တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ Tachikawa တပ်စခန်းသို့လေ့လာ၊ Jindaiji ဘုန်းတော်ကြီး ကျောင်းသို့ သွားရောက်လေ့လာဖူးမြော်ကြည်ညို

နေပြည်တော်၊ အောက်တိုဘာ – ၁၀

ဂျပန်နိုင်ငံသို့ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် တိုကျိုမြို့အနောက်ပိုင်းရှိ Tachikawa တပ်စခန်းနှင့် Jindaiji ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက် လေ့လာကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဂျပန်ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့၏ သဘာဝ ဘေးအန္တရာယ်ကာကွယ်ရေးတပ်ဌာနချုပ်ဖြစ်သည့် Tachikawa တပ်စခန်းသို့ရောက်ရှိကြရာ Tachikawa တပ်စခန်းမှ တပ်မှူး Colonel YOSHIURA နှင့်အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြပြီး ရှင်းလင်းဆောင်၌ တပ်စခန်း ဆိုင်ရာသမိုင်းအကျဉ်းနှင့် လုံခြုံရေးဆိုင်ရာ၊ သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ် ရေးဆိုင်ရာ များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးဆိုင်ရာ လေ့ကျင့်ဆောင်ရွက်နေမှုများအား ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။ ထို့နောက် ဂျပန်နိုင်ငံ၏ကိုယ်ပိုင်ဒီဇိုင်းဖြင့် ထုတ်လုပ်ထားသည့် ရဟတ်ယာဉ်များ၊ တပ်စခန်းအတွင်းလုံခြုံရေးနှင့် သဘာဝ ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးတို့အတွက် အသင့်စုဖွဲ့ထားရှိသည့် ရဟတ်ယာဉ်များနှင့် လေကြောင်း လုံခြုံရေးဆောင်ရွက်ထားရှိမှုတို့အား လှည့်လည်ကြည့်ရှုလေ့လာကြပြီး တပ်စခန်း ဌာနချုပ်မှ YOKOHAMA မြို့ ဆိပ်ကမ်းအထိ ဂျပန်တပ်မတော်ရဟတ်ယာဉ်များ စီးနင်း၍ ဝေဟင်မှကြည့်ရှုလေ့လာကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များအား Tachikawa တပ်စခန်းမှ တပ်မှူး Colonel YOSHIURA က တပ်စခန်းစားရိပ်သာတွင်နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး နေ့လည်စာသုံးဆောင် အပြီး တွင် ဧည့်ခန်းမ၌အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တိုကျိုမြို့ ဆင်ခြေဖုံးဒေသရှိ သမိုင်းဝင် ဗုဒ္ဓဘာသာဘုရားကျောင်းဖြစ်သည့် Jindaiji ဘုန်းတော် ကြီးကျောင်းသို့သွားရောက်၍ ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှု