တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျိုင်းတုံမြို့ရှိ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ

နေပြည်တော်၊ အောက်တိုဘာ – ၁၉

မိမိတို့ဒေသ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်မှုရှိစေရေးအတွက် ဒေသစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲများ ကို ပယ်ဖျောက်၍ မိမိဒေသကောင်းရာကောင်းကျိုးကို ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ အမျိုးဘာသာသာသနာကို စောင့်ထိန်းရမည်ဖြစ်ပြီး ဒေသ၏ ရိုးရာဓလေ့ထုံးစံနှင့် ဘာသာစကားကိုလည်း လက်ခံအားပေးရမည် ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် Amazing Kengtong Resort ၌ တွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်၊ ကျိုင်းတုံမြို့ရှိ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ  တက်ရောက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေး အကြံပြုပြောကြားရာတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အတွေ့အကြုံများဆွေးနွေးဖလှယ်ရန် ယခုကဲ့သို့ လာရောက်တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)သည် အရေးပါသည့် ဒေသဖြစ်ပြီး နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်  လျှပ်စစ်စွမ်းအားရရှိမှုသည် များစွာ အရေးပါကြောင်း၊ ဒေသတွင်းရှိ ရေအရင်းအမြစ်များနှင့် ကျောက်မီးသွေးများမှ လျှပ်စစ်စွမ်းအင် ထုတ်ယူနိုင်မည်ဖြစ်သော်လည်း နည်းပညာပိုင်းဆိုင်ရာနှင့် အချို့သောကန့်ကွက်မှုများကြောင့် ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေသည့် ရေအားလျှပ်စစ် ထုတ်လုပ်မှုနည်းပညာများဖြင့် လျှပ်စစ်စွမ်းအင်ကို ထုတ်ယူသုံးစွဲနိုင်မည်ဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် လျှပ်စစ်စွမ်းအားသည် အဓိကလိုအပ်ချက်ဖြစ်သောကြောင့် ဒေသတွင်း လျှပ်စစ်စွမ်းအားထုတ်ယူသုံးစွဲနိုင်အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ ပန်ကွဲကျေးရွာအနီးရှိ ဗုဒ္ဓဥယျာဉ်တော်အတွင်း အဘယရာဇမုနိရုပ်ပွားတော်မြတ်ကြီးအား ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ အေးချမ်းသာယာမှုရှိစေရန်၊ ထေရဝါဒဗုဒ္ဓဘာသာ တည်တံ့ခိုင်မြဲစေရန် ရည်ရွယ်ချက်များဖြင့်  တည်ထားကိုးကွယ်ထားရှိပါကြောင်း၊  ထို့ပြင် သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီးနှင့် ဗုဒ္ဓမြတ်စွာဘုရား၏ ဖွား၊ ပွင့်၊ ဟော၊ စံ သံဝေဇနိယ လေးဌာနတို့ကိုလည်း အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာရှိ မဟာဗောဓိစေတီတော်မြတ်ကြီး၏ ပုံစံအတိုင်း ကျောက်သားများဖြင့် ထုဆစ်တည်ထား ကိုးကွယ်မည် ဖြစ်ပါကြောင်း၊ ယင်းသို့  ဗုဒ္ဓရုပ်ပွားတော်မြတ်များနှင့် သာသနိကအဆောက်အဦများကို တည်ထား ကိုးကွယ်ခြင်းဖြင့် ပြည်တွင်းပြည်ပဘုရားဖူးများ လာရောက်ကြကာ ဒေသဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ပြီး ဒေသတွင်း ထုတ်ကုန်ပစ္စည်း များကို အရည်အသွေးပြည့်မီစွာဖြင့် ထုပ်ပိုးရောင်းချပါက ပိုမိုအောင်မြင်စေမည်ဖြစ်ပါကြောင်း၊ စားသောက်ကုန်ပစ္စည်းများကို အခြားဒေသများမှ ဝယ်ယူသုံးစွဲခြင်းထက် မိမိတို့ ဒေသတွင်း စိုက်ပျိုး၍ အရည်အသွေးပြည့်ဝ ကောင်းမွန်သည့် ထုတ်ကုန်များကို ထုတ်လုပ်သုံးစွဲခြင်းဖြင့် မိမိဒေသဖွံ့ဖြိုးမှုနှင့် ကြွယ်ဝမှုကို ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ ထုတ်ကုန်များထုတ်လုပ်ရာတွင်လည်း ပစ္စည်းချင်း တူပါက ဈေးသက်သာရမည်၊ ဈေးချင်းတူပါက ပစ္စည်းကောင်းရမည် ဟူသောစကားရပ်နှင့်ယှဉ်၍ ထုတ်လုပ်ကြရမည်ဖြစ်ပါကြောင်း။

