နိုင်ငံတစ်နိုင်ငံတွင်ဖြစ်စေ၊ အဖွဲ့အစည်းအသီးသီးတွင်ဖြစ်စေ ခေါင်းဆောင်များ၏ အခန်းကဏ္ဍ သည် အလွန်အရေးကြီးသဖြင့် မှန်ကန်သည့် ခေါင်းဆောင်မှု၊ ဥပဒေနှင့် ညီညွတ်သောအမိန့်၊ မျှတသော ဆုံးဖြတ်ချက်များဖြင့် မိမိကွပ်ကဲရသည့်တပ်ဖွဲ့ကို တိုးတက်အောင်မြင်ရန် စနစ်တကျ ဦးဆောင် သွားကြရမည်ဖြစ်

နိုင်ငံတစ်နိုင်ငံတွင်ဖြစ်စေ၊ အဖွဲ့အစည်းအသီးသီးတွင်ဖြစ်စေ ခေါင်းဆောင်များ၏ အခန်းကဏ္ဍ သည် အလွန်အရေးကြီးသဖြင့် မှန်ကန်သည့် ခေါင်းဆောင်မှု၊ ဥပဒေနှင့် ညီညွတ်သောအမိန့်၊ မျှတသော ဆုံးဖြတ်ချက်များဖြင့် မိမိကွပ်ကဲရသည့်တပ်ဖွဲ့ကို တိုးတက်အောင်မြင်ရန် စနစ်တကျ ဦးဆောင် သွားကြရမည်ဖြစ်

နေပြည်တော် ၊ ဒီဇင်ဘာ – ၆

နိုင်ငံတစ်နိုင်ငံတွင် ဖြစ်စေ၊ အဖွဲ့အစည်းအသီးသီးတွင်ဖြစ်စေ ခေါင်းဆောင် များ၏ အခန်း ကဏ္ဍသည်အလွန်အရေးကြီးသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ မည်သည့် အဖွဲ့အစည်းဖြစ်စေ အုပ်ချုပ်ကွပ်ကဲသည့် ခေါင်းဆောင်များ ကောင်းမွန်မှသာ တိုးတက် မည်ဖြစ်ပြီး ခေါင်းဆောင်မှု ညံ့ဖျင်းလျှင် ဆုံးရှုံးနစ်နာသွားမည်ဖြစ်သည့်အတွက် ခေါင်းဆောင်ငယ်များအဖြစ် တာဝန် ထမ်းဆောင်မည့် ရဲဘော်တို့သည် မိမိတို့ကွပ်ကဲ အုပ်ချုပ်ရသည့် တပ်ဖွဲ့ဝင်များအပေါ် မှန်ကန်သော ခေါင်းဆောင်မှုပေးရန် လိုအပ်ကြောင်း၊ ခေါင်းဆောင်မှုဆိုသည်မှာ ခေါင်းဆောင်ကောင်းများတွင် ထားရှိရမည့် အရည်အသွေးများလည်းဖြစ်ကြောင်း၊ မှန်ကန်သည့်ခေါင်းဆောင်မှု၊ ဥပဒေနှင့် ညီညွတ်သောအမိန့်၊ မျှတသောဆုံးဖြတ်ချက်များဖြင့် မိမိကွပ်ကဲရသည့် တပ်ဖွဲ့ကို တိုးတက် အောင်မြင်ရန် စနစ်တကျဦးဆောင်သွားကြရမည်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်သော စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၁) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ တက်ရောက်မိန့်ခွန်း ပြောကြားစဉ် ထည့်သွင်း ပြောကြားသည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သီရိပျံချီကျော်ဆွေနှင့် ဇနီး၊ ကာကွယ်ရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စိန်ဝင်းနှင့် ဇနီး၊ နယ်စပ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သီရိပျံချီ ရဲအောင်နှင့်ဇနီး၊ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် တင်အောင်စန်း နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မောင်မောင်ကျော်နှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ တိုင်းမှူးများ၊ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် ပြင်ဦးလွင်တပ်နယ်မှ အရာရှိကြီးများ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်တန်းဆင်းဗိုလ်လောင်းများ၏ မိဘဆွေမျိုးများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ဗိုလ်လောင်းတပ်ရင်းများ၏ အလေးပြုခြင်းကိုခံယူပြီး ကျောင်းဆင်း ဗိုလ်လောင်းတပ်ရင်းများကို စစ်ဆေးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်အား ဗိုလ်လောင်းတပ်ရင်းများက အနှေးလျှောက်၊ အမြန်လျှောက်တို့ဖြင့် ချီတက် အလေးပြုကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်တက္ကသိုလ်ဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၆၁)မှ အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၃၂၉၂၃၊ ဗိုလ်လောင်း ပြည့်ဖြိုးလှိုင်၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၃၂၆၇၇၊ ဗိုလ်လောင်း စိုးထက်မြတ်ကျော်၊ စာပေထူးချွန်ဆု(ဝိဇ္ဇာ)ရရှိသူ ဗိုလ်လောင်းအမှတ် ၃၂၈၇၈၊ ဗိုလ်လောင်း ဖြိုးမင်းကျော်၊ စာပေထူးချွန်ဆု(သိပ္ပံ)ရရှိသူ ဗိုလ်လောင်းအမှတ် ၃၃၃၉၁၊ ဗိုလ်လောင်း အောင်ဖြိုးကျော်၊ စာပေထူးချွန်ဆု(ကွန်ပျူတာ) ရရှိသူ ဗိုလ်လောင်း အမှတ် ၃၂၉၂၉၊ ဗိုလ်လောင်း ပြည့်မိုးလျှံတို့အား ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းဆင်းဗိုလ်လောင်းများအား မိန့်ခွန်း ပြောကြားရာတွင် တပ်မတော်(ကြည်း၊ ရေ၊လေ)အတွက် လိုအပ်သည့် လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝသည့် အရာရှိကောင်းများ မွေးထုတ်ပေးရန်ဆိုသည့် စစ်တက္ကသိုလ်၏ ရည်မှန်းချက်အတိုင်း တပ်မတော်၏ ခေါင်းဆောင်ငယ်များအဖြစ် အမိစစ်တက္ကသိုလ်ကြီးက လေ့ကျင့်မွေးထုတ် ပေးခဲ့ပြီးဖြစ်ကြောင်း၊ ယခုလို ကောင်းမွန် သည့် ရည်ရွယ်ချက်နှင့်မွေးဖွားလာခဲ့သည့် ရဲဘော်တို့သည် အမိစစ်တက္ကသိုလ်၏ သမိုင်းအစဉ်အလာများကို စောင့်ထိန်းပြီး လက်ရုံးရည်၊ နှလုံးရည် ပြည့်ဝသည့် ခေါင်းဆောင်ကောင်းအရာရှိများအဖြစ် တပ်မတော်(ကြည်း၊ရေ၊ လေ) တပ်အသီးသီးတွင် ပေးအပ် လာသောတာဝန်များကိုကျေပွန်စွာ ထမ်းဆောင်သွားကြရမည်ဖြစ်ကြောင်း။

တပ်မတော်သည် နိုင်ငံတော်နှင့် ပြည်သူများအတွက် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ် တော်လှန်ရေးမှ တစ်ဆင့် လွတ်လပ်ရေးရသည့်အထိ တိုင်းရင်းသားပြည်သူများနှင့်အတူ တိုက်ပွဲဝင်ခဲ့သည့်နေ့ လာမည့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၇ ရက်တွင် ၇၅ နှစ်မြောက် စိန်ရတုကာလသို့ ရောက်ရှိပြီ ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်အနေဖြင့် လွတ်လပ်ရေး ကြိုးပမ်းမှုကာလမှစ၍ အစိုးရ အဆက်ဆက်နှင့် စနစ်အမျိုးမျိုးကို ဖြတ်သန်းခဲ့ပြီး နိုင်ငံတော်၏ ပြည်တွင်းပြည်ပ အန္တရာယ် အမျိုးမျိုးကို တိုင်းရင်းသားပြည်သူများနှင့် လက်တွဲကာ အောင်မြင်စွာကာကွယ်ရင်ဆိုင်ဖြေရှင်း ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ကို အခြေခံ၍ မွန်မြတ်သည့်စိတ်ထားများနှင့် တိုင်းရင်းသားပြည်သူကြားက ပေါက်ဖွားလာခဲ့သည့် မိမိတို့တပ်မတော်၏ ကောင်းမြတ်သော အတိတ်သမိုင်းကြောင်းများကို သိရှိထားပြီး အစဉ်အလာကောင်းများကို ဆက်ခံထိန်းသိမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း။

