တိုင်းပြည်ချစ်စိတ်၊ အမျိုးကိုစောင့်ထိန်းသည့်စိတ်ဖြင့် အမျိုး၊ ဘာသာ၊ သာသနာ အမျိုးသားရေး စရိုက်လက္ခဏာကို မှန်မှန်ကန်ကန်စောင့်ထိန်း၍ အသိပညာ၊ အတတ်ပညာကို မြှင့်တင်ရမည်ဖြစ်

တိုင်းပြည်ချစ်စိတ်၊ အမျိုးကိုစောင့်ထိန်းသည့်စိတ်ဖြင့် အမျိုး၊ ဘာသာ၊ သာသနာ အမျိုးသားရေး စရိုက်လက္ခဏာကို မှန်မှန်ကန်ကန်စောင့်ထိန်း၍ အသိပညာ၊ အတတ်ပညာကို မြှင့်တင်ရမည်ဖြစ်

နေပြည်တော် အောက်တိုဘာ ၁၈

တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်နေသည့်အတွက် စွမ်းရည်သုံးရပ် ပြည့်စုံရမည်ဖြစ်ပြီး စည်းလုံးညီညွတ်မှုရှိနေရမည်ဖြစ်ကြောင်း၊ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာတို့ နှင့်ပတ်သက်၍တိုင်းပြည်ချစ်စိတ်၊ အမျိုးကိုစောင့်ထိန်းသည့်စိတ်ဖြင့် မပျောက်ပျက်အောင်မှန်မှန် ကန်ကန် ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ ဒေသအကျိုးစီးပွား တိုးတက်ကောင်းမွန်စေရန်၊ ပြည်သူများ၏ အကျိုးစီးပွားတိုးတက်ကောင်းမွန်စေရန်နှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ကျိုင်းတုံတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ အား ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ပြည်ငြိမ်းအေးခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ် (လေ)ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်နှင့်ဇနီး၊ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ တပ်မတော်အရာရှိ ကြီးများနှင့်ဇနီးများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ခင်လှိုင်နှင့်ဇနီး၊ တိုင်းစစ်ဌာနချုပ် အတွင်းရှိတပ်နယ်မှူးများ၊ကျိုင်းတုံ တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေရသည့်အတွက် စည်းလုံးညီညွတ်မှုရှိနေရမည် ဖြစ်ကြောင်း၊ ကြုံတွေ့နေရသည့် အခက်အခဲများအား မှန်မှန်ကန်ကန် ရဲရဲ ဝံ့ဝံ့တင်ပြရမည်ဖြစ်ကြောင်း၊ ဦးစီးဦးဆောင်နေကြရသူများ၏ဆုံးဖြတ်ချက်များ မှားယွင်းမှုမရှိစေရေးအတွက် ပြောသည့်အတိုင်း လုပ်ရန်နှင့် လုပ်သည့်အတိုင်းပြောရန်လိုကြောင်း၊ တပ်မတော်သည် စွမ်းရည်သုံးရပ်ပြည့်စုံနေရမည် ဖြစ်ပြီး အမြဲတမ်းလေ့ကျင့်နေရမည်ဖြစ်ကြောင်း၊ သင်တန်းကျောင်းများနှင့်နေ့စဉ်လေ့ကျင့်ရေး ဆောင်ရွက်မှုများတွင် သေချာလေ့ကျင့်ဆောင်ရွက်မှသာလျင် စွမ်းရည်မြင့်မားလာမည် ဖြစ်ကြောင်း၊ အချိန်ကိုစနစ်တကျစီမံခန့်ခွဲအသုံးချပြီးမိမိဘဝဖွံ့ဖြိုးတိုးတက်တိုးတက်ရေး အတွက်အကျင့်ကောင်း များမွေးမြူဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများ နှင့် မိသားစုဝင်များသည် ပြည်သူများမှ ပေါက်ဖွားလာသောနိုင်ငံသူ၊ နိုင်ငံသားများဖြစ်ပြီးတိုင်းပြည်၏အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း၊ မိမိတို့သည်စည်းကမ်းစနစ်တကျနေထိုင် ရမည်ဖြစ်ပြီးတိုင်းပြည်ချစ်စိတ်၊ အမျိုးကိုစောင့်ထိန်းသည့် စိတ်ဖြင့် အမျိုးသားရေးစရိုက် လက္ခဏာကိုမပျောက်ပျက်အောင်မှန်မှန်ကန်ကန် ထိန်းသိမ်းစောင့် ရှောက်ကြရမည်ဖြစ်ကြောင်း၊မြန်မာနိုင်ငံတွင်လူဦးရေ၏ ၈၇ ရာခိုင်နှုန်းခန့်သည် ဗုဒ္ဓဘာသာ၊ ၆ ရာခိုင်နှုန်းကျော်သည် ခရစ်ယာန်ဘာသာ၊ ၄ ရာခိုင်နှုန်းကျော်ခန့်သည် အစ္စလာမ် ဘာသာစသည်ဖြင့် ကိုးကွယ်လျက်ရှိကြကြောင်း၊ ဒီမိုကရေစီနိုင်ငံဖြစ်သည်နှင့်အညီပြည်သူ၊ ပြည်သားအားလုံးကို လွတ်လပ်စွာကိုးကွယ်ခွင့်ပြုထားပြီး မိမိတို့ကိုးကွယ်သည့် ဘာသာသာသနာကို မှန်မှန်ကန်ကန် စောင့်ထိန်းဖို့လိုအပ်ပြီး အခြားဘာသာများကိုလည်း အသိအမှတ်ပြုလေးစားရန်လိုကြောင်း။

