တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူ ဖောင်ဒေးရှင်း(ဗဟို)အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ အောက်တိုဘာ ၂၂

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)အဖွဲ့ဥက္ကဌ ဦးသိန်းလွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူ ဖောင်ဒေးရှင်း(ဗဟို)အဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူ ဖောင်ဒေးရှင်း(ဗဟို)အဖွဲ့မှ ဦးဆန်းမင်းနိုင်နှင့် ဥက္ကဌ ဦးသိန်းလွင်တို့က အသင်းပေါ်ပေါက်လာပုံသမိုင်း၊ ရည်ရွယ်ချက်နှင့် ဆောင်ရွက် ချက်များကို ရှင်းလင်း တင်ပြကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆွေးနွေးပြောကြားရာတွင် မိမိတို့နိုင်ငံသည် တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စုဖြစ်ပြီး မြန်မာနိုင်ငံတွင် လာရောက်နေထိုင်လုပ်ကိုင် စားသောက်နေကြသူများလည်းရှိကြောင်း၊ မည်သို့ပင်ဖြစ်စေ မြန်မာပြည်တွင်နေထိုင်ပါက မြန်မာစိတ်မွေး၍ တိုင်းပြည်ကောင်းရာ ကောင်းကျိုးကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တိုင်းပြည်၏ ကောင်းရာ ကောင်းကျိုးကို ပညာရေး၊ သာသနာရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်တို့တွင် များစွာ လုပ်ဆောင်ပေးလျက်ရှိသည်ကို ကြားသိရသည့်အတွက် အားပေးထောက်ခံပါကြောင်း၊ အတတ်ပညာနှင့် အသိပညာကို အခြေခံ၍ တိုင်းပြည်ကို အကျိုးပြုရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့်လည်း စစ်မှုထမ်းခြင်းဖြင့် တိုင်းပြည်ကိုအကျိုးပြုလျက်ရှိပြီး တပ်မတော်သည် နိုင်ငံ့ခြံစည်းရိုးဖြစ်ပြီး ခြံစည်းရိုးလုံခြုံမှသာလျင် တိုင်းပြည်လုံခြုံ အေးချမ်းမည်ဖြစ်ကြောင်း၊ တိုင်းပြည်လုံခြုံအေးချမ်းမှုရှိမှသာလျင် တိုင်းသူပြည်သားတို့၏ လုပ်ကိုင်စားသောက်ရန်အတွက် အဆင်ပြေချောမွေ့မည်ဖြစ်ကြောင်း၊ တိုင်းပြည် တိုးတက်ရန်အတွက် ငြိမ်းချမ်းမှုရှိရန် လိုအပ်သည့်အပြင် စီးပွားရေးတိုးတက်ကောင်းမွန်ရ မည်ဖြစ်ကြောင်း၊ စီးပွားရေးတိုးတက်ကောင်းမွန်ရန်အတွက် အသိပညာ၊ အတတ်ပညာ နှင့်ပြည့်စုံသည့် ပညာတတ်များ မွေးထုတ်ပေးရန်လိုကြောင်း၊ ဟိန္ဒူလူမျိုးများသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာနေထိုင်ခဲ့ကြပြီး တိုင်းပြည်အပေါ်သစ္စာရှိမှုကို မှန်မှန်ကန်ကန်နှင့် ဆက်လက်ထိန်းသိမ်းကြစေလိုကြောင်း၊ တိုင်းရင်းသား လူမျိုးများ၊ မြန်မာနိုင်ငံတွင် လာရောက်နေထိုင်လုပ်ကိုင်စားသောက်ကြသူများ၊ နိုင်ငံခြားသားများ စသည့်မြန်မာ နိုင်ငံတွင်နေထိုင်သူများ အားလုံးသည် သဟဇာတရှိစွာဖြင့် နေထိုင်ကြရမည်ဖြစ်ကြောင်း၊ မိမိအမျိုး၊ ဘာသာ၊ သာသနာကို ထိန်းသိမ်းရမည်ဖြစ်ပြီး မှန်မှန်ကန်ကန်နှင့် စောင့်ထိန်း၍ လူမှုရေး၊ ဘာသာရေးတွင် အစွန်းမရောက်စေရန်လိုကြောင်း၊ နိုင်ငံရေးပဋိပက္ခ၊ ဘာသာရေး ပဋိပက္ခများကြောင့် မတည်ငြိမ်မှုများ မဖြစ်ကြစေလိုကြောင်းနှင့် အရေးကြီးသည်မှာ မိမိနေထိုင်သည့် တိုင်းပြည်အတွက် ကောင်းရာကောင်းကျိုးကို စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့သည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း (ဗဟို)အဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များအား အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ကာ ရင်းရင်းနှီးနှီးနှုတ်ဆက် ခဲ့ပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

 

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ျမန္မာႏုိင္ငံလုံးဆုိင္ရာ တမီလ္ဟိႏၵဴ ေဖာင္ေဒးရွင္း(ဗဟုိ)အဖြဲ႕အား လက္ခံေတြ႕ဆုံ

ေနျပည္ေတာ္၊ ေအာက္တုိဘာ ၂၂

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ျမန္မာႏုိင္ငံလုံးဆုိင္ရာ တမီလ္ဟိႏၵဴေဖာင္ေဒးရွင္း(ဗဟုိ)အဖြဲ႕ဥကၠဌ ဦးသိန္းလြင္ ဦးေဆာင္ေသာ ကုိယ္စားလွယ္အဖြဲ႕အား ယေန႔မြန္းလြဲပိုင္းတြင္ ရန္ကုန္ၿမိဳ႕ရွိ ေဇယ်ာသီရိဗိမာန္ ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေလ) ဗုိလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွတပ္မေတာ္ အရာရွိႀကီးမ်ား၊ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး၊ ျမန္မာႏုိင္ငံလုံးဆုိင္ရာ တမီလ္ဟိႏၵဴ ေဖာင္ေဒးရွင္း(ဗဟုိ)အဖြဲ႕ဥကၠဌႏွင့္အဖြဲ႕၀င္မ်ား တက္ေရာက္ၾကသည္။