နိုင်ငံတစ်နိုင်ငံတွင် ဖြစ်စေ၊ အဖွဲ့အစည်းအသီးသီးတွင်ဖြစ်စေ ခေါင်းဆောင်များ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ခေါင်းဆောင် ကောင်းလျှင် စည်းလုံး ညီညွတ်မှုကောင်းမည်ဖြစ်ပြီးခေါင်းဆောင်မှုသည် ကောက်ရိုးမီးကဲ့သို့ လုပ်၍ မရကြောင်း၊ ကိုယ်တိုင် စံနမူနာပြဖြစ်အောင် နေထိုင်ပြီးလက်အောက်က ယုံကြည် အားကိုးရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မည်သည့်အဖွဲ့အစည်းဖြစ်စေ အုပ်ချုပ် ကွပ်ကဲသည့် ခေါင်းဆောင်များ ကောင်းမွန်မှသာ တိုးတက် မည်ဖြစ်ပြီး ခေါင်းဆောင်မှု ညံ့ဖျင်းလျှင် ဆုံးရှုံးနစ်နာသွားမည်ဖြစ်သည့်အတွက် ခေါင်းဆောင်ငယ်များ အဖြစ် တာဝန် ထမ်းဆောင်မည့် ရဲဘော်တို့သည် မိမိတို့ကွပ်ကဲအုပ်ချုပ်ရသည့် တပ်ဖွဲ့ဝင်များအပေါ် မှန်ကန်သော ခေါင်းဆောင်မှုပေးရန်လိုအပ်ကြောင်း၊ ခေါင်းဆောင်မှုဆိုသည်မှာ ခေါင်းဆောင်ကောင်း များတွင် ထားရှိရမည့် အရည်အသွေးများလည်းဖြစ်ကြောင်း၊ မိမိ ကွပ်ကဲရသည့် တပ်ဖွဲ့ဝင်များ အတွက် စံနမူနာကောင်း ဖြစ်နေရုံသာမက အခြားသူများ၏ ယုံကြည်လေးစား အားထားရသောသူများ၊ အသိအမှတ်ပြုခံရသူများဖြစ်ရန်လိုကြောင်း၊ ထို့ကြောင့် ခေါင်းဆောင်ကောင်းဆိုသည်မှာ အသိပညာ၊ အတတ်ပညာများနှင့်လည်း ပြည့်စုံရမည် ဖြစ်ကြောင်း၊ ၎င်းအသိပညာ၊ အတတ်ပညာများကို ကောင်းမွန်သော အတွေးအခေါ်များဖြင့် ပေါင်းစပ်ပြီး မှန်ကန်သည့် ခေါင်းဆောင်မှု၊ ဥပဒေနှင့် ညီညွတ်သောအမိန့်၊ မျှတသော ဆုံးဖြတ်ချက်များဖြင့် မိမိကွပ်ကဲရသည့် တပ်ဖွဲ့ကို တိုးတက် အောင်မြင်ရန် စနစ်တကျ ဦးဆောင်သွားကြရမည်ဖြစ်ကြောင်း၊ ခေါင်းဆောင်များသည် မည်သည့် အလုပ်ကိုမဆို စေတနာထား လုပ်ဆောင်နေရမည်ဖြစ်ပြီး စေတနာ ကောင်းခြင်းနှင့် သဘော ကောင်းခြင်းကို ကွဲကွဲပြားပြား နားလည်ထားရမည်ဖြစ်ကြောင်း၊ လက်အောက်ငယ်သားများ၏ ရိုသေမှု၊ လေးစားမှု၊ ယုံကြည်ကိုးစားမှုများဖြင့် သစ္စာရှိစွာ ပူးပေါင်းဆောင်ရွက်မှုတို့ကို ရယူပြီး ပေးအပ်သည့် ရည်မှန်းချက်တာဝန်များကို ပြီးမြောက်အောင်ဆောင်ရွက် နိုင်ရမည်၊ သင်ကြားပေး လိုက်သည့် စစ်ပညာများကို ထိရောက်စွာ အသုံးချနိုင်ရမည်၊ လက်အောက်ငယ်သားများ လိုက်ပါ ဆောင်ရွက်နိုင်အောင် ဦးဆောင်မှုပေးနိုင်ရမည်၊ သတ္တိဗျတ္တိနှင့် ရဲရဲရင့်ရင့် ရင်ဆိုင်ဖြေရှင်းနိုင်ရမည် ဖြစ်ကြောင်း။ ထို့ကြောင့် ခေါင်းဆောင်မှု အရည်အချင်းပြည့်ဝနေရန်အတွက် တပ်မတော်က ချမှတ်ထားသည့် ခေါင်းဆောင်မှု အင်္ဂါရပ် (၁၆)ရပ်နှင့်အညီ လိုက်နာ ကျင့်ကြံ ကြိုးစား လုပ်ဆောင်ကြရန်နှင့် မိမိကိုယ်ကို ကောင်းမွန်အောင် အမြဲတည်ဆောက် နေပြီး မိမိအဖွဲ့အစည်းက အားကိုးရသည့် ခေါင်းဆောင်ကောင်းများဖြစ်ရန် မိမိအရည် အသွေးကိုတိုးတက်အောင် ကြိုးစားလုပ်ဆောင်သွားကြရန် အလေးထားမှာကြားလိုကြောင်း။

မိမိတို့တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေရခြင်းဖြစ်ပြီး ကာကွယ်ရေးဆိုသည်မှာ ချက်ချင်းဆောင်ရွက်၍ မရဘဲ ကြိုတင်ပြင်ဆင် လေ့ကျင့်ခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စစ်တက္ကသိုလ်က စစ်ပညာနှင့် စာပေပညာများကို အခြေခံကောင်းများ ရရှိအောင် သင်ကြားပေးလိုက်ခြင်းဖြစ်ပြီး မိမိ၏ အရည်အသွေးနှင့် အရည်အချင်းများ၊ မိမိကွပ်ကဲ အုပ်ချုပ်ရသည့် တပ်ဖွဲ့ဝင်များ၏ အရည်အသွေးနှင့် အရည်အချင်းများ တိုးတက်နေရန်အတွက် စဉ်ဆက်မပြတ် လေ့ကျင့်မှုများ ဆောင်ရွက်နေကြမည်ဖြစ်ကြောင်း၊ တပ်မတော်သားများသည် ကျန်းမာကြံ့ခိုင်မှု ရှိရမည်၊ သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်မှုရှိရမည်၊ တိုက်ရဲခိုက်ရဲသည့် စိတ်နှင့် ရဲစွမ်းသတ္တိရှိရမည်ဖြစ်၍ တစ်ဦးချင်းကျွမ်းကျင်မှုအတွက် လေ့ကျင့်မှုများကို မှန်မှန် ကန်ကန် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသော စစ်အသုံး အဆောင်ပစ္စည်း၊ နည်းပညာများနှင့် ကိုက်ညီအောင် ပြောင်းလဲမှုရှိတိုင်း အသုံးပြုနိုင်ရေး လေ့ကျင့် ဆောင်ရွက်နေကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့် မိမိတို့တပ်မတော်၏ လေ့ကျင့်ရေး ဆောင်ပုဒ်နှင့်အညီ ကြိုးစား ဆောင်ရွက်သွားကြရန် မှာကြား လိုကြောင်း။

မိမိတို့တပ်မတော်သည် “စစ်စည်းကမ်းသည် တပ်မတော်၏ ကျောရိုး မဏ္ဍိုင်” ဆိုသည့်အတိုင်း စည်းကမ်းကို အခြေပြုပြီး ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ကြောင်း၊ နိုင်ငံတစ်ခုသည် စည်းကမ်း လိုက်နာမှုအားနည်းလာလျှင်၊ အကျင့်စာရိတ္တ အားနည်းလာ လျှင် ပျက်စီးမှုအမျိုးမျိုးကို ကြုံတွေ့နိုင် ကြောင်း၊ စည်းကမ်းလိုက်နာမှုသည် တိုးတက် ခိုင်မာမှုအတွက် အလွန်အရေးကြီးကြောင်း၊ တပ်မတော်သည် ယနေ့အချိန်အထိ မယိမ်းမယိုင် ရပ်တည်နေနိုင်ခြင်းသည်လည်း စစ်စည်းကမ်း ကောင်းမွန်မှုနှင့် အမိန့်နာခံတတ်မှုများကြောင့်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်သည် စည်းကမ်းကို ကျောရိုးပြု တည်ဆောက်ထားသောကြောင့် မည်သည့်အရာမဆို စည်းကမ်းနှင့်သာ လုပ်ဆောင် လျက်ရှိကြောင်း၊ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများ အသက်ဝင်စေရန် ဥပဒေများနှင့်ပါ ထိန်းကျောင်း ထားရသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်သား အားလုံးအတွက် တပ်မတော်သားကောင်းတစ်ယောက်ဖြစ်ရန် မဖြစ်မနေ လေးစားလိုက်နာရန် ပြဋ္ဌာန်းတိုက်တွန်း ထားသည့် အပါး(၆၀)သော စစ်သည်တော်ကျင့်ဝတ်များကို ခါးဝတ်ပုဆိုးပမာ မြဲမြံစွာ စောင့်ထိန်း ကြရန်လိုကြောင်း၊ သို့မှသာ တိုင်းပြည်က အားထားရပြီး ပြည်သူူက အားကိုး ရသည့် တပ်မတော် သားကောင်းများ ဖြစ်လာမည်ဖြစ်ကြောင်း၊ စည်းကမ်းကောင်းမွန်သည့် သူများသည် ပေးအပ်လာသည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်တတ်သော စိတ် ရှိသည့်အတွက် ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ထမ်းဆောင်ရမည့်သူများအနေဖြင့် မိမိကိုယ်တိုင် အသေးအဖွဲ့ စည်းကမ်းကအစ စံနမူနာပြ ဖြစ်အောင် နေထိုင်ကျင့်ကြံပြီး လက်အောက်ငယ်သားများပါ လိုက်နာမှုရှိစေရေး ကြပ်မတ်ဆောင်ရွက် သွားကြရန် အလေးအနက်ထားမှာကြားလိုကြောင်း။