တိုင်းပြည်တစ်ခု ဖွံ့ဖြိုးတိုးတက်ရန်အတွက် အသိပညာ၊ အတတ်ပညာမြင့်မားရေးသည် မရှိမဖြစ် လိုအပ်ကြောင်း၊ အသိပညာဆိုသည်မှာ ဘဝတွင်တွေ့ကြုံခဲ့ရသည့် အတွေ့ အကြုံများဖြစ်ပြီး အတတ် ပညာဆိုသည်မှာသင်ယူရသည်ပညာဖြစ်ကြောင်း၊မိမိဖြတ်သန်းလာသည့် အသိပညာများကို သင်ယူ တတ်မြောက်ထားသည့် အတတ်ပညာများဖြင့် ပေါင်းစပ်ပြီးမိမိအဖွဲ့အစည်း၊ မိမိဒေသ၊ မိမိမြို့၊ မိမိတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပြန်လည်အသုံးချရမည်ဖြစ်ကြောင်း၊ တပ်မတော်သည် ပြည်သူများမှ ပေါက်ဖွားလာပြီး ပြည်သူများ၏ အကျိုးစီးပွားကောင်းမွန်စေရန်၊ ပြည်သူများ၏ ဘဝ လုံခြုံမှုရှိစေရန်နှင့် ဒေသအကျိုးစီးပွား တိုးတက်ကောင်းမွန်စေရန်အတွက် ကူညီဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ မိမိတို့တပ်တွင်း၌ စည်းကမ်းစနစ်တကျရှိပြီးသာယာလှပမှုရှိအောင်နေထိုင် သကဲ့သို့မိမိ ဒေသ၊မိမိတိုင်းပြည်သာယာလှပရေး၊တိုးတက်ရေးနှင့် နေထိုင်စားသောက်မှု စနစ်တိုးတက်ကောင်းမွန် စေရေးတို့အတွက်ဝိုင်းဝန်းကူညီဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လူနေမှုစနစ် အားနည်းချက်ရှိသည့် နေရာဒေသများတွင် လက်တွေ့ပါသည့် ကူညီဆောင်ရွက်ပေးမှုများဖြင့် လုပ်ကိုင်ပေးကြရမည်ဖြစ်ပြီး မိမိဖြတ်သန်းလာသည့်အတွေ့အကြုံနှင့်ယှဉ်၍ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးရ မည်ဖြစ် ကြောင်း။

