တပ်မတော် နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၁) သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြအခမ်းအနားကျင်းပ

နေပြည်တော် ၊ ဒီဇင်ဘာ- ၁၂

တပ်မတော်ကို ခေတ်မီတပ်မတော်အဖြစ် တည်ဆောက်ရာတွင် အင်ဂျင်နီယာကဏ္ဍသည် အဓိက အခန်းကဏ္ဍက ပါဝင်သောကြောင့် “ကျင့်ဝတ်၊ တီထွင်၊ စွမ်းအားရှင်” ဆိုသည့် တပ်မတော်နည်းပညာ တက္ကသိုလ်၏ လမ်းညွှန်ဆောင်ပုဒ်အတိုင်း နိုင်ငံနှင့်တပ်မတော်အတွက် ကောင်းကျိုးဖြစ်ထွန်းအောင် အသုံးချ ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ အင်ဂျင်နီယာအတတ်ပညာရှင် လူသား အရင်းအမြစ်များဖြစ်သည့်အလျောက် မိမိတို့တတ်သိထားသည့် အင်ဂျင်နီယာပညာရပ်များကို အသုံးပြုပြီး “အင်ဂျင်နီယာစွမ်းပကား တပ်မတော်အား” ဆိုသည့် ဆောင်ပုဒ်နှင့် အညီ တပ်မတော် စွမ်းအားမြင့်မားအောင် ကြိုးစားလုပ်ဆောင် သွားကြရမည်ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ တပ်မတော်နည်းပညာတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်သည့် တပ်မတော်နည်းပညာ တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၁)သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်း ပြောကြားသည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စိန်ဝင်းနှင့်ဇနီး၊ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် တင်အောင်စန်း နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မောင်မောင်ကျော်နှင့်ဇနီး၊ တပ်မတော်အရာရှိ ကြီးများနှင့် ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် ပြင်ဦးလွင်တပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သင်တန်းဆင်းဗိုလ်လောင်းများ၏ မိဘဆွေမျိုးများ တက်ရောက် ကြသည်။

အခမ်းအနားအစီအစဉ်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်း ကိုခံယူပြီး ကျောင်းဆင်းဗိုလ်လောင်း တပ်ခွဲများအား စစ်ဆေးသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်အား ဗိုလ်လောင်းတပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက် တို့ဖြင့် ချီတက် အလေးပြုကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၁)မှ အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၇၅၃၂ ဗိုလ်လောင်း မြတ်ကျော်၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ ဗိုလ်လောင်း အမှတ် ၇၅၄၇ ဗိုလ်လောင်း ရန်လင်းအောင် နှင့် စာပေထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၇၅၃၇ ဗိုလ်လောင်း ရဲရင့်မြတ် တို့အား ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က သင်တန်းဆင်းဗိုလ်လောင်းများအား မိန့်ခွန်းပြောကြားရာတွင် “နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ကာကွယ်စောင့်ရှောက်မည့် အမျိုးသားတပ်မတော်အတွက် လိုအပ်သော လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် အင်ဂျင်နီယာဘွဲ့ရအရာရှိကောင်းများကို မွေးထုတ်ပေးရန်” ဆိုသည့် တပ်မတော် နည်းပညာတက္ကသိုလ်၏ ရည်ရွယ်ချက်နှင့်အညီ သင်တန်းကာလအတွင်း အင်ဂျင်နီယာ ပညာရပ်၊ ခြေလျင်တပ်စုမှူးအဆင့်ထိ စစ်ပညာရပ်နှင့် ခေါင်းဆောင်မှုပညာရပ်များ ကို သင်ကြားလေ့ကျင့်ပေးခဲ့ပြီးဖြစ်ကြောင်း။

