တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် KNU ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုးနှင့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ အောက်တိုဘာ ၂၉

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် KNU ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုးနှင့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုးနှင့် တပ်မတော်အရာရှိကြီးများ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(အငြိမ်းစား)တို့ တက်ရောက်ကြပြီး ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌနှင့်အတူ အထွေထွေအတွင်း ရေးမှူးချုပ် ပဒိုစောတာဒိုမူးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုခြင်း (၄)နှစ်ပြည့်၊ နှစ်ပတ်လည် အခမ်းအနားသို့ တက်ရောက်လာသော KNU ကရင်အမျိုးသား အစည်းအရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုးနှင့် ကိုယ်စားလှယ်အဖွဲ့အား လှိုက်လှဲစွာကြို ဆိုပါကြောင်း၊ ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် ငြိမ်းချမ်းရေးကို ပိုမိုအကောင်အထည် ဖော်ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း၊ ၂၀၁၁ ခုနှစ်၊ သြဂုတ်လမှစတင်၍ ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဖိတ်ခေါ်ဆောင်ရွက်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ မည်သို့ပင် အမြင်ကွာဟမှုများ၊ အခြေအနေကွာဟမှုများရှိနေသည်ဖြစ်စေ မိမိတို့လုပ်ဖော်ကိုင်ဖက် များအဖြစ်သဘောထားပြီး တိုင်းပြည်ငြိမ်း ချမ်းရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊ အပြုသဘောဆောင်သည့်ဆွေးနွေးချက်များကို တွေ့ရှိရသည့်အတွက် ကြိုဆိုပါကြောင်း၊ ငြိမ်းချမ်းရေးမြန်မြန်ဆန်ဆန်ရရှိပါက တိုင်းပြည်အတွက် အကျိုးရှိမည် ဖြစ်ကာ ဖွံ့ဖြိုးတိုးတက်မှု ပိုမိုမြန်ဆန်နိုင်မည်ဖြစ်ကြောင်း၊ အပစ်အခတ်ရပ်စဲထားသည့် ကာလအတွင်း၌ပင် ကရင်ပြည်နယ်၏ ပြောင်းလဲမှု၊ ဖွံ့ဖြိုးတိုးတက်မှုကို တွေ့မြင်နိုင် မည်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီခေတ်တွင် ဥပဒေဖြင့်သာ လျှောက်လှမ်းနေရမည် ဖြစ်ပြီး အများကလိုက်နာနိုင်မည့်ဥပဒေများ ဖြစ်ရမည်ဖြစ်ကြောင်း၊ အတိတ်တွင် ဖြစ်ခဲ့သည်များကို သင်ခန်းစာယူရမည်ဖြစ်ပြီး ကောင်းတာကို ကောင်းသည့်အတိုင်း ဆက်လုပ်ကြရန်၊ အမြင်ကျယ်ကျယ်နှင့် ယုံယုံကြည်ကြည်လက်တွဲ၍ ငြိမ်းချမ်းရေးကိစ္စ ရပ်များကို ဆောင်ရွက်သွားကြရန်ဆန္ဒပြုပါကြောင်းဖြင့် ဦးစွာပြောကြားသည်။