တပ်မတော်သားတိုင်းသည် နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ရန်ဆိုသည့် အခြေခံ စိတ်ဓာတ်ကောင်းနှင့် မိမိတို့သဘောဆန္ဒအလျှောက် စစ်မှုထမ်းဆောင်ရန် ဝင်ရောက်လာကြသူများ ဖြစ်ကြောင်း၊ ယခုလိုကောင်းမွန်မြင့်မြတ်သည့် အခြေခံစိတ်ဓာတ်ကို ပိုမိုခိုင်မာအောင် တည်ဆောက် သွားမည်ဆိုလျှင် စစ်မှုထမ်းကာလတွင် မိမိတို့ဘဝကို မြှင့်တင်နိုင်ကြမည်ဖြစ်ကြောင်း၊ မိမိကိုယ်ကို အမြဲတိုးတက်အောင် အသိနှင့်သတိကပ်ပြီး ကြိုးစားဆောင်ရွက် နေကြရမည်ဖြစ်ကြောင်း၊ အချိန်ကို အကျိုးရှိစွာ အသုံးချပြီး မိမိ၏အကျင့်စာရိတ္တ ကောင်းမွန်နေစေရန် အသိပညာ အတတ်ပညာများ ရရှိနေစေရန် အတွက်ရသည့်အချိန်တွင် စာကောင်းပေမွန်များ ဖတ်မှတ်ခြင်းနှင့် အားကစားကို အချိန် ပေးပြီး မဖြစ်မနေဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ စာကောင်းပေမွန်များက ပေးသည့် ဗဟုသုတနှင့် အသိပညာများသည် မိမိ၏ အတွေးအခေါ်များကို ကောင်းမွန် စေမည် ဖြစ်သည့်အပြင် မိမိ၏ စိတ်ဓာတ်ကိုလည်း ခိုင်မာကောင်းမွန်စေမည်ဖြစ်သည့် အတွက် စာဖတ်သည့်အလေ့ အကျင့်ကောင်းကို အမြဲပြုစုပျိုးထောင်သွားရန် တိုက်တွန်းလိုကြောင်း၊ တိုင်းပြည်တစ်ခု ဖွံ့ဖြိုး တိုးတက်ရန်အတွက် အသိပညာအတတ်ပညာ မြင့်မားရန် လိုအပ်ပြီး အသိပညာဖြင့် အမျိုးဘာသာ သာသနာကို မြှင့်တင်နိုင်မည်ဖြစ်သကဲ့သို့ အတတ်ပညာ သင်ကြားရယူခြင်းဖြင့်လည်း မိမိဘဝကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ အသိပညာ အတတ်ပညာများကို လေ့လာဆည်းပူး နိုင်ရန်အတွက် ခန္ဓာကိုယ်ကလည်း ကျန်းမာကြံ့ခိုင်ရန်လိုကြောင်း၊ အားကစားဆောင်ရွက်ခြင်း ကြောင့် ကျန်းမာကြံ့ခိုင်မှု ၊ ဇွဲ၊ လုံ့လ၊ ဝီရိယ ကြီးမားမှုနှင့် စည်းလုံးညီညွတ်မှုတို့ကို ရရှိစေပြီး ယှဉ်ပြိုင်မှုတိုင်းတွင် အနိုင်မခံ၊ အရှုံးမပေးသည့် ခိုင်မာသော စိတ်ဓာတ်ဖြစ်ပေါ်စေခြင်းစသည့် အကျိုးကျေးဇူးများကိုလည်း ရရှိစေ နိုင်မည်ဖြစ်ကြောင်း၊ လူတိုင်းတွင် ဘဝအတွက် ရည်မှန်းချက် ကိုယ်စီရှိပြီး မိမိတို့ရည်မှန်း ချက်များကို အကောင်အထည်ဖော်ရာတွင် မိမိကိုယ်ကို ထိန်းသိမ်း နေထိုင်သွားရန်လည်း လိုအပ်ကြောင်း၊ မိမိဘဝတိုးတက်အောင်မြင်ရေးနှင့် ကျန်းမာကြံ့ခိုင်ရေးကို ထိခိုက်စေမည့် အစားအသောက်၊ အနေအထိုင်၊ အပြုအမူများကို ရှောင်ကြဉ်ကြရန်လိုအပ်ကြောင်း၊ မိမိကိုယ်ကို ၊ မိမိထမ်းဆောင်ရသည့်တာဝန်၊ မိမိဂုဏ် နှင့် မိမိတပ်မတော်ကို တန်ဖိုးထား တတ်ပြီး ဆင်ခြင်တုံတရားလက်ကိုင်ထား၍ အသိ၊ သတိနှင့် လုပ်ကိုင်ဆောင်ရွက် သွားကြရန်မှာကြား လိုကြောင်း။

မိမိတို့တပ်မတော်သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ဆိုသည့် ဒို့တာဝန်အရေး ၃ ပါးကို အမျိုးသားရေး မူဝါဒအဖြစ် ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်အတွက် အသက်ပေးတာဝန် ထမ်းဆောင်ရန် ပြိုင်တူသစ္စာဆို ထားသူများဖြစ်သည့်အတွက် ပေးအပ်လာသည့် တာဝန် များကို သစ္စာရှိရှိ ကျေပွန်စွာထမ်းဆောင် ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ထမ်းဆောင်နေသည့် တပ်မတော်အနေဖြင့် ကာကွယ်ရေးစွမ်းရည်ရရှိစေရန် အမြဲတမ်းလေ့ကျင့်ရမည်၊ အမြဲတမ်းစစ်ရေးသတိရှိရမည်၊ အမြဲတမ်း တိုက်ပွဲဝင်အသင့် ဖြစ်ရမည် ဆိုသည့် မြဲ(၃)မြဲနှင့် ပြည့်စုံနေရန်လည်းလိုအပ်ကြောင်း၊ မိမိတို့နိုင်ငံ၏ သမိုင်းကြောင်း၊ နိုင်ငံ၏ ဖြစ်တည်မှုများအရ “တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အား ရှိမည်” ဆိုသည့် စကားသည် မည်သည့်ခေတ်အခါမဆို အမြဲမှန်ကန်မှုရှိနေ မည်ဖြစ် ကြောင်း၊ ထို့ကြောင့် မိမိတို့တပ်မတော်ကို ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်ပြီး သမားရိုးကျ စစ်ပွဲများကို ဆင်နွှဲနိုင်သည့် ခေတ်မီတပ်မတော် ( Standard Army )အဖြစ် တည်ဆောက်လျက်ရှိကြောင်း၊ မိမိတို့ တပ်မတော်တွင် အဆင့်ဆင့်အမိန့်ပေးကွပ်ကဲမှုစနစ် ( Chain of Command) ကို ပီပီပြင်ပြင်နှင့် မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်မှသာ ပေးအပ်လာသော ရည်မှန်းချက်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်မည်ဖြစ်သည့်အတွက် အထက် အဆင့်ဆင့်ကချမှတ်ပေးသည့် အမိန့်နှင့် ညွှန်ကြားချက် များကို တိတိကျကျ လိုက်နာသွားကြ ရန်လိုအပ်ပြီး လက်အောက်ကိုလည်း ညွှန်ကြားချက်များအတိုင်း တိတိကျကျဆောင်ရွက် တတ်အောင် စီမံဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ မိမိတို့ တပ်မတော်သည် ပြည်သူကြားက ပေါက်ဖွားလာသည့် တိုင်းရင်းသားပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့် တစ်ခုတည်းသော တပ်မတော်ဖြစ်သည့်အတွက် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရမည့်အပြင် ပြည်သူများ၏ နေ့စဉ်လူမှုဘဝ လုံခြုံရေး ကိုပါ ဘက်ပေါင်းစုံက ကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။

ငြိမ်းချမ်းရေးဆိုသည်မှာ နိုင်ငံတိုင်း လူမျိုးတိုင်းအတွက် တန်ဖိုးဖြတ်၍ မရသည့် အရိပ်အာဝါသ တစ်မျိုးဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးဆိုသည့် အရိပ်ကောင်းရှိမှသာ တည်ငြိမ်အေးချမ်းသည့် လူ့ပတ်ဝန်းကျင်၊ သာယာနာပျော်ဖွယ်ကောင်းသည့် လူမှုဘဝ၊ ဖွံ့ဖြိုးတိုးတက်သည့် အခြေခံ အဆောက်အဦများကို ဖန်တီးတည်ဆောက်နိုင်ကြမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် နိုင်ငံ တစ်နိုင်ငံအတွက် လိုအပ်သည့် အရင်းအမြစ်ကောင်း များ ပေါကြွယ်ဝသည့် နိုင်ငံဖြစ်သော်လည်း ငြိမ်းချမ်းရေးအရင်းအမြစ်ကောင်းများ လိုအပ်နေဆဲဖြစ်သည်မှာ အားလုံးလက်ခံရမည့် ပကတိ အရှိတရားဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူလူထုများ၏ အကျိုးစီးပွားတစ်ခုတည်း ကိုသာ ရှေးရှုပြီး ခေတ်အဆက်ဆက် တောက်လောင်ခဲ့ရသည့် လက်နက်ကိုင်ပဋိပက္ခကို အပြီးတိုင် ငြှိမ်းသတ်ပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော၊ စည်းလုံးညီညွတ်သော နိုင်ငံတော်အသစ်ကို ပြည်သူ့ ဆန္ဒနှင့်အညီ တည်ဆောက်သွားကြရမည် ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် တဒင်္ဂငြိမ်းချမ်းရေး၊ တဒင်္ဂပြဿနာများ ပြေငြိမ်းရေးကိုသာ ဦးတည် ဆောင်ရွက်နေခြင်းမဟုတ်ဘဲ ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း NCA လမ်းကြောင်းအတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ NCA စာချုပ်သည် လက်နက်ကိုင်လမ်းစဉ်မှသည် ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးမှသည် ဖက်ဒရယ်စနစ်ကို အခြေခံသည့် စစ်မှန်သော ဒီမိုကရေစီ ပြည်ထောင်စုဖြစ်စေရန် လမ်းခင်းပေးထားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် NCA အပေါ်တွင်သာ ရပ်တည်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ခိုင်ခိုင်မာမာ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ဖြင့် လျှောက်လှမ်းနေခြင်း ပင်ဖြစ်ကြောင်း၊ ဒီမိုကရေစီဆိုသည်မှာ ပြည်သူကို ဗဟိုပြုခြင်းဖြစ်ကြောင်း၊ ပြည်သူအားလုံး၊ နိုင်ငံသူနိုင်ငံသားအားလုံးပါဝင်ပြီး နိုင်ငံတော်ကို တည်ဆောက် ခြင်းဖြစ်ကြောင်း၊ ဖက်ဒရယ်စနစ်နှင့် ပတ်သက်ပြီး မိမိတို့လိုရာကို အဓိပ္ပာယ်အမျိုးမျိုး၊ စံနှုန်းအမျိုးမျိုးဖြင့် ဖွင့်ဆိုနေကြသည်ကို တွေ့ရှိရကြောင်း၊ ဖက်ဒရယ်ဆိုသည်မှာ ပေါင်းစည်းခြင်းနှင့် သဟဇာတဖြစ်ခြင်းဆိုသည်ကို သိရှိထားရမည်ဖြစ်ကြောင်း။ တပ်မတော်အနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များပြီးမြောက်ရေး၊ တိုင်ရင်းသားပြည်သူလူထုက လိုလားတောင့်တနေသည့် ထာဝရငြိမ်းချမ်းရေးကို ပြည်သူ့လက်သို့ အရောက် ပေးအပ်နိုင်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိသည် ဆိုသည်ကို ပြောကြားလိုကြောင်း။