တပ်မတော်သည် နိုင်ငံ၏သမိုင်းကြောင်းတစ်လျှောက် စတင်သန္ဓေတည် ပေါက်ဖွားသည်မှ ယနေ့အထိ နိုင်ငံတော်၏ အကျိုးစီးပွား၊ တိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွားအတွက် ကာကွယ်စောင့်ရှောက်ခဲ့သည့်နေရာတွင် အစဉ်အလာ လွန်စွာကြီးမားခဲ့သည်ကို ထင်းရှားစွာတွေ့မြင် ကြရမည်ဖြစ်ကြောင်း၊ မွန်မြတ်သော အစဉ်အလာရှိသည့် မိမိတို့တပ်မတော်သည် နိုင်ငံတော်၏ မြေထု၊ ရေထု၊ လေထုနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းရှိ တိုင်းရင်းသား ပြည်သူများ၏ အသက် အိုးအိမ်စည်းစိမ် အကျိုးစီးပွားများနှင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို အသက်၊ သွေး၊ ချွေးများစွာ ပေးဆပ်ပြီး ကာကွယ်စောင့်ရှောက်နေသကဲ့သို့ အမျိုးသားရေး တာဝန်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးနှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေးတာဝန်များကိုလည်း ကျေပွန်စွာ ထမ်းဆောင် လျက်ရှိကြောင်း။

မိမိတို့တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး တပ်မတော်သားများသည်လည်း ပြည်သူများ၏အစိတ်အပိုင်းတစ်ခုဖြစ်သည့်အတွက် မိမိတို့ တာဝန်ကျရာဒေသအသီးသီးတွင် နိုင်ငံတော်ကာကွယ်ရေးတာဝန်များအပြင် အမျိုးသား နိုင်ငံရေးတာဝန်များထမ်းဆောင်ရာ၌ ပြည်သူ၊ ပြည်သားများ၏ လိုအပ်ချက်၊ တိုင်းပြည်၏ လိုအပ်ချက်များကို သိရှိအောင်လုပ်ပြီး နိုင်ငံတော်၏ ပကတိလိုအပ်ချက်ဖြစ်သည့် တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် တိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံနှင့် လူမျိုး၊ အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာ အာဏာကို ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် ကာကွယ်ရေးစွမ်းအား တည်ဆောက်ပြီး ကာကွယ်ရေးကဏ္ဍ ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ဖော်ဆောင်ကာ ခေတ်မီတပ်မတော်အဖြစ် တည်ဆောက်လျက်ရှိကြောင်း။

ခေတ်မီတပ်မတော်တစ်ရပ် တည်ဆောက်နိုင်ရေးအတွက် စစ်ဘက်ဆိုင်ရာနည်းပညာ ဖွံ့ဖြိုး တိုးတက်ရေးသည် အရေးပါလာသည်နှင့်အမျှ အရည်အသွေး ပြည့်ဝသည့် နည်းပညာဆိုင်ရာ လူသားအရင်းအမြစ်များ မွေးထုတ်နိုင်ရေးသည်လည်း အခြေခံအကျဆုံး လိုအပ်ချက်တစ်ခု ဖြစ်ကြောင်း၊ ယခုလိုမွေးထုတ်နိုင်ရန်အတွက် ခေတ်နှင့်အညီဖြစ်သည့် နည်းပညာဆိုင်ရာပညာရေး၊ လေ့ကျင့်ရေးစနစ်များ တည်ဆောက်အသုံးပြုရမည်ဖြစ်ကြောင်း၊ မျက်မှောက်ခေတ် နိုင်ငံတကာ တက္ကသိုလ်များတွင် အမှန်တကယ်တတ်မြောက်မှုကို ဦးစားပေးသည့် ရလဒ်အခြေပြု ပညာရေးစနစ် ( Outcome Based Education System OBE) ကို ပြောင်းလဲ လာသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ယခုစနစ်ကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရန်အတွက် ပြည့်စုံလုံလောက်မှုရှိသည့် သင်ရိုးညွှန်းတမ်းများကိုအခြေခံပြီး ထိရောက်မှန်ကန်သည့် သင်ယူမှုစနစ်များ၊ အကဲဖြတ်မှုစနစ်များ အသုံးပြုသင်ကြား လေ့ကျင့်ပေးရမည်ဖြစ်ကြောင်း၊ ယခုလုပ်ငန်းစဉ် အဆင့်တိုင်းအတွက်လည်း အရည် အသွေးအာမခံမှုရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်ပြီး အရည်အသွေး အသိအမှတ်ပြုမှု ရရှိရန်လည်း သတ်မှတ်ထားသည့် စံသတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်သွား ကြရမည် ဖြစ်ကြောင်း။

