တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် အကြမ်း ဖက်မှုတန်ပြန်နှိမ်နင်းရေးလက်တွေ့လေ့ကျင့်ခန်း ADMM-Plus (VIP Program) တက်ရောက်ရန်ထွက်ခွာ

နေပြည်တော်၊ နိုဝင်ဘာ – ၂၀

ထိုင်းနိုင်ငံတွင်ကျင်းပပြုလုပ်သည့် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာပြပွဲ (Defence & Security 2019) သို့တက်ရောက်ခဲ့သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံတွင်ကျင်းပပြုလုပ်မည့် အကြမ်းဖက်မှု တန်ပြန် နှိမ်နင်းရေး လက်တွေ့လေ့ကျင့်ခန်း ADMM-Plus (VIP Program) သို့တက်ရောက်ရန်အတွက် နိုဝင်ဘာ ၁၉ ရက်ညပိုင်းတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိလေဆိပ်မှ တရုတ်နိုင်ငံသို့ ဆက်လက်ထွက်ခွာ ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့်မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့အား ညှိနှိုင်း ကွပ်ကဲ ရေးမှူး(ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမြင့် သန်း၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ)ဗိုလ်မှူးချုပ် ခင်ဇော်၊ ထိုင်းဘုရင့်တပ်မတော်မှ Lt. Gen. Ekachai Harn poonvittaya နှင့်ထိုင်းဘုရင့် တပ်မတော်အရာရှိကြီးများ၊ တာဝန်ရှိသူများက လေဆိပ်အတွင်းပို့ ဆောင် နှုတ် ဆက်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် တရုတ်နိုင်ငံ၊ နန်နင်း အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ယနေ့နံနက်ပိုင်းတွင် ရောက်ရှိကြရာ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်၊ တောင်ပိုင်းစစ်နယ်ဝန်းမှ ကြည်းတပ်စစ်ဦးစီးအရာရှိချုပ် Maj. Gen Li Zhi Zhong နှင့်အရာရှိကြီးများ၊ နန်နင်း မြို့ မြန်မာကောင်စစ်ဝန်ချုပ် ဦးစိုးသက်နောင်၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ဇော်ဦး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံစစ်သံမှူး Senior Colonel Xiong Shaowei နှင့်တာဝန် ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး နန်နင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ကွေ့လင် အပြည်ပြည် ဆိုင်ရာလေဆိပ် သို့ ဆက်လက်ထွက်ခွာကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့်မြန်မာ့တပ်မတော်ကိုယ်စားလှယ် အဖွဲ့သည် ကွေ့လင် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန်နံနက် ၄ နာရီတွင် ရောက်ရှိကြရာ တောင်ပိုင်းစစ်နယ်ဝန်း ကွပ်ကဲမှုဌာနချုပ်မှ လက်ထောက်စစ်ဦးစီးအရာရှိ ချုပ် Maj.Gen. Chen Mintian နှင့်တာဝန်ရှိသူများက လေဆိပ်တွင်ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ တ႐ုတ္ႏိုင္ငံတြင္ က်င္းပျပဳလုပ္မည့္ အၾကမ္း ဖက္မႈတန္ျပန္ႏွိမ္နင္းေရးလက္ေတြ႕ေလ့က်င့္ခန္း ADMM-Plus (VIP Program) တက္ေရာက္ရန္ထြက္ခြာ