ဆက်လက်၍ တပ်မတော်နှင့် အမိစစ်တက္ကသိုလ်၏ ကောင်းမြတ်သည့် အစဉ်အလာများကို စောင့်ထိန်းပြီး တာဝန်ကျေပွန်သည့် ယုံကြည်အားထားရသည့် အရာရှိကောင်းများဖြစ်လာရန် ကြိုပမ်းဆောင်ရွက်သွားကြရန်၊ အမိတက္ကသိုလ်တွင် လေ့လာဆည်းပူးခဲ့သည့် ပညာရပ်များကို အခြေခံပြီး ခေတ်နှင့်အညီ ပြောင်းလဲနေသော စစ်နည်းဗျူဟာ၊ အတတ်ပညာ၊ အသိပညာများကို စဉ်ဆက်မပြတ်လေ့လာကြရန်၊ တပ်မတော်၏ ကောင်းမွန်သော အစဉ်အလာများကို စောင့်ထိန်းပြီး ခေါင်းဆောင်မှုအင်္ဂါရပ်(၁၆)ရပ်နှင့် အညီ ခေါင်းဆောင်မှုအရည်အသွေးပြည့်ဝစွာဖြင့် မိမိကွပ်ကဲ အုပ်ချုပ်ရသည့် လက်အောက်ကို စည်းလုံးညီညွတ်ပြီး စွမ်းရည်ရှိအောင် ကွပ်ကဲကြရန်၊ တပ်တွင်း စည်းရုံးရေးသာမက၊ တပ်ပြင်စည်းရုံးရေးကိုပါ ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ ကြိုးစားဆောင်ရွက်ခြင်းဖြင့် တပ်မတော်၏ဂုဏ်ကို ထွန်းတောက်အောင် ဆောင်ရွက်ကြရန်နှင့် အမျိုးသားရေး တာဝန်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို အစဉ်ကာကွယ်ထိန်းသိမ်းပြီး အနာဂတ် ကာလတွင် နိုင်ငံတော်နှင့် တပ်မတော်အတွက် အားကိုးရသည့် ခေါင်းဆောင်ကောင်းများ ဖြစ်ရန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် သည် ဗိုလ်လောင်းတပ်ရင်းများ၏ အလေးပြုခြင်းကို ခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။

စစ်ရေးပြအခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူုးကြီး မဟာသရေ စည်သူ မင်းအောင်လှိုင်သည် စစ်တက္ကသိုလ်ကျောင်းဌာနချုပ်၊ ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်း ၅ ဦးနှင့် ၎င်းတို့၏မိဘများအား တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။

ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယခုကဲ့သို့ ထူးချွန်ဆုများရရှိကြသည့် အတွက် မိဘများနှင့် ထပ်တူထပ်မျှ ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ တပ်မတော်သားများသည် ပြည်သူများက ပေါက်ဖွား လာသည့် သားသမီးများပင်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်၏တာဝန်ဖြစ်သော နိုင်ငံတော်ကို ကာကွယ်ရေးတွင် ပြည်သူလူထု၏ အကျိုးစီးပွားကို ဖော်ဆောင်ရန်နှင့် ကာကွယ်စောင့်ရှောက်ရန် အတွက်လည်း တာဝန်ရှိကြောင်း၊ လူလားမြောက်အောင် ကျွေးမွေးပြုစုစောင့်ရှောက်ပေးခဲ့သည့် မိဘများ၏ ကျေးဇူးကိုသိတတ်ရန်နှင့် ကျေးဇူးဆပ်ရန်လိုအပ်သကဲ့သို့ ဒုတိယမိခင်ဖြစ်သည့် စစ်တက္ကသိုလ်နှင့်တပ်မတော်အပေါ်တွင်လည်း ကျေးဇူးသစ္စာ စောင့်သိရမည်ဖြစ်ကြောင်း၊ မိမိတို့၏ ရည်မှန်းချက်များ အောင်မြင်ရေး၊ မိသားစုများ၏ ရည်မှန်းချက်မပျောက်စေရေးအတွက် မိမိကိုယ်ကို ထိန်းသိမ်းပြီး ဆက်လက်ကြိုးစား သွားကြရမည်ဖြစ်ကြောင်း၊ မိမိစိတ်ကိုအလိုမလိုက်ဘဲ သွားသင့်သည့်နေရာကိုသာ သွားရန်၊ ပေါင်းသင့်သည့် သူကိုသာပေါင်းရန်၊ လုပ်သင့်သည့် အလုပ်ကိုသာ လုပ်ရန်နှင့် ပြောသင့်သည်ကိုသာပြောရန် ဟူသော သင့် ၄ သင့်ကို လိုက်နာရန် လိုကြောင်းဖြင့် မှာကြားခဲ့သည်။

(Zawgyi Version)

ႏိုင္ငံတစ္ႏိုင္ငံတြင္ျဖစ္ေစ၊ အဖြဲ႕အစည္းအသီးသီးတြင္ျဖစ္ေစ ေခါင္းေဆာင္မ်ား၏ အခန္းက႑ သည္ အလြန္အေရးႀကီးသျဖင့္ မွန္ကန္သည့္ ေခါင္းေဆာင္မႈ၊ ဥပေဒႏွင့္ ညီၫြတ္ေသာအမိန႔္၊ မွ်တေသာ ဆုံးျဖတ္ခ်က္မ်ားျဖင့္ မိမိကြပ္ကဲရသည့္တပ္ဖြဲ႕ကို တိုးတက္ေအာင္ျမင္ရန္ စနစ္တက် ဦးေဆာင္ သြားၾကရမည္ျဖစ္

ေနျပည္ေတာ္ ၊ ဒီဇင္ဘာ – ၆

ႏိုင္ငံတစ္ႏိုင္ငံတြင္ ျဖစ္ေစ၊ အဖြဲ႕အစည္းအသီးသီးတြင္ျဖစ္ေစ ေခါင္းေဆာင္ မ်ား၏ အခန္း က႑သည္အလြန္အေရးႀကီးသည္ကို ေတြ႕ရွိရမည္ျဖစ္ေၾကာင္း၊ မည္သည့္ အဖြဲ႕အစည္းျဖစ္ေစ အုပ္ခ်ဳပ္ကြပ္ကဲသည့္ ေခါင္းေဆာင္မ်ား ေကာင္းမြန္မွသာ တိုးတက္ မည္ျဖစ္ၿပီး ေခါင္းေဆာင္မႈ ညံ့ဖ်င္းလွ်င္ ဆုံးရႈံးနစ္နာသြားမည္ျဖစ္သည့္အတြက္ ေခါင္းေဆာင္ငယ္မ်ားအျဖစ္ တာဝန္ ထမ္းေဆာင္မည့္ ရဲေဘာ္တို႔သည္ မိမိတို႔ကြပ္ကဲ အုပ္ခ်ဳပ္ရသည့္ တပ္ဖြဲ႕ဝင္မ်ားအေပၚ မွန္ကန္ေသာ ေခါင္းေဆာင္မႈေပးရန္ လိုအပ္ေၾကာင္း၊ ေခါင္းေဆာင္မႈဆိုသည္မွာ ေခါင္းေဆာင္ေကာင္းမ်ားတြင္ ထားရွိရမည့္ အရည္အေသြးမ်ားလည္းျဖစ္ေၾကာင္း၊ မွန္ကန္သည့္ေခါင္းေဆာင္မႈ၊ ဥပေဒႏွင့္ ညီၫြတ္ေသာအမိန႔္၊ မွ်တေသာဆုံးျဖတ္ခ်က္မ်ားျဖင့္ မိမိကြပ္ကဲရသည့္ တပ္ဖြဲ႕ကို တိုးတက္ ေအာင္ျမင္ရန္ စနစ္တက်ဦးေဆာင္သြားၾကရမည္ျဖစ္ေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္က ယေန႔နံနက္ပိုင္းတြင္ ျပင္ဦးလြင္ၿမိဳ႕၊ စစ္တကၠသိုလ္ စစ္ေရးျပကြင္း၌ က်င္းပျပဳလုပ္ေသာ စစ္တကၠသိုလ္ ဗိုလ္ေလာင္းသင္တန္း အမွတ္စဥ္ (၆၁) သင္တန္းဆင္းဂုဏ္ျပဳစစ္ေရးျပ အခမ္းအနားသို႔ တက္ေရာက္မိန႔္ခြန္း ေျပာၾကားစဥ္ ထည့္သြင္း ေျပာၾကားသည္။

အဆိုပါအခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွ၊ ျပည္ထဲေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး သီရိပ်ံခ်ီေက်ာ္ေဆြႏွင့္ ဇနီး၊ ကာကြယ္ေရး ဝန္ႀကီးဌာနျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ စိန္ဝင္းႏွင့္ ဇနီး၊ နယ္စပ္ ေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး သီရိပ်ံခ်ီ ရဲေအာင္ႏွင့္ဇနီး၊ ညႇိႏႈိင္း ကြပ္ကဲေရးမႉး(ၾကည္း၊ ေရ၊ ေလ) ဗိုလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ ျမထြန္းဦးႏွင့္ဇနီး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ တင္ေအာင္စန္း ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ ေမာင္ေမာင္ေက်ာ္ႏွင့္ဇနီး၊ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ဇနီးမ်ား၊ တိုင္းမႉးမ်ား၊ စစ္တကၠသိုလ္ေက်ာင္းအုပ္ႀကီးႏွင့္ ျပင္ဦးလြင္တပ္နယ္မွ အရာရွိႀကီးမ်ား၊ ျပည္ေထာင္စု သမၼတျမန္မာႏိုင္ငံေတာ္ဆိုင္ရာ ႏိုင္ငံျခားစစ္သံ႐ုံးမ်ားမွ စစ္သံမႉးမ်ား၊ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ားႏွင့္ သင္တန္းဆင္းဗိုလ္ေလာင္းမ်ား၏ မိဘေဆြမ်ိဳးမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္က ဗိုလ္ေလာင္းတပ္ရင္းမ်ား၏ အေလးျပဳျခင္းကိုခံယူၿပီး ေက်ာင္းဆင္း ဗိုလ္ေလာင္းတပ္ရင္းမ်ားကို စစ္ေဆးသည္။ ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္အား ဗိုလ္ေလာင္းတပ္ရင္းမ်ားက အေႏွးေလွ်ာက္၊ အျမန္ေလွ်ာက္တို႔ျဖင့္ ခ်ီတက္ အေလးျပဳၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က စစ္တကၠသိုလ္ဗိုလ္ေလာင္း သင္တန္း အမွတ္စဥ္(၆၁)မွ ေအာင္စစ္သည္ဆုရရွိသူ ဗိုလ္ေလာင္းအမွတ္ ၃၂၉၂၃၊ ဗိုလ္ေလာင္း ျပည့္ၿဖိဳးလႈိင္၊ ေလ့က်င့္ေရးထူးခြၽန္ဆုရရွိသူ ဗိုလ္ေလာင္းအမွတ္ ၃၂၆၇၇၊ ဗိုလ္ေလာင္း စိုးထက္ျမတ္ေက်ာ္၊ စာေပထူးခြၽန္ဆု(ဝိဇၨာ)ရရွိသူ ဗိုလ္ေလာင္းအမွတ္ ၃၂၈၇၈၊ ဗိုလ္ေလာင္း ၿဖိဳးမင္းေက်ာ္၊ စာေပထူးခြၽန္ဆု(သိပၸံ)ရရွိသူ ဗိုလ္ေလာင္းအမွတ္ ၃၃၃၉၁၊ ဗိုလ္ေလာင္း ေအာင္ၿဖိဳးေက်ာ္၊ စာေပထူးခြၽန္ဆု(ကြန္ပ်ဴတာ) ရရွိသူ ဗိုလ္ေလာင္း အမွတ္ ၃၂၉၂၉၊ ဗိုလ္ေလာင္း ျပည့္မိုးလွ်ံတို႔အား ဆုမ်ားအသီးသီး ေပးအပ္ခ်ီးျမႇင့္သည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က သင္တန္းဆင္းဗိုလ္ေလာင္းမ်ားအား မိန႔္ခြန္း ေျပာၾကားရာတြင္ တပ္မေတာ္(ၾကည္း၊ ေရ၊ေလ)အတြက္ လိုအပ္သည့္ လက္႐ုံးရည္၊ ႏွလုံးရည္ ျပည့္ဝသည့္ အရာရွိေကာင္းမ်ား ေမြးထုတ္ေပးရန္ဆိုသည့္ စစ္တကၠသိုလ္၏ ရည္မွန္းခ်က္အတိုင္း တပ္မေတာ္၏ ေခါင္းေဆာင္ငယ္မ်ားအျဖစ္ အမိစစ္တကၠသိုလ္ႀကီးက ေလ့က်င့္ေမြးထုတ္ ေပးခဲ့ၿပီးျဖစ္ေၾကာင္း၊ ယခုလို ေကာင္းမြန္ သည့္ ရည္႐ြယ္ခ်က္ႏွင့္ေမြးဖြားလာခဲ့သည့္ ရဲေဘာ္တို႔သည္ အမိစစ္တကၠသိုလ္၏ သမိုင္းအစဥ္အလာမ်ားကို ေစာင့္ထိန္းၿပီး လက္႐ုံးရည္၊ ႏွလုံးရည္ ျပည့္ဝသည့္ ေခါင္းေဆာင္ေကာင္းအရာရွိမ်ားအျဖစ္ တပ္မေတာ္(ၾကည္း၊ေရ၊ ေလ) တပ္အသီးသီးတြင္ ေပးအပ္ လာေသာတာဝန္မ်ားကိုေက်ပြန္စြာ ထမ္းေဆာင္သြားၾကရမည္ျဖစ္ေၾကာင္း။

တပ္မေတာ္သည္ ႏိုင္ငံေတာ္ႏွင့္ ျပည္သူမ်ားအတြက္ နယ္ခ်ဲ႕ဆန႔္က်င္ေရး၊ ဖက္ဆစ္ ေတာ္လွန္ေရးမွ တစ္ဆင့္ လြတ္လပ္ေရးရသည့္အထိ တိုင္းရင္းသားျပည္သူမ်ားႏွင့္အတူ တိုက္ပြဲဝင္ခဲ့သည့္ေန႔ လာမည့္ ၂၀၂၀ ျပည့္ႏွစ္၊ မတ္လ ၂၇ ရက္တြင္ ၇၅ ႏွစ္ေျမာက္ စိန္ရတုကာလသို႔ ေရာက္ရွိၿပီ ျဖစ္ေၾကာင္း၊ မိမိတို႔တပ္မေတာ္အေနျဖင့္ လြတ္လပ္ေရး ႀကိဳးပမ္းမႈကာလမွစ၍ အစိုးရ အဆက္ဆက္ႏွင့္ စနစ္အမ်ိဳးမ်ိဳးကို ျဖတ္သန္းခဲ့ၿပီး ႏိုင္ငံေတာ္၏ ျပည္တြင္းျပည္ပ အႏၲရာယ္ အမ်ိဳးမ်ိဳးကို တိုင္းရင္းသားျပည္သူမ်ားႏွင့္ လက္တြဲကာ ေအာင္ျမင္စြာကာကြယ္ရင္ဆိုင္ေျဖရွင္း ေဆာင္႐ြက္ႏိုင္ခဲ့ေၾကာင္း၊ မ်ိဳးခ်စ္စိတ္၊ ႏိုင္ငံခ်စ္စိတ္ကို အေျခခံ၍ မြန္ျမတ္သည့္စိတ္ထားမ်ားႏွင့္ တိုင္းရင္းသားျပည္သူၾကားက ေပါက္ဖြားလာခဲ့သည့္ မိမိတို႔တပ္မေတာ္၏ ေကာင္းျမတ္ေသာ အတိတ္သမိုင္းေၾကာင္းမ်ားကို သိရွိထားၿပီး အစဥ္အလာေကာင္းမ်ားကို ဆက္ခံထိန္းသိမ္း ေဆာင္႐ြက္သြားၾကရန္လိုေၾကာင္း။

ႏိုင္ငံတစ္ႏိုင္ငံတြင္ ျဖစ္ေစ၊ အဖြဲ႕အစည္းအသီးသီးတြင္ျဖစ္ေစ ေခါင္းေဆာင္မ်ား၏ အခန္းက႑သည္ အလြန္အေရးႀကီးသည္ကို ေတြ႕ရွိရမည္ျဖစ္ေၾကာင္း၊ ေခါင္းေဆာင္ ေကာင္းလွ်င္ စည္းလုံး ညီၫြတ္မႈေကာင္းမည္ျဖစ္ၿပီးေခါင္းေဆာင္မႈသည္ ေကာက္႐ိုးမီးကဲ့သို႔ လုပ္၍ မရေၾကာင္း၊ ကိုယ္တိုင္ စံနမူနာျပျဖစ္ေအာင္ ေနထိုင္ၿပီးလက္ေအာက္က ယုံၾကည္ အားကိုးရန္ ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ မည္သည့္အဖြဲ႕အစည္းျဖစ္ေစ အုပ္ခ်ဳပ္ ကြပ္ကဲသည့္ ေခါင္းေဆာင္မ်ား ေကာင္းမြန္မွသာ တိုးတက္ မည္ျဖစ္ၿပီး ေခါင္းေဆာင္မႈ ညံ့ဖ်င္းလွ်င္ ဆုံးရႈံးနစ္နာသြားမည္ျဖစ္သည့္အတြက္ ေခါင္းေဆာင္ငယ္မ်ား အျဖစ္ တာဝန္ ထမ္းေဆာင္မည့္ ရဲေဘာ္တို႔သည္ မိမိတို႔ကြပ္ကဲအုပ္ခ်ဳပ္ရသည့္ တပ္ဖြဲ႕ဝင္မ်ားအေပၚ မွန္ကန္ေသာ ေခါင္းေဆာင္မႈေပးရန္လိုအပ္ေၾကာင္း၊ ေခါင္းေဆာင္မႈဆိုသည္မွာ ေခါင္းေဆာင္ေကာင္း မ်ားတြင္ ထားရွိရမည့္ အရည္အေသြးမ်ားလည္းျဖစ္ေၾကာင္း၊ မိမိ ကြပ္ကဲရသည့္ တပ္ဖြဲ႕ဝင္မ်ား အတြက္ စံနမူနာေကာင္း ျဖစ္ေန႐ုံသာမက အျခားသူမ်ား၏ ယုံၾကည္ေလးစား အားထားရေသာသူမ်ား၊ အသိအမွတ္ျပဳခံရသူမ်ားျဖစ္ရန္လိုေၾကာင္း၊ ထို႔ေၾကာင့္ ေခါင္းေဆာင္ေကာင္းဆိုသည္မွာ အသိပညာ၊ အတတ္ပညာမ်ားႏွင့္လည္း ျပည့္စုံရမည္ ျဖစ္ေၾကာင္း၊ ၎အသိပညာ၊ အတတ္ပညာမ်ားကို ေကာင္းမြန္ေသာ အေတြးအေခၚမ်ားျဖင့္ ေပါင္းစပ္ၿပီး မွန္ကန္သည့္ ေခါင္းေဆာင္မႈ၊ ဥပေဒႏွင့္ ညီၫြတ္ေသာအမိန႔္၊ မွ်တေသာ ဆုံးျဖတ္ခ်က္မ်ားျဖင့္ မိမိကြပ္ကဲရသည့္ တပ္ဖြဲ႕ကို တိုးတက္ ေအာင္ျမင္ရန္ စနစ္တက် ဦးေဆာင္သြားၾကရမည္ျဖစ္ေၾကာင္း၊ ေခါင္းေဆာင္မ်ားသည္ မည္သည့္ အလုပ္ကိုမဆို ေစတနာထား လုပ္ေဆာင္ေနရမည္ျဖစ္ၿပီး ေစတနာ ေကာင္းျခင္းႏွင့္ သေဘာ ေကာင္းျခင္းကို ကြဲကြဲျပားျပား နားလည္ထားရမည္ျဖစ္ေၾကာင္း၊ လက္ေအာက္ငယ္သားမ်ား၏ ႐ိုေသမႈ၊ ေလးစားမႈ၊ ယုံၾကည္ကိုးစားမႈမ်ားျဖင့္ သစၥာရွိစြာ ပူးေပါင္းေဆာင္႐ြက္မႈတို႔ကို ရယူၿပီး ေပးအပ္သည့္ ရည္မွန္းခ်က္တာဝန္မ်ားကို ၿပီးေျမာက္ေအာင္ေဆာင္႐ြက္ ႏိုင္ရမည္၊ သင္ၾကားေပး လိုက္သည့္ စစ္ပညာမ်ားကို ထိေရာက္စြာ အသုံးခ်ႏိုင္ရမည္၊ လက္ေအာက္ငယ္သားမ်ား လိုက္ပါ ေဆာင္႐ြက္ႏိုင္ေအာင္ ဦးေဆာင္မႈေပးႏိုင္ရမည္၊ သတၱိဗ်တၱိႏွင့္ ရဲရဲရင့္ရင့္ ရင္ဆိုင္ေျဖရွင္းႏိုင္ရမည္ ျဖစ္ေၾကာင္း။ ထို႔ေၾကာင့္ ေခါင္းေဆာင္မႈ အရည္အခ်င္းျပည့္ဝေနရန္အတြက္ တပ္မေတာ္က ခ်မွတ္ထားသည့္ ေခါင္းေဆာင္မႈ အဂၤါရပ္ (၁၆)ရပ္ႏွင့္အညီ လိုက္နာ က်င့္ႀကံ ႀကိဳးစား လုပ္ေဆာင္ၾကရန္ႏွင့္ မိမိကိုယ္ကို ေကာင္းမြန္ေအာင္ အၿမဲတည္ေဆာက္ ေနၿပီး မိမိအဖြဲ႕အစည္းက အားကိုးရသည့္ ေခါင္းေဆာင္ေကာင္းမ်ားျဖစ္ရန္ မိမိအရည္ အေသြးကိုတိုးတက္ေအာင္ ႀကိဳးစားလုပ္ေဆာင္သြားၾကရန္ အေလးထားမွာၾကားလိုေၾကာင္း။