တပ်မတော်၏ စစ်အင်ဂျင်နီယာခေါင်းဆောင်ငယ်များအဖြစ် တာဝန် ထမ်းဆောင်ကြရမည့်သူများသည် မိမိအဖွဲ့အစည်းက အားကိုးရသည့် ခေါင်းဆောင်ဖြစ်ရန်လည်း မိမိ၏အရည်အသွေးကို တိုးတက်နေအောင် ကြိုးစားဆောင်ရွက်ကြရန်လိုကြောင်း၊ ခေါင်းဆောင်မှုဆိုသည်မှာ အသက်အရွယ် နှင့်မဆိုင်ဘဲ စဉ်းစား ဆုံးဖြတ်နိုင်စွမ်းနှင့် တွေးခေါ်မြော်မြင်မှုကို အခြေခံကြောင်း၊ မည်သည့် အဖွဲ့အစည်းတွင်ဖြစ်စေ ခေါင်းဆောင်သည် အရေးကြီးသည့်အတွက် မိမိကိုယ်ကိုကောင်းမွန်ရန် အမြဲကြိုးစားတည်ဆောက်နေကြရမည်ဖြစ်ကြောင်း၊ အဖွဲ့အစည်းတစ်ခု ကောင်းခြင်း၊ မကောင်းခြင်း သည် ကွပ်ကဲသည့် ခေါင်းဆောင်အပေါ် များစွာမူတည်သောကြောင့် ခေါင်းဆောင်များအနေဖြင့် အတတ်ပညာ၊ အသိပညာများကို အမြဲမပြတ်လေ့လာ ဆည်းပူးပြီး မိမိကိုယ်တိုင်နှင့် မိမိကွပ်ကဲ ဦးဆောင်ရသည့်အဖွဲ့အစည်းကို စည်းလုံးညီညွတ်ပြီး တိုးတက်အောင် ထိန်းသိမ်း ဆောင်ရွက် နေကြရမည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင်လည်း ဖြစ်သင့်သည် ကိုဖြစ်အောင် မဖြစ်သင့် သည်ကို မဖြစ်အောင် စေတနာထား၍ စနစ်တကျကြပ်မတ် ကွပ်ကဲဆောင်ရွက်သွားကြရန်လိုကြောင်း၊ ထို့ကြောင့် မိမိကိုယ်ကိုနှင့် မိမိအဖွဲ့အစည်းကို ကောင်းအောင်ကြိုးစား တည်ဆောက်ခြင်းဖြင့် မိမိတပ်ဖွဲ့၊ မိမိတပ်မတော်၊ နိုင်ငံတော်အတွက် အားကိုးအားထားရသည့် ခေါင်းဆောင်ကောင်း များဖြစ်အောင် ကြိုးစားတည်ဆောက်သွားကြရန်လိုကြောင်း။

တပ်မတော်၏ အဓိကလုပ်ငန်းကြီးသုံးခုဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေး တာဝန်၊ ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်ဆိုသည့် လုပ်ငန်းကြီး သုံးခုကို ကျေပွန်အောင် ထမ်းဆောင် နိုင်ရန်အတွက် တပ်မတော်၏ လေ့ကျင့်ရေး ဆိုင်ရာမူဝါဒများဖြစ်သည့် “ကျန်းမာကြံ့ခိုင်ရမည်၊ ကျွမ်းကျင်ရမည်၊ ရဲစွမ်းသတ္တိရှိရမည်” ဆိုသည့် ရည်မှန်းချက်များကို တိတိကျကျကြိုးစားလေ့ကျင့် သွားကြရမည်ဖြစ်ကြောင်း။

တပ်မတော်တွင် အင်ဂျင်နီယာအရာရှိငယ်များအဖြစ် တာဝန်ထမ်းဆောင်ကြရမည်ဖြစ်သဖြင့် စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာလုပ်ငန်းများကို မှန်ကန်စွာ သိရှိအောင်ဆောင်ရွက်ခြင်းဖြင့် အုပ်ချုပ်ရေး ပိုင်းဆိုင်ရာလုပ်ငန်းများ တိုးတက်ကောင်းမွန် ပြည့်စုံပြီး သက်သာချောင်ချိမှုနှင့် စိတ်ဓာတ် စည်းကမ်းပိုင်းဆိုင်ရာများ တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးစွမ်းရည်တွင် ပါဝင်သည့် စစ်စည်းကမ်း လိုက်နာမှုအပိုင်းသည် မိမိတို့တပ်မတော်သားတိုင်းအတွက် အဓိက လိုက်နာ စောင့်ထိန်းကြရသည့်အချက် ဖြစ်ကြောင်း၊ စည်းကမ်းကို ဥပဒေဖြင့်ထိန်းချုပ်ထားပြီး မည်သည့်စနစ်ကို ကျင့်သုံးသည်ဖြစ်စေ ပြဋ္ဌာန်းထားသည့် စည်းမျဉ်း စည်းကမ်းများ နှင့်အညီ ပြောဆိုလုပ်ကိုင်နေထိုင်ကြရမည်ဖြစ်သည့်အပြင် တာဝန်ယူမှု၊ တာဝန်ခံမှု များရှိရမည်ဖြစ်ကြောင်း၊ ပြည်သူကြားက ပေါက်ဖွားပြီး ပြည်သူများ၏ အစိတ်အပိုင်း တစ်ခုဖြစ်သည့် တပ်မတော်သားများ အနေဖြင့် စစ်ဘက်ဆိုင်ရာ စည်းမျဉ်းဥပဒေများသာမက ပြည်သူများအတွက်ထုတ်ပြန်ထားသည့် နယ်ဘက်ဥပဒေများကိုလည်း လေးစားလိုက်နာကြရမည်ဖြစ်ကြောင်း၊ တစ်ဦးချင်းစီ၏ ပြုမူ လုပ်ဆောင်ချက်များသည် အဖွဲ့အစည်းတစ်ခုလုံးအပေါ် သက်ရောက်မှုရှိသည့်အတွက် တစ်ဦးချင်း စည်းကမ်းလိုက်နာပြီး စွမ်းရည်တိုးတက်အောင် ဆောင်ရွက်ကြရန် လိုအပ်သကဲ့သို့ စည်းကမ်း လိုက်နာမှု၊ အမိန့်နာခံမှု၊ အထက်အောက်အပြန်အလှန်လေးစားမှုများနှင့် စစ်သားကောင်း စိတ်ဓာတ်မွေးမြူပြီး စည်းစည်းလုံးလုံးနေထိုင်သွားကြရမည်ဖြစ်ကြောင်း။

ခေါင်းဆောင်ငယ်များဖြစ်လာကြမည့်သူများသည် တပ်တည်မြဲအမိန့်၊ တိုက်တွန်းချက်၊ တားမြစ်ချက် စည်းကမ်းများကို အလေးထားလိုက်နာဆောင်ရွက်ပြီး အုပ်ချုပ်မှု ညီညွတ်မျှတစွာနှင့် စစ်သည်တော် ကျင့်ဝတ် ၆၀ ပါအချက်များအတိုင်း လိုက်နာသွားကြမည်ဆိုပါက တပ်တွင်း၊ တပ်ပြင်စည်းလုံး ညီညွတ်မှုကို ပိုမိုခိုင်မာ လာစေမည်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်သည် ပြည်သူထဲက ပေါက်ဖွား လာပြီး တိုင်းရင်းသားပေါင်းစုံနှင့်ဖွဲ့စည်းထားသည့် တပ်မတော်ဖြစ်သည်နှင့်အညီ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် နေ့စဉ်လူမှုဘဝလုံခြုံရေးများကိုပါ ကာကွယ် စောင့်ရှောက်ပေး လျက်ရှိကြောင်း၊ ထို့ကြောင့် မိမိနယ်မြေအလိုက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ ကူညီစောင့်ရှောက်ရေးလုပ်ငန်းများတွင် အားတက်သရော စွမ်းစွမ်းတမံ ဆောင်ရွက်ပေးခြင်း၊ သဘာဝဘေးအန္တရာယ်များနှင့် ကြုံတွေ့လာပါက အချိန်နှင့် တစ်ပြေးညီ ကူညီဆောင်ရွက်ပေးခြင်းများဖြင့် ပြည်သူက အားကိုး၊ အားထားရသည့် တပ်မတော် သားကောင်းများဖြစ်အောင် ကြိုးပမ်းသွားကြရန်လိုကြောင်းပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်း ကိုခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။