ဖူးမြော်ကြည်ညိုသည်။ ဦးစွာ ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်များက ဆုတောင်းမှုများ ပြုလုပ်ပေးကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက နာယူခဲ့ကြသည်။ ယင်းနောက် ကျောင်းထိုင်ဘုန်းတော်ကြီး Mr. Chodo Kanshun က ဘုရားကျောင်း သမိုင်းအကျဉ်းအား ရှင်းလင်းမိန့် ကြားရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အလှူငွေများ ပေးအပ်လှူဒါန်း၍ ဘုရားကျောင်းအတွင်း လှည့်လည်ဖူးမြော်ကြည်ညို ခဲ့ကြပြီး အမှတ်တရစုပေါင်း ဓာတ်ပုံများ ရိုက်ခဲ့ကြသည်။

အဆိုပါ Jindaiji ဘုန်းတော်ကြီးကျောင်းသည် တိုကျိုမြို့တွင် ဒုတိယသက်တမ်း အရင့်ဆုံး ဘုရားကျောင်းဖြစ်ပြီး လွန်ခဲ့သောနှစ်ပေါင်း ၁၃၀၀ခန့်် အေဒီ ရ၃၃ ခုနှစ်တွင် ဘုန်းတော်ကြီး Mankhoo Shonin က လူသားများသည် နိုင်ငံ့၏အမွေအနှစ်၊ စစ်မှန်သည့် ရတနာများဖြစ်သည်ဟု ယုံကြည်လက်ခံသည့် အထိမ်းအမှတ်ဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဘုရားကျောင်းရှိ Shaka Nyorai ရှေးဟောင်းကြေးသွန်းရုပ်ပွားတော်မြတ်ကို ၂၀၁၈ ခုနှစ်တွင် (National treasure of Jindaiji Buddha image) နိုင်ငံအမွေအနှစ် ရတနာတစ်ပါးအဖြစ် သတ်မှတ်ခဲ့ကြောင်း၊ ဘုရားကျောင်းတွင် ဂျပန်နိုင်ငံ၏ ထင်ရှား ကျော်ကြားနာမည်ကြီးခဲ့သည့် မြန်မာ့စောင်း အမည်ရှိ ဂျပန်ရုပ်ရှင်ဇတ်ကား ရိုက်ကူးခဲ့ပြီး လက်ရှိတွင်လည်း ရုပ်ရှင်ဇတ်ကားများ မကြာခဏ လာရောက် ရိုက်ကူးလေ့ရှိကြောင်း၊ ပင်မကျောင်းဆောင်ကြီးသည် ၁၆၄၆ ခုနှစ်နှင့် ၁၈၆၅ ခုနှစ်တွင် မီးလောင်ပျက်စီးခဲ့ရာမှ ၁၉၁၉ ခုနှစ်တွင် မူလလက်ရာမပျက် ပြန်လည်တည်ဆောက်ထားခြင်း ဖြစ်ကြောင်း၊ ဘုရားကျောင်း အတွင်းရှိ ရေထွက်များမှ ရေကောင်းရေသန့်များရရှိနိုင်ပြီး ရေထွက်များ အနီးတွင် နှစ်ပေါင်း ၁၅၀ သက်တမ်းရှိ သစ်ပင်များဖြင့် သာယာလျက်ရှိပါကြောင်း၊ ရိုးရာဓလေ့ ဖြစ်သည့် soba ပန်းဂျုံခေါက်ဆွဲပြုလုပ်မှုတွင်လည်း အရသာထူးခြား ကောင်းမွန်မှုကြောင့် နာမည်ကြီးထင်ရှားကြောင်း၊ နှစ်စဉ်ပွဲတော်များအား ရာသီ အလိုက်ပြုလုပ်လေ့ရှိကာ ဆောင်းဦးကာလများတွင် ဖူးပွင့်နေသောချယ်ရီပန်းများနှင့် လှပတင့်တယ်မှုကို တွေ့မြင်ရနိုင်ကြောင်းသိရှိရပြီး ဘုရားဖူးလာသူပြည်တွင်းပြည်ပ ခရီးသွားများဖြင့် စည်ကားလျက်ရှိသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ ဦးေဆာင္ေသာ ကုိယ္စားလွယ္အဖြဲ႕ Tachikawa တပ္စခန္းသုိ႕ေလ့လာ၊ Jindaiji ဘုန္းေတာ္ႀကီး ေက်ာင္းသုိ႕ သြားေရာက္ေလ့လာဖူးေျမာ္ၾကည္ညိဳ