ထို့နောက် KNU ကရင်အမျိုးသား အစည်းအရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယခုကဲ့သို့ လက်ခံတွေ့ဆုံပေးသည့် အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ရှေ့ကိုဆက်၍ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်အတွက် KNU ၏ ဆန္ဒသဘောထားများ၊ NCA လျှောက်လှမ်းမှုတွင် ငြိမ်းချမ်းမှု၊ ညီညွတ်မှု၊ နားလည်မှုတို့ တစ်ထပ်တည်းမဖြစ်ဘဲ လျှောက်လှမ်းနေပါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးတက်မှု နှောင့်နှေးကြန့်ကြာနိုင်မည့်အခြေအနေများ၊ KNU အဖွဲ့အတွင်း ညှိနှိုင်းဆောင်ရွက်နေရခြင်းကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ယာယီ ရပ်ဆိုင်းခဲ့ရသည့် အခြေအနေများ၊ ရှေ့ဆက်၍ ငြိမ်းချမ်းရေးဆွေးနွေးဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ယုံကြည်မှုတည်ဆောက်နိုင်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အထောက်အကူဖြစ်စေရန် ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ကရင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေးအတွက် တိုင်ပင်ညှိနှိုင်း လုပ်ဆောင်ခဲ့သည့် အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးခဲ့ရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM အမြန်ဆုံးကျင်းပ နိုင်ရေးနှင့် စတုတ္ထအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ အစည်းအဝေးကြီး အမြန်ဆုံးဆက်လက်ကျင်းပနိုင်ရေးတို့အတွက် တပ်မတော်က လိုလားပါကြောင်း၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ၏ခရီးစဉ် ကိစ္စမှာ နားလည်မှုလွဲမှားခြင်းသာဖြစ်ပြီး လုံခြုံရေးနှင့်ခရီးသွားလာမှု သက်တောင့် သက်သာဖြစ်စေရန်အတွက် လေကြောင်းခရီးဖြင့်သွားလာနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့သော်လည်း နားလည်မှုလွဲမှား၍ မတက်ရောက် နိုင်ခြင်းသာဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများအောင်မြင်စေရန် အားလုံးပါဝင်တက် ရောက်စေလိုကြောင်း၊ အခြားမည်သည့်အကြောင်းမျှမရှိကြောင်းနှင့် အပြုသဘောဆောင်သည့် တရားဝင်ဆွေး နွေးမှုများကို ဆက်လက်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများ၊ ကရင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက် ရေး၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေးတို့အတွက် တပ်မတော်မှ စစ်ရေးရည်မှန်းချက်မပါဘဲ လမ်းကြောင်းပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့်အခြေအနေများအား ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က KNU ကရင်အမျိုးသား အစည်းအရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ KNU ကရင္အမ်ိဳးသား အစည္းအ႐ုံး ဥကၠ႒ ေစာမူတူးေစးဖိုးႏွင့္ ကိုယ္စားလွယ္အဖြဲ႕အား လက္ခံေတြ႕ဆုံ