စစ်ရေးပြအခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းဌာနချုပ် ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်း(၃) ဦးနှင့် ၎င်းတို့၏ မိဘများအားတွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။

ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ ထူးချွန်ဆုများ ရရှိကြသည့်အတွက် မိဘများနှင့် ထပ်တူထပ်မျှ ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ သားသမီးများဖြစ်သည့် အတွက်လည်း ပိုမိုဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ၆ နှစ်တာသင်တန်းတက်ရောက်ခဲ့သည့်ကာလအတွင်း ကြိုးစား အားထုတ်မှု ကောင်းမွန်ခဲ့၍ ယခုကဲ့သို့ ထူးချွန်ဆုများရရှိခဲ့ခြင်းဖြစ်ပြီး ကျောင်းဆင်းပြီး နောက်ပိုင်း တွင်လည်း စိတ်ဓာတ်၊ စည်းကမ်းကောင်းစွာဖြင့် ဆင်ခြင်တုံတရား၊ အသိသတိထား၍ ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာဖြင့် ပျော်ပျော်ရွှင်ရွှင် ထမ်းဆောင်ကြရန်လိုကြောင်း၊ မိမိစိတ်ကိုအလိုမလိုက်ဘဲ သွားသင့်သည့်နေရာကိုသာသွားရန်၊ ပေါင်းသင့်သည့်သူကိုသာပေါင်းရန်၊ လုပ်သင့်သည့် အလုပ်ကိုသာလုပ်ရန်နှင့် ပြောသင့်သည်ကိုသာ ပြောရန်ဟူသော သင့် ၄ သင့် ကို လိုက်နာရန်နှင့် မိမိထမ်းဆောင်ရမည့်တာဝန်များကို ဆင်ခြင်တုံ တရားနှင့် အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်းဖြင့်မှာကြားခဲ့သည်။

(Zawgyi Version)

တပ္မေတာ္ နည္းပညာတကၠသိုလ္ ဗိုလ္ေလာင္းသင္တန္း အမွတ္စဥ္(၂၁) သင္တန္းဆင္း ဂုဏ္ျပဳ စစ္ေရးျပအခမ္းအနားက်င္းပ