ပညာရေးနှင့်ပတ်သက်၍ ကျောင်းနေပညာသင်ကြားရေးအပြင် ပတ်ဝန်းကျင်သင်ကြားရေးကိုပါ သင်ကြားပေးရန်လိုအပ်ကြောင်း၊ နေရာဒေသအရ ဘာသာစကားအခက်အခဲများ ရှိမည်ဖြစ်သော် လည်း ပြည်ထောင်စုရုံးသုံးဘာသာစကားဖြစ်သည့် မြန်မာစာ၊ မြန်မာစကားကို တတ်မြောက် ရမည်ဖြစ်ပြီး တိုင်းရင်းသားတို့၏ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုတို့ကိုလည်း ထိန်းသိမ်းရမည် ဖြစ်ပါကြောင်း၊ စာတတ်သည်နှင့် ပညာတတ်သည်မှာ မတူကြောင်း၊ အသိပညာဆိုသည်မှာ ဘဝတွင်တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံများ ဖြစ်ပြီး အတတ်ပညာဆိုသည်မှာ သင်ယူရသည့် ပညာဖြစ်ကြောင်း၊ အတတ်ပညာများရရှိစေရန် တက္ကသိုလ်များကို ဖွင့်လှစ်သင်ကြားပေးထားခြင်း ဖြစ်သဖြင့် အတတ်ပညာ၊ အသိပညာရှိသူများ မွေးထုတ်ပေးနိုင်ရေးအတွက် စနစ်တကျဖြင့် သင်ကြားပေးစေလိုပါကြောင်း၊ ပညာသင်ကြားပေးလျက်ရှိသည့် ပညာရေးဝန်ထမ်းများ၊ အခြားဌာန ဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများကိုလည်း တပ်ရင်း၊ တပ်ဖွဲ့များ၏ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိလာသည့် အာဟာရပြည့်ဝသော အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ကြက်ဥများအား သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပါကြောင်း။

အတိတ်ဆိုသည်မှာ သင်ခန်းစာယူရန်ဖြစ်ပြီး အနာဂတ်ကိုကောင်းမွန်အောင် တည်ဆောက်ရမည်မှာ လက်ရှိပစ္စုပ္ပန်တွင် ရှိနေကြသူများ၏ တာဝန်ပင်ဖြစ်ပါကြောင်း၊   တပ်မတော်အနေဖြင့် တိုင်းရင်းသား သည်သာလျှင် ပထမဦးစားပေးဖြစ်ပြီး နိုင်ငံသားသည် ဒုတိယဖြစ်ပါကြောင်း၊ နိုင်ငံသားတိုင်း တိုင်းရင်းသားမဟုတ်ပါကြောင်း၊ လူမျိုးစွဲ၊ ဒေသစွဲတို့ဖြင့် ဆောင်ရွက်၍မရဘဲ မြန်မာစိတ်မွေး၍ မိမိဒေသနှင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်းတည်ဆောက်ရမည်ဖြစ်ကြောင်း၊ ကျိုင်းတုံဒေသသည် ရေခံ၊ မြေခံကောင်းများရှိပြီး ဒေသပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကို ဦးစားပေးရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီခေတ်တွင် ဥပဒေနှင့် စီးပွားရေးကိုနားလည်ရန် လိုအပ်သည့် အတွက် ဥပဒေပညာရှင်များနှင့် စီးပွားရေးပညာရှင်များကို မွေးထုတ်ပေးရမည်ဖြစ်ပါကြောင်း၊ မိမိဒေသဖွံ့ဖြိုးတိုးတက်မှုကို လိုလားပါက မိမိတို့ကိုယ်တိုင် ကြိုးစားအားထုတ်မှု ရှိရမည်ဖြစ်ပြီး နည်းပညာလိုအပ်ချက်များကို အတတ်ပညာ၊ အသိပညာများဖြင့်ရင်းနှီး၍ တည်ဆောက်ရမည် ဖြစ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေးအရ တည်ငြိမ်ရန်နှင့် လုံခြုံရေးအရတည်ငြိမ် အေးချမ်းမှုရှိရမည်ဖြစ်ပါကြောင်း၊ မိမိဒေသ၊ မိမိမြို့၊ မိမိတိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့အားလုံး စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းကြိုးပမ်းတည်ဆောက်ကြရမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ရပ်မိရပ်ဖများနှင့်် တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးအခြေအနေနှင့် လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်မှုလျင်မြန်ချောမွေ့စေရေး၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နှင်းရေးဆိုင်ရာများအား ဆွေးနွေးတင်ပြကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရင်းရင်းနှီးနှီး ပြန်လည်ဆွေးနွေး အကြံပြုပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရပ်မိရပ်ဖများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံ၍ ရင်းနှီးစွာဆွေးနွေးပြောဆိုခဲ့ကြသည်။