ကျိုင်းတုံမြို့သည့်သွားရေး၊ လာရေးဝေးကွာသည့်အတွက်ကုန်ဈေးနှုန်းကြီးမြင့်မှုကိုခံစားရနိုင်ကြောင်း၊ ထို့ကြောင့်ဒေသတွင်းစီးပွားရေးဖြစ်ထွန်းနိုင်သည့် ကုန်ထုတ်လုပ်ငန်းများကိုအားပေးရမည်ဖြစ် ကြောင်း၊ဒေသဖွံ့ဖြိုးတိုးတက်ရန်အတွက်လျှပ်စစ်စွမ်းအားသည်အဓိက လိုအပ်ချက်ဖြစ်ပြီး လျှပ်စစ်စွမ်း အားလိုအပ်ချက်ကိုပြည့်ဖြိုးမြဲစွမ်းအင်၊သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေသည့်ရေအားလျှပ် စစ်ထုတ်လုပ်မှုများတည်ဆောက်အသုံးပြု၍ ဖြေရှင်းရမည်ဖြစ်ကြောင်း၊ ဒေသအကျိုးစီးပွားဖြစ်ထွန်း စေမည့်အကြံဉာဏ်များကိုပြည်သူလူထုသို့ ရှင်းပြတိုက်တွန်းကြရန်လိုကြောင်း၊ ကုန်ဈေးနှုန်းကြီးမြင့်မှု ကို စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ပြီး ခြိုးခြံချွေတာမှုဖြင့် ဖြေ ရှင်းရမည် ဖြစ်ကြောင်း၊စားရေးအဆင်ပြေပါက ငွေရေးကြေးရေးပိုင်းတွင်လည်း အဆင်ပြေချောမွေ့နိုင်မည်ဖြစ် ကြောင်းနှင့် မိမိတို့မိသားစု ဖွံ့ဖြိုးတိုးတက်ကောင်းမွန်ရန်ဆောင် ရွက်သကဲ့သို့မိမိဒေသ၊ မိမိတိုင်း ပြည်ဖွံ့ဖြိုးတိုးတက် ရေးအတွက် ကိုယ်စီအသိစိတ်ဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်းဖြင့် မှာကြား သည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်မှအရာရှိ၊စစ်သည်၊ မိသားစုများအတွက် သုတ၊ ရသစာအုပ်၊ စာစောင်များကိုလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှက တပ်နယ်မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်းအတွက် ချီးမြှင့်ငွေများကို လည်းကောင်း ပေးအပ်ရာ တိုင်းမှူးနှင့်ဇနီးတို့က လက်ခံရယူကြသည်။

ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးတို့က တပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများအတွက် အားကစားပစ္စည်းများနှင့် စားသောက်ဖွယ်ရာများအားအသီးသီးပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြခဲ့ကြသည်။

(Zawgyi Version)

တိုင္းျပည္ခ်စ္စိတ္၊ အမ်ိဳးကိုေစာင့္ထိန္းသည့္စိတ္ျဖင့္ အမ်ိဳး၊ ဘာသာ၊ သာသနာ အမ်ိဳးသားေရး စ႐ိုက္လကၡဏာကို မွန္မွန္ကန္ကန္ေစာင့္ထိန္း၍ အသိပညာ၊ အတတ္ပညာကို ျမႇင့္တင္ရမည္ျဖစ္

ေနျပည္ေတာ္ ေအာက္တိုဘာ ၁၈

တပ္မေတာ္သည္ ႏိုင္ငံေတာ္ကာကြယ္ေရးတာဝန္ထမ္းေဆာင္ေနသည့္အတြက္ စြမ္းရည္သံုးရပ္ ျပည့္စံုရမည္ျဖစ္ၿပီး စည္းလံုးညီၫြတ္မႈရွိေနရမည္ျဖစ္ေၾကာင္း၊ အမ်ိဳး၊ ဘာသာ၊ သာသနာ၊ ပညာတို႕ ႏွင့္ပတ္သက္၍တိုင္းျပည္ခ်စ္စိတ္၊ အမ်ိဳးကိုေစာင့္ထိန္းသည့္စိတ္ျဖင့္ မေပ်ာက္ပ်က္ေအာင္မွန္မွန္ ကန္ကန္ ထိန္းသိမ္းေစာင့္ေရွာက္ရမည္ျဖစ္ေၾကာင္း၊ ေဒသအက်ိဳးစီးပြား တိုးတက္ေကာင္းမြန္ေစရန္၊ ျပည္သူမ်ား၏ အက်ိဳးစီးပြားတိုးတက္ေကာင္းမြန္ေစရန္ႏွင့္ တိုင္းျပည္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ဝိုင္းဝန္းေဆာင္ရြက္ၾကရမည္ျဖစ္ေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ က ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္၊ က်ိဳင္းတံုတပ္နယ္ရွိ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား အား ယေန႕မြန္းလြဲပိုင္းတြင္ တိုင္းစစ္ဌာနခ်ဳပ္၊ ျပည္ၿငိမ္းေအးခန္းမ၌ ေတြ႕ဆံုအမွာစကား ေျပာၾကားစဥ္ ထည့္သြင္းေျပာၾကားသည္။

