂၁၈၃ ပင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တွင် စိုက်ပျိုးပင် ၁၉၈၀ဝ ပင်၊ အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် စိုက်ပျိုးပင် ၁၉၅၀ဝ ပင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တွင် စိုက်ပျိုးပင် ၂၃၇၃၄ ပင်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် စိုက်ပျိုးပင် ၃၅၆၃၅ ပင်၊ ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ်တွင် စိုက်ပျိုးပင် ၂၂၁၇၈ ပင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တွင် စိုက်ပျိုးပင် ၃၁၃၅၄ ပင်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တွင် စိုက်ပျိုးပင် ၁၄၉၁၅ ပင်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် စိုက်ပျိုးပင် ၁၆၀၄၀ ပင်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တွင် စိုက်ပျိုးပင် ၁၇၄၅၀ ပင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် စိုက်ပျိုးပင် ၃၁၀ဝ၀ ပင်နှင့် တောင်ပိုင်းတိုင်းစစ်ဌာန ချုပ်တွင် ၄၅၇၁၉ ပင်အား စိုက်ပျိုးကြပြီး ယနေ့တွင် တပ်မတော်တစ်ရပ်လုံးအနေဖြင့် ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၃၇၅၃၄၄ ပင်အား စိုက်ပျိုးနိုင်ခဲ့သည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။