တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် (ကြည်း) ဗိုလ်သင်တန်း ကျောင်း(မှော်ဘီ)၊ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက် စိစစ်ရွေးချယ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် (ကြည်း) ဗိုလ်သင်တန်း ကျောင်း(မှော်ဘီ)၊ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၆) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက် စိစစ်ရွေးချယ်

နေပြည်တော်၊ အောက်တိုဘာ – ၂၁

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)၊အင်းဝရိပ်သာ၌ ပြုလုပ်သည့် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၆) စစ်လက်ရုံးရွေးချယ်ပွဲ သို့ တက်ရောက်စိစစ်ရွေးချယ်သည်။

အဆိုပါ စစ်လက်ရုံးရွေးချယ်ပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်ပုံနှင့် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဇော်နိုင်ဦးတို့ တက်ရောက်ကြပြီး အမျိုးသမီးဗိုလ်လောင်းများအား တစ်ဦးချင်းတွေ့ဆုံကာ သင်တန်း ကာလ တစ်လျှောက်စည်းကမ်းလိုက်နာမှု၊ ဘာသာရပ်အလိုက်ထူးချွန်မှု၊ ထက်မြက်မှု၊ ဝါသနာနှင့် ကြိုးစားအား ထုတ်မှုများအပေါ်မူတည်၍ သင့်လျော်သည့်(ကြည်း၊ ရေ၊ လေ) စစ်လက်ရုံး အသီးသီးအတွက် စိစစ်ရွေးချယ် ပေးခဲ့ကြသည်။

(Zawgyi Version)





ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။