တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဂျပန်နိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Mr. Taro Kono နှင့် တွေ့ဆုံဆွေးနွေး

 

နေပြည်တော်၊ အောက်တိုဘာ – ၁၀

ဂျပန်နိုင်ငံသို့ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်သည် ယနေ့ညနေပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာနသို့ သွားရောက်၍ ဂျပန်ကာကွယ်ရေးဝန််ကြီး Mr. Taro Kono နှင့် တွေ့ဆုံဆွေးနွေးသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ဂျပန်နိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးမြင့်သူ၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးကြီး တင်စိုးတို့တက်ရောက်ကြပြီး ဂျပန်ကာကွယ်ရေးဝန်ကြီးနှင့်အတူ ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ််ဖွဲ့မှ ဒုတိယပူးတွဲစစ်ဦးစီးချုပ် Lieutenant General Masuko Yutaka ၊ နီပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Mr. Yohei SASAKAWA နှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံ၏ပါတီစုံဒီမိုကရေစီလမ်းကြောင်း လျှောက်လှမ်းနေမှုအခြေအနေများ၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်အတွက် တပ်မတော်မှ ကြိုးစားဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဂျပန်နိုင်ငံက ကူညီဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ ကုလသမဂ္ဂစာမျက်နှာထက်တွင် မြန်မာနိုင်ငံ ဘက်မှ မှန်ကန်စွာ ရပ်တည်ပေးခဲ့သည့်အခြေအနေများ၊ ကမ္ဘာကြီးပူနွေး လာမှုကြောင့် ရာသီဥတုပြင်းထန် လာပြီး ဖြစ်ပေါ်လာသည့်သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် အကြမ်းဖက်မှုတားဆီးနှိမ်နင်းရေး ဆိုင်ရာကိစ္စများတွင် နိုင်ငံအားလုံးဝိုင်းဝန်းဆောင်ရွက်ရမည်ဖြစ်ပြီး သတင်းအချက်အလက်များ အပြန်အလှန် ဖလှယ်၍ ပူးပေါင်းဆောင်ရွက်ရန်လိုသည့် အခြေအနေများ၊ ကာကွယ်ရေး၊ ပညာရေးနှင့် ကုန်သွယ်ရေး အပါ အဝင် ကဏ္ဍပေါင်းစုံတွင် ဆက်ဆံမှုများ ပိုမိုတိုးတက်ကောင်းမွန်လာပြီး ဆက်လက်၍ ကျယ်ကျယ် ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများအား ခင်မင်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဂျပန်ကာကွယ်ရေး ၀န််ကြီးတို့သည် အထိမ်း အမှတ်တံဆိပ်နှင့်် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန် အလှန်ပေးအပ်ခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ ဂ်ပန္ႏုိင္ငံ၊ ကာကြယ္ေရး၀န္ႀကီး Mr. Taro Kono ႏွင့္ ေတြ႕ဆုံေဆြးေႏြး

ေနျပည္ေတာ္၊ ေအာက္တုိဘာ – ၁၀

ဂ်ပန္ႏုိင္ငံသုိ႕ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနသည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္ လိႈင္သည္ ယေန႕ညေနပုိင္းတြင္ ကာကြယ္ေရး၀န္ႀကီးဌာနသုိ႕ သြားေရာက္၍ ဂ်ပန္ကာကြယ္ေရး၀န္္ႀကီး Mr. Taro Kono ႏွင့္ ေတြ႕ဆုံေဆြးေႏြးသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယ ဗုိလ္ခ်ဳပ္ႀကီး ညိဳေစာ၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီး စုိးထြဋ္ ဂ်ပန္ႏုိင္ငံဆုိင္ရာျမန္မာႏုိင္ငံသံအမတ္ႀကီး ဦးျမင့္သူ၊ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးႀကီး တင္စုိးတုိ႔တက္ေရာက္ၾကၿပီး ဂ်ပန္ကာကြယ္ေရး၀န္ႀကီးႏွင့္အတူ ဂ်ပန္ကုိယ္ပုိင္ကာကြယ္ေရးတပ္္ဖြဲ႕မွ ဒုတိယပူးတြဲစစ္ဦးစီးခ်ဳပ္ Lieutenant General Masuko Yutaka ၊ နီပြန္ ေဖာင္ေဒးရွင္း ဥကၠ႒ Mr. Yohei SASAKAWA ႏွင့္အဖြဲ႕၀င္မ်ား တက္ေရာက္ၾကသည္။

ေတြ႕ဆုံေဆြးေႏြးရာတြင္ ျမန္မာႏုိင္ငံ၏ပါတီစုံဒီမုိကေရစီလမ္းေၾကာင္း ေလွ်ာက္လွမ္းေနမႈအေျခအေနမ်ား၊ ျပည္တြင္းၿငိမ္းခ်မ္းေရး ရရွိရန္အတြက္ တပ္မေတာ္မွ ႀကိဳးစားေဆာင္ရြက္လ်က္ရွိသည့္ အေျခအေနမ်ားႏွင့္ ဂ်ပန္ႏုိင္ငံက ကူညီေဆာင္ရြက္ေပးလ်က္ရွိသည့္ အေျခအေနမ်ား၊ ကုလသမဂၢစာမ်က္ႏွာထက္တြင္ ျမန္မာႏုိင္ငံ ဘက္မွ မွန္ကန္စြာ ရပ္တည္ေပးခဲ့သည့္အေျခအေနမ်ား၊ ကမၻာႀကီးပူေႏြး လာမႈေၾကာင့္ ရာသီဥတုျပင္းထန္ လာၿပီး ျဖစ္ေပၚလာသည့္သဘာ၀ေဘးအႏၲရာယ္ တားဆီးကာကြယ္ေရးႏွင့္ အၾကမ္းဖက္မႈတားဆီးႏွိမ္နင္းေရး ဆုိင္ရာကိစၥမ်ားတြင္ ႏုိင္ငံအားလုံး၀ုိင္း၀န္းေဆာင္ရြက္ရမည္ျဖစ္ၿပီး သတင္းအခ်က္အလက္မ်ား အျပန္အလွန္ ဖလွယ္၍ ပူးေပါင္းေဆာင္ရြက္ရန္လုိသည့္ အေျခအေနမ်ား၊ ကာကြယ္ေရး၊ ပညာေရးႏွင့္ ကုန္သြယ္ေရး အပါ အ၀င္ က႑ေပါင္းစုံတြင္ ဆက္ဆံမႈမ်ား ပုိမုိတုိးတက္ေကာင္းမြန္လာၿပီး ဆက္လက္၍ က်ယ္က်ယ္ ျပန္႕ျပန္႕ ပူးေပါင္းေဆာင္ရြက္သြားမည့္ အေျခအေနမ်ားအား ခင္မင္ရင္းႏွီးစြာ ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဂ်ပန္ကာကြယ္ေရး ၀န္္ႀကီးတုိ႕သည္ အထိမ္း အမွတ္တံဆိပ္ႏွင့္္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္ အလွန္ေပးအပ္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။