တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ ဂျပန်နိုင်ငံသို့ချစ်ကြည်ရေးခရီးထွက်ခွာ

နေပြည်တော် အောက်တိုဘာ ၈

ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့များ၏ ပူးတွဲစစ်ဦးစီးချုပ် General Koji YAMASAKI ၏ဖိတ်ကြားချက်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ရန် အတွက် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး H.E.Mr.Ichiro MARUYAMA ၊ စစ်သံမှူး Col. TAKASHI KOMATSU နှင့် တာဝန်ရှိသူများက လေဆိပ်တွင်ပို့ဆောင်နှုတ်ဆက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိများ အဖွဲ့ဝင် အဖြစ်လိုက်ပါသွားကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ညပိုင်းတွင် ဂျပန်နိုင်ငံ Tokyo မြို့ရှိ၊ Haneda လေဆိပ်သို့ရောက်ရှိကြရာ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာ နိုင်ငံသံအမတ်ကြီး ဦးမြင့်သူ၊ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနမှ Colonel ISHIWATA ၊ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ  Mr. Yohei SASAKAWA ၊ ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ Mr. Hideo WATANABE ၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးကြီး တင်စိုး နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အဆိုပါချစ်ကြည်ရေး ခရီးစဉ်အတွင်း ဂျပန်နိုင်ငံ အစိုးရအဖွဲ့မှတာဝန်ရှိသူများနှင့် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေး တပ်ဖွဲ့များ၏ပူးတွဲစစ်ဦးစီးချုပ်တို့အား တွေ့ဆုံ၍ နှစ်နိုင်ငံနှင့်နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခြင်းနှင့် ဂျပန်နိုင်ငံရှိစက်မှုလုပ်ငန်းများအား ကြည့်ရှုလေ့လာခြင်းများ ဆောင်ရွက်သွား မည်ဖြစ်သည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ ကိုယ္စားလွယ္အဖြဲ႕ဂ်ပန္ႏိုင္ငံသို႔ ခ်စ္ၾကည္ေရးခရီးထြက္ခြာ

ေနျပည္ေတာ္ ေအာက္တိုဘာ ၈

ဂ်ပန္ကိုယ္ပိုင္ကာကြယ္ေရးတပ္ဖြဲ႕မ်ား၏ ပူးတြဲစစ္ဦးစီးခ်ဳပ္ General Koji YAMASAKI ၏ဖိတ္ၾကားခ်က္အရ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ ခ်စ္ၾကည္ေရးကိုယ္စားလွယ္အဖြဲ႕သည္ ဂ်ပန္ႏိုင္ငံသို႔ ခ်စ္ၾကည္ေရးခရီးသြားေရာက္ရန္ အတြက္ ယေန႔ နံနက္ပိုင္းတြင္ ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္မွ ထြက္ခြာၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရး ကိုယ္စားလွယ္အဖြဲ႕အား ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမွဴး ဗိုလ္ခ်ဳပ္သက္ပံု ၊ ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ပန္ႏိုင္ငံသံအမတ္ႀကီး H.E.Mr.Ichiro MARUYAMA ၊ စစ္သံမွဴး Col. TAKASHI KOMATSU ႏွင့္ တာဝန္ရွိသူမ်ားက ေလဆိပ္တြင္ပို႔ေဆာင္ႏႈတ္ဆက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ညိဳေစာ၊ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ တပ္မေတာ္အရာရွိမ်ား အဖြဲ႕ဝင္ အျဖစ္လိုက္ပါသြားၾကသည္။

ထို႕ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ ညပိုင္းတြင္ ဂ်ပန္ႏိုင္ငံ Tokyo ၿမိဳ႕ရွိ၊ Haneda ေလဆိပ္သို႔ေရာက္ရွိၾကရာ ဂ်ပန္ႏိုင္ငံဆိုင္ရာ ျမန္မာ ႏိုင္ငံသံအမတ္ႀကီး ဦးျမင့္သူ၊ ဂ်ပန္ကာကြယ္ေရးဝန္ႀကီးဌာနမွ Colonel ISHIWATA ၊ နီပြန္ေဖာင္ေဒးရွင္းဥကၠ႒  Mr. Yohei SASAKAWA ၊ ဂ်ပန္-ျမန္မာ ခ်စ္ၾကည္ေရးအသင္း ဥကၠ႒ Mr. Hideo WATANABE ၊ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ) ဗိုလ္မွဴးႀကီး တင္စိုး ႏွင့္ တာဝန္ရွိသူမ်ားက ေလဆိပ္တြင္ ႀကိဳဆိုႏႈတ္ဆက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ အဆိုပါခ်စ္ၾကည္ေရး ခရီးစဥ္အတြင္း ဂ်ပန္ႏိုင္ငံ အစိုးရအဖြဲ႕မွတာဝန္ရွိသူမ်ားႏွင့္ ဂ်ပန္ကိုယ္ပိုင္ကာကြယ္ေရး တပ္ဖြဲ႕မ်ား၏ပူးတြဲစစ္ဦးစီးခ်ဳပ္တို႕အား ေတြ႔ဆံု၍ ႏွစ္ႏိုင္ငံႏွင့္ႏွစ္ႏိုင္ငံ တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ ပူးေပါင္းေဆာင္ရြက္ေရးဆိုင္ရာ ကိစၥရပ္မ်ားအား ေဆြးေႏြးျခင္းႏွင့္ ဂ်ပန္ႏိုင္ငံရွိစက္မႈလုပ္ငန္းမ်ားအား ၾကည့္႐ႈေလ့လာျခင္းမ်ား ေဆာင္ရြက္သြား မည္ျဖစ္သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။