ကမ္ဘာ့ငြိမ်းချမ်းရေး မီးရှူးတန်ဆောင်ကြီး မဟတ္တမဂန္ဒီ၏ နှစ်(၁၅၀)ပြည့် ဂုဏ်ပြုအထိမ်းအမှတ် နံ့သာဖြူပင် စိုက်ပျိုး

ေနျပည္ေတာ္၊ စက္တင္ဘာ ၂၇

ကမၻာ့ၿငိမ္းခ်မ္းေရး မီးရွဴးတန္ေဆာင္ႀကီး မဟတၱမဂႏၵီ၏ ေမြးေန႕ျဖစ္ေသာ ေအာက္တိုဘာလ ၂ ရက္ေန႕ကို အျပည္ျပည္ဆိုင္ရာအၾကမ္းမဖက္ေရးေန႕( International Day of Non-Violence)အျဖစ္ ၂၀ဝ၇ ခုႏွစ္မွစတင္၍ ကမၻာ့ကုလသမဂၢအဖြဲ႕က သတ္မွတ္ခဲ့ၿပီး ႏိုင္ငံတကာ၌ ႏွစ္စဥ္ႏွစ္တိုင္း ဂုဏ္ျပဳအထိမ္းအမွတ္ပြဲမ်ား ခမ္းနားသိုက္ၿမိဳက္စြာ က်င္းပလ်က္ရွိသည္။ ျမန္မာႏိုင္ငံတြင္လည္း ယခုႏွစ္ေအာက္တိုဘာလ ၂ ရက္တြင္ က်ေရာက္မည့္ မဟတၱမဂႏၵီ၏ ႏွစ္(၁၅၀)ျပည့္ေမြးေန႕ကို ဂုဏ္ျပဳေသာအားျဖင့္ နံ႕သာျဖဴပင္စိုက္ပ်ိဳးျခင္းမ်ား ျပဳလုပ္လ်က္ရွိရာ ယေန႕နံနက္ပိုင္းတြင္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုးရွိ ဆင္ျဖဴေတာ္ရိပ္သာအနီး၌  တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ႏွင့္ အဖြဲ႕ဝင္မ်ားက မဟတၱမဂႏၵီ၏ႏွစ္(၁၅၀)ျပည့္အထိမ္းအမွတ္အျဖစ္ နံ႕သာျဖဴပင္အား စုေပါင္းဂုဏ္ျပဳ စိုက္ပ်ိဳးၾကသည္။

အဆိုပါ ဂုဏ္ျပဳအထိမ္းအမွတ္ နံ႕သာျဖဴပင္စိုက္ပ်ိဳးပြဲသို႔ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီး စိုးဝင္း၊ ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး၊ ကာကြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး၊ နယ္စပ္ေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး၊ ၫႇိႏိႈင္းကြပ္ကဲေရးမွဴး (ၾကည္း၊ေရ၊ ေလ)၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေရ)၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး (ၾကည္း၊ေရ၊ေလ)မွ တပ္မေတာ္အရာရွိႀကီး မ်ား၊ မဟတၱမဂႏၵီ ႏွစ္(၁၅၀)ျပည့္ အထိမ္းအမွတ္က်င္းပေရးေကာ္မတီ ဥကၠ႒ ဦးေမာင္ေရႊႏွင့္ အဖြဲ႕ဝင္မ်ား၊ တာဝန္ရွိသူမ်ား တက္ေရာက္ၾက သည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ အထိမ္းအမွတ္ နံ႔သာျဖဴပင္ စိုက္ပ်ိဳးမည့္ေနရာသို႔ ေရာက္ရွိလာရာ မဟတၱမဂႏၵီ ႏွစ္(၁၅၀)ျပည့္ အထိမ္းအမွတ္က်င္းပေရး ေကာ္မတီအဖြဲ႕ဥကၠ႒ ဦးေမာင္ေရႊႏွင့္ အဖြဲ႕ဝင္မ်ားက ႀကိဳဆို ႏႈတ္ဆက္ၾကသည္။