ေနျပည္ေတာ္၊ ေအာက္တုိဘာ – ၁၀

ဂ်ပန္ႏုိင္ငံသုိ႕ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရး ကုိယ္စားလွယ္အဖြဲ႕သည္ ယေန႕နံနက္ပုိင္းတြင္ တုိက်ဳိၿမိဳ႕အေနာက္ပုိင္းရွိ Tachikawa တပ္စခန္းႏွင့္ Jindaiji ဘုန္းေတာ္ႀကီးေက်ာင္းမ်ားသုိ႕ သြားေရာက္ ေလ့လာၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ဂ်ပန္ကုိယ္ပုိင္ ကာကြယ္ေရးတပ္ဖြဲ႕၏ သဘာ၀ ေဘးအႏၲရာယ္ကာကြယ္ေရးတပ္ဌာနခ်ဳပ္ျဖစ္သည့္ Tachikawa တပ္စခန္းသုိ႕ေရာက္ရွိၾကရာ Tachikawa တပ္စခန္းမွ တပ္မွဴး Colonel YOSHIURA ႏွင့္အဖြဲ႕၀င္မ်ားက ႀကိဳဆုိႏႈတ္ဆက္ၾကၿပီး ရွင္းလင္းေဆာင္၌ တပ္စခန္း ဆုိင္ရာသမုိင္းအက်ဥ္းႏွင့္ လုံၿခဳံေရးဆုိင္ရာ၊ သဘာ၀ေဘးအႏၲရာယ္ကူညီကယ္ဆယ္ ေရးဆုိင္ရာ မ်ားႏွင့္ ပတ္သက္၍ ရွင္းလင္းတင္ျပရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သဘာ၀ေဘးအႏၲရာယ္ႀကိဳတင္ ကာကြယ္ေရးဆုိင္ရာ ေလ့က်င့္ေဆာင္ရြက္ေနမႈမ်ားအား ျပန္လည္ေမးျမန္းေဆြးေႏြးခဲ့သည္။ ထုိ႕ေနာက္ ဂ်ပန္ႏုိင္ငံ၏ကုိယ္ပုိင္ဒီဇုိင္းျဖင့္ ထုတ္လုပ္ထားသည့္ ရဟတ္ယာဥ္မ်ား၊ တပ္စခန္းအတြင္းလုံၿခဳံေရးႏွင့္ သဘာ၀ ေဘးအႏၲရာယ္ ကူညီကယ္ဆယ္ေရးတုိ႕အတြက္ အသင့္စုဖြဲ႕ထားရွိသည့္ ရဟတ္ယာဥ္မ်ားႏွင့္ ေလေၾကာင္း လုံၿခဳံေရးေဆာင္ရြက္ထားရွိမႈတုိ႕အား လွည့္လည္ၾကည့္႐ႈေလ့လာၾကၿပီး တပ္စခန္း ဌာနခ်ဳပ္မွ YOKOHAMA ၿမိဳ႕ ဆိပ္ကမ္းအထိ ဂ်ပန္တပ္မေတာ္ရဟတ္ယာဥ္မ်ား စီးနင္း၍ ေ၀ဟင္မွၾကည့္႐ႈေလ့လာၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားအား Tachikawa တပ္စခန္းမွ တပ္မွဴး Colonel YOSHIURA က တပ္စခန္းစားရိပ္သာတြင္ေန႕လည္စာျဖင့္ တည္ခင္းဧည့္ခံခဲ့ၿပီး ေန႕လည္စာသုံးေဆာင္ အၿပီး တြင္ ဧည့္ခန္းမ၌အမွတ္တရ လက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ခဲ့ၾကသည္။