မိမိတို႔တပ္မေတာ္သည္ ႏိုင္ငံေတာ္ ကာကြယ္ေရးတာဝန္မ်ားကို ထမ္းေဆာင္ေနရျခင္းျဖစ္ၿပီး ကာကြယ္ေရးဆိုသည္မွာ ခ်က္ခ်င္းေဆာင္႐ြက္၍ မရဘဲ ႀကိဳတင္ျပင္ဆင္ ေလ့က်င့္ျခင္းမ်ားကို ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ စစ္တကၠသိုလ္က စစ္ပညာႏွင့္ စာေပပညာမ်ားကို အေျခခံေကာင္းမ်ား ရရွိေအာင္ သင္ၾကားေပးလိုက္ျခင္းျဖစ္ၿပီး မိမိ၏ အရည္အေသြးႏွင့္ အရည္အခ်င္းမ်ား၊ မိမိကြပ္ကဲ အုပ္ခ်ဳပ္ရသည့္ တပ္ဖြဲ႕ဝင္မ်ား၏ အရည္အေသြးႏွင့္ အရည္အခ်င္းမ်ား တိုးတက္ေနရန္အတြက္ စဥ္ဆက္မျပတ္ ေလ့က်င့္မႈမ်ား ေဆာင္႐ြက္ေနၾကမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္သားမ်ားသည္ က်န္းမာႀကံ့ခိုင္မႈ ရွိရမည္၊ သက္ဆိုင္ရာက႑အလိုက္ ကြၽမ္းက်င္မႈရွိရမည္၊ တိုက္ရဲခိုက္ရဲသည့္ စိတ္ႏွင့္ ရဲစြမ္းသတၱိရွိရမည္ျဖစ္၍ တစ္ဦးခ်င္းကြၽမ္းက်င္မႈအတြက္ ေလ့က်င့္မႈမ်ားကို မွန္မွန္ ကန္ကန္ ေဆာင္႐ြက္သြားၾကရန္လိုေၾကာင္း၊ ေခတ္ႏွင့္အညီ ေျပာင္းလဲတိုးတက္ေနေသာ စစ္အသုံး အေဆာင္ပစၥည္း၊ နည္းပညာမ်ားႏွင့္ ကိုက္ညီေအာင္ ေျပာင္းလဲမႈရွိတိုင္း အသုံးျပဳႏိုင္ေရး ေလ့က်င့္ ေဆာင္႐ြက္ေနၾကရမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ “ေလ့လာ၊ ေလ့က်င့္၊ လိုက္နာ” ဆိုသည့္ မိမိတို႔တပ္မေတာ္၏ ေလ့က်င့္ေရး ေဆာင္ပုဒ္ႏွင့္အညီ ႀကိဳးစား ေဆာင္႐ြက္သြားၾကရန္ မွာၾကား လိုေၾကာင္း။

မိမိတို႔တပ္မေတာ္သည္ “စစ္စည္းကမ္းသည္ တပ္မေတာ္၏ ေက်ာ႐ိုး မ႑ိဳင္” ဆိုသည့္အတိုင္း စည္းကမ္းကို အေျချပဳၿပီး ဖြဲ႕စည္းထားေသာ အဖြဲ႕အစည္းျဖစ္ေၾကာင္း၊ ႏိုင္ငံတစ္ခုသည္ စည္းကမ္း လိုက္နာမႈအားနည္းလာလွ်င္၊ အက်င့္စာရိတၱ အားနည္းလာ လွ်င္ ပ်က္စီးမႈအမ်ိဳးမ်ိဳးကို ႀကဳံေတြ႕ႏိုင္ ေၾကာင္း၊ စည္းကမ္းလိုက္နာမႈသည္ တိုးတက္ ခိုင္မာမႈအတြက္ အလြန္အေရးႀကီးေၾကာင္း၊ တပ္မေတာ္သည္ ယေန႔အခ်ိန္အထိ မယိမ္းမယိုင္ ရပ္တည္ေနႏိုင္ျခင္းသည္လည္း စစ္စည္းကမ္း ေကာင္းမြန္မႈႏွင့္ အမိန႔္နာခံတတ္မႈမ်ားေၾကာင့္ျဖစ္ေၾကာင္း၊ မိမိတို႔တပ္မေတာ္သည္ စည္းကမ္းကို ေက်ာ႐ိုးျပဳ တည္ေဆာက္ထားေသာေၾကာင့္ မည္သည့္အရာမဆို စည္းကမ္းႏွင့္သာ လုပ္ေဆာင္ လ်က္ရွိေၾကာင္း၊ ထုတ္ျပန္ထားသည့္ စည္းမ်ဥ္းစည္းကမ္းမ်ား အသက္ဝင္ေစရန္ ဥပေဒမ်ားႏွင့္ပါ ထိန္းေက်ာင္း ထားရသည္ကို ေတြ႕ရမည္ျဖစ္ေၾကာင္း၊ မိမိတို႔တပ္မေတာ္သား အားလုံးအတြက္ တပ္မေတာ္သားေကာင္းတစ္ေယာက္ျဖစ္ရန္ မျဖစ္မေန ေလးစားလိုက္နာရန္ ျပ႒ာန္းတိုက္တြန္း ထားသည့္ အပါး(၆၀)ေသာ စစ္သည္ေတာ္က်င့္ဝတ္မ်ားကို ခါးဝတ္ပုဆိုးပမာ ၿမဲၿမံစြာ ေစာင့္ထိန္း ၾကရန္လိုေၾကာင္း၊ သို႔မွသာ တိုင္းျပည္က အားထားရၿပီး ျပည္သူူက အားကိုး ရသည့္ တပ္မေတာ္ သားေကာင္းမ်ား ျဖစ္လာမည္ျဖစ္ေၾကာင္း၊ စည္းကမ္းေကာင္းမြန္သည့္ သူမ်ားသည္ ေပးအပ္လာသည့္ တာဝန္မ်ားကို ေက်ပြန္စြာထမ္းေဆာင္တတ္ေသာ စိတ္ ရွိသည့္အတြက္ ေခါင္းေဆာင္ငယ္မ်ားအျဖစ္ တာဝန္ထမ္းေဆာင္ရမည့္သူမ်ားအေနျဖင့္ မိမိကိုယ္တိုင္ အေသးအဖြဲ႕ စည္းကမ္းကအစ စံနမူနာျပ ျဖစ္ေအာင္ ေနထိုင္က်င့္ႀကံၿပီး လက္ေအာက္ငယ္သားမ်ားပါ လိုက္နာမႈရွိေစေရး ၾကပ္မတ္ေဆာင္႐ြက္ သြားၾကရန္ အေလးအနက္ထားမွာၾကားလိုေၾကာင္း။

