တစ္ႏုိင္ငံလံုး ပစ္ခတ္တုိက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) ခ်ဳပ္ဆိုျခင္း (၄)ႏွစ္ျပည္႕ ႏွစ္ပတ္လည္ အခမ္း အနားတြင္ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ေျပာၾကားသည္႕ ႏႈတ္ခြန္းဆက္ အမွာစကား

နေပြည်တော် အောက်တိုဘာ ၂၈

ဒီကနေ့ဟာ ကျွန်တော်တို့နိုင်ငံရဲ့ပကတိလိုအပ်ချက်ဖြစ်တဲ့ ပြည်တွင်းစည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးကို လက်တွေ့ ကျကျ အကောင်အထည်ဖော် ပေးနိုင်မယ့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) ချုပ်ဆိုခဲ့တဲ့ (၄)နှစ်မြောက် နှစ်ပတ်လည်နေ့ပဲဖြစ်ပါတယ်။ ဒီနှစ်ပတ် လည်နေ့အခမ်းအနားကို တက်ရောက်လာ ကြတဲ့ နိုင်ငံတော် သမ္မတကြီး အမှူးပြုတဲ့ အစိုးရပိုင်းဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များမှ တာဝန်ရှိ ပုဂ်္ဂိုလ်များ၊ နိုင်ငံ့ငြိမ်းချမ်း ရေးအတွက် အဘက်ဘက်မှ ပါဝင်ဆောင် ရွက်နေကြတဲ့ ပြည်တွင်း/ ပြည်ပအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ်္ဂိုလ်များ အားလုံးနဲ့ အခမ်းအနားတက်ရောက်လာသူအားလုံး ငြိမ်းချမ်း သာယာ မှုရှိကြ၍ နိုင်ငံ့အကျိုး၊ ပြည်ထောင်စုအကျိုးနဲ့ ငြိမ်းချမ်းရေး အကျိုးတို့ကို ဆတက် ထမ်းပိုး စည်းလုံးညီညွတ်စွာ ထမ်းဆောင်နိုင် ပါစေကြောင်း ဆန္ဒပြု နှုတ်ခွန်းဆက် သလိုက် ပါတယ်။ အကြောင်း အမျိုးမျိုးပြပြီး မတက်ရောက်နိုင်တဲ့ အဖွဲ့များ ဟာလည်း ၎င်းတို့ အကြောင်းနဲ့ ၎င်းတို့သာ ဖြစ်ပါလိမ့်မယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေးသဘောတူစာချုပ် (NCA)ချုပ်ဆိုခြင်း အခမ်းအနားတွေ ကျင်းပလာတာ ဒီနေ့ဆိုရင် ၄ ကြိမ်ရှိပြီဖြစ်ပါတယ်။ အခမ်းအနား တိုင်းမှာ တာဝန်ရှိသူများက အမှာစကား၊ နှုတ်ခွန်းဆက် စကား အသီးသီး ပြောကြပါ တယ်။ ကျွန်တော့် အနေနဲ့လည်း ယခင်အခမ်း အနား ၃ကြိမ်မှာ နှုတ်ခွန်းဆက် စကားများ ပြောကြား ခဲ့ပါတယ်။ ဒီနေ့မှာတော့ ယခင် ပြောကြားခဲ့တဲ့ နှုတ်ခွန်းဆက်စကားတွေထဲက အရေးကြီးတဲ့အချက်အချို့ကို ပြန်လည် အမှတ်ရစေဖို့ အဖွင့်အနေနဲ့ပြောလိုပါတယ်။ ပထမဆုံးအခမ်းအနားမှာ ကျွန်တော့် အနေနဲ့ NCA စာချုပ်ဖြစ်ပေါ် လာပုံနဲ့ တပ်မတော်ငြိမ်းချမ်းရေးမူဝါဒ (၆) ရပ်ကို အလေးပေး ပြောကြားခဲ့ပါတယ်။ NCA စာချုပ် နဲ့ပတ်သက်လို့ ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို ငြိမ်းချမ်းရေးဖိတ် ခေါ်ပြီး နိုင်ငံ့ငြိမ်းချမ်းရေးအတွက် ကဏ္ဍ သစ်တစ်ရပ် ဖွင့်လှစ်ခဲ့တဲ့ အချိန်ကစတင်ပြီး NCA စာချုပ်ကို ပထမဆုံးလက်မှတ်ရေး ထိုးခဲ့တဲ့ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်အထိ အချိန်ကာလ လေးနှစ်ကျော် ကြာမြင့်ခဲ့ကြောင်းနဲ့ ငြိမ်းချမ်းရေးဖော် ဆောင်မှုလုပ်ငန်းအဆင့်ဆင့်ကို ညီညွတ်တဲ့ ပေါင်းစည်းစွမ်းအားနဲ့ ကြိုးစားဖြတ်သန်း ခဲ့ရပုံတွေကို ဆက်လက်လုပ်ဆောင်ရမယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အတွက် ခွန်အားတွေ ဖြစ်စေဖို့ ပြန်ပြောင်းပြောပြခဲ့ပါ တယ်။ ခေတ်အဆက်ဆက် ငြိမ်းချမ်းရေး ကြိုးပမ်းမှု သမိုင်းတွေက ရရှိလာတဲ့ တပ်မ တော်ရဲ့ ““အသိတရား””နဲ့ လက်ရှိငြိမ်းချမ်း ရေးတည် ဆောက်မှု ခိုင်မြဲစေဖို့အတွက် လိုအပ်တဲ့ ““အရှိတရား”” ဖြစ်တဲ့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူဝါဒ (၆)ရပ်အကြောင်းကိုလည်း ကျွန်တော်ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် တပ်မတော်ရဲ့ငြိမ်းချမ်းရေးမူဝါဒ (၆) ရပ်နဲ့ NCA စာချုပ်ဟာ လက်နက်ကိုင် လမ်းစဉ် မှသည် ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးမှသည် ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ စစ်မှန်သော ဒီမိုကရေစီ ပြည်ထောင်စု ဖြစ်စေဖို့ လမ်းခင်း ပေးထားတာဖြစ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြခဲ့ပါတယ်။ ဒုတိယအခမ်းအနားမှာတော့ ပြည်သူ လူထုတစ်ရပ်လုံး တောင်းဆိုခဲ့တဲ့၊ ယနေ့ နိုင်ငံမှာ ကျင့်သုံးနေတဲ့ ပါတီစုံဒီမိုက ရေစီ လမ်းကြောင်းကို တပ်မတော်က လိုလို လားလားလမ်းဖွင့်ပေးခဲ့တာဖြစ်ပြီး ဒီလမ်းကြောင်းပေါ်မှာ အဆင်ပြေ ချောမွေ့စွာ လျှောက်လှမ်းနိုင်ဖို့ တပ်မတော်အစိုးရ လက်ထက်ကတည်းက နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ ကြိုတင် တည်ဆောက်မှုတွေ၊ ဆောင်ရွက်ခဲ့ပုံတွေ၊ NCA စာချုပ်ရဲ့ အရေး ပါပုံများနဲ့ NCA စာချုပ်ကို လက်မှတ်ရေး ထိုးဖို့လိုအပ်တဲ့အကြောင်းတွေကို ပြည့်ပြည့် စုံစုံ ရှင်းလင်းပြောပြခဲ့ပါတယ်။ တတိယအခမ်းအနားမှာတော့ အဲဒီအချိန်က သဘောထားကွဲလွဲနေတဲ့ ““ခွဲမထွက်ရ”” ဆိုတဲ့ စကားရပ်နဲ့ပတ်သက်ပြီး ဘာကြောင့် လိုအပ်တယ်ဆိုတဲ့အကြောင်း၊ တိုင်းရင်းသား ပြည်သူလူထုရဲ့အကျိုးကိုရှေးရှုပြီး ၂၀၁၅ ခုနှစ်အတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ဇယား-၂ နဲ့ ဇယား-၅ တို့ကို ပြင်ဆင် ဖြည့်စွက်လုပ်ပိုင်ခွင့်တွေ ထပ်မံတိုးချဲ့ပုံများ၊တပ်မတော်ရဲ့ သမိုင်းနဲ့ တစ်ခုတည်းသော တပ်မတော် ကိစ္စ တို့ကို နောက်ခံ သမိုင်း ကြောင်းများနဲ့ တကွ ကျယ်ကျယ် ပြန့် ပြန့် ရှင်းပြ ပြောဆိုခဲ့ပါတယ်။ ဒါတွေကို ထပ်မံပြောပြရတာဟာ တပ်မတော်ရဲ့ ဃြဗ အပေါ်မှာ ရပ်တည် ချက်၊ ငြိမ်းချမ်းရေးအပေါ်သဘော ထားနဲ့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်း သားစည်းလုံးညီညွတ်ရေးတို့အပေါ် အလေး အနက်ထားရှိမှုကို ပိုမိုပေါ်လွင်စေချင်လို့ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ NCA အပေါ်မှာပဲရပ်တည်ပြီး ငြိမ်းချမ်းရေးလုပ် ငန်းစဉ်များကို ခိုင်ခိုင်မာမာဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းသွားဖို့ အလိုလားဆုံးသူတွေကတော့ လက်နက်ကိုင် တိုက်ပွဲတွေမှာ အသက် ခန္ဓာစွန့် လွှတ်တိုက်ပွဲဝင်နေရတဲ့ တပ်မတော်သားတွေဖြစ်တယ်ဆိုတာ ကျွန်တော်ပြောခဲ့ဖူးပါ တယ်။

လက်တွေ့ အနေနဲ့ မြန်မာ့ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်သမိုင်းမှာ တစ်ခါမှမရှိခဲ့ဘူးတဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ ထာဝရ ငြိမ်းချမ်းရေး အတွက် ထုတ်ပြန်ချက်ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှာထုတ်ပြန်ပြီး ပထမအကြိမ် ၄ လကျော်ကြာ တစ်ဖက် သတ် ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းပေးခဲ့ပါတယ်။ အဲဒီအချိန်ကာလမတိုင်မီက တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းအချို့၊ နိုင်ငံရေးအင်အားစုအချို့၊ ပြည်တွင်း/ ပြည်ပ အဖွဲ့အစည်းအချို့က တပ်မတော်အနေနဲ့ သဘောထားကြီးစွာ အပစ်ရပ်ပေးသင့် ကြောင်းနဲ့ ဒီလိုလုပ်ဆောင် ပေးရင် ငြိမ်းချမ်း ရေးရရှိမယ်ဆိုပြီး အမြဲတမ်းပြောဆိုခဲ့ပါ တယ်။ ကမ်ဘာမှာ ဘယ်မှာမှမရှိခဲ့တဲ့ ဒီလို ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ကို တပ်မတော် အနေနဲ့ လက်တွေ့လုပ်ဆောင်ပေးခဲ့ပြီး သက်သေပြခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်အထိ ၉ လကာလ အတွင်း အပစ်ရပ် သက်တမ်းတိုးပေးမှုနဲ့ ငြိမ်းချမ်းရေးထိထိရောက်ရောက်ဆောင်ရွက် နိုင်ကြဖို့ ထုတ်ပြန်ချက် ၄ ကြိမ် ထုတ်ပြန် ဆောင်ရွက်ပေးခဲ့ပါတယ်။ လက်တွေ့ရလဒ်တွေ ဘာတွေဖြစ်လာခဲ့တယ်ဆိုတာကို တစ်နိုင်ငံလုံးကတိုင်းရင်းသား ပြည်သူလူထုအားလုံး မျက်မြင် ကိုယ်တွေ့ပဲ ဖြစ်ပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ ထာဝရ ငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်များထုတ်ပြန်ပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲခဲ့တဲ့ စစ်တိုင်း ၅ တိုင်းရဲ့ အချို့ဒေသတွေမှာပစ်ခတ်တိုက်ခိုက်မှုတွေ မရှိသလောက် လျော့နည်းသွားပေမယ့် အချို့ဒေသ တွေမှာ EAO အချင်းချင်း နယ်မြေချဲ့ထွင်တိုက်ခိုက်မှုဖြစ်ခဲ့တာတွေ၊ ကြားထဲက ပြည်သူလူထုဒုက္ခ ရောက်ရတာတွေ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ထားတဲ့ အချိန်ကာလကို အခွင့်ကောင်းယူပြီး အင်အား တည်ဆောက်၊ နယ်မြေတည် ဆောက်ခဲ့မှုတွေ၊ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်ခဲ့တာတွေ ကိုလည်း တွေ့ကြုံခဲ့ ရပါတယ်။ ရခိုင်ပြည်နယ်ကိစ်္စနဲ့ပတ်သက်လို့ပြောရရင် ရခိုင်ပြည်နယ်ဟာ ယခင်ကတည်းက အဖြူရောင်နယ်မြေဖြစ်ပါတယ်။ ဘူးသီး တောင်၊ မောင်တော ဒေသမှာ ARSA ရဲ့အကြမ်းဖက်လုပ်ရပ်ကြောင့် မတည်ငြိမ်မှုတွေဖြစ်လာပြီး ဒေသခံ ရခိုင်၊ မြို၊ ခမီအပါ အဝင် တိုင်းရင်းသားပြည်သူတွေရဲ့အသက်၊ အိုးအိမ်၊ စည်းစိမ်တွေ ခြိမ်းခြောက် ခံခဲ့ရပါတယ်။ ရွာလုံးကျွတ် ထွက်ပြေးခဲ့ရပါတယ်။

အဲဒီဒေသမှာ လူနည်းစုဖြစ်တဲ့ ကျွန်တော် တို့ရဲ့ ဒေသခံတိုင်းရင်းသားပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို တပ်မတော် အနေနဲ့ များစွာအရင်းအနှီးပေးပြီး ကာကွယ်ပေးခဲ့ရပါတယ်။ ARSA ကြောင့် မတည် မငြိမ်ဖြစ်နေတဲ့ အခြေ အနေမှာ AA အနေနဲ့ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှာ ဘူးသီးတောင်ဒေသက တိုင်းရင်းသားရွာ တွေကို အကာ အကွယ်ပေးနေတဲ့ အင်အား နည်းနယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်း ၄ ခုကိုအကြမ်းဖက်တိုက်ခိုက်ပြီး ၎င်းတို့ရဲ့အကြမ်း ဖက်လုပ်ရပ်တွေကို အရှိန်မြှင့်တင်ခဲ့ပါတယ်။ ဒီလုပ်ရပ်တွေဟာ ကျွန်တော်တို့ဒီနေ့ကျင့်သုံး တည်ဆောက်နေတဲ့ ဒီမိုကရေစီနဲ့ လားလားမှ မသက်ဆိုင်၊ မထိုက်တန်တဲ့ လုပ်ရပ်တွေပဲ ဖြစ်ပါတယ်။ ဒီအကြမ်းဖက်လုပ်ရပ်တွေကို တပ်မတော်အနေနဲ့ လက်ပိုက်ကြည့်နေလို့ မရပါဘူး။ တစ်ဖက်က အဲဒီဒေသမှာ ရှိနေတဲ့ တိုင်းရင်းသားတွေကို ARSA ရန်က ကာကွယ်ပေးနေသလို၊ AA ရဲ့အကြမ်းဖက် လုပ်ရပ် တွေကိုလည်း ကာကွယ်ပေးနေရပါတယ်။ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားတဲ့ ကာလအတွင်းမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အမျိုးသားပြန် လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်း ရေးဗဟိုဌာန (NRPC) နဲ့ဆွေးနွေးဖို့ တိုက်တွန်းခဲ့တဲ့အပြင် လိုအပ်ပါက ထပ်မံဆွေးနွေးနိုင်ရေးအတွက် အဖွဲ့ဝင် ၈ ဦးပါ တပ်မတော် ညှိနှိုင်းေ ဆွးနွေးရေးအဖွဲ့ကို ဖွဲ့စည်းပေးခဲ့ပါတယ်။ ဆွေးနွေးညှိနှိုင်းမှု တွေဟာ တိုင်းရင်းသား ပြည်သူလူထုက မျှော်လင့် သလောက် ခရီးမပေါက်တဲ့အတွက်လည်း အချိန်မဆိုင်းဘဲ ထိထိ ရောက်ရောက် ဆွေးနွေး နိုင်ဖို့ ဇူလိုင်လ ၁ ရက်နဲ့ သြဂုတ်လ ၁၄ရက်တို့မှာ တိုက်တွန်းအသိပေးချက် ၂ စောင် ထုတ်ပြန်ပြီး နှိုးဆော်ခဲ့ရပါတယ်။ ဒါပေမဲ့ သြဂုတ်လ ၁၅ ရက်နေ့ကစပြီး မန္တလေး- လားရှိုး-မူဆယ်ပြည်ထောင်စု လမ်းမ ကြီးပေါ်က လမ်း၊ တံတား၊ မြို့၊ ရွာတွေကို နှောင့်ယှက် ဖျက်ဆီးခဲ့တာတွေ၊ ပြင်ဦးလွင်၊ နောင်ချို၊ လားရှိုးနဲ့ ကွတ်ခိုင်မြို့ တွေကို တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လက်တွေ့ကြုံရပါတယ်။

ဒီလိုလုပ်ရပ်တွေဟာ ““သူတို့ တောင်းဆို နေတဲ့ တိုင်းရင်းသားအခွင့်အရေး လား””ဆိုပြီး ပြန်ပြီး သုံးသပ်စရာတွေဖြစ်လာခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ လက်ရှိတောက်လောင် နေဆဲဖြစ်တဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက်္ခရဲ့ဇာစ်မြစ်ဟာ ယခင် ကိုလိုနီ လက်ထက်ကတည်းကကျင့်သုံးခဲ့တဲ့ သွေးခွဲ အုပ်ချုပ်တဲ့စနစ်ကြောင့်ဖြစ်ပါတယ်။ ဒီလိုသွေးခွဲအုပ်ချုပ်မှုရဲ့ အကျိုးဆက် တွေကြောင့် တိုင်းရင်းသားချင်း၊ လူမျိုးစုချင်း အကြား သွေးကွဲခဲ့ရပြီး တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများဖြစ်ခဲ့ရပါတယ်။ လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ် အတွင်း ပါလီမန်ဒီမိုကရေစီခေတ်မှာ နိုင်ငံ ရေးကွဲပြားမှု၊ လူမျိုးရေးကွဲပြားမှု၊ တိုင်းရင်း သားအရေးကွဲပြားမှု၊ အယူဝါဒရေး ကွဲပြားမှုတွေက တစ်ဆင့် အုပ်ချုပ်တဲ့ အစိုးရ အဆက်ဆက်ကို လက်နက်စွဲကိုင်ဆန့်ကျင်ခြင်းဟာ ယနေ့တိုင် တည်ရှိနေတဲ့ လက်နက်ကိုင် ပဋိ ပက္ခရဲ့ အခြေခံ ဇာစ်မြစ်ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ နိုင်ငံတော်နဲ့အစိုးရရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့တာဝန်ရှိတဲ့ အဖွဲ့အစည်း ပီသစွာ ကာကွယ်နေရခြင်းပဲ ဖြစ်ပါတယ်။ ယနေ့ရှိနေဆဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများဟာ ဘယ်လို ပေါ်ပေါက်ခဲ့တယ်၊ ဘယ်အဖွဲ့အစည်းကနေ ဆင်းသက်လာခဲ့တယ်၊ မူလပေါ်ပေါက်လာရ တဲ့အကြောင်း ရင်းတွေက ဘာတွေဆိုတာ အဖွဲ့အစည်းတွေကိုယ်တိုင်က အသိဆုံးဖြစ်ပါတယ်။ အတိတ်မှာဘာတွေဖြစ်ခဲ့သည်ဖြစ်စေ၊ ကျွန်တော်တို့အနေနဲ့ အတိတ်ကို လက်ညှိုးထိုးပြီး အပြစ်တင်နေလို့ တိုးတက်လာ စရာ အကြောင်းမရှိပါဘူး။ လက်ရှိပစ္စုပ္ပန်ကာလ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရာမှာ တိုင်းရင်းသားအဖွဲ့ အစည်းတွေ တော်တော် များများပြောဆိုနေတာက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဖြစ်ပါတယ်။ ဦးစားပေးဖြေရှင်းသင့်တဲ့ ကိစ္စလည်းဖြစ်ပါတယ်။

ဒီလိုဦးစားပေးဖြေ ရှင်းမှသာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပိုမိုမြန်ဆန်မှာဖြစ်ပါတယ်။ တပ်မတော် အနေနဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကိုဆောင်ရွက် ရာမှာ တိုင်းရင်းသားတွေရဲ့အရေးကိစ္စကို ဦးစားပေးအဖြစ် အမြဲထည့်သွင်း ထားရှိပါတယ်။ ဒါ့ကြောင့် လက်ရှိဆောင်ရွက်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်း မှာ တိုင်းရင်းသားတွေရဲ့တောင်းဆိုမှုကိုလည်း ဦးစားပေးစဉ်းစားဆောင်ရွက်သင့်တယ်လို့ယူဆပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ(၂၁ရာစုပင်လုံ)ဟာ တိုင်းရင်းသားတွေရဲ့ ငြိမ်းချမ်းရေးဆန္ဒကို ဦးစားပေးပြီး ဖြစ်ပေါ်လာ တာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးကို ခွဲခြားပြီးမြင်တာက လက်တွေ့အလုပ် ဖြစ်နိုင်ပါလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ပင်လုံညီလာခံဟာ မြန်မာနိုင်ငံလွတ်လပ်ရေးရဖို့ လွတ်လပ်ရေးရပြီးရင် ပြည်ထောင်စုကို ဘယ်လို တည် ဆောက်မလဲ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဦးစားပေးအနေနဲ့ နိုင်ငံရေးကို ဦးတည်ဆွေးနွေးတာဖြစ်ပါတယ်။ ယခု ကျင်းပပြုလုပ်နေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ)ကတော့ လက်နက်ကိုင် ပဋိပက္ခတွေကို ဦးဆုံးဘယ်လို ရပ်တန့်ပစ်မလဲ ဆိုတဲ့ ငြိမ်းချမ်းရေးကို အဓိကထား ဦးတည်ဆွေးနွေးတာဖြစ်ကြောင်း ကျွန်တော်တို့ သတိပြု ရမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းတွေဆောင်ရွက်ရာ မှာပဲဖြစ်ဖြစ်၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ဆောက်ရေးလုပ်ငန်းတွေ ဆောင် ရွက်ရာမှာပဲဖြစ်ဖြစ် တပ်မတော်အနေနဲ့ တိုင်းရင်းသားပြည်သူလူထုရဲ့ အကျိုးစီးပွား၊ နိုင်ငံတော်ရဲ့ အမျိုးသား အကျိုးစီးပွားကိုသာ အမြဲရှေးရှုဆောင်ရွက်ခဲ့ပါတယ်။ ခေတ် အဆက်ဆက်၊ အစိုးရအဆက်ဆက်ဟာလည်း ဒီလို လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ရာမှာ ခေတ်ကာလအခြေအနေ၊ အချိန်အခါပေါ်မှာမူတည်ပြီး တတ်စွမ်းသမျှ ကြိုးစား ဆောင် ရွက်ခဲ့ကြမှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အတိတ်ကို လက်ညှိုးထိုးအပြစ်တင်နေရုံနဲ့ လုပ်ငန်းစဉ်ကြီးပြီးမြောက်စရာမရှိပါဘူး။ ပိုမို အေးချမ်း သာယာဖွံ့ဖြိုးတိုးတက်တဲ့ လူမှုစီးပွားဘ၀ တည်ဆောက်နိုင်ဖို့ လက်ရှိပစ္စုပ္ပန်မှာရှိနေတဲ့ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်။ ကျွန်တော်တို့ယခင်က ဘာတွေမှားခဲ့ကြသလဲ၊ ဘာတွေလိုအပ်ချက်ရှိခဲ့ကြသလဲ ဒါတွေကို မှန်မှန်ကန်ကန်၊ အစွဲကင်းကင်း သုံးသပ်ပြီး ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားတဲ့စိတ်နဲ့ ရှေ့ကိုဆက်လက်လုပ် ဆောင်သွားရင် ဒီလုပ်ငန်းစဉ်ကြီးအောင်မြင် ပြီးမြောက်မယ်လို့ အကြံပြုပြောကြားလိုပါတယ်။