ထုိ႕ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ တုိက်ဳိၿမိဳ႕ ဆင္ေျခဖုံးေဒသရွိ သမုိင္း၀င္ ဗုဒၶဘာသာဘုရားေက်ာင္းျဖစ္သည့္ Jindaiji ဘုန္းေတာ္ ႀကီးေက်ာင္းသုိ႕သြားေရာက္၍ ေက်ာင္း၀င္းအတြင္း လွည့္လည္ၾကည့္႐ႈ ဖူးေျမာ္ၾကည္ညိဳသည္။ ဦးစြာ ဘုန္းေတာ္ႀကီးေက်ာင္းမွ ဆရာေတာ္မ်ားက ဆုေတာင္းမႈမ်ား ျပဳလုပ္ေပးၾကရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕၀င္မ်ားက နာယူခဲ့ၾကသည္။ ယင္းေနာက္ ေက်ာင္းထုိင္ဘုန္းေတာ္ႀကီး Mr. Chodo Kanshun က ဘုရားေက်ာင္း သမုိင္းအက်ဥ္းအား ရွင္းလင္းမိန္႕ ၾကားရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အလွဴေငြမ်ား ေပးအပ္လွဴဒါန္း၍ ဘုရားေက်ာင္းအတြင္း လွည့္လည္ဖူးေျမာ္ၾကည္ညိဳ ခဲ့ၾကၿပီး အမွတ္တရစုေပါင္း ဓာတ္ပုံမ်ား ရုိက္ခဲ့ၾကသည္။

အဆုိပါ Jindaiji ဘုန္းေတာ္ႀကီးေက်ာင္းသည္ တုိက်ဳိၿမိဳ႕တြင္ ဒုတိယသက္တမ္း အရင့္ဆုံး ဘုရားေက်ာင္းျဖစ္ၿပီး လြန္ခဲ့ေသာႏွစ္ေပါင္း ၁၃၀၀ခန္္႕ ေအဒီ ၇၃၃ ခုႏွစ္တြင္ ဘုန္းေတာ္ႀကီး Mankhoo Shonin က လူသားမ်ားသည္ ႏုိင္ငံ့၏အေမြအႏွစ္၊ စစ္မွန္သည့္ ရတနာမ်ားျဖစ္သည္ဟု ယုံၾကည္လက္ခံသည့္ အထိမ္းအမွတ္ျဖင့္ တည္ေဆာက္ခဲ့ျခင္း ျဖစ္ေၾကာင္း၊ ဘုရားေက်ာင္းရွိ Shaka Nyorai ေရွးေဟာင္းေၾကးသြန္းရုပ္ပြားေတာ္ျမတ္ကုိ ၂၀၁၈ ခုႏွစ္တြင္ (National treasure of Jindaiji Buddha image) ႏုိင္ငံအေမြအႏွစ္ ရတနာတစ္ပါးအျဖစ္ သတ္မွတ္ခဲ့ေၾကာင္း၊ ဘုရားေက်ာင္းတြင္ ဂ်ပန္ႏုိင္ငံ၏ ထင္ရွား ေက်ာ္ၾကားနာမည္ႀကီးခဲ့သည့္ ျမန္မာ့ေစာင္း အမည္ရွိ ဂ်ပန္႐ုပ္ရွင္ဇတ္ကား ရုိက္ကူးခဲ့ၿပီး လက္ရွိတြင္လည္း ႐ုပ္ရွင္ဇတ္ကားမ်ား မၾကာခဏ လာေရာက္ ရုိက္ကူးေလ့ရွိေၾကာင္း၊ ပင္မေက်ာင္းေဆာင္ႀကီးသည္ ၁၆၄၆ ခုႏွစ္ႏွင့္ ၁၈၆၅ ခုႏွစ္တြင္ မီးေလာင္ပ်က္စီးခဲ့ရာမွ ၁၉၁၉ ခုႏွစ္တြင္ မူလလက္ရာမပ်က္ ျပန္လည္တည္ေဆာက္ထားျခင္း ျဖစ္ေၾကာင္း၊ ဘုရားေက်ာင္း အတြင္းရွိ ေရထြက္မ်ားမွ ေရေကာင္းေရသန္႕မ်ားရရွိႏုိင္ၿပီး ေရထြက္မ်ား အနီးတြင္ ႏွစ္ေပါင္း ၁၅၀ သက္တမ္းရွိ သစ္ပင္မ်ားျဖင့္ သာယာလ်က္ရွိပါေၾကာင္း၊ ရုိးရာဓေလ့ ျဖစ္သည့္ soba ပန္းဂ်ဳံေခါက္ဆြဲျပဳလုပ္မႈတြင္လည္း အရသာထူးျခား ေကာင္းမြန္မႈေၾကာင့္ နာမည္ႀကီးထင္ရွားေၾကာင္း၊ ႏွစ္စဥ္ပြဲေတာ္မ်ားအား ရာသီ အလုိက္ျပဳလုပ္ေလ့ရွိကာ ေဆာင္းဦးကာလမ်ားတြင္ ဖူးပြင့္ေနေသာခ်ယ္ရီပန္းမ်ားႏွင့္ လွပတင့္တယ္မႈကို ေတြ႕ျမင္ရႏုိင္ေၾကာင္းသိရွိရၿပီး ဘုရားဖူးလာသူျပည္တြင္းျပည္ပ ခရီးသြားမ်ားျဖင့္ စည္ကားလ်က္ရွိသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။