တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဆီယံနိုင်ငံများ၏ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာပြပွဲ (Defense & Security 2019)နှင့် အကြမ်းဖက် နှိမ်နင်းရေးလက်တွေ့လေ့ကျင့်ခန်း ADMM-Plus(VIP Program) တို့သို့ တက်ရောက်ရန် ထွက်ခွာ

နေပြည်တော်၊ နိုဝင်ဘာ – ၁၇

ထိုင်းနိုင်ငံတွင်ကျင်းပပြုလုပ်မည့် အာဆီယံနိုင်ငံများ၏ ကာကွယ်ရေးနှင့်လုံခြုံရေး ဆိုင်ရာပြပွဲ(Defense & Security 2019)နှင့် တရုတ်နိုင်ငံတွင်ကျင်းပပြုလုပ်မည့် အကြမ်းဖက် နှိမ်နင်းရေးလက်တွေ့လေ့ကျင့်ခန်း ADMM-Plus (VIP Program)များသို့ တက်ရောက် ရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် ဦးဆောင် သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ထွက်ခွာကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စား လှယ်အဖွဲ့အား ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သက်ပုံနှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး Mrs. Suphatra Srimaitreephithak ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံ အမတ်ကြီး H.E. Mr. Chen Hai ၊ ထိုင်းဘုရင့်တပ်မတော်ရေတပ်စစ်သံမှူး၊ တရုတ်နိုင်ငံစစ်သံမှူးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ် အဖွဲ့တွင် ညှိနှိုင်းကွပ်ကဲ ရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ အဖွဲ့ဝင်အဖြစ်လိုက်ပါသွားကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိ လေဆိပ်သို့ ရောက်ရှိကြရာ ထိုင်းဘုရင့်တပ်မတော်မှ Lt. Gen. Ekachai Harnpoonvittaya နှင့်ထိုင်းဘုရင့် တပ်မတော်အရာရှိကြီးများ၊ GML Exhibition Co.Ltdမှ Group Managing Director ဖြစ်သူ Mr. M. Gandhi ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမြင့်သန်း၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ခင်ဇော်နှင့် တာဝန်ရှိသူများက လေဆိပ်တွင်ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ အာဆီယံႏုိင္ငံမ်ား၏ ကာကြယ္ေရးႏွင့္ လုံၿခဳံေရးဆုိင္ရာျပပြဲ (Defense & Security 2019)ႏွင့္ အၾကမ္းဖက္ ႏွိမ္နင္းေရးလက္ေတြ႕ေလ့က်င့္ခန္း ADMM-Plus(VIP Program) တုိ႕သုိ႕ တက္ေရာက္ရန္ ထြက္ခြာ

ေနျပည္ေတာ္၊ ႏုိ၀င္ဘာ – ၁၇

ထုိင္းႏုိင္ငံတြင္က်င္းပျပဳလုပ္မည့္ အာဆီယံႏုိင္ငံမ်ား၏ ကာကြယ္ေရးႏွင့္လုံၿခဳံေရး ဆုိင္ရာျပပြဲ(Defense & Security 2019)ႏွင့္ တ႐ုတ္ႏုိင္ငံတြင္က်င္းပျပဳလုပ္မည့္ အၾကမ္းဖက္ ႏွိမ္နင္းေရးလက္ေတြ႕ေလ့က်င့္ခန္း ADMM-Plus (VIP Program)မ်ားသုိ႕ တက္ေရာက္ ရန္အတြက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္ မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ သည့္ ျမန္မာ့တပ္မေတာ္ကုိယ္စားလွယ္အဖြဲ႕သည္ ယေန႔နံနက္ပုိင္းတြင္ ရန္ကုန္အျပည္ျပည္ ဆုိင္ရာေလဆိပ္မွ ထြက္ခြာၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ကုိယ္စား လွယ္အဖြဲ႕အား ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ) ဗုိလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္အရာရွိႀကီးမ်ား ၊ ရန္ကုန္တုိင္း စစ္ဌာနခ်ဳပ္တုိင္းမွဴး ဗုိလ္ခ်ဳပ္ သက္ပုံႏွင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ ျမန္မာႏုိင္ငံဆုိင္ရာ ထုိင္းႏုိင္ငံသံအမတ္ႀကီး Mrs. Suphatra Srimaitreephithak ၊ ျမန္မာႏုိင္ငံဆုိင္ရာ တ႐ုတ္ႏုိင္ငံသံ အမတ္ႀကီး H.E. Mr. Chen Hai ၊ ထုိင္းဘုရင့္တပ္မေတာ္ေရတပ္စစ္သံမွဴး၊ တ႐ုတ္ႏုိင္ငံစစ္သံမွဴးႏွင့္ တာ၀န္ရွိသူမ်ားက ေလဆိပ္တြင္ ပုိ႔ေဆာင္ႏႈတ္ဆက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ကုိယ္စားလွယ္ အဖြဲ႕တြင္ ၫႇိႏႈိင္းကြပ္ကဲ ေရးမွဴး(ၾကည္း၊ေရ၊ေလ) ဗုိလ္ခ်ဳပ္ႀကီး ျမထြန္းဦးႏွင့္ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တပ္မေတာ္ အရာရွိႀကီးမ်ား အဖြဲ႕၀င္အျဖစ္လုိက္ပါသြားၾကသည္။

ထုိ႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ ထုိင္းႏုိင္ငံ၊ ဘန္ေကာက္ၿမိဳ႕ရွိ သု၀ဏၰဘူမိ ေလဆိပ္သုိ႔ ေရာက္ရွိၾကရာ ထုိင္းဘုရင့္တပ္မေတာ္မွ Lt. Gen. Ekachai Harnpoonvittaya ႏွင့္ထုိင္းဘုရင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ GML Exhibition Co.Ltdမွ Group Managing Director ျဖစ္သူ Mr. M. Gandhi ၊ ထုိင္းႏုိင္ငံဆုိင္ရာ ျမန္မာႏုိင္ငံသံအမတ္ႀကီး ဦးမ်ိဳးျမင့္သန္း၊ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ) ဗုိလ္မွဴးခ်ဳပ္ ခင္ေဇာ္ႏွင့္ တာ၀န္ရွိသူမ်ားက ေလဆိပ္တြင္ႀကိဳဆုိႏႈတ္ဆက္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။