တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အကြမ်းဖက်မှုတန်ပြန် နှိမ်နင်းရေးလက် တွေ့လေ့ကျင့်ခန်း ADMM-Plus (VIP Program) သို့တက်ရောက်

နေပြည်တော်၊ နိုဝင်ဘာ – ၂၀

အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေးလက်တွေ့လေ့ကျင့်ခန်း ADMM-Plus (VIP Program) ကို ယနေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံ၊ ကွေ့လင်မြို့ရှိ Fenglin Training Field ၌ ပြုလုပ်ရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့နှင့် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ တပ်မတော်အကြီးအကဲများ၊ ကာကွယ်ရေးဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက် ကြ သည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အခမ်းအနား ပြုလုပ်မည့်နေရာသို့ရောက်ရှိရာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှအရာရှိကြီး များနှင့်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် သီးသန့်နားနေခန်းမတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ ဝင်နှင့်ပူးတွဲစစ်ဦးစီး ဌာန၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Li Zuocheng ၊ ထိုင်းနိုင်ငံပူးတွဲဥက္ကဋ္ဌ၊ ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Pornpipat Benyasri တို့နှင့်အတူ နိုင်ငံအသီးသီးမှ တပ်မတော် အကြီးအကဲများနှင့်တွေ့ဆုံ၍ ခင်မင်ရင်းနှီးစွာနှုတ်ဆက်ကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်နိုင်ငံအသီးသီးမှ တက်ရောက် လာကြသူများသည် အကြမ်း ဖက်မှုတန်ပြန်နှိမ်နင်းရေးလက်တွေ့လေ့ကျင့်ခန်းကို မြို့ပြအသွင် ဖြင့် ပုံစံတူပြုလုပ်၍ အကြမ်းဖက်မှုနှိမ်နင်းရေး၊ ဓားစာခံများနှင့်ဒဏ်ရာရလူနာများအား ကယ်ဆယ်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှု၊ အုပ်ချုပ်ထောက်ပံ့မှု၊ အချိန်ကိုက်ဆောင်ရွက် နိုင်မှုနှင့် ဆက်သွယ်မှုစနစ်များကောင်းမွန်မှုတို့ဖြင့် လက်တွေ့လေ့ကျင့်သရုပ်ပြသနေမှု များကို ကြည့်ရှုအားပေးကြသည်။ လက်တွေ့လေ့ကျင့်သရုပ်ပြသမှုအပြီးတွင် Counter Terrorism Task Force Headquarters နှင့် Counter Terrorism Task Group Headquarters များသို့ သွားရောက် လေလ့ာကြည့်ရှု၍ သက်ဆိုင်ရာနိုင်ငံအသီးသီးမှ ကိုယ်စားလှယ်အဖွဲ့များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ် ဆက်ကြသည်။

ထို့နောက် ညပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အကြမ်းဖက်မှု တန်ပြန် နှိမ်နင်း ရေးလက်တွေ့လေ့ကျင့်ခန်း ADMM-Plus (VIP Program) သို့တက်ရောက်လာကြသည့် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များနှင့်အတူ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲ စစ်ဦးစီးဌာန၊ စစ်ဦးစီးချုပ်က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့ပြီး ညစာ အတူ တကွသုံးဆောင်ခဲ့ကြသည်။

အဆိုပါအကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေး လက်တွေ့လေ့ကျင့်ခန်း ADMM-Plus (VIP Program) ကို တရုတ် နိုင်ငံနှင့်ထိုင်းနိုင်ငံတို့မှ ပူးတွဲဥက္ကဋ္ဌအဖြစ်ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ကိုယ်စားလှယ် များဖြင့် လေ့ကျင့်ခန်းများကို ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ မြန်မာတပ်မတော်မှ ကိုယ်စားလှယ် အဖွဲ့ဝင်များလည်း ပါဝင် လေ့ကျင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၊ ဗဟိုစစ်ကော် မရှင်အဖွဲ့ဝင်နှင့်ပူးတွဲစစ်ဦးစီးဌာန၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Li Zuocheng နှင့်အဖွဲ့ဝင်များအား ကွေ့ လင်မြို့၊ Lijiang Waterfall Hotel အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိများ၊ တရုတ်နိုင်ငံဆိုင်ရာမြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ဇော်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာန၊ စစ်ဦးစီးချုပ်နှင့်အတူ တောင်ပိုင်းစစ်နယ်ဝန်းကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ် ကြီး Yuan Yubai ၊မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံစစ်သံမှူး Senior Colonel Xiong Shaowei နှင့်တာဝန်ရှိသူများ တက် ရောက်ကြသည်။

တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့သည် မိတ်ဆွေကောင်း၊ မိတ်ဆွေဟောင်း၊ မဟာဗျူဟာ မိတ်ဖက်နိုင်ငံများဖြစ်ပြီး ညီရင်းအကိုစိတ်ဓာတ်ဖြင့် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ယခုပြုလုပ်ခဲ့သည့် အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေး လက်တွေ့ လေ့ကျင့်ခန်းအား အချိန်ကိုက်လုပ်ဆောင်နိုင်မှုနှင့် သတင်းရယူမှုမှန်ကန်မြန်ဆန်မှုရှိရန် လိုအပ်သည့်အခြေ အနေများနှင့်အကြမ်းဖက်မှု နှိမ်နင်းရေးသည် ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုဖြစ်ပြီး နိုင်ငံတစ်ခုတည်းအနေဖြင့် ဖြေရှင်းရန်လွန်စွာခက်ခဲကာ ကမ္ဘာ့နိုင်ငံအားလုံး လက်တွဲညီညီဖြင့် ပူးပေါင်းဆောင်ရွက် ကြရန်လိုအပ်သည့် အခြေအနေများအပေါ် သုံးသပ်ရှုမြင်မှုအခြေအနေများနှင့် ၂၀၂၀-၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံမှ အကြမ်းဖက် မှုတန်ပြန်နှိမ်နင်းရေးလက်တွေ့လေ့ကျင့်ခန်း ADMM-Plus (VIP Program) ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်လွှဲ ပြောင်းရယူရမည်ဖြစ်ပြီး အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး တရုတ်တပ်မတော်မှ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တပ်မတော်မှ ကြိုးပမ်း ဆောင်ရွက်လျက်ရှိ သည့်အခြေအနေများနှင့် တရုတ်နိုင်ငံအနေဖြင့် တပ်မတော်၏ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်မှုများအပေါ် နားလည်ထောက်ခံကြောင်းနှင့် မြန်မာနိုင်ငံမြောက်ပိုင်း ဒေသတည်ငြိမ်အေးချမ်းရေးအတွက် လက်တွေ့ ကျကျ နီးကပ်စွာ ပူးပေါင်းဆောင်ရွက် သွားမည့်အခြေအနေများ၊ မြန်မာ့တပ်မတော် ခေတ်မီအင်အားတောင့် တင်းရေး တရုတ်တပ်မတော်က ကူညီဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများနှင့် တရုတ်နိုင်ငံမှ ဆောင်ရွက် လျက်ရှိသော ရပ်ဝန်းနှင့်လမ်းသွယ်စီမံကိန်းတွင် မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံ အနေဖြင့်ယုံကြည်မှုရှိစွာ နှစ်နိုင်ငံ အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းလုပ်ဆောင် နိုင်မည့်အခွင့်အလမ်းများအား ခင်မင်ရင်းနှီးစွာဆွေး နွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင် နှင့်ပူးတွဲစစ်ဦးစီးဌာန၊ စစ်ဦးစီးချုပ်၊ တောင်ပိုင်းစစ်နယ်ဝန်းကွပ်ကဲမှုဌာနချုပ်မှူးတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန အလှန်ပေးအပ်ခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ အၾကမ္းဖက္မႈတန္ျပန္ ႏွိမ္နင္းေရးလက္ ေတြ႕ေလ့က်င့္ခန္း ADMM-Plus (VIP Program) သို႔တက္ေရာက္