ထို႕ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ဂုဏ္ျပဳအမွာစကား ေျပာၾကားရာတြင္ အိႏိၵယ-ျမန္မာ ႏွစ္ႏိုင္ငံသည္ တူညီသည့္သမိုင္းေၾကာင္း၊ ယဥ္ေက်းမႈ ထံုးတမ္း အစဥ္အလာ မ်ားရွိခဲ့ၿပီး မိတ္ေဆြေကာင္းႏိုင္ငံမ်ားျဖစ္ေၾကာင္း၊ “မဟတၱမဂႏၵီ” ဟု အမည္ၾကားလိုက္သည္ႏွင့္ အိႏိၵယႏိုင္ငံ၏ လြတ္လပ္ေရးကို ဦးေဆာင္ႀကိဳးပမ္းရာတြင္ မည္သည့္လက္နက္မွ် မဆြဲကိုင္သည့္ “အဟႎသ” ဟူေသာ အၾကမ္းမဖက္ေရး သေဘာတရား၊ ခ်ိဳးၿခံေခြ်တာျခင္းအက်င့္တို႔ျဖင့္ ကမၻာ့ၿငိမ္းခ်မ္းေရး မီးရွဴးတန္ေဆာင္ႀကီးအျဖစ္ ျမင္ေယာင္ၾကမည္ျဖစ္ေၾကာင္း၊ မဟတၱမဂႏၵီသည္ ၁၈၆၉ ခုႏွစ္၊ ေအာက္တိုဘာ ၂ ရက္ေန႔တြင္ ေမြးဖြားခဲ့ေသာေၾကာင့္ ယခုႏွစ္ ေအာက္တိုဘာ ၂ ရက္ေန႔တြင္ ႏွစ္ေပါင္း ၁၅၀ ျပည့္ေျမာက္မည္ျဖစ္ေၾကာင္း၊ ဂႏၵီႀကီးသည္ ျမန္မာႏိုင္ငံ၏လြတ္လပ္ေရးႀကိဳးပမ္းမႈ ကာလအတြင္း ၁၉၀၂ ခုႏွစ္၊ ၁၉၁၅ ခုႏွစ္ႏွင့္ ၁၉၂၉ ခုႏွစ္၊ သံုးႀကိမ္တိုင္တိုင္ ျမန္မာႏိုင္ငံသို႔ လာေရာက္ခဲ့ၿပီး လြတ္လပ္ေရးႀကိဳးပမ္းၾကသည့္ ႏိုင္ငံေရးေခါင္းေဆာင္မ်ား၊ သံဃာေတာ္ မ်ားႏွင့္ ေရႊတိဂံုဘုရား ရင္ျပင္ေတာ္ေပၚတြင္ ေတြ႕ဆံုအားေပးခဲ့ျခင္းသည္ ျမန္မာ့ လြတ္လပ္ေရး ႀကိဳးပမ္းမႈအတြက္ ခြန္အားတစ္ရပ္ျဖစ္ေစခဲ့သည္မွာ အမွန္ပင္ျဖစ္ေၾကာင္း၊ ၁၉၄၇ ခုႏွစ္၊ ဇူလိုင္လတြင္ ျမန္မာ့လြတ္လပ္ေရးေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္း လုပ္ႀကံခံရသည့္အခ်ိန္တြင္လည္း ဝမ္းနည္းျခင္းအထိမ္းအမွတ္ အထူးဝတ္ျပဳဆုေတာင္းပြဲကို မဟတၱမဂႏၵီကိုယ္တိုင္ ဦးေဆာင္က်င္းပ ေပးခဲ့သည္ကို ေတြ႕ရွိရေၾကာင္း၊ ယခုကဲ့သို႔ အထိမ္းအမွတ္ပြဲမ်ား ျပဳလုပ္ျခင္းသည္ မဟတၱမဂႏၵီ၏ ၿငိမ္းခ်မ္းေရးသေဘာတရားကို တန္ဖိုးထားအသိအမွတ္ျပဳျခင္း၊ ေကာင္းမြန္သည့္သမိုင္းေၾကာင္းကို ထိန္းသိမ္းျခင္းပင္ျဖစ္ၿပီး မဟတၱမဂႏၵီ၏ ေနထိုင္ျပဳမူလုပ္ေဆာင္ခ်က္မ်ားကို အတုယူရမည္ ျဖစ္ေၾကာင္း၊ ၿငိမ္းခ်မ္းေရး၊ အၾကမ္းမဖက္ေရးသေဘာတရားမ်ား၏ ေရွ႕ေဆာင္လမ္းျပျဖစ္ေသာ မဟတၱမဂႏၵီ၏ ႏွစ္(၁၅၀)ျပည့္ အထိမ္းအမွတ္နံ႔သာျဖဴပင္ စိုက္ပ်ိဳးခြင့္ရရွိသည့္အတြက္ ဂုဏ္ယူ ဝမ္းေျမာက္မိပါေၾကာင္းႏွင့္ မဟတၱမဂႏၵီ၏ ၿငိမ္းခ်မ္းေရး၊ အၾကမ္းမဖက္ေရးခံယူခ်က္မ်ားကို အတုယူ ထိန္းသိမ္းႏိုင္ၾကၿပီး ျမန္မာ-အိႏိၵယ ႏွစ္ႏိုင္ငံခ်စ္ၾကည္ေရး အဓြန္႔ရွည္တည္တံ့ေစရန္ႏွင့္ ျမန္မာ ႏိုင္ငံၿငိမ္းခ်မ္းေရး၊ ေဒသတြင္းႏွင့္ ကမၻာႀကီး၏ၿငိမ္းခ်မ္းေရးျဖစ္စဥ္မ်ားတြင္ အေထာက္အကူ ျဖစ္ပါေစရန္ ဆႏၵျပဳပါေၾကာင္းျဖင့္ ေျပာၾကားသည္။

ယင္းေနာက္ မဟတၱမဂႏၵီ ႏွစ္(၁၅၀)ျပည့္ အထိမ္းအမွတ္က်င္းပေရးေကာ္မတီအဖြဲ႕ဝင္ ဦးခင္ေမာင္ခ်ိဳ က မဟတၱမဂႏၵီ ႏွစ္(၁၅၀)ျပည့္ အထိမ္းအမွတ္ နံ႕သာျဖဴပင္စိုက္ပ်ိဳးျခင္းႏွင့္ ပတ္သက္၍ ေက်းဇူးတင္ စကားျပန္လည္ေျပာၾကားရာတြင္ မဟတၱမဂႏၵီကို ၁၈၆၉ ခုႏွစ္၊ ေအာက္တိုဘာ ၂ ရက္တြင္ အိႏၵိယႏိုင္ငံအေနာက္ပိုင္း၊ ဂူဂ်ာရတ္ျပည္နယ္၊ ေပၚဘန္ဒါေဒသတြင္ ေမြးဖြားခဲ့ျခင္းျဖစ္ေၾကာင္း၊ ၁၈၇၆ ခုႏွစ္တြင္ ရာဂ်္ေဂါၿမိဳ႕သို႔ ေျပာင္းေရႊ႕ ပညာသင္ယူခဲ့ၿပီး ၁၈၈၇ ခုႏွစ္တြင္ တကၠသိုလ္ဝင္တန္း ေအာင္ျမင္ခဲ့ကာ ၿဗိတိန္ႏိုင္ငံ၊ လန္ဒန္ၿမိဳ႕တြင္ ဥပေဒပညာ သင္ယူခဲ့ေၾကာင္း၊ ၁၈၉၁ ခုႏွစ္တြင္ ဥပေဒဘြဲ႕ရရွိကာ အိႏိၵယႏိုင္ငံတြင္ ဝတ္လံုေတာ္ရေရွ႕ေနအျဖစ္ လုပ္ကိုင္ခဲ့ေၾကာင္း၊ ၁၈၉၃ ခုႏွစ္တြင္ ေတာင္အာဖရိကႏိုင္ငံ တြင္ အမႈလိုက္ရာမွ အသားအေရာင္ခြဲျခားဆက္ဆံမႈ ခ်ဳပ္ၿငိမ္းေစေရးအတြက္ ေဆာင္ရြက္ခဲ့ေၾကာင္း၊ ၁၉၁၅ ခုႏွစ္တြင္ အိႏိၵယႏိုင္ငံလြတ္လပ္ေရးအတြက္ အိႏိၵယအမ်ိဳးသား ကြန္ဂရက္ကို စနစ္တက်စုစည္းၿပီး လြတ္လပ္ေရးအတြက္ ႀကိဳးပမ္းအားထုတ္ခဲ့ေၾကာင္း၊ အၾကမ္း မဖက္ျခင္းလမ္းစဥ္ကို က်င့္သံုးခဲ့ၿပီး အေၾကာက္တရားမွ ကင္းေဝးေစျခင္း၊ မိမိကိုယ္ကိုအားကိုးျခင္း၊ စည္းလံုးညီၫြတ္ျခင္းဆိုသည့္ တရားမ်ားကို က်င့္ႀကံေစရန္ လံႈ႕ေဆာ္တိုက္တြန္းခဲ့ေၾကာင္း၊ မဟတၱမဂႏၵီ ၏ ဦးေဆာင္မႈ၊ အိႏိၵယျပည္သူတို႔၏ စည္းလံုးညီၫြတ္မႈျဖင့္ ၁၉၄၇ ခုႏွစ္၊ ဩဂုတ္ ၁၅ ရက္ တြင္ အိႏိၵယႏိုင္ငံ လြတ္လပ္ေရးရရွိခဲ့ေၾကာင္း၊ မဟတၱမဂႏၵီ၏ အေတြးအေခၚမ်ား၊ က်င့္ႀကံအားထုတ္ ခဲ့မႈမ်ားကို ဂုဏ္ျပဳေသာအားျဖင့္ ၎၏ေမြးေန႔ ေအာက္တိုဘာ ၂ ရက္ေန႔ကို အျပည္ျပည္ဆိုင္ရာ အၾကမ္းမဖက္ေရးေန႕( International Day of Non-Violence )အျဖစ္ ၂၀ဝ၇ ခုႏွစ္မွစတင္၍ ကမၻာ့ကုလသမဂၢအဖြဲ႕က သတ္မွတ္ခဲ့ၿပီး ႏိုင္ငံတကာ၌ ႏွစ္စဥ္ႏွစ္တိုင္း ဂုဏ္ျပဳအထိမ္းအမွတ္ပြဲမ်ား ခမ္းနားသိုက္ၿမိဳက္စြာ က်င္းပလ်က္ရွိေၾကာင္း၊ ယခုကဲ့သို႔ မဟတၱမဂႏၵီ၏ ႏွစ္(၁၅၀)ျပည့္အထိမ္း အမွတ္အျဖစ္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း)ဝန္းအတြင္း၌ နံ႔သာျဖဴပင္စိုက္ပ်ိဳးပြဲ ျပဳလုပ္ေပးသည့္ အတြက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား အထူးေက်းဇူးတင္ပါေၾကာင္းႏွင့္  ၿငိမ္းခ်မ္းေရး ေခါင္းေဆာင္ႀကီး မဟတၱမဂႏၵီအား အေလးအျမတ္ထားဂုဏ္ျပဳ၍  ႏွစ္ႏိုင္ငံ ခ်စ္ၾကည္ရင္းႏွီးမႈကို ဆထက္ထမ္းပိုး တိုးပြားခိုင္မာပါေစဟု ဆုမြန္ေကာင္းေတာင္းပါေၾကာင္းျဖင့္ ေျပာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ မဟတၱမဂႏၵီ ႏွစ္(၁၅၀)ျပည့္ အထိမ္းအမွတ္ နံ႕သာျဖဴပင္ႏွင့္ အမွီပိေတာက္ပင္တို႔အား စုေပါင္းစိုက္ပ်ိဳးၾကၿပီး တက္ေရာက္ လာၾကသူမ်ားႏွင့္အတူ အမွတ္တရစုေပါင္းဓာတ္ပံု႐ိုက္ကူးခဲ့ၾကသည္။

(Unicode Version)

ကမ္ဘာ့ငြိမ်းချမ်းရေး မီးရှူးတန်ဆောင်ကြီး မဟတ္တမဂန္ဒီ၏ နှစ်(၁၅၀)ပြည့် ဂုဏ်ပြုအထိမ်းအမှတ် နံ့သာဖြူပင် စိုက်ပျိုး

နေပြည်တော်၊ စက်တင်ဘာ ၂၇

ကမ္ဘာ့ငြိမ်းချမ်းရေး မီးရှူးတန်ဆောင်ကြီး မဟတ္တမဂန္ဒီ၏ မွေးနေ့ဖြစ်သော အောက်တိုဘာလ ၂ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာအကြမ်းမဖက်ရေးနေ့( International Day of Non-Violence)အဖြစ် ၂၀ဝ၇ ခုနှစ်မှစတင်၍ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က သတ်မှတ်ခဲ့ပြီး နိုင်ငံတကာ၌ နှစ်စဉ်နှစ်တိုင်း ဂုဏ်ပြုအထိမ်းအမှတ်ပွဲများ ခမ်းနားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း ယခုနှစ်အောက်တိုဘာလ ၂ ရက်တွင် ကျရောက်မည့် မဟတ္တမဂန္ဒီ၏ နှစ်(၁၅၀)ပြည့်မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် နံ့သာဖြူပင်စိုက်ပျိုးခြင်းများ ပြုလုပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံးရှိ ဆင်ဖြူတော်ရိပ်သာအနီး၌  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များက မဟတ္တမဂန္ဒီ၏နှစ်(၁၅၀)ပြည့်အထိမ်းအမှတ်အဖြစ် နံ့သာဖြူပင်အား စုပေါင်းဂုဏ်ပြု စိုက်ပျိုးကြသည်။