ဒီလိုဆွေးနွေးရာမှာ သံသယစိတ် နဲ့ အတ္တလိုလားချက်တွေ ကြီးမားလွန်းရင် လည်း ထာဝရငြိမ်းချမ်းရေးအတွက် ငြိမ်း ချမ်းရေး ဆွေးနွေးမှုတွေမှာ မည်သို့မျှမအောင် မြင်နိုင်ကြောင်း သတိပြုဖို့လိုအပ်ပါတယ်။ ဒီနေရာမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအင်အားစုအချို့ ပြောနေကြတဲ့ ဖက်ဒရယ်စနစ် အကြောင်းကို ပြောလိုပါတယ်။ ဖက်ဒရယ်စနစ်နဲ့ပတ်သက်ပြီး မိမိတို့လိုရာ၊ သန်ရာကို အဓပ္ပာယ် အမျိုးမျိုး၊ စံနှုန်း အမျိုးမျိုး ဖွင့်ဆိုပြီး ဆောင်ရွက်နေကြတာတွေ့ရပါတယ်။ ဘယ်လောက်ပဲ ကွဲပြားခြားနားတဲ့ အဓိပ္ပာယ်တွေ ဖွင့်ဆိုပြီး စံနှုန်း အမျိုးမျိုးသတ်မှတ်ကြသည်ဖြစ်စေ အနှစ်သာရက““ပေါင်းစည်းခြင်း”” (Together) နဲ့ ““သဟဇာတဖြစ်မှု” (Harmony) ပဲဖြစ်ပါတယ်။ ကျွန်တော်တို့အတူတကွပေါင်းစည်းနေ ထိုင်ဖို့၊ သဟဇာတဖြစ်ဖို့အတွက် လိုက်နာရမယ့်တာဝန်တွေ၊ စောင့်ထိန်းရမယ့် ဝတ္တရားတွေ၊ ဒီလိုနေထိုင်ခြင်းဖြင့် ရရှိလာမယ့် အခွင့်အရေးတွေ၊ ရည်မှန်းချက်တွေကို အကောင်အထည်ဖော် တည် ဆောက် ကြရာမှာ အသေးစိတ်ဘယ်လိုဆောင်ရွက်ကြမလဲ ဆိုတာကို ဒီမိုကရေစီနည်းလမ်းဖြစ်တဲ့ ငြိမ်းချမ်းစွာ စေ့စပ်ညှိနှိုင်း အဖြေရှာခြင်း နည်းလမ်းနဲ့ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ဒီလိုစေ့စပ်ညှိနှိုင်းအဖြေရှာရာမှာလည်း မိမိလူမျိုး၊ မိမိပြည်နယ်၊ မိမိဒေသ၊ မိမိအဖွဲ့ အစည်းတစ်ခုတည်းအတွက်ကိုသာ မကြည့်ဘဲ ပြည်ထောင်စုဆိုတဲ့အမြင်၊ We are Myanmar ဆိုတဲ့ တပေါင်းတစည်းတည်း စိတ်တွေနဲ့ ညှိနှိုင်း ဆွေးနွေး သွားမှ အလုပ် ဖြစ်နိုင်မှာဖြစ်ပါတယ်။ ဒီနေ့၊ ဒီအချိန်မှာ အင်အားစုတော် တော်များများက ညွှန်းပြပြောဆိုနေတဲ့ဖက်ဒရယ်စနစ်နဲ့ပတ်သက်လို့ တပ်မတော် အနေနဲ့ကျယ်ကျယ်ပြန့်ပြန့်လေ့လာခဲ့ပြီး လေ့လာလျက်လည်းရှိပါတယ်။ စာအုပ် စာတမ်းတွေကလေ့လာတာ အပြင် ဒီစနစ် ကိုကျင့်သုံးနေတဲ့ နိုင်ငံတွေကိုပါသွားရောက် ပြီး လက်တွေ့လေ့လာခဲ့ပါတယ်။ တွေ့ရှိတာက ဖက်ဒရယ်စနစ်ကို ကျင့်သုံးမှုနဲ့ပတ် သက်ပြီး တစ်နိုင်ငံနဲ့တစ်နိုင်ငံမတူကြပါဘူး။ အဓိပ္ပာယ်ဖွင့်ဆိုမှု၊ ပြဋ္ဌာန်းထားမှု၊ လက်တွေ့ ကျင့်သုံးနေမှု တွေကလည်း နိုင်ငံရဲ့ နောက်ခံသမိုင်း၊ ဖွဲ့စည်းတည်ဆောက်ပုံ၊ စုစည်းတည်ဆောက်ပုံနဲ့ အခြေအနေ၊ အချိန် အခါ တွေအရ အမျိုးမျိုးကွဲပြားမှုတွေရှိနေ တာကိုလည်းတွေ့ပါတယ်။ ကျွန်တော်တို့နိုင်ငံနဲ့အနီးစပ်ဆုံးတူညီ နိုင်တဲ့ အိန္ဒိယနိုင်ငံရဲ့ ပြည်ထောင်စုစနစ်ကို လက်တွေ့အောင်မြင်စွာကျင့်သုံးနေပုံနဲ့ပတ်သက်ပြီး လေ့လာတဲ့အခါ ဖက်ဒရယ် ဆိုတာ ခွဲထွက်ခွင့်မဟုတ်ကြောင်း၊ ဘယ်လို ဆောင်ရွက်ရမယ်ဆိုတာပုံသေ သတ်မှတ် ထားခြင်းမရှိဘဲ မိမိနိုင်ငံ၊ မိမိလူမျိုး၊ ဒေသပထဝီနဲ့ သင့်လျော်တဲ့ပုံစံကို ဆောင်ရွက် ကြရကြောင်း တွေ့ရှိရပါ တယ်။

ဒီမိုကရေစီ ဖက်ဒရယ်စနစ်ဆိုရာမှာလည်း အများသဘောတူညီတဲ့ပုံစံနဲ့ မိမိနိုင်ငံ၊ မိမိလူမျိုးရဲ့ အမျိုးသား အကျိုးစီးပွားနဲ့နိုင်ငံတော် ရဲ့အချုပ်အခြာအာဏာကို မထိခိုက်စေဘဲ ဗဟိုအစိုးရနဲ့ ဒေသအစိုးရတွေအကြား အာဏာခွဲေ၀ ကျင့်သုံးခြင်းပဲဖြစ်ကြောင်း တွေ့ရပြီး ၎င်းင်းကဲ့သို့ ခွဲဝေကျင့်သုံးနိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဥပဒေပြုပိုင်ခွင့် ဇယားတွေနဲ့ တိကျစွာ သတ်မှတ်ထားရှိကြောင်း တွေ့ရှိရပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့စဉ်းစားရမှာ က ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့ ကိစ္စ ပါ၊ ဒီ ကိစ္စ ကို ကျွန်တော်တို့ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားဖို့၊ အဖြစ်နိုင်ဆုံးနည်းလမ်းရှာဖွေဖို့ လိုအပ်မှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ဖွဲ့စည်း ပုံအခြေခံဥပဒေပါ ဇယား(၁၊ ၂၊ ၃၊ ၅) ဥပဒေပြုစာရင်းတွေအတွက် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်တွေက ဘာဥပဒေ တွေပြဋ္ဌာန်း ခဲ့ကြပြီလဲ။ အဲဒီပြုလုပ်ပြီးဥပဒေ အပေါ်အခြေခံပြီး မိမိတိုင်းဒေသကြီး၊ ပြည်နယ်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးကို ဘယ်လောက် ဆောင်ရွက်နေကြပြီလဲ ပြန်လည်သုံးသပ် ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၅ ခုနှစ်အတွင်းက တိုင်းဒေသကြီး၊ ပြည်နယ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသတွေရဲ့ ဥပဒေပြုစာရင်းတွေကို ထပ်မံတိုးချဲ့လုပ် ပိုင်ခွင့်များပေးအပ်ခဲ့တဲ့ အပေါ် လက်တွေ့မှာ ဘယ်လောက်အသုံးချနိုင်ပြီလဲ ပြန်လည်သုံးသပ်ရမှာဖြစ်ပါတယ်။ တပ်မတော်အနေ နဲ့လည်း အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ပြင်ဆင်သင့်တာပြင်ဆင်ထိုက် တာတွေကို ပကတိအခြေအနေနဲ့ ကိုက် ညှိပြီး ပြင်ဆင်နိုင်ဖို့ဆောင်ရွက်လျက်ရှိနေ သလို တပ်မတော်နဲ့ခံယူချက်၊ ယုံကြည်ချက်တူညီတဲ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင် ရွက်လျက်ရှိနေပါတယ်။ အခွင့်အရေးတွေ၊ အခွင့်အလမ်းတွေ၊ ရပိုင်ခွင့်တွေ၊ တာဝန်ရှိမှုတွေဟာ စာထဲမှာ ပြဋ္ဌာန်းလိုက်ရုံနဲ့ပြီးပြည့်စုံသွားတဲ့ ကိစ္စတွေ မဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံးက လက်တွေ့ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်တည် ဆောက်သွားရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ စနစ်ဆိုတာ ပြည်သူကိုဗဟိုပြုတဲ့စနစ်ဖြစ်လို့ အဲဒီလိုဝိုင်းဝန်းကြိုးပမ်း တည်ဆောက် သွားနိုင် ရေး ကျွန်တော်တို့ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးအသိပညာ၊ အတတ်ပညာမြင့်မားဖို့လိုအပ်ပါတယ်။ အသိပညာဆိုတာဘဝမှာတွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေဖြစ်ပြီး အတတ်ပညာဆိုတာ သင်ယူရတဲ့ပညာဖြစ်ပါတယ်။ မိမိ ဖြတ်သန်းလာခဲ့ရတဲ့ အသိပညာတွေကို သင်ယူတတ်မြောက်ထားတဲ့ အတတ်ပညာ တွေနဲ့ပေါင်းစပ်ပြီး မိမိဒေသ၊ မိမိမြို့၊ မိမိ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည် အသုံးချရမှာဖြစ်ပါတယ်။

