တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ငြိမ်းချမ်းမေတ္တာ (Religions for Peace) အဖွဲ့အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ နိုဝင်ဘာ ၁၃

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ငြိမ်းချမ်းမေတ္တာ (Religions for Peace-Myanmar)အဖွဲ့ ဥက္ကဌ ဦးမြင့်ဆွေနှင့် (Religions for Peace-International) မှ အဖွဲ့ဝင်များအား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ငြိမ်းချမ်းမေတ္တာ (Religions for Peace-Myanmar) အဖွဲ့ ဥက္ကဌ ဦးမြင့်ဆွေ၊ (Religions for Peace-International) မှ အဖွဲ့ဝင်များဖြစ်သည့် နော်ေ၀ နိုင်ငံမှ ခရစ်ယာန်ဘုန်းတော်ကြီး Mr. Gunnar Johan Stalsett ၊ ဂျပန်နိုင်ငံမှ မဟာယာန ဘုန်းတော်ကြီး Mr. Kyoichi Sugino နှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ငြိမ်းချမ်းမေတ္တာ (Religions for Peace-International) နှင့် (Religions for Peace-Myanmar)အဖွဲ့တို့ ပေါ်ပေါက်လာပုံနောက်ခံသမိုင်းကြောင်းအကျဉ်းနှင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ငြိမ်းချမ်းရေး နှင့်ပတ်သက်၍ ဆောင်ရွက်နေမှုအခြေ အနေများ၊ မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းမေတ္တာ (Religions for Peace-Myanmar) အဖွဲ့၏ အကြံပြုဆွေးနွေးဝိုင်းများ ကျင်းပခဲ့မှုနှင့် ဆောင်ရွက်မှုအခြေအနေများအား ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ငြိမ်းချမ်းမေတ္တာ (Religions for Peace-Myanmar)အဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များအား အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ခဲ့ပြီး တက်ရောက် လာကြသူများနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ၿငိမ္းခ်မ္းေမတၱာ (Religions for Peace) အဖြဲ႕အားလက္ခံေတြ႕ဆုံ

ေနျပည္ေတာ္၊ ႏို၀င္ဘာ ၁၃

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္သည္ ၿငိမ္းခ်မ္းေမတၱာ (Religions for Peace-Myanmar)အဖြဲ႕ ဥကၠဌ ဦးျမင့္ေဆြႏွင့္ (Religions for Peace-International) မွ အဖြဲ႕၀င္မ်ားအား ယေန႔မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္ ရွိ ဘုရင့္ေနာင္ရိပ္သာဧည့္ခန္းမ၌ လက္ခံေတြ႕ဆုံသည္။

အဆုိပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယ ဗုိလ္ခ်ဳပ္ႀကီး မုိးျမင့္ထြန္းႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား တက္ေရာက္ၾကၿပီး ၿငိမ္းခ်မ္းေမတၱာ (Religions for Peace-Myanmar) အဖြဲ႕ ဥကၠဌ ဦးျမင့္ေဆြ၊ (Religions for Peace-International) မွ အဖြဲ႕၀င္မ်ားျဖစ္သည့္ ေနာ္ေ၀ ႏုိင္ငံမွ ခရစ္ယာန္ဘုန္းေတာ္ႀကီး Mr. Gunnar Johan Stalsett ၊ ဂ်ပန္ႏုိင္ငံမွ မဟာယာန ဘုန္းေတာ္ႀကီး Mr. Kyoichi Sugino ႏွင့္အဖြဲ႕၀င္မ်ား တက္ေရာက္ၾကသည္။

ထုိသုိ႔ေတြ႕ဆံုရာတြင္ ၿငိမ္းခ်မ္းေမတၱာ (Religions for Peace-International) ႏွင့္ (Religions for Peace-Myanmar)အဖြဲ႕တုိ႕ ေပၚေပါက္လာပုံေနာက္ခံသမုိင္းေၾကာင္းအက်ဥ္းႏွင့္ ကမၻာ့ႏုိင္ငံအသီးသီးတြင္ ၿငိမ္းခ်မ္းေရး ႏွင့္ပတ္သက္၍ ေဆာင္႐ြက္ေနမႈအေျခ အေနမ်ား၊ ျမန္မာႏုိင္ငံတြင္ အမ်ဳိးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးအတြက္ ၿငိမ္းခ်မ္းေမတၱာ (Religions for Peace-Myanmar) အဖြဲ႕၏ အႀကံျပဳေဆြးေႏြး၀ုိင္းမ်ား က်င္းပခဲ့မႈႏွင့္ ေဆာင္ရြက္မႈအေျခအေနမ်ားအား ေဆြးေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ၿငိမ္းခ်မ္းေမတၱာ (Religions for Peace-Myanmar)အဖြဲ႕ ဥကၠဌႏွင့္အဖြဲ႕၀င္မ်ားအား အမွတ္တရလက္ေဆာင္ ပစၥည္းမ်ားေပးအပ္ခဲ့ၿပီး တက္ေရာက္ လာၾကသူမ်ားႏွင့္အတူ စုေပါင္းဓာတ္ပုံ႐ုိက္ခဲ့ၾကသည္။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။