ေနျပည္ေတာ္၊ ႏုိ၀င္ဘာ – ၂၀

ထုိင္းႏုိင္ငံတြင္က်င္းပျပဳလုပ္သည့္ ကာကြယ္ေရးႏွင့္ လုံၿခဳံေရးဆုိင္ရာျပပြဲ (Defence & Security 2019) သို႔တက္ေရာက္ခဲ့ေသာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ကိုယ္စားလွယ္အဖြဲ႕သည္ တ႐ုတ္ႏိုင္ငံတြင္က်င္းပျပဳလုပ္မည့္ အၾကမ္းဖက္မႈ တန္ျပန္ ႏွိမ္နင္းေရး လက္ေတြ႕ေလ့က်င့္ခန္း ADMM-Plus (VIP Program) သို႔တက္ေရာက္ရန္အတြက္ ႏို၀င္ဘာ ၁၉ ရက္ညပိုင္းတြင္ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမဳိ႕ရွိ သု၀ဏၰဘူမိေလဆိပ္မွ တ႐ုတ္ႏိုင္ငံသို႔ ဆက္လက္ထြက္ခြာ ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဦးေဆာင္သည့္ျမန္မာ့တပ္မေတာ္ကိုယ္စားလွယ္အဖြဲ႕အား ၫိႇႏႈိင္း ကြပ္ကဲ ေရးမွဴး(ၾကည္း၊ေရ၊ေလ)ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦး၊ ထုိင္းႏိုင္ငံဆုိင္ရာ ျမန္မာႏိုင္ငံသံအမတ္ႀကီး ဦးမ်ဳိးျမင့္ သန္း၊ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ)ဗိုလ္မွဴးခ်ဳပ္ ခင္ေဇာ္၊ ထုိင္းဘုရင့္တပ္မေတာ္မွ Lt. Gen. Ekachai Harn poonvittaya ႏွင့္ထိုင္းဘုရင့္ တပ္မေတာ္အရာရွိႀကီးမ်ား၊ တာ၀န္ရွိသူမ်ားက ေလဆိပ္အတြင္းပို႔ ေဆာင္ ႏႈတ္ ဆက္ၾကသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ တ႐ုတ္ႏုိင္ငံ၊ နန္နင္း အျပည္ျပည္ ဆုိင္ရာေလဆိပ္သို႔ ယေန႔နံနက္ပိုင္းတြင္ ေရာက္ရွိၾကရာ တ႐ုတ္ျပည္သူ႔ လြတ္ေျမာက္ေရးတပ္မေတာ္၊ ေတာင္ပိုင္းစစ္နယ္၀န္းမွ ၾကည္းတပ္စစ္ဦးစီးအရာရွိခ်ဳပ္ Maj. Gen Li Zhi Zhong ႏွင့္အရာရွိႀကီးမ်ား၊ နန္နင္း ၿမဳိ႕ ျမန္မာေကာင္စစ္၀န္ခ်ဳပ္ ဦးစိုးသက္ေနာင္၊ တ႐ုတ္ႏိုင္ငံဆုိင္ရာ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ) ဗိုလ္မွဴးခ်ဳပ္ ေဇာ္ဦး၊ ျမန္မာႏိုင္ငံဆုိင္ရာ တ႐ုတ္ႏိုင္ငံစစ္သံမွဴး Senior Colonel Xiong Shaowei ႏွင့္တာ၀န္ ရွိသူမ်ားက ႀကဳိဆိုႏႈတ္ဆက္ခဲ့ၾကၿပီး နန္နင္းအျပည္ျပည္ဆုိင္ရာေလဆိပ္မွတစ္ဆင့္ ေကြ႕လင္ အျပည္ျပည္ ဆုိင္ရာေလဆိပ္ သို႔ ဆက္လက္ထြက္ခြာၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဦးေဆာင္သည့္ျမန္မာ့တပ္မေတာ္ကိုယ္စားလွယ္ အဖြဲ႕သည္ ေကြ႕လင္ အျပည္ျပည္ဆုိင္ရာေလဆိပ္သို႔ ေဒသစံေတာ္ခ်ိန္နံနက္ ၄ နာရီတြင္ ေရာက္ရွိၾကရာ ေတာင္ပိုင္းစစ္နယ္၀န္း ကြပ္ကဲမႈဌာနခ်ဳပ္မွ လက္ေထာက္စစ္ဦးစီးအရာရွိ ခ်ဳပ္ Maj.Gen. Chen Mintian ႏွင့္တာ၀န္ရွိသူမ်ားက ေလဆိပ္တြင္ႀကဳိဆိုႏႈတ္ဆက္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။