ေနျပည္ေတာ္ ၊ ဒီဇင္ဘာ- ၁၂

တပ္မေတာ္ကို ေခတ္မီတပ္မေတာ္အျဖစ္ တည္ေဆာက္ရာတြင္ အင္ဂ်င္နီယာက႑သည္ အဓိက အခန္းက႑က ပါဝင္ေသာေၾကာင့္ “က်င့္ဝတ္၊ တီထြင္၊ စြမ္းအားရွင္” ဆိုသည့္ တပ္မေတာ္နည္းပညာ တကၠသိုလ္၏ လမ္းၫႊန္ေဆာင္ပုဒ္အတိုင္း ႏိုင္ငံႏွင့္တပ္မေတာ္အတြက္ ေကာင္းက်ိဳးျဖစ္ထြန္းေအာင္ အသုံးခ် ႀကိဳးပမ္းေဆာင္႐ြက္သြားၾကရန္လိုေၾကာင္း၊ အင္ဂ်င္နီယာအတတ္ပညာရွင္ လူသား အရင္းအျမစ္မ်ားျဖစ္သည့္အေလ်ာက္ မိမိတို႔တတ္သိထားသည့္ အင္ဂ်င္နီယာပညာရပ္မ်ားကို အသုံးျပဳၿပီး “အင္ဂ်င္နီယာစြမ္းပကား တပ္မေတာ္အား” ဆိုသည့္ ေဆာင္ပုဒ္ႏွင့္ အညီ တပ္မေတာ္ စြမ္းအားျမင့္မားေအာင္ ႀကိဳးစားလုပ္ေဆာင္ သြားၾကရမည္ျဖစ္ေၾကာင္းျဖင့္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္က ယေန႔နံနက္ပိုင္းတြင္ ျပင္ဦးလြင္ၿမိဳ႕၊ တပ္မေတာ္နည္းပညာတကၠသိုလ္ စစ္ေရးျပကြင္း၌ က်င္းပျပဳလုပ္သည့္ တပ္မေတာ္နည္းပညာ တကၠသိုလ္ ဗိုလ္ေလာင္းသင္တန္း အမွတ္စဥ္(၂၁)သင္တန္းဆင္း ဂုဏ္ျပဳ စစ္ေရးျပအခမ္းအနားသို႔ တက္ေရာက္မိန႔္ခြန္းေျပာၾကားရာတြင္ ထည့္သြင္း ေျပာၾကားသည္။

အဆိုပါအခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ စိန္ဝင္းႏွင့္ဇနီး၊ ညႇိႏႈိင္း ကြပ္ကဲေရးမႉး(ၾကည္း၊ ေရ၊ ေလ) ဗိုလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ ျမထြန္းဦးႏွင့္ဇနီး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္ (ေရ) ဗိုလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ တင္ေအာင္စန္း ႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ) ဗိုလ္ခ်ဳပ္ႀကီး ေဇယ်ေက်ာ္ထင္ ေမာင္ေမာင္ေက်ာ္ႏွင့္ဇနီး၊ တပ္မေတာ္အရာရွိ ႀကီးမ်ားႏွင့္ ဇနီးမ်ား၊ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး၊ တပ္မေတာ္နည္းပညာတကၠသိုလ္ ေက်ာင္းအုပ္ႀကီးႏွင့္ ျပင္ဦးလြင္တပ္နယ္မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ား၊ သင္တန္းဆင္းဗိုလ္ေလာင္းမ်ား၏ မိဘေဆြမ်ိဳးမ်ား တက္ေရာက္ ၾကသည္။