(Zawgyi One)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ က်ိဳင္းတံုၿမိဳ႕ရွိ ရပ္မိရပ္ဖမ်ား၊ ဌာနဆိုင္ရာဝန္ထမ္းမ်ားႏွင့္ ရင္းရင္းႏွီးႏွီးေတြ႕ဆံု

ေနျပည္ေတာ္၊ ေအာက္တိုဘာ – ၁၉

မိမိတို႕ေဒသ တည္ၿငိမ္ေအးခ်မ္းၿပီး ဖြံ႕ၿဖိဳးတိုးတက္မႈရွိေစေရးအတြက္ ေဒသစြဲ၊ လူမ်ိဳးစြဲ၊ ဘာသာစြဲမ်ား ကို ပယ္ေဖ်ာက္၍ မိမိေဒသေကာင္းရာေကာင္းက်ိဳးကို ဝိုင္းဝန္း ႀကိဳးပမ္းေဆာင္ရြက္ၾကရမည္ ျဖစ္ေၾကာင္း၊ အမ်ိဳးဘာသာသာသနာကို ေစာင့္ထိန္းရမည္ျဖစ္ၿပီး ေဒသ၏ ႐ိုးရာဓေလ့ထံုးစံႏွင့္ ဘာသာစကားကိုလည္း လက္ခံအားေပးရမည္ ျဖစ္ေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ က်ိဳင္းတံုၿမိဳ႕ရွိ ရပ္မိရပ္ဖမ်ား၊ ဌာနဆိုင္ရာဝန္ထမ္းမ်ားႏွင့္ စစ္မႈထမ္းေဟာင္းအဖြဲ႕ဝင္မ်ားအား ယေန႕နံနက္ပိုင္းတြင္ Amazing Kengtong Resort ၌ ေတြ႕ဆံုစဥ္ ထည့္သြင္းေျပာၾကားသည္။