ေနျပည္ေတာ္၊ ေအာက္တိုဘာ ၂၉

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ KNU ကရင္အမ်ိဳးသား အစည္းအ႐ုံး ဥကၠ႒ ေစာမူတူးေစးဖိုးႏွင့္ ကိုယ္စားလွယ္အဖြဲ႕အား ယေန႔ နံနက္ပိုင္းတြင္ ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးမွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအာင္စိုးႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ သက္ဆိုင္ရာ တိုင္းစစ္ဌာနခ်ဳပ္မ်ားမွ တိုင္းမႉးမ်ား၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ခင္ေဇာ္ဦး(အၿငိမ္းစား)တို႔ တက္ေရာက္ၾကၿပီး ကရင္အမ်ိဳးသားအစည္းအ႐ုံးဥကၠ႒ႏွင့္အတူ အေထြေထြအတြင္း ေရးမႉးခ်ဳပ္ ပဒိုေစာတာဒိုမူးႏွင့္ အဖြဲ႕ဝင္မ်ား တက္ေရာက္ၾကသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) ခ်ဳပ္ဆိုျခင္း (၄)ႏွစ္ျပည့္၊ ႏွစ္ပတ္လည္ အခမ္းအနားသို႔ တက္ေရာက္လာေသာ KNU ကရင္အမ်ိဳးသား အစည္းအ႐ုံးဥကၠ႒ ေစာမူတူးေစးဖိုးႏွင့္ ကိုယ္စားလွယ္အဖြဲ႕အား လႈိက္လွဲစြာႀကိဳ ဆိုပါေၾကာင္း၊ ရင္းရင္းႏွီးႏွီး ေတြ႕ဆုံေဆြးေႏြးမႈမ်ားမွတစ္ဆင့္ ၿငိမ္းခ်မ္းေရးကို ပိုမိုအေကာင္အထည္ ေဖာ္ေဆာင္႐ြက္ ႏိုင္မည္ျဖစ္ေၾကာင္း၊ ၂၀၁၁ ခုႏွစ္၊ ၾသဂုတ္လမွစတင္၍ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈမ်ား ဖိတ္ေခၚေဆာင္႐ြက္ခဲ့ၿပီး ၂၀၁၅ ခုႏွစ္တြင္ လက္မွတ္ေရးထိုးႏိုင္ခဲ့ေၾကာင္း၊ မည္သို႔ပင္ အျမင္ကြာဟမႈမ်ား၊ အေျခအေနကြာဟမႈမ်ားရွိေနသည္ျဖစ္ေစ မိမိတို႔လုပ္ေဖာ္ကိုင္ဖက္ မ်ားအျဖစ္သေဘာထားၿပီး တိုင္းျပည္ၿငိမ္း ခ်မ္းေရးအတြက္ ဝိုင္းဝန္းေဆာင္႐ြက္ၾကရ မည္ျဖစ္ေၾကာင္း၊ အျပဳသေဘာေဆာင္သည့္ေဆြးေႏြးခ်က္မ်ားကို ေတြ႕ရွိရသည့္အတြက္ ႀကိဳဆိုပါေၾကာင္း၊ ၿငိမ္းခ်မ္းေရးျမန္ျမန္ဆန္ဆန္ရရွိပါက တိုင္းျပည္အတြက္ အက်ိဳးရွိမည္ ျဖစ္ကာ ဖြံ႕ၿဖိဳးတိုးတက္မႈ ပိုမိုျမန္ဆန္ႏိုင္မည္ျဖစ္ေၾကာင္း၊ အပစ္အခတ္ရပ္စဲထားသည့္ ကာလအတြင္း၌ပင္ ကရင္ျပည္နယ္၏ ေျပာင္းလဲမႈ၊ ဖြံ႕ၿဖိဳးတိုးတက္မႈကို ေတြ႕ျမင္ႏိုင္ မည္ျဖစ္ေၾကာင္း၊ ပါတီစုံဒီမိုကေရစီေခတ္တြင္ ဥပေဒျဖင့္သာ ေလွ်ာက္လွမ္းေနရမည္ ျဖစ္ၿပီး အမ်ားကလိုက္နာႏိုင္မည့္ဥပေဒမ်ား ျဖစ္ရမည္ျဖစ္ေၾကာင္း၊ အတိတ္တြင္ ျဖစ္ခဲ့သည္မ်ားကို သင္ခန္းစာယူရမည္ျဖစ္ၿပီး ေကာင္းတာကို ေကာင္းသည့္အတိုင္း ဆက္လုပ္ၾကရန္၊ အျမင္က်ယ္က်ယ္ႏွင့္ ယုံယုံၾကည္ၾကည္လက္တြဲ၍ ၿငိမ္းခ်မ္းေရးကိစၥ ရပ္မ်ားကို ေဆာင္႐ြက္သြားၾကရန္ဆႏၵျပဳပါေၾကာင္းျဖင့္ ဦးစြာေျပာၾကားသည္။