အခမ္းအနားအစီအစဥ္အရ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္သည္ ဗိုလ္ေလာင္းတပ္ခြဲမ်ား၏ အေလးျပဳျခင္း ကိုခံယူၿပီး ေက်ာင္းဆင္းဗိုလ္ေလာင္း တပ္ခြဲမ်ားအား စစ္ေဆးသည္။ ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္အား ဗိုလ္ေလာင္းတပ္ခြဲမ်ားက အေႏွးေလွ်ာက္၊ အျမန္ေလွ်ာက္ တို႔ျဖင့္ ခ်ီတက္ အေလးျပဳၾကသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္က တပ္မေတာ္နည္းပညာတကၠသိုလ္ ဗိုလ္ေလာင္းသင္တန္းအမွတ္စဥ္ (၂၁)မွ ေအာင္စစ္သည္ဆုရရွိသူ ဗိုလ္ေလာင္းအမွတ္ ၇၅၃၂ ဗိုလ္ေလာင္း ျမတ္ေက်ာ္၊ ေလ့က်င့္ေရးထူးခြၽန္ဆုရရွိသူ ဗိုလ္ေလာင္း အမွတ္ ၇၅၄၇ ဗိုလ္ေလာင္း ရန္လင္းေအာင္ ႏွင့္ စာေပထူးခြၽန္ဆုရရွိသူ ဗိုလ္ေလာင္းအမွတ္ ၇၅၃၇ ဗိုလ္ေလာင္း ရဲရင့္ျမတ္ တို႔အား ဆုမ်ားအသီးသီးေပးအပ္ခ်ီးျမႇင့္သည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္က သင္တန္းဆင္းဗိုလ္ေလာင္းမ်ားအား မိန႔္ခြန္းေျပာၾကားရာတြင္ “ႏိုင္ငံေတာ္၏ အခ်ဳပ္အျခာအာဏာ တည္တံ့ခိုင္ၿမဲေရးကို ကာကြယ္ေစာင့္ေရွာက္မည့္ အမ်ိဳးသားတပ္မေတာ္အတြက္ လိုအပ္ေသာ လက္႐ုံးရည္၊ ႏွလုံးရည္ျပည့္ဝသည့္ အင္ဂ်င္နီယာဘြဲ႕ရအရာရွိေကာင္းမ်ားကို ေမြးထုတ္ေပးရန္” ဆိုသည့္ တပ္မေတာ္ နည္းပညာတကၠသိုလ္၏ ရည္႐ြယ္ခ်က္ႏွင့္အညီ သင္တန္းကာလအတြင္း အင္ဂ်င္နီယာ ပညာရပ္၊ ေျခလ်င္တပ္စုမႉးအဆင့္ထိ စစ္ပညာရပ္ႏွင့္ ေခါင္းေဆာင္မႈပညာရပ္မ်ား ကို သင္ၾကားေလ့က်င့္ေပးခဲ့ၿပီးျဖစ္ေၾကာင္း။

တပ္မေတာ္သည္ ႏိုင္ငံ၏သမိုင္းေၾကာင္းတစ္ေလွ်ာက္ စတင္သေႏၶတည္ ေပါက္ဖြားသည္မွ ယေန႔အထိ ႏိုင္ငံေတာ္၏ အက်ိဳးစီးပြား၊ တိုင္းရင္းသားျပည္သူမ်ား၏ အက်ိဳးစီးပြားအတြက္ ကာကြယ္ေစာင့္ေရွာက္ခဲ့သည့္ေနရာတြင္ အစဥ္အလာ လြန္စြာႀကီးမားခဲ့သည္ကို ထင္းရွားစြာေတြ႕ျမင္ ၾကရမည္ျဖစ္ေၾကာင္း၊ မြန္ျမတ္ေသာ အစဥ္အလာရွိသည့္ မိမိတို႔တပ္မေတာ္သည္ ႏိုင္ငံေတာ္၏ ေျမထု၊ ေရထု၊ ေလထုႏွင့္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္အတြင္းရွိ တိုင္းရင္းသား ျပည္သူမ်ား၏ အသက္ အိုးအိမ္စည္းစိမ္ အက်ိဳးစီးပြားမ်ားႏွင့္ ႏိုင္ငံေတာ္ကာကြယ္ေရးတာဝန္မ်ားကို အသက္၊ ေသြး၊ ေခြၽးမ်ားစြာ ေပးဆပ္ၿပီး ကာကြယ္ေစာင့္ေရွာက္ေနသကဲ့သို႔ အမ်ိဳးသားေရး တာဝန္ျဖစ္သည့္ ဒို႔တာဝန္အေရးသုံးပါးႏွင့္ ႏိုင္ငံေတာ္ဖြဲ႕စည္းပုံအေျခခံဥပေဒ ထိန္းသိမ္း ကာကြယ္ေစာင့္ေရွာက္ေရးတာဝန္မ်ားကိုလည္း ေက်ပြန္စြာ ထမ္းေဆာင္ လ်က္ရွိေၾကာင္း။