အဆိုပါေတြ႕ဆံုပြဲသို႔ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ံုး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမွဴး ဗိုလ္ခ်ဳပ္ ခင္လိႈင္၊ က်ိဳင္းတံုၿမိဳ႕ရွိ ရပ္မိရပ္ဖမ်ား၊ ဌာနဆိုင္ရာဝန္ထမ္းမ်ားႏွင့္ စစ္မႈထမ္းေဟာင္းအဖြဲ႕ဝင္မ်ား  တက္ေရာက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က နယ္ေျမေဒသဖြံ႕ၿဖိဳးတိုးတက္ေရးဆိုင္ရာမ်ားအား ေဆြးေႏြး အႀကံျပဳေျပာၾကားရာတြင္ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အေတြ႕အႀကံဳမ်ားေဆြးေႏြးဖလွယ္ရန္ ယခုကဲ့သို႕ လာေရာက္ေတြ႕ဆံုျခင္းျဖစ္ပါေၾကာင္း၊ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)သည္ အေရးပါသည့္ ေဒသျဖစ္ၿပီး နယ္ေျမေဒသဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္  လွ်ပ္စစ္စြမ္းအားရရွိမႈသည္ မ်ားစြာ အေရးပါေၾကာင္း၊ ေဒသတြင္းရွိ ေရအရင္းအျမစ္မ်ားႏွင့္ ေက်ာက္မီးေသြးမ်ားမွ လွ်ပ္စစ္စြမ္းအင္ ထုတ္ယူႏိုင္မည္ျဖစ္ေသာ္လည္း နည္းပညာပိုင္းဆိုင္ရာႏွင့္ အခ်ိဳ႕ေသာကန္႕ကြက္မႈမ်ားေၾကာင့္ ေဆာင္ရြက္ႏိုင္ျခင္းမရွိေၾကာင္း၊ သဘာဝပတ္ဝန္းက်င္ကို ထိခိုက္မႈမရွိေစသည့္ ေရအားလွ်ပ္စစ္ ထုတ္လုပ္မႈနည္းပညာမ်ားျဖင့္ လွ်ပ္စစ္စြမ္းအင္ကို ထုတ္ယူသံုးစြဲႏိုင္မည္ျဖစ္ေၾကာင္းႏွင့္ ေဒသဖြံ႕ၿဖိဳး တိုးတက္ေရးအတြက္ လွ်ပ္စစ္စြမ္းအားသည္ အဓိကလိုအပ္ခ်က္ျဖစ္ေသာေၾကာင့္ ေဒသတြင္း လွ်ပ္စစ္စြမ္းအားထုတ္ယူသံုးစြဲႏိုင္ေအာင္ ေဆာင္ရြက္ၾကေစလိုေၾကာင္း၊ ပန္ကြဲေက်း႐ြာအနီးရွိ ဗုဒၶဥယ်ာဥ္ေတာ္အတြင္း အဘယရာဇမုနိ႐ုပ္ပြားေတာ္ျမတ္ႀကီးအား ရွမ္းျပည္နယ္ အေရွ႕ပိုင္းေဒသ ေအးခ်မ္းသာယာမႈရွိေစရန္၊ ေထရဝါဒဗုဒၶဘာသာ တည္တံ့ခိုင္ၿမဲေစရန္ ရည္႐ြယ္ခ်က္မ်ားျဖင့္  တည္ထားကိုးကြယ္ထားရွိပါေၾကာင္း၊  ထို႕ျပင္ သတၱသတၱာဟ မဟာေဗာဓိေစတီေတာ္ျမတ္ႀကီးႏွင့္ ဗုဒၶျမတ္စြာဘုရား၏ ဖြား၊ ပြင့္၊ ေဟာ၊ စံ သံေဝဇနိယ ေလးဌာနတို႕ကိုလည္း အိႏၵိယႏိုင္ငံ ဗုဒၶဂယာရွိ မဟာေဗာဓိေစတီေတာ္ျမတ္ႀကီး၏ ပံုစံအတိုင္း ေက်ာက္သားမ်ားျဖင့္ ထုဆစ္တည္ထား ကိုးကြယ္မည္ ျဖစ္ပါေၾကာင္း၊ ယင္းသို႕  ဗုဒၶ႐ုပ္ပြားေတာ္ျမတ္မ်ားႏွင့္ သာသနိကအေဆာက္အဦမ်ားကို တည္ထား ကိုးကြယ္ျခင္းျဖင့္ ျပည္တြင္းျပည္ပဘုရားဖူးမ်ား လာေရာက္ၾကကာ ေဒသဖြံ႕ၿဖိဳးတိုးတက္မႈႏွင့္ စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္မႈကို အေထာက္အကူျဖစ္ေစႏိုင္မည္ျဖစ္ၿပီး ေဒသတြင္း ထုတ္ကုန္ပစၥည္း မ်ားကို အရည္အေသြးျပည့္မီစြာျဖင့္ ထုပ္ပိုးေရာင္းခ်ပါက ပိုမိုေအာင္ျမင္ေစမည္ျဖစ္ပါေၾကာင္း၊ စားေသာက္ကုန္ပစၥည္းမ်ားကို အျခားေဒသမ်ားမွ ဝယ္ယူသံုးစြဲျခင္းထက္ မိမိတို႕ ေဒသတြင္း စိုက္ပ်ိဳး၍ အရည္အေသြးျပည့္ဝ ေကာင္းမြန္သည့္ ထုတ္ကုန္မ်ားကို ထုတ္လုပ္သံုးစြဲျခင္းျဖင့္ မိမိေဒသဖြံ႕ၿဖိဳးမႈႏွင့္ ၾကြယ္ဝမႈကို ေဖာ္ေဆာင္ႏိုင္မည္ျဖစ္ပါေၾကာင္း၊ ထုတ္ကုန္မ်ားထုတ္လုပ္ရာတြင္လည္း ပစၥည္းခ်င္း တူပါက ေဈးသက္သာရမည္၊ ေဈးခ်င္းတူပါက ပစၥည္းေကာင္းရမည္ ဟူေသာစကားရပ္ႏွင့္ယွဥ္၍ ထုတ္လုပ္ၾကရမည္ျဖစ္ပါေၾကာင္း။

