တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များအား လက်ခံ တွေ့ဆုံ

နေပြည်တော်၊ အောက်တိုဘာ ၂၉

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ချုပ်ဆိုခြင်း (၄)နှစ်ပြည့်၊ နှစ်ပတ်လည်အခမ်းအနားသို့ တက်ရောက် လာသည့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့မှ ကိုယ်စားလှယ်များအား ယနေ့နံနက်ပိုင်းတွင် ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုးနှင့် တပ်မတော်အရာရှိကြီးများ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(အငြိမ်းစား) တို့တက်ရောက်ကြပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ALP အဖွဲ့ဒုတိယ ဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင်၊ PNLO အဖွဲ့နာယက ခွန်ဥက္ကာ၊ ABSDF အဖွဲ့ဥက္ကဋ္ဌ ဦးသံခဲ၊ CNF အဖွဲ့ ဒုတိယဥက္ကဋ္ဌ လျန်မှုန်းဆာခေါင်း၊ KKO အဖွဲ့ဥက္ကဋ္ဌ စောမူရှေး၊ KNU/ KNLA(PC) အဖွဲ့ အထွေထွေအတွင်း ရေးမှူး နော်ကပေါ်ထူး၊ NMSP(မွန်)အဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်ဟံသာနှင့် LDU အဖွဲ့ဥက္ကဋ္ဌ ဦးကြာခွန်ဆာ တို့တက် ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသ ဘောတူစာချုပ်(NCA)ချုပ်ဆိုခြင်း (၄)နှစ်ပြည့်၊ နှစ်ပတ်လည် အခမ်းအနားသို့ တက်ရောက်လာကြပြီး ယခုလိုလာရောက်တွေ့ဆုံကြသည့်အတွက် ဝမ်းသာပါကြောင်း၊ တပ်မတော်၏သဘောထားများကိုလည်း အခမ်းအနားများတွင် ပြောကြားခဲ့ပြီးဖြစ်ပါကြောင်း၊ NCA သည် နိုင်ငံအတွက် အရေးအကြီးဆုံးသော ငြိမ်းချမ်းရေးဖော်ဆောင်ရန်အတွက် မူတစ်ခုဖြစ်ကြောင်း၊ အားလုံးတူညီသော စိတ်စေတနာဖြင့် လုပ်ကိုင် ဆောင်ရွက်ကြရန်လိုကြောင်း၊ နားလည်မှုလွဲမှားခြင်းနှင့် သံသယစိတ်များမထားရှိဘဲ၊ အချိန်ဆွဲမနေဘဲ ရှေ့ဆက်၍ ဆောင်ရွက်နိုင်ကြရန်အရေးကြီးကြောင်း၊ NCA နှင့် ပတ်သက်၍ ၂၀၁၁ ခုနှစ်တွင် ပြည်သူ ရွေးချယ်သော ပါတီစုံဒီမိုကရေစီလမ်းကြောင်းတွင် ပါဝင်လျှောက်လှမ်းနိုင်ရေးအတွက် ထိုစဉ်က နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် တိုင်ပင်၍ ဒို့တာဝန်အရေးသုံးပါးနှင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို လက်ခံကြသည့် အတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ခေါ်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များ လျင်မြန်စွာတိုးတက်ရန်လိုအပ်ပြီး ခိုင်ခိုင်မာမာနှင့် တည်တည်ငြိမ်ငြိမ်ဖြစ်စေလို ကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားနိုင်သည့် နေရာဒေသများတွင် ပြည်သူများ ငြိမ်းချမ်းစွာလုပ်ကိုင်စားသောက်ရသည့် အခြေအနေကို မြင်တွေ့ရမည်ဖြစ်ကြောင်း၊ မိမိတို့သည် We are Myanmar ကျွန်တော်တို့အားလုံးသည် မြန်မာဖြစ်သည်ဆို သည့် ပြည်ထောင်စုစိတ်အရင်းခံ၍ ငြိမ်းချမ်းရေးကို လျှောက်လှမ်းရမည်ဖြစ်ပြီး အစွဲများကို လျှော့ချ ရ မည်ဖြစ်ကြောင်း၊ တိုင်းပြည်အပေါ်တွင် တူညီသည့်စိတ်စေတနာဖြင့် ဆောင်ရွက်ရမည် ဖြစ်ပြီး အတိတ်ကို လက်ညိုးထိုးမနေဘဲ သင်ခန်းစာယူ၍ တိုင်ရင်းသားများ၏အနာဂတ်ကို ကောင်းအောင် လုပ်ဆောင်ကြရန်နှင့် ရလဒ်အဖြေထွက်အောင် ရှေ့ဆက်ဆောင်ရွက်ကြရန် လိုကြောင်း ဦးစွာပြောကြားသည်။

ထို့နောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက မိမိတို့အဖွဲ့ ၈ ဖွဲ့ကို လက်ခံတွေ့ဆုံဆွေးနွေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ အောက်တိုဘာ ၂၅ ရက်တွင်ကျင်းပခဲ့သည့် ဲှု JICM အကြိုညှိနှိုင်းအစည်းအဝေးမှ ရလဒ်ကောင်းများထွက်ပေါ်ခဲ့ပြီး ယင်းတို့ကို ဆက်လက်ဆွေးနွေး အတည်ပြုနိုင်ရန်အတွက် JICM အစည်းအဝေးများ ကျင်းပနိုင်ရန်လိုအပ်ပါကြောင်း၊ စတုတ္ထအကြိမ် ပြည် ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ အစည်းအဝေးကြီး ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက်လည်း JICM အစည်းအဝေးများ ဆက်လက်ကျင်းပနိုင်ရန် အရေးကြီးပါကြောင်းနှင့် ပြည်တွင်း လက်နက်ကိုင်ပဋိ ပက္ခများချုပ်ငြိမ်းပြီး ဖက်ဒရယ်စနစ်ကိုအခြေခံသည့် စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စု ဖော်ဆောင်ရေး အတွက် မိမိတို့နိုင်ငံက ကျင့်သုံးသင့်သည့် ဖက်ဒရယ်စနစ် ဖော်ထုတ်နိုင်ရေးကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ ကိစ္စရပ်များ အား အသီးသီးဆွေးနွေးကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က JICM အစည်းအဝေး များအမြန်ဆုံးကျင်းပနိုင်ရေးနှင့် စတုတ္ထအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ အစည်းအဝေးကြီး အမြန်ဆုံးဆက်လက်ကျင်းပနိုင်ရေး တပ်မတော်ကလိုလားပါကြောင်း၊ ယုံကြည်မှု တည်ဆောက်ရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာကိစ္စ ရပ်များတွင် အမြင်ကျယ်ကျယ်နှင့် ဆွေးနွေး ပြောဆိုကြစေလိုကြောင်း၊ ဖြစ်ပေါ်လာသည့် အခက်အခဲများကို ငြိမ်းချမ်းစွာဖြေရှင်းစေလိုကြောင်း၊ ဖက်ဒရယ်စနစ်နှင့်ပတ်သက်၍ အဓိပ္ပါယ်အမျိုးမျိုး၊ စံနှုန်းအမျိုးမျိုးဖြင့် အဓိပ္ပါယ်ဖွင့်ဆိုချက် မလွဲမှားစေ လိုကြောင်း၊ မိမိတို့နိုင်ငံ၌ တိုင်းရင်းသား၊ နိုင်ငံသား၊ နိုင်ငံအတွင်း လာရောက်လုပ်ကိုင်စားသောက် သူများ များစွာရှိကြောင်း၊ အစွဲမထားဘဲ ခေတ်နှင့် လျော်ညီသည့်တွေးခေါ်မှုများ ဖြစ်စေလိုကြောင်း၊ ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်၍ အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် တပ်မတော်က ဆောင်ရွက်ပေးနိုင်သည်များအား ကူညီဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်းဖြင့် ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဆွေးနွေးပြောကြားခဲ့သည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ NCA လက္မွတ္ ေရးထိုးထားသည့္ တိုင္းရင္း သားလက္နက္ကိုင္အဖြဲ႕မ်ားမွ ကိုယ္စားလွယ္မ်ားအား လက္ခံ ေတြ႕ဆုံ

ေနျပည္ေတာ္၊ ေအာက္တိုဘာ ၂၉

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးသေဘာတူစာခ်ဳပ္(NCA)ခ်ဳပ္ဆိုျခင္း (၄)ႏွစ္ျပည့္၊ ႏွစ္ပတ္လည္အခမ္းအနားသို႔ တက္ေရာက္ လာသည့္ NCA လက္မွတ္ေရးထိုးထားေသာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ၈ ဖြဲ႕မွ ကိုယ္စားလွယ္မ်ားအား ယေန႔နံနက္ပိုင္းတြင္ ဘုရင့္ေနာင္ရိပ္သာ ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံသည္။

အဆိုပါေတြ႕ဆုံပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးမွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအာင္စိုးႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ သက္ဆိုင္ရာ တိုင္းစစ္ဌာနခ်ဳပ္မ်ားမွ တိုင္းမႉးမ်ား၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ခင္ေဇာ္ဦး(အၿငိမ္းစား) တို႔တက္ေရာက္ၾကၿပီး တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားမွ ALP အဖြဲ႕ဒုတိယ ဥကၠ႒ ဦးခိုင္စိုးႏိုင္ေအာင္၊ PNLO အဖြဲ႕နာယက ခြန္ဥကၠာ၊ ABSDF အဖြဲ႕ဥကၠ႒ ဦးသံခဲ၊ CNF အဖြဲ႕ ဒုတိယဥကၠ႒ လ်န္မႈန္းဆာေခါင္း၊ KKO အဖြဲ႕ဥကၠ႒ ေစာမူေရွး၊ KNU/ KNLA(PC) အဖြဲ႕ အေထြေထြအတြင္း ေရးမႉး ေနာ္ကေပၚထူး၊ NMSP(မြန္)အဖြဲ႕ ဥကၠ႒ ဦးႏိုင္ဟံသာႏွင့္ LDU အဖြဲ႕ဥကၠ႒ ဦးၾကာခြန္ဆာ တို႔တက္ ေရာက္ၾကသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တစ္ႏိုင္ငံလုံး ပစ္ခတ္ တိုက္ခိုက္မႈရပ္စဲေရးသ ေဘာတူစာခ်ဳပ္(NCA)ခ်ဳပ္ဆိုျခင္း (၄)ႏွစ္ျပည့္၊ ႏွစ္ပတ္လည္ အခမ္းအနားသို႔ တက္ေရာက္လာၾကၿပီး ယခုလိုလာေရာက္ေတြ႕ဆုံၾကသည့္အတြက္ ဝမ္းသာပါေၾကာင္း၊ တပ္မေတာ္၏သေဘာထားမ်ားကိုလည္း အခမ္းအနားမ်ားတြင္ ေျပာၾကားခဲ့ၿပီးျဖစ္ပါေၾကာင္း၊ NCA သည္ ႏိုင္ငံအတြက္ အေရးအႀကီးဆုံးေသာ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ရန္အတြက္ မူတစ္ခုျဖစ္ေၾကာင္း၊ အားလုံးတူညီေသာ စိတ္ေစတနာျဖင့္ လုပ္ကိုင္ ေဆာင္႐ြက္ၾကရန္လိုေၾကာင္း၊ နားလည္မႈလြဲမွားျခင္းႏွင့္ သံသယစိတ္မ်ားမထားရွိဘဲ၊ အခ်ိန္ဆြဲမေနဘဲ ေရွ႕ဆက္၍ ေဆာင္႐ြက္ႏိုင္ၾကရန္အေရးႀကီးေၾကာင္း၊ NCA ႏွင့္ ပတ္သက္၍ ၂၀၁၁ ခုႏွစ္တြင္ ျပည္သူ ေ႐ြးခ်ယ္ေသာ ပါတီစုံဒီမိုကေရစီလမ္းေၾကာင္းတြင္ ပါဝင္ေလွ်ာက္လွမ္းႏိုင္ေရးအတြက္ ထိုစဥ္က ႏိုင္ငံေတာ္ သမၼတ ဦးသိန္းစိန္ႏွင့္ တိုင္ပင္၍ ဒို႔တာဝန္အေရးသုံးပါးႏွင့္ ပါတီစုံဒီမိုကေရစီလမ္းေၾကာင္းကို လက္ခံၾကသည့္ အတြက္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲမ်ား ေခၚယူေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ၿငိမ္းခ်မ္းေရးလုပ္ငန္း စဥ္မ်ား လ်င္ျမန္စြာတိုးတက္ရန္လိုအပ္ၿပီး ခိုင္ခိုင္မာမာႏွင့္ တည္တည္ၿငိမ္ၿငိမ္ျဖစ္ေစလို ေၾကာင္း၊ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲထားႏိုင္သည့္ ေနရာေဒသမ်ားတြင္ ျပည္သူမ်ား ၿငိမ္းခ်မ္းစြာလုပ္ကိုင္စားေသာက္ရသည့္ အေျခအေနကို ျမင္ေတြ႕ရမည္ျဖစ္ေၾကာင္း၊ မိမိတို႔သည္ We are Myanmar ကြၽန္ေတာ္တို႔အားလုံးသည္ ျမန္မာျဖစ္သည္ဆို သည့္ ျပည္ေထာင္စုစိတ္အရင္းခံ၍ ၿငိမ္းခ်မ္းေရးကို ေလွ်ာက္လွမ္းရမည္ျဖစ္ၿပီး အစြဲမ်ားကို ေလွ်ာ့ခ် ရ မည္ျဖစ္ေၾကာင္း၊ တိုင္းျပည္အေပၚတြင္ တူညီသည့္စိတ္ေစတနာျဖင့္ ေဆာင္႐ြက္ရမည္ ျဖစ္ၿပီး အတိတ္ကို လက္ညိဳးထိုးမေနဘဲ သင္ခန္းစာယူ၍ တိုင္ရင္းသားမ်ား၏အနာဂတ္ကို ေကာင္းေအာင္ လုပ္ေဆာင္ၾကရန္ႏွင့္ ရလဒ္အေျဖထြက္ေအာင္ ေရွ႕ဆက္ေဆာင္႐ြက္ၾကရန္ လိုေၾကာင္း ဦးစြာေျပာၾကားသည္။