အဆိုပါ ဂုဏ်ပြုအထိမ်းအမှတ် နံ့သာဖြူပင်စိုက်ပျိုးပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊ လေ)၊ ကာကွယ်ရေးဦးစီးချုပ် (ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ)မှ တပ်မတော်အရာရှိကြီး များ၊ မဟတ္တမဂန္ဒီ နှစ်(၁၅၀)ပြည့် အထိမ်းအမှတ်ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်ရွှေနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြ သည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အထိမ်းအမှတ် နံ့သာဖြူပင် စိုက်ပျိုးမည့်နေရာသို့ ရောက်ရှိလာရာ မဟတ္တမဂန္ဒီ နှစ်(၁၅၀)ပြည့် အထိမ်းအမှတ်ကျင်းပရေး ကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ရွှေနှင့် အဖွဲ့ဝင်များက ကြိုဆို နှုတ်ဆက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံသည် တူညီသည့်သမိုင်းကြောင်း၊ ယဉ်ကျေးမှု ထုံးတမ်း အစဉ်အလာ များရှိခဲ့ပြီး မိတ်ဆွေကောင်းနိုင်ငံများဖြစ်ကြောင်း၊ “မဟတ္တမဂန္ဒီ” ဟု အမည်ကြားလိုက်သည်နှင့် အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေးကို ဦးဆောင်ကြိုးပမ်းရာတွင် မည်သည့်လက်နက်မျှ မဆွဲကိုင်သည့် “အဟိံသ” ဟူသော အကြမ်းမဖက်ရေး သဘောတရား၊ ချိုးခြံချွေတာခြင်းအကျင့်တို့ဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေး မီးရှူးတန်ဆောင်ကြီးအဖြစ် မြင်ယောင်ကြမည်ဖြစ်ကြောင်း၊ မဟတ္တမဂန္ဒီသည် ၁၈၆၉ ခုနှစ်၊ အောက်တိုဘာ ၂ ရက်နေ့တွင် မွေးဖွားခဲ့သောကြောင့် ယခုနှစ် အောက်တိုဘာ ၂ ရက်နေ့တွင် နှစ်ပေါင်း ၁၅၀ ပြည့်မြောက်မည်ဖြစ်ကြောင်း၊ ဂန္ဒီကြီးသည် မြန်မာနိုင်ငံ၏လွတ်လပ်ရေးကြိုးပမ်းမှု ကာလအတွင်း ၁၉၀၂ ခုနှစ်၊ ၁၉၁၅ ခုနှစ်နှင့် ၁၉၂၉ ခုနှစ်၊ သုံးကြိမ်တိုင်တိုင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး လွတ်လပ်ရေးကြိုးပမ်းကြသည့် နိုင်ငံရေးခေါင်းဆောင်များ၊ သံဃာတော် များနှင့် ရွှေတိဂုံဘုရား ရင်ပြင်တော်ပေါ်တွင် တွေ့ဆုံအားပေးခဲ့ခြင်းသည် မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှုအတွက် ခွန်အားတစ်ရပ်ဖြစ်စေခဲ့သည်မှာ အမှန်ပင်ဖြစ်ကြောင်း၊ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လတွင် မြန်မာ့လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရသည့်အချိန်တွင်လည်း ဝမ်းနည်းခြင်းအထိမ်းအမှတ် အထူးဝတ်ပြုဆုတောင်းပွဲကို မဟတ္တမဂန္ဒီကိုယ်တိုင် ဦးဆောင်ကျင်းပ ပေးခဲ့သည်ကို တွေ့ရှိရကြောင်း၊ ယခုကဲ့သို့ အထိမ်းအမှတ်ပွဲများ ပြုလုပ်ခြင်းသည် မဟတ္တမဂန္ဒီ၏ ငြိမ်းချမ်းရေးသဘောတရားကို တန်ဖိုးထားအသိအမှတ်ပြုခြင်း၊ ကောင်းမွန်သည့်သမိုင်းကြောင်းကို ထိန်းသိမ်းခြင်းပင်ဖြစ်ပြီး မဟတ္တမဂန္ဒီ၏ နေထိုင်ပြုမူလုပ်ဆောင်ချက်များကို အတုယူရမည် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး၊ အကြမ်းမဖက်ရေးသဘောတရားများ၏ ရှေ့ဆောင်လမ်းပြဖြစ်သော မဟတ္တမဂန္ဒီ၏ နှစ်(၁၅၀)ပြည့် အထိမ်းအမှတ်နံ့သာဖြူပင် စိုက်ပျိုးခွင့်ရရှိသည့်အတွက် ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်းနှင့် မဟတ္တမဂန္ဒီ၏ ငြိမ်းချမ်းရေး၊ အကြမ်းမဖက်ရေးခံယူချက်များကို အတုယူ ထိန်းသိမ်းနိုင်ကြပြီး မြန်မာ-အိန္ဒိယ နှစ်နိုင်ငံချစ်ကြည်ရေး အဓွန့်ရှည်တည်တံ့စေရန်နှင့် မြန်မာ နိုင်ငံငြိမ်းချမ်းရေး၊ ဒေသတွင်းနှင့် ကမ္ဘာကြီး၏ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် အထောက်အကူ ဖြစ်ပါစေရန် ဆန္ဒပြုပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် မဟတ္တမဂန္ဒီ နှစ်(၁၅၀)ပြည့် အထိမ်းအမှတ်ကျင်းပရေးကော်မတီအဖွဲ့ဝင် ဦးခင်မောင်ချို က မဟတ္တမဂန္ဒီ နှစ်(၁၅၀)ပြည့် အထိမ်းအမှတ် နံ့သာဖြူပင်စိုက်ပျိုးခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင် စကားပြန်လည်ပြောကြားရာတွင် မဟတ္တမဂန္ဒီကို ၁၈၆၉ ခုနှစ်၊ အောက်တိုဘာ ၂ ရက်တွင် အိန္ဒိယနိုင်ငံအနောက်ပိုင်း၊ ဂူဂျာရတ်ပြည်နယ်၊ ပေါ်ဘန်ဒါဒေသတွင် မွေးဖွားခဲ့ခြင်းဖြစ်ကြောင်း၊ ၁၈၇၆ ခုနှစ်တွင် ရာဂျ်ဂေါမြို့သို့ ပြောင်းရွှေ့ ပညာသင်ယူခဲ့ပြီး ၁၈၈၇ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ကာ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တွင် ဥပဒေပညာ သင်ယူခဲ့ကြောင်း၊ ၁၈၉၁ ခုနှစ်တွင် ဥပဒေဘွဲ့ရရှိကာ အိန္ဒိယနိုင်ငံတွင် ဝတ်လုံတော်ရရှေ့နေအဖြစ် လုပ်ကိုင်ခဲ့ကြောင်း၊ ၁၈၉၃ ခုနှစ်တွင် တောင်အာဖရိကနိုင်ငံ တွင် အမှုလိုက်ရာမှ အသားအရောင်ခွဲခြားဆက်ဆံမှု ချုပ်ငြိမ်းစေရေးအတွက် ဆောင်ရွက်ခဲ့ကြောင်း၊ ၁၉၁၅ ခုနှစ်တွင် အိန္ဒိယနိုင်ငံလွတ်လပ်ရေးအတွက် အိန္ဒိယအမျိုးသား ကွန်ဂရက်ကို စနစ်တကျစုစည်းပြီး လွတ်လပ်ရေးအတွက် ကြိုးပမ်းအားထုတ်ခဲ့ကြောင်း၊ အကြမ်း မဖက်ခြင်းလမ်းစဉ်ကို ကျင့်သုံးခဲ့ပြီး အကြောက်တရားမှ ကင်းဝေးစေခြင်း၊ မိမိကိုယ်ကိုအားကိုးခြင်း၊ စည်းလုံးညီညွတ်ခြင်းဆိုသည့် တရားများကို ကျင့်ကြံစေရန် လှုံ့ဆော်တိုက်တွန်းခဲ့ကြောင်း၊ မဟတ္တမဂန္ဒီ ၏ ဦးဆောင်မှု၊ အိန္ဒိယပြည်သူတို့၏ စည်းလုံးညီညွတ်မှုဖြင့် ၁၉၄၇ ခုနှစ်၊ ဩဂုတ် ၁၅ ရက် တွင် အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရရှိခဲ့ကြောင်း၊ မဟတ္တမဂန္ဒီ၏ အတွေးအခေါ်များ၊ ကျင့်ကြံအားထုတ် ခဲ့မှုများကို ဂုဏ်ပြုသောအားဖြင့် ၎င်း၏မွေးနေ့ အောက်တိုဘာ ၂ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အကြမ်းမဖက်ရေးနေ့( International Day of Non-Violence )အဖြစ် ၂၀ဝ၇ ခုနှစ်မှစတင်၍ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က သတ်မှတ်ခဲ့ပြီး နိုင်ငံတကာ၌ နှစ်စဉ်နှစ်တိုင်း ဂုဏ်ပြုအထိမ်းအမှတ်ပွဲများ ခမ်းနားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း၊ ယခုကဲ့သို့ မဟတ္တမဂန္ဒီ၏ နှစ်(၁၅၀)ပြည့်အထိမ်း အမှတ်အဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်း၌ နံ့သာဖြူပင်စိုက်ပျိုးပွဲ ပြုလုပ်ပေးသည့် အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အထူးကျေးဇူးတင်ပါကြောင်းနှင့်  ငြိမ်းချမ်းရေး ခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီအား အလေးအမြတ်ထားဂုဏ်ပြု၍  နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ဆထက်ထမ်းပိုး တိုးပွားခိုင်မာပါစေဟု ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မဟတ္တမဂန္ဒီ နှစ်(၁၅၀)ပြည့် အထိမ်းအမှတ် နံ့သာဖြူပင်နှင့် အမှီပိတောက်ပင်တို့အား စုပေါင်းစိုက်ပျိုးကြပြီး တက်ရောက် လာကြသူများနှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။