ပညာေရးႏွင့္ပတ္သက္၍ ေက်ာင္းေနပညာသင္ၾကားေရးအျပင္ ပတ္ဝန္းက်င္သင္ၾကားေရးကိုပါ သင္ၾကားေပးရန္လိုအပ္ေၾကာင္း၊ ေနရာေဒသအရ ဘာသာစကားအခက္အခဲမ်ား ရွိမည္ျဖစ္ေသာ္ လည္း ျပည္ေထာင္စု႐ံုးသံုးဘာသာစကားျဖစ္သည့္ ျမန္မာစာ၊ ျမန္မာစကားကို တတ္ေျမာက္ ရမည္ျဖစ္ၿပီး တိုင္းရင္းသားတို႕၏ဘာသာ၊ စာေပ၊ ယဥ္ေက်းမႈတို႕ကိုလည္း ထိန္းသိမ္းရမည္ ျဖစ္ပါေၾကာင္း၊ စာတတ္သည္ႏွင့္ ပညာတတ္သည္မွာ မတူေၾကာင္း၊ အသိပညာဆိုသည္မွာ ဘဝတြင္ေတြ႕ႀကံဳခဲ့ရသည့္ အေတြ႕အႀကံဳမ်ား ျဖစ္ၿပီး အတတ္ပညာဆိုသည္မွာ သင္ယူရသည့္ ပညာျဖစ္ေၾကာင္း၊ အတတ္ပညာမ်ားရရွိေစရန္ တကၠသိုလ္မ်ားကို ဖြင့္လွစ္သင္ၾကားေပးထားျခင္း ျဖစ္သျဖင့္ အတတ္ပညာ၊ အသိပညာရွိသူမ်ား ေမြးထုတ္ေပးႏိုင္ေရးအတြက္ စနစ္တက်ျဖင့္ သင္ၾကားေပးေစလိုပါေၾကာင္း၊ ပညာသင္ၾကားေပးလ်က္ရွိသည့္ ပညာေရးဝန္ထမ္းမ်ား၊ အျခားဌာန ဆိုင္ရာ ဝန္ထမ္းမ်ားႏွင့္ ေဒသခံျပည္သူမ်ားကိုလည္း တပ္ရင္း၊ တပ္ဖြဲ႕မ်ား၏ စိုက္ပ်ိဳးေမြးျမဴေရး လုပ္ငန္းမ်ားမွ ထြက္ရွိလာသည့္ အာဟာရျပည့္ဝေသာ အသား၊ ငါး၊ ဟင္းသီးဟင္းရြက္၊ ၾကက္ဥမ်ားအား သက္သာေသာေဈးႏႈန္းမ်ားျဖင့္ ေရာင္းခ်ေပးလ်က္ရွိပါေၾကာင္း။

