တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အကြမ်းဖက်မှုတန်ပြန် နှိမ်နင်းရေး လက်တွေ့လေ့ကျင့်ခန်း ADMM-Plus(VIP Program) သို့ တက်ရောက်ခဲ့သည့် နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များ Li jiang မြစ်ကြောင်း တစ်လျှောက်လေ့လာ

နေပြည်တော် နိုဝင်ဘာ ၂၁

တရုတ်နိုင်ငံ၊ ကွေ့လင်မြို့တွင်ကျင်းပပြုလုပ်ခဲ့သည့် အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေး လက်တွေ့လေ့ကျင့်ခန်း ADMM-Plus(VIP Program) သို့ တက်ရောက်ခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အဖွဲ့ဝင်များ၊ နိုင်ငံအသီးသီးမှ တပ်မတော်အကြီးအကဲများ၊ ကာကွယ်ရေးဝန်ကြီးဌာနများမှ တာဝန်ရှိသူများသည် ယနေ့ နေ့လည်ပိုင်းတွင် Guilin ဆိပ်ကမ်းသို့ မော်တော်ယာဉ်များဖြင့် ထွက်ခွာခဲ့ကြပြီး Li jiang မြစ်ကြောင်းတစ်လျှောက် မြစ်တွင်းအပျော်စီးအမြန် ရေယာဉ်များဖြင့် လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြ သည်။

ထိုသို့ လေ့လာကြည့်ရှုရာတွင် Li jiang မြစ်ကြောင်းတစ်လျှောက်၌ သာယာလှပ သော ကျောက်တောင်တန်းများ၊ သဘာဝအလျောက်ဖြစ်ပေါ်နေသော ကျောက်ချွန်၊ ကျောက်တန်းများ၊ မြစ်ကြောင်းအတွင်း ပြေးဆွဲလျက်ရှိသော အမြန်ရေယာဉ်များနှင့် ဖောင်ပုံသဏ္ဍန် အမြန်ရေယာဉ်ငယ်များဖြင့် သာယာလှပလျက်ရှိပြီး တရုတ်ပြည်သူ့လွတ် မြောက်ရေးတပ်မတော်မှ တာဝန်ရှိသူများကမြစ်ကြောင်းတစ်လျောက့် Yangdi ဆိပ်ကမ်းအထိ သိရှိလိုသည်များအား လိုက်လံရှင်းလင်းပြသခဲ့ကြကာ အမှတ်တရစုပေါင်း ဓာတ်ပုံများရိုက်ခဲ့ကြသည်။

အဆိုပါ Li jiang မြစ်သည် Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ အရှေ့မြောက်ပိုင်းဒေသ တွင် တည်ရှိပြီး ရှေးယခင်ကတည်းကပင် Li jiang မြစ်နှင့် Gui မြစ်တို့သည့်Yangtze ချိုင့်ဝှမ်းနှင့် ပုလဲမြစ်ဝကျွန်းပေါ်ဒေသတို့အား ဆက်သွယ်ထားသော အလွန်အရေးကြီးသည့် ရေလမ်းကြောင်း ဖြစ်ကြောင်း၊ Li jiang မြစ်နှင့် Gui မြစ်ကြောင်း တစ်လျှောက် မိုင်ပေါင်း ၂၇၀ ကျော်ခန့်၏ ဘေးတစ်ဖက်တစ်ချက်စီတွင် လှပသောတောင်တန်း၊ တောင်ချွန်းများနှင့် ထိစပ်လျက်ရှိသည်။ သာယာလှပသည့် သဘာဝရှု ခင်းများနှင့် ကြည်လင်သန့်ရှင်းသောမြစ်တို့၏ စွဲဆောင်မှုများကြောင့် ကမ္ဘာလှည့်ခရီး သည် သန်းပေါင်းများစွာလာရောက်လည်ပတ်ကြပြီး ၂၀၁၄ ခုနှစ်တွင် ယူနက်စကို ကမ္ဘာ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုအမွေအနှစ် နေရာတစ်ခုအဖြစ် သတ်မှတ်ခြင်းခံခဲ့ရ ကြောင်း သိရှိရသည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ စစ်သံမှူး Senior Colonel Xiong Shaowei ၊ တရုတ်နိုင်ငံဆိုင်ရာမြန်မာစစ်သံ (ကြည်း၊ရေ၊လေ)ဗိုလ်မှူးချုပ် ဇော်ဦးနှင့် အဖွဲ့ဝင်များလိုက်ပါလျက်ကွေ့လင်မြို့၊ Taohua မြစ်နှင့် Li jiang မြစ်တို့ ဆုံရာနေရာတွင်တည်ရှိသည့် ဆင်နှာမောင်းတောင်နှင့် ပန်းခြံသို့ သွားရောက်လေ့လာကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ပြီး အမှတ်တရ စုပေါင်းဓာတ်ပုံများရိုက်ခဲ့ကြသည်။