အဆိုပါေတြ႕ဆံုပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ)ဗိုလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေက်ာ္ႏွင့္ဇနီး၊ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း) မွ တပ္မေတာ္အရာရွိ ႀကီးမ်ားႏွင့္ဇနီးမ်ား၊ ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္တိုင္းမွဴးဗိုလ္ခ်ဳပ္ခင္လိႈင္ႏွင့္ဇနီး၊ တိုင္းစစ္ဌာနခ်ဳပ္ အတြင္းရွိတပ္နယ္မွဴးမ်ား၊က်ိဳင္းတံု တပ္နယ္မွ အရာရွိ၊ စစ္သည္၊ မိသားစုမ်ား တက္ေရာက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က အမွာစကားေျပာၾကားရာတြင္ တပ္မေတာ္သည္ ႏိုင္ငံေတာ္ ကာကြယ္ေရးတာဝန္မ်ားကို ထမ္းေဆာင္ေနရသည့္အတြက္ စည္းလံုးညီၫြတ္မႈရွိေနရမည္ ျဖစ္ေၾကာင္း၊ ႀကံဳေတြ႕ေနရသည့္ အခက္အခဲမ်ားအား မွန္မွန္ကန္ကန္ ရဲရဲ ဝံ့ဝံ့တင္ျပရမည္ျဖစ္ေၾကာင္း၊ ဦးစီးဦးေဆာင္ေနၾကရသူမ်ား၏ဆံုးျဖတ္ခ်က္မ်ား မွားယြင္းမႈမရွိေစေရးအတြက္ ေျပာသည့္အတိုင္း လုပ္ရန္ႏွင့္ လုပ္သည့္အတိုင္းေျပာရန္လိုေၾကာင္း၊ တပ္မေတာ္သည္ စြမ္းရည္သံုးရပ္ျပည့္စံုေနရမည္ ျဖစ္ၿပီး အၿမဲတမ္းေလ့က်င့္ေနရမည္ျဖစ္ေၾကာင္း၊ သင္တန္းေက်ာင္းမ်ားႏွင့္ေန႕စဥ္ေလ့က်င့္ေရး ေဆာင္ရြက္မႈမ်ားတြင္ ေသခ်ာေလ့က်င့္ေဆာင္ရြက္မွသာလ်င္ စြမ္းရည္ျမင့္မားလာမည္ ျဖစ္ေၾကာင္း၊ အခ်ိန္ကိုစနစ္တက်စီမံခန္႕ခြဲအသံုးခ်ၿပီးမိမိဘဝဖြံ႕ၿဖိဳးတိုးတက္တိုးတက္ေရး အတြက္အက်င့္ေကာင္း မ်ားေမြးျမဴေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္သားမ်ား ႏွင့္ မိသားစုဝင္မ်ားသည္ ျပည္သူမ်ားမွ ေပါက္ဖြားလာေသာႏိုင္ငံသူ၊ ႏိုင္ငံသားမ်ားျဖစ္ၿပီးတိုင္းျပည္၏အစိတ္အပိုင္းတစ္ရပ္ျဖစ္ေၾကာင္း၊ မိမိတို႕သည္စည္းကမ္းစနစ္တက်ေနထိုင္ ရမည္ျဖစ္ၿပီးတိုင္းျပည္ခ်စ္စိတ္၊ အမ်ိဳးကိုေစာင့္ထိန္းသည့္ စိတ္ျဖင့္ အမ်ိဳးသားေရးစ႐ိုက္ လကၡဏာကိုမေပ်ာက္ပ်က္ေအာင္မွန္မွန္ကန္ကန္ ထိန္းသိမ္းေစာင့္ ေရွာက္ၾကရမည္ျဖစ္ေၾကာင္း၊ျမန္မာႏိုင္ငံတြင္လူဦးေရ၏ ၈၇ ရာခိုင္ႏႈန္းခန္႕သည္ ဗုဒၶဘာသာ၊ ၆ ရာခိုင္ႏႈန္းေက်ာ္သည္ ခရစ္ယာန္ဘာသာ၊ ၄ ရာခိုင္ႏႈန္းေက်ာ္ခန္႕သည္ အစၥလာမ္ ဘာသာစသည္ျဖင့္ ကိုးကြယ္လ်က္ရွိၾကေၾကာင္း၊ ဒီမိုကေရစီႏိုင္ငံျဖစ္သည္ႏွင့္အညီျပည္သူ၊ ျပည္သားအားလံုးကို လြတ္လပ္စြာကိုးကြယ္ခြင့္ျပဳထားၿပီး မိမိတို႕ကိုးကြယ္သည့္ ဘာသာသာသနာကို မွန္မွန္ကန္ကန္ ေစာင့္ထိန္းဖို႕လိုအပ္ၿပီး အျခားဘာသာမ်ားကိုလည္း အသိအမွတ္ျပဳေလးစားရန္လိုေၾကာင္း။

