တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

ေနျပည္ေတာ္၊ စက္တင္ဘာ ၂၇

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္သည္ ျမန္မာႏိုင္ငံတြင္ တာဝန္ ထမ္းေဆာင္မႈၿပီးဆံုး၍ ျပန္လည္ထြက္ခြာေတာ့မည့္ ျမန္မာႏိုင္ငံဆိုင္ရာ ခ်က္သမၼတႏိုင္ငံ သံအမတ္ႀကီး H.E.Mr. Jaroslav Dolecek အား ယေန႔မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမ၌ လက္ခံေတြ႕ဆံုသည္။

အဆိုပါေတြ႕ဆံုပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ျမန္မာႏိုင္ငံဆိုင္ရာ ခ်က္သမၼတႏိုင္ငံ သံအမတ္ႀကီးႏွင့္အတူ ဒုတိယ သံအမတ္ႀကီး Mr. Viktor Michalik တို႔ တက္ေရာက္ၾကသည္။

ထိုသို႔ေတြ႕ဆံုရာတြင္ ႏွစ္ႏိုင္ငံခ်စ္ၾကည္ေရးႏွင့္ပူးေပါင္းေဆာင္ရြက္မႈမ်ား တိုးတက္လ်က္ရွိသည့္ အေျခအေနမ်ားႏွင့္ ဆက္လက္၍ပိုမိုတိုးျမႇင့္ေဆာင္ရြက္ႏိုင္မည့္အေျခအေနမ်ား၊ ျမန္မာႏိုင္ငံ၏ ႏိုင္ငံေရးျဖစ္ေပၚေျပာင္းလဲမႈမ်ားႏွင့္ ျပည္တြင္းၿငိမ္းခ်မ္းေရးအတြက္ ေဆာင္ရြက္လ်က္ရွိသည့္ အေျခ အေနမ်ားအား ရင္းရင္းႏွီးႏွီးအျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ၾကသည္။

(Unicode Version)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ စက်တင်ဘာ ၂၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံတွင် တာဝန် ထမ်းဆောင်မှုပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Jaroslav Dolecek အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ကြီးနှင့်အတူ ဒုတိယ သံအမတ်ကြီး Mr. Viktor Michalik တို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လျက်ရှိသည့် အခြေအနေများနှင့် ဆက်လက်၍ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေ အနေများအား ရင်းရင်းနှီးနှီးအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။