အတိတ္ဆိုသည္မွာ သင္ခန္းစာယူရန္ျဖစ္ၿပီး အနာဂတ္ကိုေကာင္းမြန္ေအာင္ တည္ေဆာက္ရမည္မွာ လက္ရွိပစၥဳပၸန္တြင္ ရွိေနၾကသူမ်ား၏ တာဝန္ပင္ျဖစ္ပါေၾကာင္း၊   တပ္မေတာ္အေနျဖင့္ တိုင္းရင္းသား သည္သာလွ်င္ ပထမဦးစားေပးျဖစ္ၿပီး ႏိုင္ငံသားသည္ ဒုတိယျဖစ္ပါေၾကာင္း၊ ႏိုင္ငံသားတိုင္း တိုင္းရင္းသားမဟုတ္ပါေၾကာင္း၊ လူမ်ိဳးစြဲ၊ ေဒသစြဲတို႕ျဖင့္ ေဆာင္ရြက္၍မရဘဲ ျမန္မာစိတ္ေမြး၍ မိမိေဒသႏွင့္ တိုင္းျပည္ ဖြံ႕ၿဖိဳးတိုးတက္ေအာင္ ဝိုင္းဝန္းႀကိဳးပမ္းတည္ေဆာက္ရမည္ျဖစ္ေၾကာင္း၊ က်ိဳင္းတံုေဒသသည္ ေရခံ၊ ေျမခံေကာင္းမ်ားရွိၿပီး ေဒသပိုမိုဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ပညာေရးကို ဦးစားေပးရမည္ျဖစ္ေၾကာင္း၊ ဒီမိုကေရစီေခတ္တြင္ ဥပေဒႏွင့္ စီးပြားေရးကိုနားလည္ရန္ လိုအပ္သည့္ အတြက္ ဥပေဒပညာရွင္မ်ားႏွင့္ စီးပြားေရးပညာရွင္မ်ားကို ေမြးထုတ္ေပးရမည္ျဖစ္ပါေၾကာင္း၊ မိမိေဒသဖြံ႕ၿဖိဳးတိုးတက္မႈကို လိုလားပါက မိမိတို႕ကိုယ္တိုင္ ႀကိဳးစားအားထုတ္မႈ ရွိရမည္ျဖစ္ၿပီး နည္းပညာလိုအပ္ခ်က္မ်ားကို အတတ္ပညာ၊ အသိပညာမ်ားျဖင့္ရင္းႏွီး၍ တည္ေဆာက္ရမည္ ျဖစ္ပါေၾကာင္း၊ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ႏိုင္ငံေရးအရ တည္ၿငိမ္ရန္ႏွင့္ လံုၿခံဳေရးအရတည္ၿငိမ္ ေအးခ်မ္းမႈရွိရမည္ျဖစ္ပါေၾကာင္း၊ မိမိေဒသ၊ မိမိၿမိဳ႕၊ မိမိတိုင္းျပည္ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ မိမိတို႕အားလံုး စည္းလံုးညီၫြတ္စြာျဖင့္ ဝိုင္းဝန္းႀကိဳးပမ္းတည္ေဆာက္ၾကရမည္ျဖစ္ပါေၾကာင္းျဖင့္ ေျပာၾကားသည္။

ထို႕ေနာက္ ရပ္မိရပ္ဖမ်ားႏွင့္္ တာဝန္ရွိသူမ်ားက ေဒသဖြံ႕ၿဖိဳးေရးအေျခအေနႏွင့္ လွ်ပ္စစ္မီးရရွိေရး၊ လမ္းပန္းဆက္သြယ္မႈလ်င္ျမန္ေခ်ာေမြ႕ေစေရး၊ မူးယစ္ေဆးဝါးတားဆီး ႏွိမ္ႏွင္းေရးဆိုင္ရာမ်ားအား ေဆြးေႏြးတင္ျပၾကရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ရင္းရင္းႏွီးႏွီး ျပန္လည္ေဆြးေႏြး အႀကံျပဳေျပာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ရပ္မိရပ္ဖမ်ားႏွင့္ ဌာနဆိုင္ရာ တာဝန္ရွိသူမ်ားအား လက္ေဆာင္ပစၥည္းမ်ား ေပးအပ္ၿပီး ရင္းရင္းႏွီးႏွီးလိုက္လံႏႈတ္ဆက္ကာ စားေသာက္ဖြယ္ရာမ်ားျဖင့္ တည္ခင္းဧည့္ခံ၍ ရင္းႏွီးစြာေဆြးေႏြးေျပာဆိုခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။