ဦးစြာ ျမန္မာႏုိင္ငံလုံးဆုိင္ရာ တမီလ္ဟိႏၵဴ ေဖာင္ေဒးရွင္း(ဗဟုိ)အဖြဲ႕မွ ဦးဆန္းမင္းႏုိင္ႏွင့္ ဥကၠဌ ဦးသိန္းလြင္တုိ႕က အသင္းေပၚေပါက္လာပုံသမုိင္း၊ ရည္ရြယ္ခ်က္ႏွင့္ ေဆာင္ရြက္ ခ်က္မ်ားကုိ ရွင္းလင္း တင္ျပၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေဆြးေႏြးေျပာၾကားရာတြင္ မိမိတုိ႕ႏုိင္ငံသည္ တိုင္းရင္းသားေပါင္းစုံ စုေပါင္းေနထုိင္ၾကသည့္ ျပည္ေထာင္စုျဖစ္ၿပီး ျမန္မာႏုိင္ငံတြင္ လာေရာက္ေနထုိင္လုပ္ကုိင္ စားေသာက္ေနၾကသူမ်ားလည္းရွိေၾကာင္း၊ မည္သုိ႕ပင္ျဖစ္ေစ ျမန္မာျပည္တြင္ေနထုိင္ပါက ျမန္မာစိတ္ေမြး၍ တုိင္းျပည္ေကာင္းရာ ေကာင္းက်ဳိးကုိ ၀ုိင္း၀န္းႀကိဳးပမ္းေဆာင္ရြက္ၾကရမည္ျဖစ္ေၾကာင္း၊ တုိင္းျပည္၏ ေကာင္းရာ ေကာင္းက်ဳိးကုိ ပညာေရး၊ သာသနာေရး၊ လမ္းပန္းဆက္သြယ္ေရး စသည္တုိ႕တြင္ မ်ားစြာ လုပ္ေဆာင္ေပးလ်က္ရွိသည္ကုိ ၾကားသိရသည့္အတြက္ အားေပးေထာက္ခံပါေၾကာင္း၊ အတတ္ပညာႏွင့္ အသိပညာကုိ အေျခခံ၍ တုိင္းျပည္ကုိ အက်ဳိးျပဳရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္လည္း စစ္မႈထမ္းျခင္းျဖင့္ တုိင္းျပည္ကုိအက်ဳိးျပဳလ်က္ရွိၿပီး တပ္မေတာ္သည္ ႏုိင္ငံ့ၿခံစည္း႐ုိးျဖစ္ၿပီး ၿခံစည္း႐ုိးလုံၿခဳံမွသာလ်င္ တုိင္းျပည္လုံၿခဳံ ေအးခ်မ္းမည္ျဖစ္ေၾကာင္း၊ တုိင္းျပည္လုံၿခံဳေအးခ်မ္းမႈရွိမွသာလ်င္ တုိင္းသူျပည္သားတုိ႕၏ လုပ္ကုိင္စားေသာက္ရန္အတြက္ အဆင္ေျပေခ်ာေမြ႕မည္ျဖစ္ေၾကာင္း၊ တုိင္းျပည္ တုိးတက္ရန္အတြက္ ၿငိမ္းခ်မ္းမႈရွိရန္ လုိအပ္သည့္အျပင္ စီးပြားေရးတုိးတက္ေကာင္းမြန္ရ မည္ျဖစ္ေၾကာင္း၊ စီးပြားေရးတုိးတက္ေကာင္းမြန္ရန္အတြက္ အသိပညာ၊ အတတ္ပညာ ႏွင့္ျပည့္စုံသည့္ ပညာတတ္မ်ား ေမြးထုတ္ေပးရန္လုိေၾကာင္း၊ ဟိႏၵဴလူမ်ဳိးမ်ားသည္ ျမန္မာႏုိင္ငံတြင္ ႏွစ္ေပါင္းမ်ားစြာေနထုိင္ခဲ့ၾကၿပီး တုိင္းျပည္အေပၚသစၥာရွိမႈကို မွန္မွန္ကန္ကန္ႏွင့္ ဆက္လက္ထိန္းသိမ္းၾကေစလုိေၾကာင္း၊ တုိင္းရင္းသား လူမ်ဳိးမ်ား၊ ျမန္မာႏုိင္ငံတြင္ လာေရာက္ေနထုိင္လုပ္ကိုင္စားေသာက္ၾကသူမ်ား၊ ႏုိင္ငံျခားသားမ်ား စသည့္ျမန္မာ ႏုိင္ငံတြင္ေနထုိင္သူမ်ား အားလုံးသည္ သဟဇာတရွိစြာျဖင့္ ေနထုိင္ၾကရမည္ျဖစ္ေၾကာင္း၊ မိမိအမ်ဳိး၊ ဘာသာ၊ သာသနာကုိ ထိန္းသိမ္းရမည္ျဖစ္ၿပီး မွန္မွန္ကန္ကန္ႏွင့္ ေစာင့္ထိန္း၍ လူမႈေရး၊ ဘာသာေရးတြင္ အစြန္းမေရာက္ေစရန္လုိေၾကာင္း၊ ႏုိင္ငံေရးပဋိပကၡ၊ ဘာသာေရး ပဋိပကၡမ်ားေၾကာင့္ မတည္ၿငိမ္မႈမ်ား မျဖစ္ၾကေစလုိေၾကာင္းႏွင့္ အေရးႀကီးသည္မွာ မိမိေနထုိင္သည့္ တုိင္းျပည္အတြက္ ေကာင္းရာေကာင္းက်ဳိးကုိ စည္းလုံးညီၫြတ္စြာျဖင့္ ၀ုိင္း၀န္းႀကိဳးပမ္း ေဆာင္ရြက္ၾကရမည္ျဖစ္ေၾကာင္းျဖင့္ ေဆြးေႏြးေျပာၾကားခဲ့သည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ျမန္မာႏုိင္ငံလုံးဆုိင္ရာ တမီလ္ဟိႏၵဴေဖာင္ေဒးရွင္း (ဗဟုိ)အဖြဲ႕ဥကၠဌႏွင့္အဖြဲ႕၀င္မ်ားအား အမွတ္တရလက္ေဆာင္ ပစၥည္းမ်ားေပးအပ္ကာ ရင္းရင္းႏွီးႏွီးႏႈတ္ဆက္ ခဲ့ၿပီး အမွတ္တရစုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။