ထို႔ေနာက္ KNU ကရင္အမ်ိဳးသား အစည္းအ႐ုံးဥကၠ႒ႏွင့္ အဖြဲ႕ဝင္မ်ားက ယခုကဲ့သို႔ လက္ခံေတြ႕ဆုံေပးသည့္ အတြက္ ေက်းဇူးတင္ရွိပါေၾကာင္းႏွင့္ ေရွ႕ကိုဆက္၍ ၿငိမ္းခ်မ္းေရး တည္ေဆာက္ႏိုင္ရန္အတြက္ KNU ၏ ဆႏၵသေဘာထားမ်ား၊ NCA ေလွ်ာက္လွမ္းမႈတြင္ ၿငိမ္းခ်မ္းမႈ၊ ညီၫြတ္မႈ၊ နားလည္မႈတို႔ တစ္ထပ္တည္းမျဖစ္ဘဲ ေလွ်ာက္လွမ္းေနပါက ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ား တိုးတက္မႈ ေႏွာင့္ေႏွးၾကန႔္ၾကာႏိုင္မည့္အေျခအေနမ်ား၊ KNU အဖြဲ႕အတြင္း ညႇိႏႈိင္းေဆာင္႐ြက္ေနရျခင္းေၾကာင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈမ်ား ယာယီ ရပ္ဆိုင္းခဲ့ရသည့္ အေျခအေနမ်ား၊ ေရွ႕ဆက္၍ ၿငိမ္းခ်မ္းေရးေဆြးေႏြးေဆာင္႐ြက္မႈမ်ား ဆက္လက္ေဆာင္႐ြက္ႏိုင္မည့္ အေျခအေနမ်ား၊ ယုံၾကည္မႈတည္ေဆာက္ႏိုင္ေရးႏွင့္ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ကို အေထာက္အကူျဖစ္ေစရန္ ေဆာင္႐ြက္ႏိုင္မည့္အေျခအေနမ်ား၊ ကရင္ျပည္နယ္အတြင္း လမ္းပန္းဆက္သြယ္မႈေကာင္းမြန္ေရးအတြက္ တိုင္ပင္ညႇိႏႈိင္း လုပ္ေဆာင္ခဲ့သည့္ အေျခအေနမ်ားအား ရင္းႏွီးပြင့္လင္းစြာ တင္ျပေဆြးေႏြးခဲ့ရာ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္က တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးသေဘာတူ စာခ်ဳပ္ အေကာင္အထည္ ေဖာ္မႈဆိုင္ရာ ညႇိႏႈိင္းအစည္းအေဝး JICM အျမန္ဆုံးက်င္းပ ႏိုင္ေရးႏွင့္ စတုတၳအႀကိမ္ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးညီလာခံ-(၂၁) ရာစုပင္လုံ အစည္းအေဝးႀကီး အျမန္ဆုံးဆက္လက္က်င္းပႏိုင္ေရးတို႔အတြက္ တပ္မေတာ္က လိုလားပါေၾကာင္း၊ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ (RCSS) ဥကၠ႒၏ခရီးစဥ္ ကိစၥမွာ နားလည္မႈလြဲမွားျခင္းသာျဖစ္ၿပီး လုံၿခဳံေရးႏွင့္ခရီးသြားလာမႈ သက္ေတာင့္ သက္သာျဖစ္ေစရန္အတြက္ ေလေၾကာင္းခရီးျဖင့္သြားလာႏိုင္ေရး ညႇိႏႈိင္းေဆာင္႐ြက္ေပးခဲ့ေသာ္လည္း နားလည္မႈလြဲမွား၍ မတက္ေရာက္ ႏိုင္ျခင္းသာျဖစ္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ားေအာင္ျမင္ေစရန္ အားလုံးပါဝင္တက္ ေရာက္ေစလိုေၾကာင္း၊ အျခားမည္သည့္အေၾကာင္းမွ်မရွိေၾကာင္းႏွင့္ အျပဳသေဘာေဆာင္သည့္ တရားဝင္ေဆြး ေႏြးမႈမ်ားကို ဆက္လက္ေဆာင္႐ြက္သြားႏိုင္မည့္အေျခအေနမ်ား၊ ကရင္ျပည္နယ္အတြင္း ေဒသဖြံ႕ၿဖိဳးတိုးတက္ ေရး၊ လမ္းပန္းဆက္သြယ္မႈေကာင္းမြန္ေစေရးတို႔အတြက္ တပ္မေတာ္မွ စစ္ေရးရည္မွန္းခ်က္မပါဘဲ လမ္းေၾကာင္းျပဳျပင္ထိန္းသိမ္းေရး လုပ္ငန္းမ်ားကို ေဆာင္႐ြက္လ်က္ရွိသည့္အေျခအေနမ်ားအား ရင္းရင္းႏွီးႏွီး ပြင့္ပြင့္လင္းလင္း ျပန္လည္ရွင္းလင္းေဆြးေႏြးခဲ့သည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က KNU ကရင္အမ်ိဳးသား အစည္းအ႐ုံးဥကၠ႒ႏွင့္ အဖြဲ႕ဝင္မ်ားအား အမွတ္တရလက္ေဆာင္ပစၥည္းမ်ား ေပးအပ္ခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။