ေနျပည္ေတာ္၊ ႏုိ၀င္ဘာ – ၂၀

အၾကမ္းဖက္မႈတန္ျပန္ႏွိမ္နင္းေရးလက္ေတြ႕ေလ့က်င့္ခန္း ADMM-Plus (VIP Program) ကို ယေန႔ နံနက္ပိုင္းတြင္ တ႐ုတ္ႏိုင္ငံ၊ ေကြ႕လင္ၿမဳိ႕ရွိ Fenglin Training Field ၌ ျပဳလုပ္ရာ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ကုိယ္စားလွယ္အဖြဲ႕ႏွင့္ ႏုိင္ငံေပါင္း ၁၈ ႏိုင္ငံမွ တပ္မေတာ္အႀကီးအကဲမ်ား၊ ကာကြယ္ေရး၀န္ႀကီးဌာနမ်ားမွ တာ၀န္ရွိသူမ်ား တက္ေရာက္ ၾက သည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ အခမ္းအနား ျပဳလုပ္မည့္ေနရာသို႔ေရာက္ရွိရာ တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္မွအရာရွိႀကီး မ်ားႏွင့္တာ၀န္ရွိသူမ်ားက ႀကဳိဆိုႏႈတ္ဆက္ၾကသည္။ ထို႔ေနာက္ သီးသန္႔နားေနခန္းမတြင္ တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္၊ ဗဟိုစစ္ေကာ္မရွင္အဖြဲ႕ ၀င္ႏွင့္ပူးတြဲစစ္ဦးစီး ဌာန၊ စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး Li Zuocheng ၊ ထုိင္းႏုိင္ငံပူးတြဲဥကၠ႒၊ ထိုင္းဘုရင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ General Pornpipat Benyasri တို႔ႏွင့္အတူ ႏိုင္ငံအသီးသီးမွ တပ္မေတာ္ အႀကီးအကဲမ်ားႏွင့္ေတြ႕ဆုံ၍ ခင္မင္ရင္းႏွီးစြာႏႈတ္ဆက္ၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ႏိုင္ငံအသီးသီးမွ တက္ေရာက္ လာၾကသူမ်ားသည္ အၾကမ္း ဖက္မႈတန္ျပန္ႏွိမ္နင္းေရးလက္ေတြ႕ေလ့က်င့္ခန္းကို ၿမဳိ႕ျပအသြင္ ျဖင့္ ပုံစံတူျပဳလုပ္၍ အၾကမ္းဖက္မႈႏွိမ္နင္းေရး၊ ဓားစာခံမ်ားႏွင့္ဒဏ္ရာရလူနာမ်ားအား ကယ္ဆယ္ေရးတို႔တြင္ ပူးေပါင္းေဆာင္ရြက္မႈ၊ အုပ္ခ်ဳပ္ေထာက္ပံ့မႈ၊ အခ်ိန္ကိုက္ေဆာင္ရြက္ ႏိုင္မႈႏွင့္ ဆက္သြယ္မႈစနစ္မ်ားေကာင္းမြန္မႈတို႔ျဖင့္ လက္ေတြ႕ေလ့က်င့္သ႐ုပ္ျပသေနမႈ မ်ားကို ၾကည့္႐ႈအားေပးၾကသည္။ လက္ေတြ႕ေလ့က်င့္သ႐ုပ္ျပသမႈအၿပီးတြင္ Counter Terrorism Task Force Headquarters ႏွင့္ Counter Terrorism Task Group Headquarters မ်ားသို႔ သြားေရာက္ ေလလ့ာၾကည့္႐ႈ၍ သက္ဆုိင္ရာႏုိင္ငံအသီးသီးမွ ကိုယ္စားလွယ္အဖြဲ႕မ်ားအား ရင္းရင္းႏွီးႏွီးလိုက္လံႏႈတ္ ဆက္ၾကသည္။

ထို႔ေနာက္ ညပိုင္းတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕၀င္မ်ားသည္ အၾကမ္းဖက္မႈ တန္ျပန္ ႏွိမ္နင္း ေရးလက္ေတြ႕ေလ့က်င့္ခန္း ADMM-Plus (VIP Program) သို႔တက္ေရာက္လာၾကသည့္ ႏုိင္ငံအသီးသီးမွ ကုိယ္စားလွယ္မ်ားႏွင့္အတူ တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္၊ ဗဟိုစစ္ေကာ္မရွင္အဖြဲ႕၀င္ႏွင့္ ပူးတြဲ စစ္ဦးစီးဌာန၊ စစ္ဦးစီးခ်ဳပ္က တည္ခင္းဧည့္ခံသည့္ ဂုဏ္ျပဳညစာစားပြဲသို႔ တက္ေရာက္ခဲ့ၿပီး ညစာ အတူ တကြသုံးေဆာင္ခဲ့ၾကသည္။

