တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာကွယ်ရေးနှင့်လုံခြုံရေး ဆိုင်ရာပြပွဲ(Defense & Security 2019)သို့ သွားရောက် ကြည့်ရှုလေ့လာ

နေပြည်တော်၊ နိုဝင်ဘာ ၁၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ IMPACT Exhibition Center ၌ ကျင်းပပြုလုပ်လျက်ရှိသည့် ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာပြပွဲ (Defense & Security 2019)သို့ သွားရောက်ကြည့်ရှု လေ့လာကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှတပ်မတော် အရာရှိကြီးများ၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ)ဗိုလ်မှူးချုပ်ခင်ဇော်တို့လိုက်ပါ၍ IMPACT Exhibition Center သို့ရောက်ရှိပြီး ကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာပြပွဲ (Defense & Security 2019) သို့တက်ရောက်လာသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Colonel General Alexander V. FOMIN ဦးဆောင်သောအဖွဲ့ဝင် များအား IMPACT Exhibition Center အတွင်းရှိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ ဆွေးနွေးသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုများ တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများအား ခင်မင်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ကာကွယ်ရေးနှင့်လုံခြုံရေး ဆိုင်ရာပြပွဲ (Defense & Security 2019) သို့ တက်ရောက်လာကြသည့် ကမ္ဘောဒီးယား၊ မလေးရှား၊ ဘရူနိုင်းနိုင်ငံတို့မှ တပ်မတော်အကြီးအကဲများနှင့်အတူ ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen.Ponpipaat Benyasri ကို တွေ့ဆုံ၍ နိုင်ငံအချင်းချင်း သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့် ဆောင်ရွက်သွားမည့် အခြေအနေများ၊ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာများအား အမြင်ချင်း ဖလှယ်ဆွေးနွေး ခဲ့ကြပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

 

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့ တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ကာကွယ်ရေးနှင့်လုံခြုံရေး ဆိုင်ရာပြပွဲတွင် ဝင်ရောက် ပြသလျက်ရှိသည့် မြန်မာ့တပ်မတော်ပြခန်းအား သွားရောက် ကြည့်ရှုအားပေးသည်။ ယင်းနောက် ပြခန်းများအတွင်း ခင်းကျင်းပြသထားသည့် နိုင်ငံအရပ်ရပ်မှ ကာကွယ်ရေးဆိုင်ရာ စစ်လက်နက် ပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်း များအား လှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

ထို့အတူ နိုင်ငံပေါင်း ၄၈ နိုင်ငံမှ တပ်မတော်အကြီးအကဲများနှင့် တက်ရောက်လာကြသူများသည် လည်းပြခန်းများအတွင်း လှည့်လည်ကြည့်ရှုလေ့လာကြသည်။ ထို့နောက် နေ့လယ်ပိုင်းတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် Gen.Ponpipaat Benyasri က တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက် ခဲ့သည်။

၎င်းနောက် မွန်းလွဲပိုင်းတွင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ပြခန်းများအတွင်း ဆက်လက်ကြည့်ရှုလေ့လာခဲ့ကြသည်။ အဆိုပါ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာပြပွဲ (Defence & Security 2019) တွင် နိုင်ငံပေါင်း ၄၅ နိုင်ငံမှပြခန်း ပေါင်း ၄၅၄ ခန်းကိုပြသထားရှိသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ကာကြယ္ေရးႏွင့္လုံၿခဳံေရး ဆိုင္ရာျပပြဲ(Defense & Security 2019)သို႔ သြားေရာက္ ၾကည့္ရႈေလ့လာ

