တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ အောက်တိုဘာ – ၁၅

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Colonel General Alexander V. FOMIN ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့နေ့လည်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစောနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး Dr. Nikolay A. LISTOPADOV နှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုများ တိုးမြှင့် ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ရုရှားနိုင်ငံတွင် နှစ်စဉ် ကျင်းပပြုလုပ်သည့် International Army Games ပြိုင်ပွဲများကျင်းပမှု၊ မြန်မာ့ တပ်မတော်မှဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အခြေအနေများနှင့် ဆက်လက်ပါဝင် ယှဉ်ပြိုင်သွားမည့်အခြေအနေများ၊ စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများကို အောင်မြင်စွာ ဆောင်ရွက်လျက်ရှိသကဲ့သို့ စီးပွားရေးနှင့် အခြားကဏ္ဍများတွင်လည်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မည့် အခြေအနေများ၊ လေ့ကျင့်ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေးနှင့် ချစ်ကြည်ရေး ခရီးစဉ်အပြန်အလှန် လည်ပတ်ရေးဆိုင်ရာကိစ္စရပ်များအား ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ သည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့သည်။

 

(Zawgyi Version)

 

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ႐ုရွားဖက္ဒေရးရွင္း ႏုိင္ငံ၊ ကာကြယ္ေရး ၀န္ႀကီးဌာန၊ ဒုတိယ၀န္ႀကီးအား လက္ခံေတြ႕ဆုံ

ေနျပည္ေတာ္၊ ေအာက္တုိဘာ – ၁၅

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ႐ုရွားဖက္ဒေရးရွင္းႏုိင္ငံ၊ ကာကြယ္ေရး ၀န္ႀကီးဌာန၊ ဒုတိယ၀န္ႀကီး Colonel General Alexander V. FOMIN ဦးေဆာင္ေသာ ကုိယ္စားလွယ္ အဖြဲ႕အား ယေန႔ေန႔လည္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမ၌ လက္ခံေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ညိဳေစာႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ႐ုရွားဖက္ဒေရးရွင္းႏုိင္ငံ၊ ကာကြယ္ေရး ၀န္ႀကီးဌာန၊ ဒုတိယ၀န္ႀကီး ႏွင့္အတူ ျမန္မာႏုိင္ငံဆုိင္ရာ ႐ုရွားႏုိင္ငံသံအမတ္ႀကီး Dr. Nikolay A. LISTOPADOV ႏွင့္အဖြဲ႕၀င္မ်ား တက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆံုရာတြင္ ႏွစ္ႏိုင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ဆက္ဆံေရးႏွင့္ ခ်စ္ၾကည္ရင္းႏွီးမႈမ်ား တုိးျမႇင့္ ေဆာင္ရြက္ႏိုင္မည့္ အေျခအေနမ်ား၊ ႐ုရွားႏုိင္ငံတြင္ ႏွစ္စဥ္ က်င္းပျပဳလုပ္သည့္ International Army Games ၿပိဳင္ပြဲမ်ားက်င္းပမႈ၊ ျမန္မာ့ တပ္မေတာ္မွ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့သည့္ အေျခအေနမ်ားႏွင့္ ဆက္လက္ပါ၀င္ ယွဥ္ၿပိဳင္သြားမည့္အေျခအေနမ်ား၊ စစ္ဘက္ဆုိင္ရာပူးေပါင္းေဆာင္ရြက္မႈႏွင့္ ခ်စ္ၾကည္ရင္းႏွီးမႈမ်ားကုိ ေအာင္ျမင္စြာ ေဆာင္ရြက္လ်က္ရွိသကဲ့သုိ႕ စီးပြားေရးႏွင့္ အျခားက႑မ်ားတြင္လည္း ပူးေပါင္းေဆာင္ရြက္မႈ တုိးျမႇင့္ႏုိင္မည့္ အေျခအေနမ်ား၊ ေလ့က်င့္ေရးဆုိင္ရာမ်ားတြင္ ပူးေပါင္းေဆာင္ရြက္မႈမ်ားတုိးျမႇင့္ေရးႏွင့္ ခ်စ္ၾကည္ေရး ခရီးစဥ္အျပန္အလွန္ လည္ပတ္ေရးဆုိင္ရာကိစၥရပ္မ်ားအား ခင္မင္ရင္းႏွီးစြာ အျမင္ခ်င္းဖလွယ္ ေဆြးေႏြးခဲ့ၾက သည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ႐ုရွားဖက္ဒေရးရွင္းႏုိင္ငံ၊ ကာကြယ္ေရး၀န္ႀကီးဌာန၊ ဒုတိယ၀န္ႀကီးတုိ႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။