အဆိုပါအၾကမ္းဖက္မႈတန္ျပန္ႏွိမ္နင္းေရး လက္ေတြ႕ေလ့က်င့္ခန္း ADMM-Plus (VIP Program) ကို တ႐ုတ္ ႏိုင္ငံႏွင့္ထိုင္းႏုိင္ငံတို႔မွ ပူးတြဲဥကၠ႒အျဖစ္က်င္းပျပဳလုပ္ခဲ့ျခင္း ျဖစ္ၿပီး ႏုိင္ငံေပါင္း ၁၈ ႏုိင္ငံမွ ကိုယ္စားလွယ္ မ်ားျဖင့္ ေလ့က်င့္ခန္းမ်ားကို ပူးေပါင္း ေဆာင္ရြက္ခဲ့ျခင္းျဖစ္ကာ ျမန္မာတပ္မေတာ္မွ ကုိယ္စားလွယ္ အဖြဲ႕၀င္မ်ားလည္း ပါ၀င္ ေလ့က်င့္ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရွိရသည္။

ထို႔ျပင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရး တပ္မေတာ္၊ ဗဟိုစစ္ေကာ္ မရွင္အဖြဲ႕၀င္ႏွင့္ပူးတြဲစစ္ဦးစီးဌာန၊ စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး Li Zuocheng ႏွင့္အဖြဲ႕၀င္မ်ားအား ေကြ႕ လင္ၿမဳိ႕၊ Lijiang Waterfall Hotel အစည္းအေ၀းခန္းမ၌ ေတြ႕ဆုံသည္။

အဆိုပါေတြ႕ဆုံပြဲသုိ႔ တပ္မေတာ္ကာကြယ္ ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိမ်ား၊ တ႐ုတ္ႏိုင္ငံဆုိင္ရာျမန္မာစစ္သံ (ၾကည္း၊ေရ၊ေလ) ဗိုလ္မွဴးခ်ဳပ္ ေဇာ္ဦးႏွင့္တာ၀န္ရွိသူမ်ား တက္ေရာက္ၾကၿပီး ဗဟိုစစ္ေကာ္မရွင္အဖြဲ႕၀င္ႏွင့္ ပူးတြဲစစ္ဦးစီးဌာန၊ စစ္ဦးစီးခ်ဳပ္ႏွင့္အတူ ေတာင္ပိုင္းစစ္နယ္၀န္းကြပ္ကဲမႈ ဌာနခ်ဳပ္မွဴး ဗိုလ္ခ်ဳပ္ ႀကီး Yuan Yubai ၊ျမန္မာႏုိင္ငံဆုိင္ရာ တ႐ုတ္ႏုိင္ငံစစ္သံမွဴး Senior Colonel Xiong Shaowei ႏွင့္တာ၀န္ရွိသူမ်ား တက္ ေရာက္ၾကသည္။

