တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယတပ်မတော်၊ ဒုတိယ ရေတပ်ဦးစီးချုပ်အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ အောက်တိုဘာ ၁၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယတပ်မတော်၊ ဒုတိယရေတပ်ဦးစီးချုပ် Vice Admiral G Ashok Kumar, AVSM,VSM, VCNS ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် တပ်မတော်အရာရှိကြီးများတက်ရောက်ကြပြီး အိန္ဒိယတပ်မတော်၊ ဒုတိယရေတပ်ဦးစီးချုပ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ နိုင်ငံသံအမတ်ကြီး H.E. Mr. Saurabh Kumar နှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် ကုန်းမြေ၊ ရေ၊လေ ပိုင်နက် နယ်နိမိတ်များ ထိစပ်နေပြီး မိတ်ဆွေကောင်း မိတ်ဆွေဟောင်းနိုင်ငံများဖြစ်သည့်အခြေအနေများ၊ နှစ်နိုင်ငံ ရေပြင်နယ်နိမိတ် ဆက်စပ်လျက်ရှိသဖြင့် ရေပြင်ပိုင်နက်လုံခြုံရေးကို နှစ်နိုင်ငံ ရေတပ်များ သတင်း အချက်အလက်များဖလှယ်၍ ပူးပေါင်းဆောင်ရွက်နေသည့် အခြေအနေများ၊ မြန်မာ့တပ်မတော် အနေဖြင့် အိမ်နီးချင်း ၅ နိုင်ငံနှင့် အိမ်နီးချင်းကောင်း ဖြစ်စေရန် နယ်စပ်ဒေသပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မြန်မာ့ တပ်မတော်(ရေ)အား ခေတ်မီတပ်မတော်(ရေ)ဖြစ်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေ များ၊ သင်တန်းသားများစေလွှတ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်နိုင်ငံရေတပ်အချင်းချင်း ချစ်ကြည်ရေး ခရီးစဉ်များအပြန်အလှန် လည်ပတ်ခြင်းဖြင့် နည်းပညာဖလှယ်ရေးဆိုင်ရာကိစ္စရပ်များအား ခင်မင် ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အိန္ဒိယတပ်မတော်၊ ဒုတိယရေတပ် ဦးစီးချုပ်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြသည်။

 

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ အိႏၵိယတပ္မေတာ္၊ ဒုတိယ ေရတပ္ဦးစီးခ်ဳပ္အား လက္ခံေတြ႕ဆုံ

ေနျပည္ေတာ္၊ ေအာက္တိုဘာ ၁၇

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ အိႏၵိယတပ္မေတာ္၊ ဒုတိယေရတပ္ဦးစီးခ်ဳပ္ Vice Admiral G Ashok Kumar, AVSM,VSM, VCNS ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕အား ယေန႔နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ေဇယ်ာသီရိဗိမာန္ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္းႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ားတက္ေရာက္ၾကၿပီး အိႏၵိယတပ္မေတာ္၊ ဒုတိယေရတပ္ဦးစီးခ်ဳပ္ႏွင့္အတူ ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယ ႏိုင္ငံသံအမတ္ႀကီး H.E. Mr. Saurabh Kumar ႏွင့္အဖြဲ႕ဝင္မ်ား တက္ေရာက္ၾကသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ ျမန္မာႏိုင္ငံႏွင့္ အိႏၵိယႏိုင္ငံတို႔သည္ ကုန္းေျမ၊ ေရ၊ေလ ပိုင္နက္ နယ္နိမိတ္မ်ား ထိစပ္ေနၿပီး မိတ္ေဆြေကာင္း မိတ္ေဆြေဟာင္းႏိုင္ငံမ်ားျဖစ္သည့္အေျခအေနမ်ား၊ ႏွစ္ႏိုင္ငံ ေရျပင္နယ္နိမိတ္ ဆက္စပ္လ်က္ရွိသျဖင့္ ေရျပင္ပိုင္နက္လုံၿခဳံေရးကို ႏွစ္ႏိုင္ငံ ေရတပ္မ်ား သတင္း အခ်က္အလက္မ်ားဖလွယ္၍ ပူးေပါင္းေဆာင္႐ြက္ေနသည့္ အေျခအေနမ်ား၊ ျမန္မာ့တပ္မေတာ္ အေနျဖင့္ အိမ္နီးခ်င္း ၅ ႏိုင္ငံႏွင့္ အိမ္နီးခ်င္းေကာင္း ျဖစ္ေစရန္ နယ္စပ္ေဒသပူးေပါင္း ေဆာင္႐ြက္မႈလုပ္ငန္းမ်ားကို အေလးထားေဆာင္႐ြက္လ်က္ရွိသည့္ အေျခအေနမ်ား၊ ျမန္မာ့ တပ္မေတာ္(ေရ)အား ေခတ္မီတပ္မေတာ္(ေရ)ျဖစ္ေရး ပူးေပါင္းေဆာင္႐ြက္လ်က္ရွိသည့္ အေျခအေန မ်ား၊ သင္တန္းသားမ်ားေစလႊတ္ေရးဆိုင္ရာ ကိစၥရပ္မ်ားႏွင့္ ႏွစ္ႏိုင္ငံေရတပ္အခ်င္းခ်င္း ခ်စ္ၾကည္ေရး ခရီးစဥ္မ်ားအျပန္အလွန္ လည္ပတ္ျခင္းျဖင့္ နည္းပညာဖလွယ္ေရးဆိုင္ရာကိစၥရပ္မ်ားအား ခင္မင္ ရင္းႏွီးစြာ အျမင္ခ်င္းဖလွယ္ ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အိႏၵိယတပ္မေတာ္၊ ဒုတိယေရတပ္ ဦးစီးခ်ဳပ္တို႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန္အလွန္ ေပးအပ္ၾကၿပီး စုေပါင္းဓာတ္ပုံ ႐ိုက္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။