တိုင္းျပည္တစ္ခု ဖြံ႕ၿဖိဳးတိုးတက္ရန္အတြက္ အသိပညာ၊ အတတ္ပညာျမင့္မားေရးသည္ မရွိမျဖစ္ လိုအပ္ေၾကာင္း၊ အသိပညာဆိုသည္မွာ ဘဝတြင္ေတြ႕ႀကံဳခဲ့ရသည့္ အေတြ႕ အႀကံဳမ်ားျဖစ္ၿပီး အတတ္ ပညာဆိုသည္မွာသင္ယူရသည္ပညာျဖစ္ေၾကာင္း၊မိမိျဖတ္သန္းလာသည့္ အသိပညာမ်ားကို သင္ယူ တတ္ေျမာက္ထားသည့္ အတတ္ပညာမ်ားျဖင့္ ေပါင္းစပ္ၿပီးမိမိအဖြဲ႕အစည္း၊ မိမိေဒသ၊ မိမိၿမိဳ႕၊ မိမိတိုင္းျပည္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ျပန္လည္အသံုးခ်ရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္သည္ ျပည္သူမ်ားမွ ေပါက္ဖြားလာၿပီး ျပည္သူမ်ား၏အက်ိဳးစီးပြားေကာင္းမြန္ေစရန္၊ ျပည္သူမ်ား၏ ဘဝ လံုၿခံဳမႈရွိေစရန္ႏွင့္ ေဒသအက်ိဳးစီးပြား တိုးတက္ေကာင္းမြန္ေစရန္အတြက္ ကူညီေဆာင္ရြက္ရမည္ျဖစ္ ေၾကာင္း၊ မိမိတို႕တပ္တြင္း၌ စည္းကမ္းစနစ္တက်ရွိၿပီးသာယာလွပမႈရွိေအာင္ေနထိုင္ သကဲ့သို႕မိမိ ေဒသ၊မိမိတိုင္းျပည္သာယာလွပေရး၊တိုးတက္ေရးႏွင့္ ေနထိုင္စားေသာက္မႈ စနစ္တိုးတက္ေကာင္းမြန္ ေစေရးတို႕အတြက္ဝိုင္းဝန္းကူညီေဆာင္ရြက္ၾကရမည္ျဖစ္ေၾကာင္း၊ လူေနမႈစနစ္ အားနည္းခ်က္ရွိသည့္ ေနရာေဒသမ်ားတြင္ လက္ေတြ႕ပါသည့္ ကူညီေဆာင္ရြက္ေပးမႈမ်ားျဖင့္ လုပ္ကိုင္ေပးၾကရမည္ျဖစ္ၿပီး မိမိျဖတ္သန္းလာသည့္အေတြ႕အႀကံဳႏွင့္ယွဥ္၍ လူေနမႈဘဝဖြံ႕ၿဖိဳးတိုးတက္ေအာင္ ေဆာင္ရြက္ေပးရ မည္ျဖစ္ ေၾကာင္း။