ေတြ႕ဆုံပြဲတြင္ ျမန္မာႏုိင္ငံႏွင့္တ႐ုတ္ႏိုင္ငံတို႔သည္ မိတ္ေဆြေကာင္း၊ မိတ္ေဆြေဟာင္း၊ မဟာဗ်ဴဟာ မိတ္ဖက္ႏိုင္ငံမ်ားျဖစ္ၿပီး ညီရင္းအကိုစိတ္ဓာတ္ျဖင့္ ႏွစ္ႏုိင္ငံဆက္ဆံေရး တိုးတက္ေကာင္းမြန္ေအာင္ ေဆာင္ရြက္လ်က္ရွိသည့္ အေျခအေနမ်ား၊ ယခုျပဳလုပ္ခဲ့သည့္ အၾကမ္းဖက္မႈ တန္ျပန္ႏွိမ္နင္းေရး လက္ေတြ႕ ေလ့က်င့္ခန္းအား အခ်ိန္ကိုက္လုပ္ေဆာင္ႏိုင္မႈႏွင့္ သတင္းရယူမႈမွန္ကန္ျမန္ဆန္မႈရွိရန္ လိုအပ္သည့္အေျခ အေနမ်ားႏွင့္အၾကမ္းဖက္မႈ ႏွိမ္နင္းေရးသည္ ကမၻာလုံးဆုိုင္ရာ ၿခိမ္းေျခာက္မႈျဖစ္ၿပီး ႏိုင္ငံတစ္ခုတည္းအေနျဖင့္ ေျဖရွင္းရန္လြန္စြာခက္ခဲကာ ကမၻာ့ႏိုင္ငံအားလုံး လက္တြဲညီညီျဖင့္ ပူးေပါင္းေဆာင္ရြက္ ၾကရန္လိုအပ္သည့္ အေျခအေနမ်ားအေပၚ သုံးသပ္႐ႈျမင္မႈအေျခအေနမ်ားႏွင့္ ၂၀၂၀-၂၀၂၂ ခုႏွစ္တြင္ ျမန္မာႏုိင္ငံမွ အၾကမ္းဖက္ မႈတန္ျပန္ႏွိမ္နင္းေရးလက္ေတြ႕ေလ့က်င့္ခန္း ADMM-Plus (VIP Program) ပူးတြဲဥကၠ႒အျဖစ္ တာ၀န္လႊဲ ေျပာင္းရယူရမည္ျဖစ္ၿပီး ေအာင္ျမင္စြာက်င္းပျပဳလုပ္ႏုိင္ေရး တ႐ုတ္တပ္မေတာ္မွ ပူးေပါင္းေဆာင္ရြက္သြားမည့္ အေျခအေနမ်ား၊ ျမန္မာႏုိင္ငံ၏ ျပည္တြင္းၿငိမ္းခ်မ္းေရးအတြက္ တပ္မေတာ္မွ ႀကဳိးပမ္း ေဆာင္ရြက္လ်က္ရွိ သည့္အေျခအေနမ်ားႏွင့္ တ႐ုတ္ႏုိင္ငံအေနျဖင့္ တပ္မေတာ္၏ၿငိမ္းခ်မ္းေရး ႀကဳိးပမ္းေဆာင္ရြက္မႈမ်ားအေပၚ နားလည္ေထာက္ခံေၾကာင္းႏွင့္ ျမန္မာႏုိင္ငံေျမာက္ပိုင္း ေဒသတည္ၿငိမ္ေအးခ်မ္းေရးအတြက္ လက္ေတြ႕ က်က် နီးကပ္စြာ ပူးေပါင္းေဆာင္ရြက္ သြားမည့္အေျခအေနမ်ား၊ ျမန္မာ့တပ္မေတာ္ ေခတ္မီအင္အားေတာင့္ တင္းေရး တ႐ုတ္တပ္မေတာ္က ကူညီေဆာင္ရြက္ေပးလ်က္ရွိသည့္ အေျခအေနမ်ားႏွင့္ တ႐ုတ္ႏိုင္ငံမွ ေဆာင္ရြက္ လ်က္ရွိေသာ ရပ္၀န္းႏွင့္လမ္းသြယ္စီမံကိန္းတြင္ ျမန္မာႏိုင္ငံႏွင့္တ႐ုတ္ႏိုင္ငံ အေနျဖင့္ယုံၾကည္မႈရွိစြာ ႏွစ္ႏိုင္ငံ အက်ဳိးစီးပြားဖြံ႕ၿဖဳိးတိုးတက္ေအာင္ ပူးေပါင္းလုပ္ေဆာင္ ႏုိင္မည့္အခြင့္အလမ္းမ်ားအား ခင္မင္ရင္းႏွီးစြာေဆြး ေႏြးခဲ့ၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဗဟိုစစ္ေကာ္မရွင္အဖြဲ႕၀င္ ႏွင့္ပူးတြဲစစ္ဦးစီးဌာန၊ စစ္ဦးစီးခ်ဳပ္၊ ေတာင္ပိုင္းစစ္နယ္၀န္းကြပ္ကဲမႈဌာနခ်ဳပ္မွဴးတို႔သည္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား အျပန အလွန္ေပးအပ္ခဲ့ၾကသည္။

 

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။