အဆိုပါ ဆင်နှာမောင်းတောင်ကို တရုတ်အခေါ်အဝေါ်အားဖြင့် Yi mountain ဟု ခေါ်ဆိုကြပြီး ဆင်ကြီးတစ်ကောင် Lijiang မြစ်အတွင်း ရေဆင်းသောက်နေသည့် ပုံသဏ္ဍန်နှင့်တူညီသောကြောင့် ဆင်နှာမောင်းတောင်ဟု ခေါ်ဆိုခြင်းဖြစ်ကြောင်း၊ ၎င်းင်း ဆင်နှာမောင်းကဲ့သို့ တောင်စွယ်၏ အောက်တွင်ဖြစ်ပေါ်နေသော လိုဏ်ဂူပုံစံငယ်အား Water-Moon Cave ဟုခေါ်ဆိုကြပြီး လထွက်လာသောအချိန်တွင် လ၏အလင်း ရောင်သည် ယင်းလှိုဏ်ဂူငယ်ကို ဖြတ်သန်း၍ ရေပြင်ပေါ်သို့ လှပစွာကျရောက်နေမှု အပေါ်အစွဲပြု၍ ခေါ်ဆိုခြင်းဖြစ်ကြောင်းနှင့် ပြည်တွင်း၊ ပြည့်ပခရီးသွားဧည့်သည်များ၊ လာရောက် အပန်းဖြေကြသူများဖြင့် စည်ကားလျက်ရှိသည်။

(ZawGyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္ အၾကမ္းဖက္မႈတန္ျပန္ ႏွိမ္နင္းေရး လက္ေတြ႕ေလ့က်င့္ခန္း ADMM-Plus(VIP Program) သို႔ တက္ေရာက္ခဲ့သည့္ ႏိုင္ငံအသီးသီးမွ ကိုယ္စားလွယ္မ်ား Li jiang ျမစ္ေၾကာင္း တစ္ေလွ်ာက္ေလ့လာ

ေနျပည္ေတာ္ ႏိုဝင္ဘာ ၂၁

တ႐ုတ္ႏိုင္ငံ၊ ေကြ႕လင္ၿမိဳ႕တြင္က်င္းပျပဳလုပ္ခဲ့သည့္ အၾကမ္းဖက္မႈတန္ျပန္ႏွိမ္နင္းေရး လက္ေတြ႕ ေလ့က်င့္ခန္း ADMM-Plus(VIP Program) သို႔ တက္ေရာက္ခဲ့သည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ႏွင့္အဖြဲ႕ဝင္မ်ား၊ ႏိုင္ငံအသီးသီးမွ တပ္မေတာ္အႀကီးအကဲမ်ား၊ ကာကြယ္ေရးဝန္ႀကီးဌာနမ်ားမွ တာဝန္ရွိသူမ်ားသည္ ယေန႔ ေန႔လည္ပိုင္းတြင္ Guilin ဆိပ္ကမ္းသို႔ ေမာ္ေတာ္ယာဥ္မ်ားျဖင့္ ထြက္ခြာခဲ့ၾကၿပီး Li jiang ျမစ္ေၾကာင္းတစ္ေလွ်ာက္ ျမစ္တြင္းအေပ်ာ္စီးအျမန္ ေရယာဥ္မ်ားျဖင့္ လွည့္လည္ၾကည့္ရႈ ေလ့လာခဲ့ၾက သည္။

ထိုသို႔ ေလ့လာၾကည့္ရႈရာတြင္ Li jiang ျမစ္ေၾကာင္းတစ္ေလွ်ာက္၌ သာယာလွပ ေသာ ေက်ာက္ေတာင္တန္းမ်ား၊ သဘာဝအေလ်ာက္ျဖစ္ေပၚေနေသာ ေက်ာက္ခြၽန္၊ ေက်ာက္တန္းမ်ား၊ ျမစ္ေၾကာင္းအတြင္း ေျပးဆြဲလ်က္ရွိေသာ အျမန္ေရယာဥ္မ်ားႏွင့္ ေဖာင္ပုံသ႑န္ အျမန္ေရယာဥ္ငယ္မ်ားျဖင့္ သာယာလွပလ်က္ရွိၿပီး တ႐ုတ္ျပည္သူ႔လြတ္ ေျမာက္ေရးတပ္မေတာ္မွ တာဝန္ရွိသူမ်ားကျမစ္ေၾကာင္းတစ္ေလ်ာက့္ Yangdi ဆိပ္ကမ္းအထိ သိရွိလိုသည္မ်ားအား လိုက္လံရွင္းလင္းျပသခဲ့ၾကကာ အမွတ္တရစုေပါင္း ဓာတ္ပုံမ်ား႐ိုက္ခဲ့ၾကသည္။