ဒီမိုကရေစီပြည် ထောင်စုကို အောင်မြင်စွာတည်ဆောက် နိုင်ဖို့ ဘယ်သူကမှလာရောက်ကြိုးပမ်းပေး မှာမဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ နိုင်ငံနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီ ဖက်ဒရယ်စနစ်ကိုသာ ဖော်ဆောင်သွားမှာ ဖြစ်ပြီး တိုင်းရင်းသား ပြည်သူ လူထု၊ နိုင်ငံသူ နိုင်ငံသားတွေကပဲ ကိုယ်တိုင်ကြိုးစားရမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ကြရာမှာ ကျွန်တော်တို့ဟာ မဖြစ်နိုင်တဲ့၊ နိုင်ငံရဲ့အခြေအနေနဲ့ မကိုက်ညီတဲ့ ဖြစ်လိုတဲ့ဆန္ဒတစ်ခုတည်းအပေါ် အာရုံစိုက်ဆောင်ရွက်နေမယ့်အစား ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ ကိုက်ညီသင့်လျော်တဲ့ဖြစ်နိုင် ခြေတွေ အပေါ်မှာ အာရုံစိုက်ဆောင်ရွက်တာက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပိုမိုမြန်ဆန်ထိရောက် စေမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ဆိုတာထက် ဇယား-၂၊ ၃ နဲ့ ၅ မှာ ကျွန်တော်တို့ဘာတွေဖြည့်စွက်ပြင် ဆင်ပြီး ဘယ်လိုပြည့် စုံအောင် ဆောင်ရွက် ကြမလဲဆိုတဲ့ စဉ်းစားနည်းက ပိုမိုသဘာ၀ ကျလိမ့်မယ်လို့ ထင်မြင်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံစုစည်း နေထိုင်တဲ့ ပြည်ထောင်စု နိုင်ငံဖြစ်ပါတယ်။ နိုင်ငံရဲ့ မည်သည့် တိုင်း ဒေသကြီး၊ ပြည်နယ်မှာမှ သီးသန့်လူမျိုးစု တစ်ခုတည်းနေထိုင်ခြင်းမရှိဘဲ တိုင်းရင်း သားလူမျိုးပေါင်းစုံ စုစည်းနေ ထိုင်လျက်ရှိပါတယ်။ အနည်းနဲ့အများသာ ကွာခြား ပါတယ်။ ဒါဟာ အရှိတရားဖြစ်ပါတယ်။ ဒီအရှိတရား အပေါ်မှာအခြေခံပြီး စဉ်းစားရင် တိုင်းဒေသကြီးတစ်ခု၊ ပြည်နယ်တစ်ခု မှာ လူမျိုးစုတစ်ခုတည်းအတွက် ရည်ရွယ် ပြီး ဥပဒေပြဋ္ဌာန်းရင် ဘယ်လိုအကျိုးဆက် တွေဖြစ်လာနိုင်သလဲဆိုတဲ့အဖြေကို စဉ်းစား ကြည့်ရင်သိနိုင်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့နိုင်ငံမှာနေထိုင် ကြတဲ့ တိုင်းရင်းသားမဟုတ်တဲ့ နိုင်ငံသားတွေရှိပါတယ်။ တိုင်းရင်းသားနဲ့ နိုင်ငံသား မူလအခွင့်အရေးတွေ မတူကြပေမယ့် မြန်မာပြည်မှာနေပြီး မြန်မာစိတ်မွေး၍ တိုင်းပြည်ကောင်းရာ ကောင်းကျိုးကို အားလုံး က ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နေကြ တာကိုလည်း တွေ့ရပါတယ်။ တပ်မတော်သားများအနေနဲ့ စစ်မှု ထမ်းဆောင်ခြင်းဖြင့် တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ် အကျိုးပြုလျက်ရှိပါတယ်။ တပ်မ တော်ဟာ နိုင်ငံ့ခြံစည်းရိုးဖြစ်ပြီး ခြံစည်းရိုး လုံခြုံမှသာလျှင် တိုင်းပြည်လုံခြုံအေးချမ်းမှာ ဖြစ်ပါတယ်။ တိုင်းပြည် လုံခြုံအေးချမ်းမှု ရှိမှသာလျှင် တိုင်းရင်းသားပြည်သူအားလုံး၊ နိုင်ငံသားအားလုံးလုပ်ကိုင်စားသောက်ဖို့ အဆင်ပြေ ချောမွေ့မှာဖြစ်ပါတယ်။ နိုင်ငံသူနိုင်ငံသားများရဲ့ လုပ်အားစစ်စစ်နဲ့ ထွက်လာတဲ့ ထုတ်ကုန်ပစ္စည်းများကို ရောင်းကုန် ပစ္စည်းအနေနဲ့ ဝင်ငွေတိုးတက် လာအောင်၊ ပြည်သူတို့ရဲ့ဝယ်လိုအား တိုးတက်လာပြီး လူမှုစီးပွားတိုး တက်အောင် ဆောင်ရွက်ဖို့ကလည်း ယနေ့ပကတိ လိုအပ်ချက်ဖြစ်ပါတယ်။

ဒါတွေအတွက် တပ်မတော်အနေနဲ့ နိုင်ငံတော် ကာကွယ်ရေး နဲ့ လုံခြုံရေး တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နေသလို ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွေမှာလည်း စစ်မှန်တဲ့ ဆန္ဒ နဲ့ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။ ဆက်လက်ပြီးတော့လည်း ကျွန်တော်တို့ရဲ့ တာဝန်တွေကို ပြည်သူလူထုနဲ့ နိုင်ငံ့ အကျိုးစီးပွား အပေါ် ရှေးရှုပြီး တာဝန်ကျေပွန်စွာ ထမ်းဆောင်သွား မှာဖြစ်ပါတယ်။ နိဂုံးချုပ်အနေနဲ့ ပြောကြား လိုတာကတော့- – NCA စာချုပ်ကို ကျွန်တော်တို့ အားလုံးညှိနှိုင်း ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံရဲ့ ငြိမ်းချမ်းရေး သမိုင်းမှာ မှတ်တိုင်သစ် စိုက် ထူခဲ့ကြတာကို ပြန်ပြောင်းသတိရပြီး ရှေ့ဆက်မယ့်ငြိမ်းချမ်းရေးခရီးစဉ်အတွက် အားသစ်၊ အင်သစ်၊ အတွေး အမြင်သစ် တွေမွေးပြီး လျှောက်လှမ်းသွားကြပါ။ – နိုင်ငံတည်ဆောက်ရေး၊ တိုင်းပြည်တည် ဆောက်ရေးဆောင်ရွက်ကြရာမှာ ဟိုးယခင်ကရှိခဲ့တဲ့ အတွေးအမြင်တွေကို ခေတ်စနစ်နဲ့ လျော်ညီတဲ့အတွေးအမြင် တွေနဲ့ အစားထိုးပြီး ရှေ့ဆက်လျှောက်လှမ်းကြပါ။ -ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံ တဲ့ ပြည်ထောင်စု စနစ်ကို တည်ဆောက်ကြရာမှာ ကျွန်တော်တို့ အားလုံးသည် မြန်မာဖြစ်သည်ဆိုတဲ့ ပြည်ထောင်စု စိတ်အရင်းခံပြီး ငြိမ်းချမ်းရေးကို လိုလားတဲ့ စစ်မှန်တဲ့ ဆန္ဒ နဲ့ဆောင်ရွက်သွားကြရင် ပြည်သူလူထုလိုလားတောင့်တနေ တဲ့ ထာဝရငြိမ်းချမ်းရေးကို ထိရောက်လျင်မြန်စွာ ဖော်ဆောင်သွားနိုင်မှာဖြစ် ကြောင်း တိုက်တွန်းပြောကြားရင်း နိဂုံးချုပ် လိုက်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ……………

 

(Zawgyi Version)

တစ္ႏုိင္ငံလံုး ပစ္ခတ္တုိက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) ခ်ဳပ္ဆိုျခင္း (၄)ႏွစ္ျပည္႕ ႏွစ္ပတ္လည္ အခမ္း အနားတြင္ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ေျပာၾကားသည္႕ ႏႈတ္ခြန္းဆက္ အမွာစကား

ေနျပည္ေတာ္ ေအာက္တိုဘာ ၂၈

ဒီကေန႔ဟာ ကၽြန္ေတာ္တုိ႔ႏုိင္ငံရဲ႕ပကတိလိုအပ္ခ်က္ျဖစ္တဲ့ ျပည္တြင္းစည္းလံုး ညီၫြတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးကို လက္ေတြ႕ က်က် အေကာင္အထည္ေဖာ္ ေပးႏုိင္မယ့္ တစ္ႏုိင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူ စာခ်ဳပ္ (NCA) ခ်ဳပ္ဆိုခဲ့တဲ့ (၄)ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔ပဲျဖစ္ပါတယ္။ ဒီႏွစ္ပတ္ လည္ေန႔အခမ္းအနားကို တက္ေရာက္လာ ၾကတဲ့ ႏုိင္ငံေတာ္ သမၼတႀကီး အမွဴးျပဳတဲ့ အစိုးရပိုင္းဆိုင္ရာ တာ၀န္ရွိပုဂၢိဳလ္မ်ား၊ တုိင္းရင္းသား လက္နက္ကိုင္ အဖဲြ႕အစည္း မ်ားမွ တာ၀န္ရွိ ပုဂ္ၢိဳလ္မ်ား၊ ႏုိင္ငံ့ၿငိမ္းခ်မ္း ေရးအတြက္ အဘက္ဘက္မွ ပါ၀င္ေဆာင္ ရြက္ေနၾကတဲ့ ျပည္တြင္း/ ျပည္ပအဖြဲ႕အစည္းမ်ားမွ တာ၀န္ရွိပုဂ္ၢိဳလ္မ်ား အားလံုးနဲ႔ အခမ္းအနားတက္ေရာက္လာသူအားလံုး ၿငိမ္းခ်မ္း သာယာ မႈရွိၾက၍ ႏုိင္ငံ့အက်ဳိး၊ ျပည္ေထာင္စုအက်ဳိးနဲ႔ ၿငိမ္းခ်မ္းေရး အက်ဳိးတုိ႔ကို ဆတက္ ထမ္းပိုး စည္းလံုးညီၫြတ္စြာ ထမ္းေဆာင္ႏုိင္ ပါေစေၾကာင္း ဆႏၵျပဳ ႏႈတ္ခြန္းဆက္ သလိုက္ ပါတယ္။ အေၾကာင္း အမ်ဳိးမ်ဳိးျပၿပီး မတက္ေရာက္ႏိုင္တဲ့ အဖြဲ႕မ်ား ဟာလည္း ၎တုိ႔ အေၾကာင္းနဲ႔ ၎တုိ႔သာ ျဖစ္ပါလိမ့္မယ္။

တစ္ႏုိင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲ ေရးသေဘာတူစာခ်ဳပ္ (NCA)ခ်ဳပ္ဆိုျခင္း အခမ္းအနားေတြ က်င္းပလာတာ ဒီေန႔ဆိုရင္ ၄ ႀကိမ္ရွိၿပီျဖစ္ပါတယ္။ အခမ္းအနား တုိင္းမွာ တာ၀န္ရွိသူမ်ားက အမွာစကား၊ ႏႈတ္ခြန္းဆက္ စကား အသီးသီး ေျပာၾကပါ တယ္။ ကၽြန္ေတာ့္ အေနနဲ႔လည္း ယခင္အခမ္း အနား ၃ႀကိမ္မွာ ႏႈတ္ခြန္းဆက္ စကားမ်ား ေျပာၾကား ခဲ့ပါတယ္။ ဒီေန႔မွာေတာ့ ယခင္ ေျပာၾကားခဲ့တဲ့ ႏႈတ္ခြန္းဆက္စကားေတြထဲက အေရးႀကီးတဲ့အခ်က္အခ်ဳိ႕ကို ျပန္လည္ အမွတ္ရေစဖုိ႔ အဖြင့္အေနနဲ႔ေျပာလိုပါတယ္။ ပထမဆံုးအခမ္းအနားမွာ ကၽြန္ေတာ့္ အေနနဲ႔ NCA စာခ်ဳပ္ျဖစ္ေပၚ လာပံုနဲ႔ တပ္မေတာ္ၿငိမ္းခ်မ္းေရးမူ၀ါဒ (၆) ရပ္ကို အေလးေပး ေျပာၾကားခဲ့ပါတယ္။ NCA စာခ်ဳပ္ နဲ႔ပတ္သက္လို႔ ၂၀၁၁ ခုႏွစ္၊ ၾသဂုတ္လ ၁၈ ရက္မွာ တိုင္းရင္းသား လက္နက္ကိုင္ အဖဲြ႕အစည္းအားလံုးကို ၿငိမ္းခ်မ္းေရးဖိတ္ ေခၚၿပီး ႏုိင္ငံ့ၿငိမ္းခ်မ္းေရးအတြက္ က႑ သစ္တစ္ရပ္ ဖြင့္လွစ္ခဲ့တဲ့ အခ်ိန္ကစတင္ၿပီး NCA စာခ်ဳပ္ကို ပထမဆံုးလက္မွတ္ေရး ထိုးခဲ့တဲ့ ၂၀၁၅ ခုႏွစ္၊ ေအာက္တိုဘာလ ၁၅ ရက္အထိ အခ်ိန္ကာလ ေလးႏွစ္ေက်ာ္ ၾကာျမင့္ခဲ့ေၾကာင္းနဲ႔ ၿငိမ္းခ်မ္းေရးေဖာ္ ေဆာင္မႈလုပ္ငန္းအဆင့္ဆင့္ကို ညီၫြတ္တဲ့ ေပါင္းစည္းစြမ္းအားနဲ႔ ႀကိဳးစားျဖတ္သန္း ခဲ့ရပံုေတြကို ဆက္လက္လုပ္ေဆာင္ရမယ့္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြ အတြက္ ခြန္အားေတြ ျဖစ္ေစဖုိ႔ ျပန္ေျပာင္းေျပာျပခဲ့ပါ တယ္။ ေခတ္အဆက္ဆက္ ၿငိမ္းခ်မ္းေရး ႀကိဳးပမ္းမႈ သမုိင္းေတြက ရရွိလာတဲ့ တပ္မ ေတာ္ရဲ႕ ““အသိတရား””နဲ႔ လက္ရွိၿငိမ္းခ်မ္း ေရးတည္ ေဆာက္မႈ ခိုင္ၿမဲေစဖုိ႔အတြက္ လိုအပ္တဲ့ ““အရွိတရား”” ျဖစ္တဲ့ တပ္မေတာ္ရဲ႕ ၿငိမ္းခ်မ္းေရးမူ၀ါဒ (၆)ရပ္အေၾကာင္းကိုလည္း ကၽြန္ေတာ္ေဆြးေႏြးခဲ့ပါတယ္။