တပ္မေတာ္သားတိုင္းသည္ ႏိုင္ငံေတာ္ကာကြယ္ေရးတာဝန္ ထမ္းေဆာင္ရန္ဆိုသည့္ အေျခခံ စိတ္ဓာတ္ေကာင္းႏွင့္ မိမိတို႔သေဘာဆႏၵအေလွ်ာက္ စစ္မႈထမ္းေဆာင္ရန္ ဝင္ေရာက္လာၾကသူမ်ား ျဖစ္ေၾကာင္း၊ ယခုလိုေကာင္းမြန္ျမင့္ျမတ္သည့္ အေျခခံစိတ္ဓာတ္ကို ပိုမိုခိုင္မာေအာင္ တည္ေဆာက္ သြားမည္ဆိုလွ်င္ စစ္မႈထမ္းကာလတြင္ မိမိတို႔ဘဝကို ျမႇင့္တင္ႏိုင္ၾကမည္ျဖစ္ေၾကာင္း၊ မိမိကိုယ္ကို အၿမဲတိုးတက္ေအာင္ အသိႏွင့္သတိကပ္ၿပီး ႀကိဳးစားေဆာင္႐ြက္ ေနၾကရမည္ျဖစ္ေၾကာင္း၊ အခ်ိန္ကို အက်ိဳးရွိစြာ အသုံးခ်ၿပီး မိမိ၏အက်င့္စာရိတၱ ေကာင္းမြန္ေနေစရန္ အသိပညာ အတတ္ပညာမ်ား ရရွိေနေစရန္ အတြက္ရသည့္အခ်ိန္တြင္ စာေကာင္းေပမြန္မ်ား ဖတ္မွတ္ျခင္းႏွင့္ အားကစားကို အခ်ိန္ ေပးၿပီး မျဖစ္မေနေဆာင္႐ြက္ေနရမည္ျဖစ္ေၾကာင္း၊ စာေကာင္းေပမြန္မ်ားက ေပးသည့္ ဗဟုသုတႏွင့္ အသိပညာမ်ားသည္ မိမိ၏ အေတြးအေခၚမ်ားကို ေကာင္းမြန္ ေစမည္ ျဖစ္သည့္အျပင္ မိမိ၏ စိတ္ဓာတ္ကိုလည္း ခိုင္မာေကာင္းမြန္ေစမည္ျဖစ္သည့္ အတြက္ စာဖတ္သည့္အေလ့ အက်င့္ေကာင္းကို အၿမဲျပဳစုပ်ိဳးေထာင္သြားရန္ တိုက္တြန္းလိုေၾကာင္း၊ တိုင္းျပည္တစ္ခု ဖြံ႕ၿဖိဳး တိုးတက္ရန္အတြက္ အသိပညာအတတ္ပညာ ျမင့္မားရန္ လိုအပ္ၿပီး အသိပညာျဖင့္ အမ်ိဳးဘာသာ သာသနာကို ျမႇင့္တင္ႏိုင္မည္ျဖစ္သကဲ့သို႔ အတတ္ပညာ သင္ၾကားရယူျခင္းျဖင့္လည္း မိမိဘဝကို ျမႇင့္တင္ႏိုင္မည္ျဖစ္ေၾကာင္း၊ ယခုကဲ့သို႔ အသိပညာ အတတ္ပညာမ်ားကို ေလ့လာဆည္းပူး ႏိုင္ရန္အတြက္ ခႏၶာကိုယ္ကလည္း က်န္းမာႀကံ့ခိုင္ရန္လိုေၾကာင္း၊ အားကစားေဆာင္႐ြက္ျခင္း ေၾကာင့္ က်န္းမာႀကံ့ခိုင္မႈ ၊ ဇြဲ၊ လုံ႔လ၊ ဝီရိယ ႀကီးမားမႈႏွင့္ စည္းလုံးညီၫြတ္မႈတို႔ကို ရရွိေစၿပီး ယွဥ္ၿပိဳင္မႈတိုင္းတြင္ အႏိုင္မခံ၊ အရႈံးမေပးသည့္ ခိုင္မာေသာ စိတ္ဓာတ္ျဖစ္ေပၚေစျခင္းစသည့္ အက်ိဳးေက်းဇူးမ်ားကိုလည္း ရရွိေစ ႏိုင္မည္ျဖစ္ေၾကာင္း၊ လူတိုင္းတြင္ ဘဝအတြက္ ရည္မွန္းခ်က္ ကိုယ္စီရွိၿပီး မိမိတို႔ရည္မွန္း ခ်က္မ်ားကို အေကာင္အထည္ေဖာ္ရာတြင္ မိမိကိုယ္ကို ထိန္းသိမ္း ေနထိုင္သြားရန္လည္း လိုအပ္ေၾကာင္း၊ မိမိဘဝတိုးတက္ေအာင္ျမင္ေရးႏွင့္ က်န္းမာႀကံ့ခိုင္ေရးကို ထိခိုက္ေစမည့္ အစားအေသာက္၊ အေနအထိုင္၊ အျပဳအမူမ်ားကို ေရွာင္ၾကဥ္ၾကရန္လိုအပ္ေၾကာင္း၊ မိမိကိုယ္ကို ၊ မိမိထမ္းေဆာင္ရသည့္တာဝန္၊ မိမိဂုဏ္ ႏွင့္ မိမိတပ္မေတာ္ကို တန္ဖိုးထား တတ္ၿပီး ဆင္ျခင္တုံတရားလက္ကိုင္ထား၍ အသိ၊ သတိႏွင့္ လုပ္ကိုင္ေဆာင္႐ြက္ သြားၾကရန္မွာၾကား လိုေၾကာင္း။

မိမိတို႔တပ္မေတာ္သည္ ျပည္ေထာင္စုမၿပိဳကြဲေရး၊ တိုင္းရင္းသားစည္းလုံးညီၫြတ္မႈ မၿပိဳကြဲေရး၊ အခ်ဳပ္အျခာအာဏာတည္တံ့ခိုင္ၿမဲေရး ဆိုသည့္ ဒို႔တာဝန္အေရး ၃ ပါးကို အမ်ိဳးသားေရး မူဝါဒအျဖစ္ ဦးထိပ္ပန္ဆင္ၿပီး ႏိုင္ငံေတာ္အတြက္ အသက္ေပးတာဝန္ ထမ္းေဆာင္ရန္ ၿပိဳင္တူသစၥာဆို ထားသူမ်ားျဖစ္သည့္အတြက္ ေပးအပ္လာသည့္ တာဝန္ မ်ားကို သစၥာရွိရွိ ေက်ပြန္စြာထမ္းေဆာင္ ၾကရမည္ျဖစ္ေၾကာင္း၊ ႏိုင္ငံေတာ္ကာကြယ္ေရး တာဝန္ကို ထမ္းေဆာင္ေနသည့္ တပ္မေတာ္အေနျဖင့္ ကာကြယ္ေရးစြမ္းရည္ရရွိေစရန္ အၿမဲတမ္းေလ့က်င့္ရမည္၊ အၿမဲတမ္းစစ္ေရးသတိရွိရမည္၊ အၿမဲတမ္း တိုက္ပြဲဝင္အသင့္ ျဖစ္ရမည္ ဆိုသည့္ ၿမဲ(၃)ၿမဲႏွင့္ ျပည့္စုံေနရန္လည္းလိုအပ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံ၏ သမိုင္းေၾကာင္း၊ ႏိုင္ငံ၏ ျဖစ္တည္မႈမ်ားအရ “တပ္မေတာ္အင္အားရွိမွ တိုင္းျပည္အင္အား ရွိမည္” ဆိုသည့္ စကားသည္ မည္သည့္ေခတ္အခါမဆို အၿမဲမွန္ကန္မႈရွိေန မည္ျဖစ္ ေၾကာင္း၊ ထို႔ေၾကာင့္ မိမိတို႔တပ္မေတာ္ကို ကမာၻႏွင့္ ရင္ေဘာင္တန္းႏိုင္ၿပီး သမား႐ိုးက် စစ္ပြဲမ်ားကို ဆင္ႏႊဲႏိုင္သည့္ ေခတ္မီတပ္မေတာ္ ( Standard Army )အျဖစ္ တည္ေဆာက္လ်က္ရွိေၾကာင္း၊ မိမိတို႔ တပ္မေတာ္တြင္ အဆင့္ဆင့္အမိန႔္ေပးကြပ္ကဲမႈစနစ္ ( Chain of Command) ကို ပီပီျပင္ျပင္ႏွင့္ မွန္မွန္ကန္ကန္ ေဆာင္႐ြက္ႏိုင္မွသာ ေပးအပ္လာေသာ ရည္မွန္းခ်က္တာဝန္မ်ားကို ေက်ပြန္စြာ ထမ္းေဆာင္မည္ျဖစ္သည့္အတြက္ အထက္ အဆင့္ဆင့္ကခ်မွတ္ေပးသည့္ အမိန႔္ႏွင့္ ၫႊန္ၾကားခ်က္ မ်ားကို တိတိက်က် လိုက္နာသြားၾက ရန္လိုအပ္ၿပီး လက္ေအာက္ကိုလည္း ၫႊန္ၾကားခ်က္မ်ားအတိုင္း တိတိက်က်ေဆာင္႐ြက္ တတ္ေအာင္ စီမံေဆာင္႐ြက္သြားၾကရန္ မွာၾကားလိုေၾကာင္း၊ မိမိတို႔ တပ္မေတာ္သည္ ျပည္သူၾကားက ေပါက္ဖြားလာသည့္ တိုင္းရင္းသားေပါင္းစုံျဖင့္ ဖြဲ႕စည္းထားသည့္ တစ္ခုတည္းေသာ တပ္မေတာ္ျဖစ္သည့္အတြက္ ျပည္သူလူထု၏ အသက္အိုးအိမ္ စည္းစိမ္ကို ကာကြယ္ေစာင့္ေရွာက္ရမည့္အျပင္ ျပည္သူမ်ား၏ ေန႔စဥ္လူမႈဘဝ လုံၿခဳံေရး ကိုပါ ဘက္ေပါင္းစုံက ကူညီေဆာင္႐ြက္ေပးရမည္ျဖစ္ေၾကာင္း။