က်ိဳင္းတံုၿမိဳ႕သည့္သြားေရး၊ လာေရးေဝးကြာသည့္အတြက္ကုန္ေဈးႏႈန္းႀကီးျမင့္မႈကိုခံစားရႏိုင္ေၾကာင္း၊ ထို႕ေၾကာင့္ေဒသတြင္းစီးပြားေရးျဖစ္ထြန္းႏိုင္သည့္ ကုန္ထုတ္လုပ္ငန္းမ်ားကိုအားေပးရမည္ျဖစ္ ေၾကာင္း၊ေဒသဖြံ႕ၿဖိဳးတိုးတက္ရန္အတြက္လွ်ပ္စစ္စြမ္းအားသည္အဓိက လိုအပ္ခ်က္ျဖစ္ၿပီး လွ်ပ္စစ္စြမ္း အားလိုအပ္ခ်က္ကိုျပည့္ၿဖိဳးၿမဲစြမ္းအင္၊သဘာဝပတ္ဝန္းက်င္ကို ထိခိုက္မႈမရွိေစသည့္ေရအားလွ်ပ္ စစ္ထုတ္လုပ္မႈမ်ားတည္ေဆာက္အသံုးျပဳ၍ ေျဖရွင္းရမည္ျဖစ္ေၾကာင္း၊ ေဒသအက်ိဳးစီးပြားျဖစ္ထြန္း ေစမည့္အႀကံၪာဏ္မ်ားကိုျပည္သူလူထုသို႕ ရွင္းျပတိုက္တြန္းၾကရန္လိုေၾကာင္း၊ ကုန္ေဈးႏႈန္းႀကီးျမင့္မႈ ကို စိုက္ပ်ိဳးေမြးျမဴေရးလုပ္ငန္းမ်ား ေအာင္ျမင္ေအာင္ေဆာင္ရြက္ၿပီး ၿခိဳးၿခံေခြ်တာမႈျဖင့္ ေျဖ ရွင္းရမည္ ျဖစ္ေၾကာင္း၊စားေရးအဆင္ေျပပါက ေငြေရးေၾကးေရးပိုင္းတြင္လည္း အဆင္ေျပေခ်ာေမြ႕ႏိုင္မည္ျဖစ္ ေၾကာင္းႏွင့္ မိမိတို႕မိသားစု ဖြံ႕ၿဖိဳးတိုးတက္ေကာင္းမြန္ရန္ေဆာင္ ရြက္သကဲ့သို႕မိမိေဒသ၊ မိမိတိုင္း ျပည္ဖြံ႕ၿဖိဳးတိုးတက္ ေရးအတြက္ ကိုယ္စီအသိစိတ္ျဖင့္ ဝိုင္းဝန္းႀကိဳးပမ္း ေဆာင္ရြက္ၾကရမည္ ျဖစ္ေၾကာင္းျဖင့္ မွာၾကား သည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္နယ္မွအရာရွိ၊စစ္သည္၊ မိသားစုမ်ားအတြက္ သုတ၊ ရသစာအုပ္၊ စာေစာင္မ်ားကိုလည္းေကာင္း၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွက တပ္နယ္မိခင္ႏွင့္ကေလးေစာင့္ေရွာက္ ေရးအသင္းအတြက္ ခ်ီးျမႇင့္ေငြမ်ားကို လည္းေကာင္း ေပးအပ္ရာ တိုင္းမွဴးႏွင့္ဇနီးတို႔က လက္ခံရယူၾကသည္။

ထို႔ေနာက္ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ဗိုလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေက်ာ္ ႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး (ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး သန္းထြန္းဦးတို႔က တပ္နယ္မွအရာရွိ၊ စစ္သည္၊ မိသားစုမ်ားအတြက္ အားကစားပစၥည္းမ်ားႏွင့္ စားေသာက္ဖြယ္ရာမ်ားအားအသီးသီးေပးအပ္ရာ တာဝန္ရွိသူမ်ားက လက္ခံ ရယူၾကခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။