ဒါ့အျပင္ တပ္မေတာ္ရဲ႕ၿငိမ္းခ်မ္းေရးမူ၀ါဒ (၆) ရပ္နဲ႔ NCA စာခ်ဳပ္ဟာ လက္နက္ကိုင္ လမ္းစဥ္ မွသည္ ၿငိမ္းခ်မ္းေရး၊ ၿငိမ္းခ်မ္းေရးမွသည္ ဖက္ဒရယ္စနစ္ကိုအေျခခံတဲ့ စစ္မွန္ေသာ ဒီမိုကေရစီ ျပည္ေထာင္စု ျဖစ္ေစဖုိ႔ လမ္းခင္း ေပးထားတာျဖစ္ေၾကာင္း က်ယ္က်ယ္ျပန္႔ျပန္႔ ရွင္းျပခဲ့ပါတယ္။ ဒုတိယအခမ္းအနားမွာေတာ့ ျပည္သူ လူထုတစ္ရပ္လံုး ေတာင္းဆိုခဲ့တဲ့၊ ယေန႔ ႏုိင္ငံမွာ က်င့္သံုးေနတဲ့ ပါတီစံုဒီမိုက ေရစီ လမ္းေၾကာင္းကို တပ္မေတာ္က လိုလို လားလားလမ္းဖြင့္ေပးခဲ့တာျဖစ္ၿပီး ဒီလမ္းေၾကာင္းေပၚမွာ အဆင္ေျပ ေခ်ာေမြ႕စြာ ေလွ်ာက္လွမ္းႏုိင္ဖုိ႔ တပ္မေတာ္အစိုးရ လက္ထက္ကတည္းက ႏုိင္ငံေရး၊ စီးပြားေရးနဲ႔ လူမႈေရးဆုိင္ရာ ႀကိဳတင္ တည္ေဆာက္မႈေတြ၊ ေဆာင္ရြက္ခဲ့ပံုေတြ၊ NCA စာခ်ဳပ္ရဲ႕ အေရး ပါပံုမ်ားနဲ႔ NCA စာခ်ဳပ္ကို လက္မွတ္ေရး ထုိးဖုိ႔လိုအပ္တဲ့အေၾကာင္းေတြကို ျပည့္ျပည့္ စံုစံု ရွင္းလင္းေျပာျပခဲ့ပါတယ္။ တတိယအခမ္းအနားမွာေတာ့ အဲဒီအခ်ိန္က သေဘာထားကြဲလြဲေနတဲ့ ““ခြဲမထြက္ရ”” ဆိုတဲ့ စကားရပ္နဲ႔ပတ္သက္ၿပီး ဘာေၾကာင့္ လိုအပ္တယ္ဆိုတဲ့အေၾကာင္း၊ တုိင္းရင္းသား ျပည္သူလူထုရဲ႕အက်ဳိးကိုေရွး႐ႈၿပီး ၂၀၁၅ ခုႏွစ္အတြင္း ဖြဲ႕စည္းပံု အေျခခံဥပေဒ(၂၀၀၈ ခုႏွစ္)ဇယား-၂ နဲ႔ ဇယား-၅ တုိ႔ကို ျပင္ဆင္ ျဖည့္စြက္လုပ္ပိုင္ခြင့္ေတြ ထပ္မံတိုးခ်ဲ႕ပံုမ်ား၊တပ္မေတာ္ရဲ႕ သမုိင္းနဲ႔ တစ္ခုတည္းေသာ တပ္မေတာ္ ကိစၥ တုိ႔ကို ေနာက္ခံ သမိုင္း ေၾကာင္းမ်ားနဲ႔ တကြ က်ယ္က်ယ္ ျပန္႔ ျပန္႔ ရွင္းျပ ေျပာဆိုခဲ့ပါတယ္။ ဒါေတြကို ထပ္မံေျပာျပရတာဟာ တပ္မေတာ္ရဲ႕ ၿဃဗ အေပၚမွာ ရပ္တည္ ခ်က္၊ ၿငိမ္းခ်မ္းေရးအေပၚသေဘာ ထားနဲ႔ ျပည္ေထာင္စုမၿပိဳကြဲေရး၊ တုိင္းရင္း သားစည္းလံုးညီၫြတ္ေရးတုိ႔အေပၚ အေလး အနက္ထားရွိမႈကို ပိုမိုေပၚလြင္ေစခ်င္လုိ႔ ျဖစ္ပါတယ္။ တပ္မေတာ္အေနနဲ႔ NCA အေပၚမွာပဲရပ္တည္ၿပီး ၿငိမ္းခ်မ္းေရးလုပ္ ငန္းစဥ္မ်ားကို ခုိင္ခိုင္မာမာဆက္လက္ ေဆာင္ရြက္သြားမွာျဖစ္ပါတယ္။ ျပည္တြင္းလက္နက္ကုိင္ပဋိပကၡေတြ ခ်ဳပ္ၿငိမ္းသြားဖို႔ အလုိလားဆံုးသူေတြကေတာ့ လက္နက္ကုိင္ တုိက္ပြဲေတြမွာ အသက္ ခႏၶာစြန္႔ လႊတ္တုိက္ပြဲ၀င္ေနရတဲ့ တပ္မေတာ္သားေတြျဖစ္တယ္ဆုိတာ ကၽြန္ေတာ္ေျပာခဲ့ဖူးပါ တယ္။

လက္ေတြ႕ အေနနဲ႔ ျမန္မာ့ၿငိမ္းခ်မ္း ေရးလုပ္ငန္းစဥ္သမုိင္းမွာ တစ္ခါမွမရွိခဲ့ဘူးတဲ့ ပစ္ခတ္တုိက္ခုိက္မႈရပ္စဲေရးန႔ဲ ထာ၀ရ ၿငိမ္းခ်မ္းေရး အတြက္ ထုတ္ျပန္ခ်က္ကို ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ ၂၁ ရက္မွာထုတ္ျပန္ၿပီး ပထမအႀကိမ္ ၄ လေက်ာ္ၾကာ တစ္ဖက္ သတ္ ပစ္ခတ္တုိက္ခုိက္မႈ ရပ္ဆုိင္းေပးခဲ့ပါတယ္။ အဲဒီအခ်ိန္ကာလမတုိင္မီက တုိင္းရင္း သားလက္နက္ကုိင္အဖြဲ႕အစည္းအခ်ဳိ႕၊ ႏုိင္ငံေရးအင္အားစုအခ်ဳိ႕၊ ျပည္တြင္း/ ျပည္ပ အဖြဲ႕အစည္းအခ်ဳိ႕က တပ္မေတာ္အေနနဲ႔ သေဘာထားႀကီးစြာ အပစ္ရပ္ေပးသင့္ ေၾကာင္းနဲ႔ ဒီလုိလုပ္ေဆာင္ ေပးရင္ ၿငိမ္းခ်မ္း ေရးရရွိမယ္ဆုိၿပီး အၿမဲတမ္းေျပာဆုိခဲ့ပါ တယ္။ ကမ္ဘာမွာ ဘယ္မွာမွမရွိခဲ့တဲ့ ဒီလုိ ပစ္ခတ္တုိက္ခုိက္မႈ ရပ္စဲေရး ကို တပ္မေတာ္ အေနနဲ႔ လက္ေတြ႕လုပ္ေဆာင္ေပးခဲ့ၿပီး သက္ေသျပခဲ့ပါတယ္။ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ ၂၁ ရက္အထိ ၉ လကာလ အတြင္း အပစ္ရပ္ သက္တမ္းတုိးေပးမႈနဲ႔ ၿငိမ္းခ်မ္းေရးထိထိေရာက္ေရာက္ေဆာင္ရြက္ ႏုိင္ၾကဖုိ႔ ထုတ္ျပန္ခ်က္ ၄ ႀကိမ္ ထုတ္ျပန္ ေဆာင္ရြက္ေပးခဲ့ပါတယ္။ လက္ေတြ႕ရလဒ္ေတြ ဘာေတြျဖစ္လာခဲ့တယ္ဆုိတာကို တစ္ႏုိင္ငံလံုးကတုိင္းရင္းသား ျပည္သူလူထုအားလံုး မ်က္ျမင္ ကုိယ္ေတြ႕ပဲ ျဖစ္ပါတယ္။ ပစ္ခတ္တုိက္ခုိက္မႈရပ္စဲေရးနဲ႔ ထာ၀ရ ၿငိမ္းခ်မ္းေရးအတြက္ ထုတ္ျပန္ခ်က္မ်ားထုတ္ျပန္ၿပီး ပစ္ခတ္တုိက္ခုိက္မႈရပ္စဲခဲ့တဲ့ စစ္တုိင္း ၅ တုိင္းရဲ႕ အခ်ဳိ႕ေဒသေတြမွာပစ္ခတ္တုိက္ခုိက္မႈေတြ မရွိသေလာက္ ေလ်ာ့နည္းသြားေပမယ့္ အခ်ဳိ႕ေဒသ ေတြမွာ EAO အခ်င္းခ်င္း နယ္ေျမခ်ဲ႕ထြင္တုိက္ခုိက္မႈျဖစ္ခဲ့တာေတြ၊ ၾကားထဲက ျပည္သူလူထုဒုကၡ ေရာက္ရတာေတြ၊ ပစ္ခတ္တုိက္ခုိက္မႈ ရပ္စဲ ထားတ့ဲ အခ်ိန္ကာလကုိ အခြင့္ေကာင္းယူၿပီး အင္အား တည္ေဆာက္၊ နယ္ေျမတည္ ေဆာက္ခဲ့မႈေတြ၊ အျပစ္မဲ့ျပည္သူေတြကို သတ္ျဖတ္ခဲ့တာေတြ ကိုလည္း ေတြ႕ႀကံဳခဲ့ ရပါတယ္။ ရခုိင္ျပည္နယ္ကိစ္ၥနဲ႔ပတ္သက္လုိ႔ေျပာရရင္ ရခုိင္ျပည္နယ္ဟာ ယခင္ကတည္းက အျဖဴေရာင္နယ္ေျမျဖစ္ပါတယ္။ ဘူးသီး ေတာင္၊ ေမာင္ေတာ ေဒသမွာ ARSA ရဲ႕အၾကမ္းဖက္လုပ္ရပ္ေၾကာင့္ မတည္ၿငိမ္မႈေတြျဖစ္လာၿပီး ေဒသခံ ရခုိင္၊ ၿမိဳ၊ ခမီအပါ အ၀င္ တုိင္းရင္းသားျပည္သူေတြရဲ႕အသက္၊ အိုးအိမ္၊ စည္းစိမ္ေတြ ၿခိမ္းေျခာက္ ခံခဲ့ရပါတယ္။ ရြာလံုးကၽြတ္ ထြက္ေျပးခဲ့ရပါတယ္။