ေနျပည္ေတာ္၊ ႏိုဝင္ဘာ ၁၈

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ ကိုယ္စားလွယ္အဖြဲ႕ဝင္မ်ားသည္ ယေန႔နံနက္ပိုင္းတြင္ ထိုင္းႏိုင္ငံ၊ IMPACT Exhibition Center ၌ က်င္းပျပဳလုပ္လ်က္ရွိသည့္ ကာကြယ္ေရးႏွင့္လုံၿခဳံေရးဆိုင္ရာျပပြဲ (Defense & Security 2019)သို႔ သြားေရာက္ၾကည့္ရႈ ေလ့လာၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ညႇိႏႈိင္းကြပ္ကဲေရးမႉး (ၾကည္း၊ေရ၊ ေလ) ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦးႏွင့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွတပ္မေတာ္ အရာရွိႀကီးမ်ား၊ ျမန္မာစစ္သံ (ၾကည္း၊ေရ၊ေလ)ဗိုလ္မႉးခ်ဳပ္ခင္ေဇာ္တို႔လိုက္ပါ၍ IMPACT Exhibition Center သို႔ေရာက္ရွိၿပီး ကာကြယ္ေရးႏွင့္လုံၿခဳံေရးဆိုင္ရာျပပြဲ (Defense & Security 2019) သို႔တက္ေရာက္လာသည့္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ ကာကြယ္ေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး Colonel General Alexander V. FOMIN ဦးေဆာင္ေသာအဖြဲ႕ဝင္ မ်ားအား IMPACT Exhibition Center အတြင္းရွိ ဧည့္ခန္းမေဆာင္၌ လက္ခံေတြ႕ဆုံ ေဆြးေႏြးသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ ႏွစ္ႏိုင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ဆက္ဆံေရးႏွင့္ ခ်စ္ၾကည္ရင္းႏွီးမႈမ်ား တိုးျမႇင့္ေဆာင္႐ြက္ႏိုင္မည့္ အေျခအေနမ်ား၊ စစ္ဘက္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ဆက္လက္ေဆာင္႐ြက္သြားမည့္အေျခအေနမ်ားအား ခင္မင္ရင္းႏွီးစြာ ေဆြးေႏြးခဲ့ၾကသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ကာကြယ္ေရးႏွင့္လုံၿခဳံေရး ဆိုင္ရာျပပြဲ (Defense & Security 2019) သို႔ တက္ေရာက္လာၾကသည့္ ကေမာၻဒီးယား၊ မေလးရွား၊ ဘ႐ူႏိုင္းႏိုင္ငံတို႔မွ တပ္မေတာ္အႀကီးအကဲမ်ားႏွင့္အတူ ထိုင္းဘုရင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ Gen.Ponpipaat Benyasri ကို ေတြ႕ဆုံ၍ ႏိုင္ငံအခ်င္းခ်င္း သံတမန္ဆက္ဆံေရးႏွင့္ ခ်စ္ၾကည္ရင္းႏွီးမႈ တိုးျမႇင့္ ေဆာင္႐ြက္သြားမည့္ အေျခအေနမ်ား၊ ကာကြယ္ေရးႏွင့္ လုံၿခဳံေရးဆိုင္ရာမ်ားအား အျမင္ခ်င္း ဖလွယ္ေဆြးေႏြး ခဲ့ၾကၿပီး အမွတ္တရစုေပါင္းဓာတ္ပုံ႐ိုက္ခဲ့ၾကသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ဦးေဆာင္သည့္ ျမန္မာ့ တပ္မေတာ္ကိုယ္စားလွယ္အဖြဲ႕သည္ ကာကြယ္ေရးႏွင့္လုံၿခဳံေရး ဆိုင္ရာျပပြဲတြင္ ဝင္ေရာက္ ျပသလ်က္ရွိသည့္ ျမန္မာ့တပ္မေတာ္ျပခန္းအား သြားေရာက္ ၾကည့္ရႈအားေပးသည္။ ယင္းေနာက္ ျပခန္းမ်ားအတြင္း ခင္းက်င္းျပသထားသည့္ ႏိုင္ငံအရပ္ရပ္မွ ကာကြယ္ေရးဆိုင္ရာ စစ္လက္နက္ ပစၥည္းမ်ားႏွင့္ အသုံးအေဆာင္ပစၥည္း မ်ားအား လွည့္လည္ၾကည့္ရႈေလ့လာၾကရာ တာဝန္ရွိသူမ်ားက လိုက္လံရွင္းလင္းျပသၾကသည္။

ထို႔အတူ ႏိုင္ငံေပါင္း ၄၈ ႏိုင္ငံမွ တပ္မေတာ္အႀကီးအကဲမ်ားႏွင့္ တက္ေရာက္လာၾကသူမ်ားသည္ လည္းျပခန္းမ်ားအတြင္း လွည့္လည္ၾကည့္ရႈေလ့လာၾကသည္။ ထို႔ေနာက္ ေန႔လယ္ပိုင္းတြင္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ ထိုင္းဘုရင့္တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ Gen.Ponpipaat Benyasri က တည္ခင္းဧည့္ခံသည့္ ေန႔လယ္စာစားပြဲသို႔ တက္ေရာက္ ခဲ့သည္။

၎ေနာက္ မြန္းလြဲပိုင္းတြင္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ ျပခန္းမ်ားအတြင္း ဆက္လက္ၾကည့္ရႈေလ့လာခဲ့ၾကသည္။ အဆိုပါ ကာကြယ္ေရးႏွင့္ လုံၿခဳံေရးဆိုင္ရာျပပြဲ (Defence & Security 2019) တြင္ ႏိုင္ငံေပါင္း ၄၅ ႏိုင္ငံမွျပခန္း ေပါင္း ၄၅၄ ခန္းကိုျပသထားရွိသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။