အဆိုပါ Li jiang ျမစ္သည္ Guangxi Zhuang ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၏ အေရွ႕ေျမာက္ပိုင္းေဒသ တြင္ တည္ရွိၿပီး ေရွးယခင္ကတည္းကပင္ Li jiang ျမစ္ႏွင့္ Gui ျမစ္တို႔သည့္Yangtze ခ်ိဳင့္ဝွမ္းႏွင့္ ပုလဲျမစ္ဝကြၽန္းေပၚေဒသတို႔အား ဆက္သြယ္ထားေသာ အလြန္အေရးႀကီးသည့္ ေရလမ္းေၾကာင္း ျဖစ္ေၾကာင္း၊ Li jiang ျမစ္ႏွင့္ Gui ျမစ္ေၾကာင္း တစ္ေလွ်ာက္ မိုင္ေပါင္း ၂၇၀ ေက်ာ္ခန႔္၏ ေဘးတစ္ဖက္တစ္ခ်က္စီတြင္ လွပေသာေတာင္တန္း၊ ေတာင္ခြၽန္းမ်ားႏွင့္ ထိစပ္လ်က္ရွိသည္။ သာယာလွပသည့္ သဘာဝရႈ ခင္းမ်ားႏွင့္ ၾကည္လင္သန႔္ရွင္းေသာျမစ္တို႔၏ စြဲေဆာင္မႈမ်ားေၾကာင့္ ကမာၻလွည့္ခရီး သည္ သန္းေပါင္းမ်ားစြာလာေရာက္လည္ပတ္ၾကၿပီး ၂၀၁၄ ခုႏွစ္တြင္ ယူနက္စကို ကမာၻ႔ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းမႈအေမြအႏွစ္ ေနရာတစ္ခုအျဖစ္ သတ္မွတ္ျခင္းခံခဲ့ရ ေၾကာင္း သိရွိရသည္။

ထို႔ျပင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္သည္ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ႏိုင္ငံ စစ္သံမႉး Senior Colonel Xiong Shaowei ၊ တ႐ုတ္ႏိုင္ငံဆိုင္ရာျမန္မာစစ္သံ (ၾကည္း၊ေရ၊ေလ)ဗိုလ္မႉးခ်ဳပ္ ေဇာ္ဦးႏွင့္ အဖြဲ႕ဝင္မ်ားလိုက္ပါလ်က္ေကြ႕လင္ၿမိဳ႕၊ Taohua ျမစ္ႏွင့္ Li jiang ျမစ္တို႔ ဆုံရာေနရာတြင္တည္ရွိသည့္ ဆင္ႏွာေမာင္းေတာင္ႏွင့္ ပန္းၿခံသို႔ သြားေရာက္ေလ့လာၾကည့္ရႈၾကရာ တာဝန္ရွိသူမ်ားက လိုက္လံရွင္းလင္းျပသခဲ့ၿပီး အမွတ္တရ စုေပါင္းဓာတ္ပုံမ်ား႐ိုက္ခဲ့ၾကသည္။

အဆိုပါ ဆင္ႏွာေမာင္းေတာင္ကို တ႐ုတ္အေခၚအေဝၚအားျဖင့္ Yi mountain ဟု ေခၚဆိုၾကၿပီး ဆင္ႀကီးတစ္ေကာင္ Lijiang ျမစ္အတြင္း ေရဆင္းေသာက္ေနသည့္ ပုံသ႑န္ႏွင့္တူညီေသာေၾကာင့္ ဆင္ႏွာေမာင္းေတာင္ဟု ေခၚဆိုျခင္းျဖစ္ေၾကာင္း၊ ၎င္း ဆင္ႏွာေမာင္းကဲ့သို႔ ေတာင္စြယ္၏ ေအာက္တြင္ျဖစ္ေပၚေနေသာ လိုဏ္ဂူပုံစံငယ္အား Water-Moon Cave ဟုေခၚဆိုၾကၿပီး လထြက္လာေသာအခ်ိန္တြင္ လ၏အလင္း ေရာင္သည္ ယင္းလႈိဏ္ဂူငယ္ကို ျဖတ္သန္း၍ ေရျပင္ေပၚသို႔ လွပစြာက်ေရာက္ေနမႈ အေပၚအစြဲျပဳ၍ ေခၚဆိုျခင္းျဖစ္ေၾကာင္းႏွင့္ ျပည္တြင္း၊ ျပည့္ပခရီးသြားဧည့္သည္မ်ား၊ လာေရာက္ အပန္းေျဖၾကသူမ်ားျဖင့္ စည္ကားလ်က္ရွိသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။