အဲဒီေဒသမွာ လူနည္းစုျဖစ္တဲ့ ကၽြန္ေတာ္ တို႔ရဲ႕ ေဒသခံတုိင္းရင္းသားျပည္သူေတြရဲ႕အသက္အိုးအိမ္စည္းစိမ္ကို တပ္မေတာ္ အေနနဲ႔ မ်ားစြာအရင္းအႏွီးေပးၿပီး ကာကြယ္ေပးခဲ့ရပါတယ္။ ARSA ေၾကာင့္ မတည္ မၿငိမ္ျဖစ္ေနတဲ့ အေျခ အေနမွာ AA အေနနဲ႔ ၂၀၁၉ ခုႏွစ္၊ ဇန္န၀ါရီလ ၄ ရက္ေန႔မွာ ဘူးသီးေတာင္ေဒသက တုိင္းရင္းသားရြာ ေတြကို အကာ အကြယ္ေပးေနတဲ့ အင္အား နည္းနယ္ျခားေစာင့္ရဲတပ္ဖြဲ႕စခန္း ၄ ခုကိုအၾကမ္းဖက္တုိက္ခုိက္ၿပီး ၎တုိ႔ရဲ႕အၾကမ္း ဖက္လုပ္ရပ္ေတြကို အရွိန္ျမႇင့္တင္ခဲ့ပါတယ္။ ဒီလုပ္ရပ္ေတြဟာ ကၽြန္ေတာ္တို႔ဒီေန႔က်င့္သံုး တည္ေဆာက္ေနတဲ့ ဒီမုိကေရစီနဲ႔ လားလားမွ မသက္ဆုိင္၊ မထုိက္တန္တဲ့ လုပ္ရပ္ေတြပဲ ျဖစ္ပါတယ္။ ဒီအၾကမ္းဖက္လုပ္ရပ္ေတြကို တပ္မေတာ္အေနနဲ႔ လက္ပုိက္ၾကည့္ေနလုိ႔ မရပါဘူး။ တစ္ဖက္က အဲဒီေဒသမွာ ရွိေနတဲ့ တုိင္းရင္းသားေတြကို ARSA ရန္က ကာကြယ္ေပးေနသလုိ၊ AA ရဲ႕အၾကမ္းဖက္ လုပ္ရပ္ ေတြကိုလည္း ကာကြယ္ေပးေနရပါတယ္။ ပစ္ခတ္တုိက္ခုိက္မႈ ရပ္စဲထားတဲ့ ကာလအတြင္းမွာ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြကို ပုိမုိထိေရာက္စြာ ေဆာင္ရြက္ႏုိင္ဖုိ႔အတြက္ တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႕ေတြကို အမ်ဳိးသားျပန္ လည္ သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္း ေရးဗဟုိဌာန (NRPC) နဲ႔ေဆြးေႏြးဖို႔ တုိက္တြန္းခဲ့တဲ့အျပင္ လုိအပ္ပါက ထပ္မံေဆြးေႏြးႏုိင္ေရးအတြက္ အဖြဲ႕၀င္ ၈ ဦးပါ တပ္မေတာ္ ညိႇႏႈိင္းေ ဆြးေႏြးေရးအဖြဲ႕ကို ဖြဲ႕စည္းေပးခဲ့ပါတယ္။ ေဆြးေႏြးညိႇႏႈိင္းမႈ ေတြဟာ တုိင္းရင္းသား ျပည္သူလူထုက ေမွ်ာ္လင့္ သေလာက္ ခရီးမေပါက္တဲ့အတြက္လည္း အခ်ိန္မဆုိင္းဘဲ ထိထိ ေရာက္ေရာက္ ေဆြးေႏြး ႏုိင္ဖို႔ ဇူလုိင္လ ၁ ရက္နဲ႔ ၾသဂုတ္လ ၁၄ရက္တုိ႔မွာ တုိက္တြန္းအသိေပးခ်က္ ၂ ေစာင္ ထုတ္ျပန္ၿပီး ႏႈိးေဆာ္ခဲ့ရပါတယ္။ ဒါေပမဲ့ ၾသဂုတ္လ ၁၅ ရက္ေန႔ကစၿပီး မႏၱေလး- လား႐ႈိး-မူဆယ္ျပည္ေထာင္စု လမ္းမ ႀကီးေပၚက လမ္း၊ တံတား၊ ၿမိဳ႕၊ ရြာေတြကို ေႏွာင့္ယွက္ ဖ်က္ဆီးခဲ့တာေတြ၊ ျပင္ဦးလြင္၊ ေနာင္ခ်ဳိ၊ လား႐ိႈးနဲ႔ ကြတ္ခုိင္ၿမိဳ႕ ေတြကို တုိက္ခုိက္ခဲ့တဲ့ အၾကမ္းဖက္လုပ္ရပ္ေတြကို လက္ေတြ႕ႀကံဳရပါတယ္။

ဒီလုိလုပ္ရပ္ေတြဟာ ““သူတုိ႔ ေတာင္းဆုိ ေနတဲ့ တုိင္းရင္းသားအခြင့္အေရး လား””ဆုိၿပီး ျပန္ၿပီး သံုးသပ္စရာေတြျဖစ္လာခဲ့ပါတယ္။ ကၽြန္ေတာ္တုိ႔ႏုိင္ငံမွာ လက္ရွိေတာက္ေလာင္ ေနဆဲျဖစ္တဲ့ ျပည္တြင္းလက္နက္ကုိင္ပဋိပက္ၡရဲ႕ဇာစ္ျမစ္ဟာ ယခင္ ကုိလုိနီ လက္ထက္ကတည္းကက်င့္သံုးခဲ့တဲ့ ေသြးခြဲ အုပ္ခ်ဳပ္တဲ့စနစ္ေၾကာင့္ျဖစ္ပါတယ္။ ဒီလိုေသြးခြဲအုပ္ခ်ဳပ္မႈရဲ႕ အက်ဳိးဆက္ ေတြေၾကာင့္ တုိင္းရင္းသားခ်င္း၊ လူမ်ဳိးစုခ်င္း အၾကား ေသြးကြဲခဲ့ရၿပီး တုိင္းရင္းသား လက္နက္ကိုင္ ပဋိပကၡမ်ားျဖစ္ခဲ့ရပါတယ္။ လြတ္လပ္ေရးရၿပီး ၁၉၄၈ ခုႏွစ္မွ ၁၉၅၈ ခုႏွစ္ အတြင္း ပါလီမန္ဒီမိုကေရစီေခတ္မွာ ႏုိင္ငံ ေရးကြဲျပားမႈ၊ လူမ်ဳိးေရးကြဲျပားမႈ၊ တုိင္းရင္း သားအေရးကြဲျပားမႈ၊ အယူ၀ါဒေရး ကြဲျပားမႈေတြက တစ္ဆင့္ အုပ္ခ်ဳပ္တဲ့ အစိုးရ အဆက္ဆက္ကို လက္နက္စြဲကိုင္ဆန္႔က်င္ျခင္းဟာ ယေန႔တုိင္ တည္ရွိေနတဲ့ လက္နက္ကိုင္ ပဋိ ပကၡရဲ႕ အေျခခံ ဇာစ္ျမစ္ျဖစ္ပါတယ္။ တပ္မေတာ္အေနနဲ႔ ႏုိင္ငံေတာ္နဲ႔အစိုးရရဲ႕ အခ်ဳပ္အျခာအာဏာကို ကာကြယ္ဖို႔တာ၀န္ရွိတဲ့ အဖြဲ႕အစည္း ပီသစြာ ကာကြယ္ေနရျခင္းပဲ ျဖစ္ပါတယ္။ ယေန႔ရွိေနဆဲ တုိင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းမ်ားဟာ ဘယ္လို ေပၚေပါက္ခဲ့တယ္၊ ဘယ္အဖြဲ႕အစည္းကေန ဆင္းသက္လာခဲ့တယ္၊ မူလေပၚေပါက္လာရ တဲ့အေၾကာင္း ရင္းေတြက ဘာေတြဆိုတာ အဖြဲ႕အစည္းေတြကိုယ္တုိင္က အသိဆံုးျဖစ္ပါတယ္။ အတိတ္မွာဘာေတြျဖစ္ခဲ့သည္ျဖစ္ေစ၊ ကၽြန္ေတာ္တို႔အေနနဲ႔ အတိတ္ကို လက္ညႇိဳးထိုးၿပီး အျပစ္တင္ေနလို႔ တုိးတက္လာ စရာ အေၾကာင္းမရွိပါဘူး။ လက္ရွိပစၥဳပၸန္ကာလ ျပည္တြင္းၿငိမ္းခ်မ္းေရး တည္ေဆာက္ရာမွာ တုိင္းရင္းသားအဖြဲ႕ အစည္းေတြ ေတာ္ေတာ္ မ်ားမ်ားေျပာဆိုေနတာက ကိုယ္ပိုင္ျပ႒ာန္းခြင့္ျဖစ္ပါတယ္။ ဦးစားေပးေျဖရွင္းသင့္တဲ့ ကိစၥလည္းျဖစ္ပါတယ္။

ဒီလိုဦးစားေပးေျဖ ရွင္းမွသာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ပိုမိုျမန္ဆန္မွာျဖစ္ပါတယ္။ တပ္မေတာ္ အေနနဲ႔ ျပည္သူလူထုရဲ႕ အက်ဳိးစီးပြားကိုေဆာင္ရြက္ ရာမွာ တုိင္းရင္းသားေတြရဲ႕အေရးကိစၥကို ဦးစားေပးအျဖစ္ အၿမဲထည့္သြင္း ထားရွိပါတယ္။ ဒါ့ေၾကာင့္ လက္ရွိေဆာင္ရြက္ေနတဲ့ ဖြဲ႕စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးလုပ္ငန္း မွာ တုိင္းရင္းသားေတြရဲ႕ေတာင္းဆိုမႈကိုလည္း ဦးစားေပးစဥ္းစားေဆာင္ရြက္သင့္တယ္လို႔ယူဆပါတယ္။ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရး ညီလာခံ(၂၁ရာစုပင္လံု)ဟာ တုိင္းရင္းသားေတြရဲ႕ ၿငိမ္းခ်မ္းေရးဆႏၵကို ဦးစားေပးၿပီး ျဖစ္ေပၚလာ တာျဖစ္ပါတယ္။ ဒီလိုေဆာင္ရြက္ရာမွာ ၿငိမ္းခ်မ္းေရးနဲ႔ ႏုိင္ငံေရးကို ခြဲျခားၿပီးျမင္တာက လက္ေတြ႕အလုပ္ ျဖစ္ႏိုင္ပါလိမ့္မယ္လို႔ ကၽြန္ေတာ္ ယံုၾကည္ပါတယ္။ ပင္လံုညီလာခံဟာ ျမန္မာႏုိင္ငံလြတ္လပ္ေရးရဖို႔ လြတ္လပ္ေရးရၿပီးရင္ ျပည္ေထာင္စုကို ဘယ္လို တည္ ေဆာက္မလဲ ေဆြးေႏြးခဲ့တာျဖစ္ပါတယ္။ ဦးစားေပးအေနနဲ႔ ႏိုင္ငံေရးကို ဦးတည္ေဆြးေႏြးတာျဖစ္ပါတယ္။ ယခု က်င္းပျပဳလုပ္ေနတဲ့ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးညီလာခံ (၂၁ ရာစုပင္လံု)ကေတာ့ လက္နက္ကိုင္ ပဋိပကၡေတြကို ဦးဆံုးဘယ္လို ရပ္တန္႔ပစ္မလဲ ဆိုတဲ့ ၿငိမ္းခ်မ္းေရးကို အဓိကထား ဦးတည္ေဆြးေႏြးတာျဖစ္ေၾကာင္း ကၽြန္ေတာ္တို႔ သတိျပဳ ရမွာ ျဖစ္ပါတယ္။ ၿငိမ္းခ်မ္းေရးလုပ္ငန္းေတြေဆာင္ရြက္ရာ မွာပဲျဖစ္ျဖစ္၊ တုိင္းျပည္ဖြံ႕ၿဖိဳးတိုးတက္ေရးနဲ႔ တည္ေဆာက္ေရးလုပ္ငန္းေတြ ေဆာင္ ရြက္ရာမွာပဲျဖစ္ျဖစ္ တပ္မေတာ္အေနနဲ႔ တုိင္းရင္းသားျပည္သူလူထုရဲ႕ အက်ဳိးစီးပြား၊ ႏုိင္ငံေတာ္ရဲ႕ အမ်ဳိးသား အက်ဳိးစီးပြားကိုသာ အၿမဲေရွး႐ႈေဆာင္ရြက္ခဲ့ပါတယ္။ ေခတ္ အဆက္ဆက္၊ အစိုးရအဆက္ဆက္ဟာလည္း ဒီလို လုပ္ငန္းစဥ္ေတြကို ေဆာင္ရြက္ရာမွာ ေခတ္ကာလအေျခအေန၊ အခ်ိန္အခါေပၚမွာမူတည္ၿပီး တတ္စြမ္းသမွ် ႀကိဳးစား ေဆာင္ ရြက္ခဲ့ၾကမွာျဖစ္ပါတယ္။ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မွာ အတိတ္ကို လက္ညိႇဳးထိုးအျပစ္တင္ေန႐ုံနဲ႔ လုပ္ငန္းစဥ္ႀကီးၿပီးေျမာက္စရာမရွိပါဘူး။ ပိုမို ေအးခ်မ္း သာယာဖြံ႕ၿဖိဳးတိုးတက္တဲ့ လူမႈစီးပြားဘ၀ တည္ေဆာက္ႏုိင္ဖို႔ လက္ရွိပစၥဳပၸန္မွာရွိေနတဲ့ ကၽြန္ေတာ္တို႔ အားလံုးမွာ တာ၀န္ရွိပါတယ္။ ကၽြန္ေတာ္တို႔ယခင္က ဘာေတြမွားခဲ့ၾကသလဲ၊ ဘာေတြလိုအပ္ခ်က္ရွိခဲ့ၾကသလဲ ဒါေတြကို မွန္မွန္ကန္ကန္၊ အစြဲကင္းကင္း သံုးသပ္ၿပီး ၿငိမ္းခ်မ္းေရးကို အမွန္တကယ္လိုလားတဲ့စိတ္နဲ႔ ေရွ႕ကိုဆက္လက္လုပ္ ေဆာင္သြားရင္ ဒီလုပ္ငန္းစဥ္ႀကီးေအာင္ျမင္ ၿပီးေျမာက္မယ္လို႔ အႀကံျပဳေျပာၾကားလိုပါတယ္။