ၿငိမ္းခ်မ္းေရးဆိုသည္မွာ ႏိုင္ငံတိုင္း လူမ်ိဳးတိုင္းအတြက္ တန္ဖိုးျဖတ္၍ မရသည့္ အရိပ္အာဝါသ တစ္မ်ိဳးျဖစ္ေၾကာင္း၊ ၿငိမ္းခ်မ္းေရးဆိုသည့္ အရိပ္ေကာင္းရွိမွသာ တည္ၿငိမ္ေအးခ်မ္းသည့္ လူ႔ပတ္ဝန္းက်င္၊ သာယာနာေပ်ာ္ဖြယ္ေကာင္းသည့္ လူမႈဘဝ၊ ဖြံ႕ၿဖိဳးတိုးတက္သည့္ အေျခခံ အေဆာက္အဦမ်ားကို ဖန္တီးတည္ေဆာက္ႏိုင္ၾကမည္ ျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံသည္ ႏိုင္ငံ တစ္ႏိုင္ငံအတြက္ လိုအပ္သည့္ အရင္းအျမစ္ေကာင္း မ်ား ေပါႂကြယ္ဝသည့္ ႏိုင္ငံျဖစ္ေသာ္လည္း ၿငိမ္းခ်မ္းေရးအရင္းအျမစ္ေကာင္းမ်ား လိုအပ္ေနဆဲျဖစ္သည္မွာ အားလုံးလက္ခံရမည့္ ပကတိ အရွိတရားျဖစ္ေၾကာင္း၊ ႏိုင္ငံေတာ္ႏွင့္ တိုင္းရင္းသားျပည္သူလူထုမ်ား၏ အက်ိဳးစီးပြားတစ္ခုတည္း ကိုသာ ေရွးရႈၿပီး ေခတ္အဆက္ဆက္ ေတာက္ေလာင္ခဲ့ရသည့္ လက္နက္ကိုင္ပဋိပကၡကို အၿပီးတိုင္ ျငႇိမ္းသတ္ၿပီး ေခတ္မီဖြံ႕ၿဖိဳး တိုးတက္ေသာ၊ စည္းလုံးညီၫြတ္ေသာ ႏိုင္ငံေတာ္အသစ္ကို ျပည္သူ႔ ဆႏၵႏွင့္အညီ တည္ေဆာက္သြားၾကရမည္ ျဖစ္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ၿငိမ္းခ်မ္းေရးကိစၥရပ္မ်ား ေဆာင္႐ြက္ရာတြင္ တဒဂၤၿငိမ္းခ်မ္းေရး၊ တဒဂၤျပႆနာမ်ား ေျပၿငိမ္းေရးကိုသာ ဦးတည္ ေဆာင္႐ြက္ေနျခင္းမဟုတ္ဘဲ ထာဝရၿငိမ္းခ်မ္းေရးရရွိေအာင္ ေဆာင္႐ြက္ေနျခင္း ျဖစ္ေၾကာင္း၊ ယခုကဲ့သို႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ရာတြင္လည္း NCA လမ္းေၾကာင္းအတိုင္း ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊ NCA စာခ်ဳပ္သည္ လက္နက္ကိုင္လမ္းစဥ္မွသည္ ၿငိမ္းခ်မ္းေရး၊ ၿငိမ္းခ်မ္းေရးမွသည္ ဖက္ဒရယ္စနစ္ကို အေျခခံသည့္ စစ္မွန္ေသာ ဒီမိုကေရစီ ျပည္ေထာင္စုျဖစ္ေစရန္ လမ္းခင္းေပးထားျခင္းျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ တပ္မေတာ္အေနျဖင့္ NCA အေပၚတြင္သာ ရပ္တည္ၿပီး ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားကို ခိုင္ခိုင္မာမာ ဆက္လက္ေဆာင္႐ြက္ သြားမည္ျဖစ္ေၾကာင္း၊ မိမိတို႔ႏိုင္ငံ၌ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ျဖင့္ ေလွ်ာက္လွမ္းေနျခင္း ပင္ျဖစ္ေၾကာင္း၊ ဒီမိုကေရစီဆိုသည္မွာ ျပည္သူကို ဗဟိုျပဳျခင္းျဖစ္ေၾကာင္း၊ ျပည္သူအားလုံး၊ ႏိုင္ငံသူႏိုင္ငံသားအားလုံးပါဝင္ၿပီး ႏိုင္ငံေတာ္ကို တည္ေဆာက္ ျခင္းျဖစ္ေၾကာင္း၊ ဖက္ဒရယ္စနစ္ႏွင့္ ပတ္သက္ၿပီး မိမိတို႔လိုရာကို အဓိပၸာယ္အမ်ိဳးမ်ိဳး၊ စံႏႈန္းအမ်ိဳးမ်ိဳးျဖင့္ ဖြင့္ဆိုေနၾကသည္ကို ေတြ႕ရွိရေၾကာင္း၊ ဖက္ဒရယ္ဆိုသည္မွာ ေပါင္းစည္းျခင္းႏွင့္ သဟဇာတျဖစ္ျခင္းဆိုသည္ကို သိရွိထားရမည္ျဖစ္ေၾကာင္း။ တပ္မေတာ္အေနျဖင့္ ၂၀၂၀ ျပည့္ႏွစ္တြင္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ မ်ားၿပီးေျမာက္ေရး၊ တိုင္ရင္းသားျပည္သူလူထုက လိုလားေတာင့္တေနသည့္ ထာဝရၿငိမ္းခ်မ္းေရးကို ျပည္သူ႔လက္သို႔ အေရာက္ ေပးအပ္ႏိုင္ေရးႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိသည္ ဆိုသည္ကို ေျပာၾကားလိုေၾကာင္း။

ဆက္လက္၍ တပ္မေတာ္ႏွင့္ အမိစစ္တကၠသိုလ္၏ ေကာင္းျမတ္သည့္ အစဥ္အလာမ်ားကို ေစာင့္ထိန္းၿပီး တာဝန္ေက်ပြန္သည့္ ယုံၾကည္အားထားရသည့္ အရာရွိေကာင္းမ်ားျဖစ္လာရန္ ႀကိဳပမ္းေဆာင္႐ြက္သြားၾကရန္၊ အမိတကၠသိုလ္တြင္ ေလ့လာဆည္းပူးခဲ့သည့္ ပညာရပ္မ်ားကို အေျခခံၿပီး ေခတ္ႏွင့္အညီ ေျပာင္းလဲေနေသာ စစ္နည္းဗ်ဴဟာ၊ အတတ္ပညာ၊ အသိပညာမ်ားကို စဥ္ဆက္မျပတ္ေလ့လာၾကရန္၊ တပ္မေတာ္၏ ေကာင္းမြန္ေသာ အစဥ္အလာမ်ားကို ေစာင့္ထိန္းၿပီး ေခါင္းေဆာင္မႈအဂၤါရပ္(၁၆)ရပ္ႏွင့္ အညီ ေခါင္းေဆာင္မႈအရည္အေသြးျပည့္ဝစြာျဖင့္ မိမိကြပ္ကဲ အုပ္ခ်ဳပ္ရသည့္ လက္ေအာက္ကို စည္းလုံးညီၫြတ္ၿပီး စြမ္းရည္ရွိေအာင္ ကြပ္ကဲၾကရန္၊ တပ္တြင္း စည္း႐ုံးေရးသာမက၊ တပ္ျပင္စည္း႐ုံးေရးကိုပါ ကိုယ္စြမ္းဉာဏ္စြမ္းရွိသ၍ ႀကိဳးစားေဆာင္႐ြက္ျခင္းျဖင့္ တပ္မေတာ္၏ဂုဏ္ကို ထြန္းေတာက္ေအာင္ ေဆာင္႐ြက္ၾကရန္ႏွင့္ အမ်ိဳးသားေရး တာဝန္ျဖစ္သည့္ ဒို႔တာဝန္အေရးသုံးပါးကို အစဥ္ကာကြယ္ထိန္းသိမ္းၿပီး အနာဂတ္ ကာလတြင္ ႏိုင္ငံေတာ္ႏွင့္ တပ္မေတာ္အတြက္ အားကိုးရသည့္ ေခါင္းေဆာင္ေကာင္းမ်ား ျဖစ္ရန္ ဆက္လက္ႀကိဳးပမ္း ေဆာင္႐ြက္သြားၾကရန္လိုေၾကာင္းျဖင့္ ေျပာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္ သည္ ဗိုလ္ေလာင္းတပ္ရင္းမ်ား၏ အေလးျပဳျခင္းကို ခံယူၿပီးေနာက္ စစ္ေရးျပအခမ္းအနားမွ ျပန္လည္ထြက္ခြာသည္။

စစ္ေရးျပအခမ္းအနားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉုးႀကီး မဟာသေရ စည္သူ မင္းေအာင္လႈိင္သည္ စစ္တကၠသိုလ္ေက်ာင္းဌာနခ်ဳပ္၊ ဧည့္ခန္းမ၌ ထူးခြၽန္ဆုရရွိၾကသည့္ ဗိုလ္ေလာင္း ၅ ဦးႏွင့္ ၎တို႔၏မိဘမ်ားအား ေတြ႕ဆုံ၍ ဂုဏ္ျပဳအမွာစကားေျပာၾကားသည္။

ဂုဏ္ျပဳအမွာစကားေျပာၾကားရာတြင္ ယခုကဲ့သို႔ ထူးခြၽန္ဆုမ်ားရရွိၾကသည့္ အတြက္ မိဘမ်ားႏွင့္ ထပ္တူထပ္မွ် ဝမ္းသာဂုဏ္ယူမိပါေၾကာင္း၊ တပ္မေတာ္သားမ်ားသည္ ျပည္သူမ်ားက ေပါက္ဖြား လာသည့္ သားသမီးမ်ားပင္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ တပ္မေတာ္၏တာဝန္ျဖစ္ေသာ ႏိုင္ငံေတာ္ကို ကာကြယ္ေရးတြင္ ျပည္သူလူထု၏ အက်ိဳးစီးပြားကို ေဖာ္ေဆာင္ရန္ႏွင့္ ကာကြယ္ေစာင့္ေရွာက္ရန္ အတြက္လည္း တာဝန္ရွိေၾကာင္း၊ လူလားေျမာက္ေအာင္ ေကြၽးေမြးျပဳစုေစာင့္ေရွာက္ေပးခဲ့သည့္ မိဘမ်ား၏ ေက်းဇူးကိုသိတတ္ရန္ႏွင့္ ေက်းဇူးဆပ္ရန္လိုအပ္သကဲ့သို႔ ဒုတိယမိခင္ျဖစ္သည့္ စစ္တကၠသိုလ္ႏွင့္တပ္မေတာ္အေပၚတြင္လည္း ေက်းဇူးသစၥာ ေစာင့္သိရမည္ျဖစ္ေၾကာင္း၊ မိမိတို႔၏ ရည္မွန္းခ်က္မ်ား ေအာင္ျမင္ေရး၊ မိသားစုမ်ား၏ ရည္မွန္းခ်က္မေပ်ာက္ေစေရးအတြက္ မိမိကိုယ္ကို ထိန္းသိမ္းၿပီး ဆက္လက္ႀကိဳးစား သြားၾကရမည္ျဖစ္ေၾကာင္း၊ မိမိစိတ္ကိုအလိုမလိုက္ဘဲ သြားသင့္သည့္ေနရာကိုသာ သြားရန္၊ ေပါင္းသင့္သည့္ သူကိုသာေပါင္းရန္၊ လုပ္သင့္သည့္ အလုပ္ကိုသာ လုပ္ရန္ႏွင့္ ေျပာသင့္သည္ကိုသာေျပာရန္ ဟူေသာ သင့္ ၄ သင့္ကို လိုက္နာရန္ လိုေၾကာင္းျဖင့္ မွာၾကားခဲ့သည္။

(Zawgyi Version)

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။