ထို႔ေနာက္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားမွ ကိုယ္စားလွယ္မ်ားက မိမိတို႔အဖြဲ႕ ၈ ဖြဲ႕ကို လက္ခံေတြ႕ဆုံေဆြးေႏြးသည့္အတြက္ ေက်းဇူးတင္ရွိပါေၾကာင္း၊ ေအာက္တိုဘာ ၂၅ ရက္တြင္က်င္းပခဲ့သည့္ ဲႈ JICM အႀကိဳညႇိႏႈိင္းအစည္းအေဝးမွ ရလဒ္ေကာင္းမ်ားထြက္ေပၚခဲ့ၿပီး ယင္းတို႔ကို ဆက္လက္ေဆြးေႏြး အတည္ျပဳႏိုင္ရန္အတြက္ JICM အစည္းအေဝးမ်ား က်င္းပႏိုင္ရန္လိုအပ္ပါေၾကာင္း၊ စတုတၳအႀကိမ္ ျပည္ ေထာင္စုၿငိမ္းခ်မ္းေရး ညီလာခံ-(၂၁)ရာစုပင္လုံ အစည္းအေဝးႀကီး ဆက္လက္ေဆာင္႐ြက္ႏိုင္ရန္အတြက္လည္း JICM အစည္းအေဝးမ်ား ဆက္လက္က်င္းပႏိုင္ရန္ အေရးႀကီးပါေၾကာင္းႏွင့္ ျပည္တြင္း လက္နက္ကိုင္ပဋိ ပကၡမ်ားခ်ဳပ္ၿငိမ္းၿပီး ဖက္ဒရယ္စနစ္ကိုအေျခခံသည့္ စစ္မွန္ေသာ ဒီမိုကေရစီျပည္ေထာင္စု ေဖာ္ေဆာင္ေရး အတြက္ မိမိတို႔ႏိုင္ငံက က်င့္သုံးသင့္သည့္ ဖက္ဒရယ္စနစ္ ေဖာ္ထုတ္ႏိုင္ေရးကိစၥရပ္မ်ား၊ ေဒသဖြံ႕ၿဖိဳးေရး ဆိုင္ရာ ကိစၥရပ္မ်ား အား အသီးသီးေဆြးေႏြးၾကရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က JICM အစည္းအေဝး မ်ားအျမန္ဆုံးက်င္းပႏိုင္ေရးႏွင့္ စတုတၳအႀကိမ္ ျပည္ေထာင္စုၿငိမ္းခ်မ္းေရး ညီလာခံ-(၂၁) ရာစုပင္လုံ အစည္းအေဝးႀကီး အျမန္ဆုံးဆက္လက္က်င္းပႏိုင္ေရး တပ္မေတာ္ကလိုလားပါေၾကာင္း၊ ယုံၾကည္မႈ တည္ေဆာက္ေရးႏွင့္ ၿငိမ္းခ်မ္းေရးတည္ေဆာက္မႈဆိုင္ရာကိစၥ ရပ္မ်ားတြင္ အျမင္က်ယ္က်ယ္ႏွင့္ ေဆြးေႏြး ေျပာဆိုၾကေစလိုေၾကာင္း၊ ျဖစ္ေပၚလာသည့္ အခက္အခဲမ်ားကို ၿငိမ္းခ်မ္းစြာေျဖရွင္းေစလိုေၾကာင္း၊ ဖက္ဒရယ္စနစ္ႏွင့္ပတ္သက္၍ အဓိပၸါယ္အမ်ိဳးမ်ိဳး၊ စံႏႈန္းအမ်ိဳးမ်ိဳးျဖင့္ အဓိပၸါယ္ဖြင့္ဆိုခ်က္ မလြဲမွားေစ လိုေၾကာင္း၊ မိမိတို႔ႏိုင္ငံ၌ တိုင္းရင္းသား၊ ႏိုင္ငံသား၊ ႏိုင္ငံအတြင္း လာေရာက္လုပ္ကိုင္စားေသာက္ သူမ်ား မ်ားစြာရွိေၾကာင္း၊ အစြဲမထားဘဲ ေခတ္ႏွင့္ ေလ်ာ္ညီသည့္ေတြးေခၚမႈမ်ား ျဖစ္ေစလိုေၾကာင္း၊ ေဆြးေႏြးပြဲမ်ား ဆက္လက္ျပဳလုပ္၍ အျပဳသေဘာေဆာင္သည့္ ေဆြးေႏြးမႈမ်ား ေဆာင္႐ြက္ၾကရမည္ျဖစ္ေၾကာင္း၊ ေဒသဖြံ႕ၿဖိဳး တိုးတက္ေရးအတြက္ တပ္မေတာ္က ေဆာင္႐ြက္ေပးႏိုင္သည္မ်ားအား ကူညီေဆာင္႐ြက္ေပးသြားမည္ျဖစ္ ေၾကာင္းျဖင့္ ရင္းႏွီးပြင့္လင္းစြာ ျပန္လည္ေဆြးေႏြးေျပာၾကားခဲ့သည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တိုင္းရင္းသားလက္နက္ ကိုင္အဖြဲ႕အစည္းမ်ားမွ ကိုယ္စားလွယ္မ်ားအား အမွတ္တရလက္ေဆာင္ပစၥည္းမ်ား ေပးအပ္ခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။