ဒီလိုေဆြးေႏြးရာမွာ သံသယစိတ္ နဲ႔ အတၱလိုလားခ်က္ေတြ ႀကီးမားလြန္းရင္ လည္း ထာ၀ရၿငိမ္းခ်မ္းေရးအတြက္ ၿငိမ္း ခ်မ္းေရး ေဆြးေႏြးမႈေတြမွာ မည္သို႔မွ်မေအာင္ ျမင္ႏုိင္ေၾကာင္း သတိျပဳဖို႔လိုအပ္ပါတယ္။ ဒီေနရာမွာ တုိင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းေတြနဲ႔ ႏုိင္ငံေရးအင္အားစုအခ်ဳိ႕ ေျပာေနၾကတဲ့ ဖက္ဒရယ္စနစ္ အေၾကာင္းကို ေျပာလိုပါတယ္။ ဖက္ဒရယ္စနစ္နဲ႔ပတ္သက္ၿပီး မိမိတို႔လိုရာ၊ သန္ရာကို အဓပၸာယ္ အမ်ဳိးမ်ဳိး၊ စံႏႈန္း အမ်ဳိးမ်ဳိး ဖြင့္ဆိုၿပီး ေဆာင္ရြက္ေနၾကတာေတြ႕ရပါတယ္။ ဘယ္ေလာက္ပဲ ကြဲျပားျခားနားတဲ့ အဓိပၸာယ္ေတြ ဖြင့္ဆိုၿပီး စံႏႈန္း အမ်ဳိးမ်ဳိးသတ္မွတ္ၾကသည္ျဖစ္ေစ အႏွစ္သာရက““ေပါင္းစည္းျခင္း”” (Together) နဲ႔ ““သဟဇာတျဖစ္မႈ” (Harmony) ပဲျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔အတူတကြေပါင္းစည္းေန ထိုင္ဖို႔၊ သဟဇာတျဖစ္ဖို႔အတြက္ လိုက္နာရမယ့္တာ၀န္ေတြ၊ ေစာင့္ထိိန္းရမယ့္ ၀တၱရားေတြ၊ ဒီလိုေနထိုင္ျခင္းျဖင့္ ရရွိလာမယ့္ အခြင့္အေရးေတြ၊ ရည္မွန္းခ်က္ေတြကို အေကာင္အထည္ေဖာ္ တည္ ေဆာက္ ၾကရာမွာ အေသးစိတ္ဘယ္လိုေဆာင္ရြက္ၾကမလဲ ဆိုတာကို ဒီမိုကေရစီနည္းလမ္းျဖစ္တဲ့ ၿငိမ္းခ်မ္းစြာ ေစ့စပ္ညိႇႏိႈင္း အေျဖရွာျခင္း နည္းလမ္းနဲ႔ ေဆာင္ရြက္သြားရမွာျဖစ္ပါတယ္။ ဒီလိုေစ့စပ္ညိႇႏိႈင္းအေျဖရွာရာမွာလည္း မိမိလူမ်ဳိး၊ မိမိျပည္နယ္၊ မိမိေဒသ၊ မိမိအဖြဲ႕ အစည္းတစ္ခုတည္းအတြက္ကိုသာ မၾကည့္ဘဲ ျပည္ေထာင္စုဆိုတဲ့အျမင္၊ We are Myanmar ဆိုတဲ့ တေပါင္းတစည္းတည္း စိတ္ေတြနဲ႔ ညိႇႏိႈင္း ေဆြးေႏြး သြားမွ အလုပ္ ျဖစ္ႏိုင္မွာျဖစ္ပါတယ္။ ဒီေန႔၊ ဒီအခ်ိန္မွာ အင္အားစုေတာ္ ေတာ္မ်ားမ်ားက ၫႊန္းျပေျပာဆိုေနတဲ့ဖက္ဒရယ္စနစ္နဲ႔ပတ္သက္လို႔ တပ္မေတာ္ အေနနဲ႔က်ယ္က်ယ္ျပန္႔ျပန္႔ေလ့လာခဲ့ၿပီး ေလ့လာလ်က္လည္းရွိပါတယ္။ စာအုပ္ စာတမ္းေတြကေလ့လာတာ အျပင္ ဒီစနစ္ ကိုက်င့္သံုးေနတဲ့ ႏိုင္ငံေတြကိုပါသြားေရာက္ ၿပီး လက္ေတြ႕ေလ့လာခဲ့ပါတယ္။ ေတြ႕ရွိတာက ဖက္ဒရယ္စနစ္ကို က်င့္သံုးမႈနဲ႔ပတ္ သက္ၿပီး တစ္ႏိုင္ငံနဲ႔တစ္ႏိုင္ငံမတူၾကပါဘူး။ အဓိပၸာယ္ဖြင့္ဆိုမႈ၊ ျပ႒ာန္းထားမႈ၊ လက္ေတြ႕ က်င့္သံုးေနမႈ ေတြကလည္း ႏိုင္ငံရဲ႕ ေနာက္ခံသမိုင္း၊ ဖြဲ႕စည္းတည္ေဆာက္ပံု၊ စုစည္းတည္ေဆာက္ပံုနဲ႔ အေျခအေန၊ အခ်ိန္ အခါ ေတြအရ အမ်ဳိးမ်ဳိးကြဲျပားမႈေတြရွိေန တာကိုလည္းေတြ႕ပါတယ္။ ကၽြန္ေတာ္တို႔ႏိုင္ငံန႔ဲအနီးစပ္ဆံုးတူညီ ႏိုင္တဲ့ အိႏိ္ၵယႏိုင္ငံရဲ႕ ျပည္ေထာင္စုစနစ္ကို လက္ေတြ႕ေအာင္ျမင္စြာက်င့္သံုးေနပံုနဲ႔ပတ္သက္ၿပီး ေလ့လာတဲ့အခါ ဖက္ဒရယ္ ဆိုတာ ခဲြထြက္ခြင့္မဟုတ္ေၾကာင္း၊ ဘယ္လို ေဆာင္ရြက္ရမယ္ဆိုတာပံုေသ သတ္မွတ္ ထားျခင္းမရွိဘဲ မိမိႏိုင္ငံ၊ မိမိလူမ်ဳိး၊ ေဒသပထ၀ီနဲ႔ သင့္ေလ်ာ္တဲ့ပံုစံကို ေဆာင္ရြက္ ၾကရေၾကာင္း ေတြ႕ရွိရပါ တယ္။

ဒီမိုကေရစီ ဖက္ဒရယ္စနစ္ဆိုရာမွာလည္း အမ်ားသေဘာတူညီတဲ့ပံုစံနဲ႔ မိမိႏိုင္ငံ၊ မိမိလူမ်ဳိးရဲ႕ အမ်ဳိးသား အက်ဳိးစီးပြားနဲ႔ႏိုင္ငံေတာ္ ရဲ႕အခ်ဳပ္အျခာအာဏာကို မထိခိုက္ေစဘဲ ဗဟိုအစိုးရနဲ႔ ေဒသအစိုးရေတြအၾကား အာဏာခြဲေ၀ က်င့္သံုးျခင္းပဲျဖစ္ေၾကာင္း ေတြ႕ရၿပီး ၎င္းကဲ့သုိ႔ ခြဲေ၀က်င့္သံုးႏိုင္ရန္ ဖြဲ႕စည္းပံုအေျခခံဥပေဒမွာ ဥပေဒျပဳပိုင္ခြင့္ ဇယားေတြနဲ႔ တိက်စြာ သတ္မွတ္ထားရွိေၾကာင္း ေတြ႕ရွိရပါတယ္။ ဒီေနရာမွာ ကၽြန္ေတာ္တို႔စဥ္းစားရမွာ က ကိုယ္ပိုင္ျပ႒ာန္းခြင့္ဆိုတဲ့ ကိစၥ ပါ၊ ဒီ ကိစၥ ကို ကၽြန္ေတာ္တို႔က်ယ္က်ယ္ျပန္႔ျပန္႔ စဥ္းစားဖို႔၊ အျဖစ္ႏိုင္ဆံုးနည္းလမ္းရွာေဖြဖို႔ လိုအပ္မွာျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ႏိုင္ငံရဲ႕ဖြဲ႕စည္း ပံုအေျခခံဥပေဒပါ ဇယား(၁၊ ၂၊ ၃၊ ၅) ဥပေဒျပဳစာရင္းေတြအတြက္ တိုင္းေဒသႀကီး၊ ျပည္နယ္လႊတ္ေတာ္ေတြက ဘာဥပေဒ ေတြျပ႒ာန္း ခဲ့ၾကၿပီလဲ။ အဲဒီျပဳလုပ္ၿပီးဥပေဒ အေပၚအေျခခံၿပီး မိမိတိုင္းေဒသႀကီး၊ ျပည္နယ္ရဲ႕ဖြံ႕ၿဖိဳးတိုးတက္ေရးကို ဘယ္ေလာက္ ေဆာင္ရြက္ေနၾကၿပီလဲ ျပန္လည္သုံးသပ္ ရမွာျဖစ္ပါတယ္။ ဒါ့အျပင္ ၂၀၁၅ ခုႏွစ္အတြင္းက တိုင္းေဒသႀကီး၊ ျပည္နယ္န႔ဲ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္း၊ ေဒသေတြရဲ႕ ဥပေဒျပဳစာရင္းေတြကို ထပ္မံတိုးခ်ဲ႕လုပ္ ပိုင္ခြင့္မ်ားေပးအပ္ခဲ့တဲ့ အေပၚ လက္ေတြ႕မွာ ဘယ္ေလာက္အသံုးခ်ႏိုင္ၿပီလဲ ျပန္လည္သံုးသပ္ရမွာျဖစ္ပါတယ္။ တပ္မေတာ္အေန နဲ႔လည္း အေျခခံဥပေဒ ျပင္ဆင္ေရးနဲ႔ပတ္သက္ၿပီး ျပင္ဆင္သင့္တာျပင္ဆင္ထိုက္ တာေတြကို ပကတိအေျခအေနနဲ႔ ကိုက္ ညႇိၿပီး ျပင္ဆင္ႏိုင္ဖို႔ေဆာင္ရြက္လ်က္ရွိေန သလို တပ္မေတာ္နဲ႔ခံယူခ်က္၊ ယံုၾကည္ခ်က္တူညီတဲ့အဖြဲ႕အစည္းေတြနဲ႔ ပူးေပါင္းေဆာင္ ရြက္လ်က္ရွိေနပါတယ္။ အခြင့္အေရးေတြ၊ အခြင့္အလမ္းေတြ၊ ရပိုင္ခြင့္ေတြ၊ တာ၀န္ရွိမႈေတြဟာ စာထဲမွာ ျပ႒ာန္းလိုက္႐ံုနဲ႔ၿပီးျပည့္စံုသြားတဲ့ ကိစၥေတြ မဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔အားလံုးက လက္ေတြ႕၀ိုင္း၀န္းႀကိဳးပမ္း ေဆာင္ရြက္တည္ ေဆာက္သြားရမွာ ျဖစ္ပါတယ္။ ဒီမိုကေရစီ စနစ္ဆိုတာ ျပည္သူကိုဗဟိုျပဳတဲ့စနစ္ျဖစ္လို႔ အဲဒီလို၀ိုင္း၀န္းႀကိဳးပမ္း တည္ေဆာက္ သြားႏိုင္ ေရး ကၽြန္ေတာ္တို႔ တိုင္းရင္းသား ျပည္သူလူထုတစ္ရပ္လံုးအသိပညာ၊ အတတ္ပညာျမင့္မားဖို႔လိုအပ္ပါတယ္။ အသိပညာဆိုတာဘ၀မွာေတြ႕ႀကံဳခဲ့ရတဲ့ အေတြ႕အႀကံဳေတြျဖစ္ၿပီး အတတ္ပညာဆိုတာ သင္ယူရတဲ့ပညာျဖစ္ပါတယ္။ မိမိ ျဖတ္သန္းလာခဲ့ရတဲ့ အသိပညာေတြကို သင္ယူတတ္ေျမာက္ထားတဲ့ အတတ္ပညာ ေတြနဲ႔ေပါင္းစပ္ၿပီး မိိမိေဒသ၊ မိမိၿမိဳ႕၊ မိမိ တိုင္းျပည္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ျပန္လည္ အသံုးခ်ရမွာျဖစ္ပါတယ္။

ဒီမိုကေရစီျပည္ ေထာင္စုကို ေအာင္ျမင္စြာတည္ေဆာက္ ႏိုင္ဖို႔ ဘယ္သူကမွလာေရာက္ႀကိဳးပမ္းေပး မွာမဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔အေနနဲ႔ ကၽြန္ေတာ္တို႔ ႏိုင္ငံနဲ႔ ကိုက္ညီတဲ့ ဒီမိုကေရစီ ဖက္ဒရယ္စနစ္ကိုသာ ေဖာ္ေဆာင္သြားမွာ ျဖစ္ၿပီး တိုင္းရင္းသား ျပည္သူ လူထု၊ ႏိုင္ငံသူ ႏိုင္ငံသားေတြကပဲ ကိုယ္တိုင္ႀကိဳးစားရမွာ ျဖစ္ပါတယ္။ ဒီလိုေဆာင္ရြက္ၾကရာမွာ ကၽြန္ေတာ္တို႔ဟာ မျဖစ္ႏိုင္တဲ့၊ ႏိုင္ငံရဲ႕အေျခအေနနဲ႔ မကိုက္ညီတဲ့ ျဖစ္လိုတဲ့ဆႏၵတစ္ခုတည္းအေပၚ အာ႐ံုစိုက္ေဆာင္ရြက္ေနမယ့္အစား ကၽြန္ေတာ္တို႔ႏိုင္ငံရဲ႕ လက္ရွိအေျခအေနနဲ႔ ကိုက္ညီသင့္ေလ်ာ္တဲ့ျဖစ္ႏိုင္ ေျခေတြ အေပၚမွာ အာ႐ံုစိုက္ေဆာင္ရြက္တာက ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို ပိုမိုျမန္ဆန္ထိေရာက္ ေစမွာျဖစ္ပါတယ္။ ဥပမာအားျဖင့္ ကိုယ္ပိုင္ ျပ႒ာန္းခြင့္ဆိုတာထက္ ဇယား-၂၊ ၃ နဲ႔ ၅ မွာ ကၽြန္ေတာ္တို႔ဘာေတြျဖည့္စြက္ျပင္ ဆင္ၿပီး ဘယ္လိုျပည့္ စုံေအာင္ ေဆာင္ရြက္ ၾကမလဲဆိုတဲ့ စဥ္းစားနည္းက ပိုမိုသဘာ၀ က်လိမ့္မယ္လို႔ ထင္ျမင္ပါတယ္။ ကၽြန္ေတာ္တို႔ႏိုင္ငံဟာ တိုင္းရင္းသား လူမ်ဳိးေပါင္းစုံစုစည္း ေနထိုင္တဲ့ ျပည္ေထာင္စု ႏုိင္ငံျဖစ္ပါတယ္။ ႏိုင္ငံရဲ႕ မည္သည့္ တိုင္း ေဒသႀကီး၊ ျပည္နယ္မွာမွ သီးသန္႔လူမ်ဳိးစု တစ္ခုတည္းေနထိုင္ျခင္းမရွိဘဲ တုိင္းရင္း သားလူမ်ဳိးေပါင္းစုံ စုစည္းေန ထိုင္လ်က္ရွိပါတယ္။ အနည္းနဲ႔အမ်ားသာ ကြာျခား ပါတယ္။ ဒါဟာ အရွိတရားျဖစ္ပါတယ္။ ဒီအရွိတရား အေပၚမွာအေျခခံၿပီး စဥ္းစားရင္ တုိင္းေဒသႀကီးတစ္ခု၊ ျပည္နယ္တစ္ခု မွာ လူမ်ဳိးစုတစ္ခုတည္းအတြက္ ရည္ရြယ္ ၿပီး ဥပေဒျပ႒ာန္းရင္ ဘယ္လုိအက်ဳိးဆက္ ေတြျဖစ္လာႏိုင္သလဲဆိုတဲ့အေျဖကို စဥ္းစား ၾကည့္ရင္သိႏိုင္ပါတယ္။ ဒါ့အျပင္ ကၽြန္ေတာ္တို႔ႏိုင္ငံမွာေနထိုင္ ၾကတဲ့ တိုင္းရင္းသားမဟုတ္တဲ့ ႏိုင္ငံသားေတြရွိပါတယ္။ တိုင္းရင္းသားနဲ႔ ႏိုင္ငံသား မူလအခြင့္အေရးေတြ မတူၾကေပမယ့္ ျမန္မာျပည္မွာေနၿပီး ျမန္မာစိတ္ေမြး၍ တိုင္းျပည္ေကာင္းရာ ေကာင္းက်ဳိးကို အားလုံး က ၀ိုင္း၀န္းႀကိဳးပမ္းေဆာင္ရြက္ေနၾက တာကိုလည္း ေတြ႕ရပါတယ္။ တပ္မေတာ္သားမ်ားအေနနဲ႔ စစ္မႈ ထမ္းေဆာင္ျခင္းျဖင့္ တိုင္းျပည္နဲ႔ ျပည္သူလူထုအေပၚ အက်ဳိးျပဳလ်က္ရွိပါတယ္။ တပ္မ ေတာ္ဟာ ႏိုင္ငံ့ၿခံစည္း႐ိုးျဖစ္ၿပီး ၿခံစည္း႐ိုး လုံၿခံဳမွသာလွ်င္ တိုင္းျပည္လုံၿခံဳေအးခ်မ္းမွာ ျဖစ္ပါတယ္။ တုိင္းျပည္ လုံၿခံဳေအးခ်မ္းမႈ ရွိမွသာလွ်င္ တိုင္းရင္းသားျပည္သူအားလုံး၊ ႏုိင္ငံသားအားလုံးလုပ္ကုိင္စားေသာက္ဖို႔ အဆင္ေျပ ေခ်ာေမြ႕မွာျဖစ္ပါတယ္။ ႏိုင္ငံသူႏိုင္ငံသားမ်ားရဲ႕ လုပ္အားစစ္စစ္နဲ႔ ထြက္လာတဲ့ ထုတ္ကုန္ပစၥည္းမ်ားကို ေရာင္းကုန္ ပစၥည္းအေနနဲ႔ ၀င္ေငြတိုးတက္ လာေအာင္၊ ျပည္သူတို႔ရဲ႕၀ယ္လိုအား တိုးတက္လာၿပီး လူမႈစီးပြားတိုး တက္ေအာင္ ေဆာင္ရြက္ဖို႔ကလည္း ယေန႔ပကတိ လိုအပ္ခ်က္ျဖစ္ပါတယ္။

ဒါေတြအတြက္ တပ္မေတာ္အေနနဲ႔ ႏိုင္ငံေတာ္ ကာကြယ္ေရး နဲ႔ လုံၿခံဳေရး တာ၀န္ေတြကို ေက်ပြန္စြာ ထမ္းေဆာင္ေနသလို ၿငိမ္းခ်မ္းေရးလုပ္ငန္း စဥ္ေတြမွာလည္း စစ္မွန္တဲ့ ဆႏၵ နဲ႔ ပူးေပါင္း ေဆာင္ရြက္လ်က္ရွိပါတယ္။ ဆက္လက္ၿပီးေတာ့လည္း ကၽြန္ေတာ္တို႔ရဲ႕ တာ၀န္ေတြကို ျပည္သူလူထုနဲ႔ ႏိုင္ငံ့ အက်ဳိးစီးပြား အေပၚ ေရွး႐ႈၿပီး တာ၀န္ေက်ပြန္စြာ ထမ္းေဆာင္သြား မွာျဖစ္ပါတယ္။ နိဂုံးခ်ဳပ္အေနနဲ႔ ေျပာၾကား လိုတာကေတာ့- – NCA စာခ်ဳပ္ကို ကၽြန္ေတာ္တို႔ အားလုံးညိႇႏိႈင္း ပူးေပါင္းေဆာင္ရြက္ၿပီး ႏိုင္ငံရဲ႕ ၿငိမ္းခ်မ္းေရး သမုိင္းမွာ မွတ္တိုင္သစ္ စိုက္ ထူခဲ့ၾကတာကို ျပန္ေျပာင္းသတိရၿပီး ေရွ႕ဆက္မယ့္ၿငိမ္းခ်မ္းေရးခရီးစဥ္အတြက္ အားသစ္၊ အင္သစ္၊ အေတြး အျမင္သစ္ ေတြေမြးၿပီး ေလွ်ာက္လွမ္းသြားၾကပါ။ – ႏုိင္ငံတည္ေဆာက္ေရး၊ တိုင္းျပည္တည္ ေဆာက္ေရးေဆာင္ရြက္ၾကရာမွာ ဟိုးယခင္ကရွိခဲ့တဲ့ အေတြးအျမင္ေတြကို ေခတ္စနစ္နဲ႔ ေလ်ာ္ညီတဲ့အေတြးအျမင္ ေတြနဲ႔ အစားထိုးၿပီး ေရွ႕ဆက္ေလွ်ာက္လွမ္းၾကပါ။ -ဒီမိုကေရစီနဲ႔ ဖက္ဒရယ္စနစ္ကို အေျခခံ တဲ့ ျပည္ေထာင္စု စနစ္ကို တည္ေဆာက္ၾကရာမွာ ကၽြန္ေတာ္တို႔ အားလုံးသည္ ျမန္မာျဖစ္သည္ဆိုတဲ့ ျပည္ေထာင္စု စိတ္အရင္းခံၿပီး ၿငိမ္းခ်မ္းေရးကို လိုလားတဲ့ စစ္မွန္တဲ့ ဆႏၵ နဲ႔ေဆာင္ရြက္သြားၾကရင္ ျပည္သူလူထုလုိလားေတာင့္တေန တဲ့ ထာ၀ရၿငိမ္းခ်မ္းေရးကို ထိေရာက္လ်င္ျမန္စြာ ေဖာ္ေဆာင္သြားႏိုင္မွာျဖစ္ ေၾကာင္း တိုက္တြန္းေျပာၾကားရင္း နိဂုံးခ်ဳပ္ လိုက္ပါတယ္။ အားလုံးကို ေက်းဇူးတင္ပါတယ္။ ……………

ဖတ္သင့္ေသာ သတင္းမ်ား

ျပန္စာထားခဲ့ပါ။

သင့္ email လိပ္စာကို ေဖာ္ျပမည္ မဟုတ္ပါ။ လိုအပ္ေသာ ကြက္လပ္မ်ားကို * ျဖင့္ ေဖာ္ျပထားပါသည္။