မိမိတို႔တပ္မေတာ္သည္ ႏိုင္ငံေတာ္၏ အစိတ္အပိုင္းတစ္ခုျဖစ္ၿပီး တပ္မေတာ္သားမ်ားသည္လည္း ျပည္သူမ်ား၏အစိတ္အပိုင္းတစ္ခုျဖစ္သည့္အတြက္ မိမိတို႔ တာဝန္က်ရာေဒသအသီးသီးတြင္ ႏိုင္ငံေတာ္ကာကြယ္ေရးတာဝန္မ်ားအျပင္ အမ်ိဳးသား ႏိုင္ငံေရးတာဝန္မ်ားထမ္းေဆာင္ရာ၌ ျပည္သူ၊ ျပည္သားမ်ား၏ လိုအပ္ခ်က္၊ တိုင္းျပည္၏ လိုအပ္ခ်က္မ်ားကို သိရွိေအာင္လုပ္ၿပီး ႏိုင္ငံေတာ္၏ ပကတိလိုအပ္ခ်က္ျဖစ္သည့္ တည္ၿငိမ္ေအးခ်မ္းေရး၊ စည္းလုံးညီၫြတ္ေရးႏွင့္ တိုင္းရင္းသား ျပည္သူမ်ား၏ လူမႈစီးပြားဘဝ ဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းမ်ားကို ေအာင္ျမင္ေအာင္ေဆာင္႐ြက္သြားၾက ရမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္သည္ ႏိုင္ငံႏွင့္ လူမ်ိဳး၊ အမ်ိဳးသားအက်ိဳးစီးပြားႏွင့္ အခ်ဳပ္အျခာ အာဏာကို ကာကြယ္ေစာင့္ေရွာက္ႏိုင္ရန္အတြက္ ကာကြယ္ေရးစြမ္းအား တည္ေဆာက္ၿပီး ကာကြယ္ေရးက႑ ေခတ္မီဖြံ႕ၿဖိဳးတိုးတက္ေအာင္ ေဖာ္ေဆာင္ကာ ေခတ္မီတပ္မေတာ္အျဖစ္ တည္ေဆာက္လ်က္ရွိေၾကာင္း။

ေခတ္မီတပ္မေတာ္တစ္ရပ္ တည္ေဆာက္ႏိုင္ေရးအတြက္ စစ္ဘက္ဆိုင္ရာနည္းပညာ ဖြံ႕ၿဖိဳး တိုးတက္ေရးသည္ အေရးပါလာသည္ႏွင့္အမွ် အရည္အေသြး ျပည့္ဝသည့္ နည္းပညာဆိုင္ရာ လူသားအရင္းအျမစ္မ်ား ေမြးထုတ္ႏိုင္ေရးသည္လည္း အေျခခံအက်ဆုံး လိုအပ္ခ်က္တစ္ခု ျဖစ္ေၾကာင္း၊ ယခုလိုေမြးထုတ္ႏိုင္ရန္အတြက္ ေခတ္ႏွင့္အညီျဖစ္သည့္ နည္းပညာဆိုင္ရာပညာေရး၊ ေလ့က်င့္ေရးစနစ္မ်ား တည္ေဆာက္အသုံးျပဳရမည္ျဖစ္ေၾကာင္း၊ မ်က္ေမွာက္ေခတ္ ႏိုင္ငံတကာ တကၠသိုလ္မ်ားတြင္ အမွန္တကယ္တတ္ေျမာက္မႈကို ဦးစားေပးသည့္ ရလဒ္အေျချပဳ ပညာေရးစနစ္ ( Outcome Based Education System OBE) ကို ေျပာင္းလဲ လာသည္ကို ေတြ႕ရမည္ျဖစ္ေၾကာင္း၊ ယခုစနစ္ကို ေအာင္ျမင္စြာ အေကာင္အထည္ ေဖာ္ႏိုင္ရန္အတြက္ ျပည့္စုံလုံေလာက္မႈရွိသည့္ သင္႐ိုးၫႊန္းတမ္းမ်ားကိုအေျခခံၿပီး ထိေရာက္မွန္ကန္သည့္ သင္ယူမႈစနစ္မ်ား၊ အကဲျဖတ္မႈစနစ္မ်ား အသုံးျပဳသင္ၾကား ေလ့က်င့္ေပးရမည္ျဖစ္ေၾကာင္း၊ ယခုလုပ္ငန္းစဥ္ အဆင့္တိုင္းအတြက္လည္း အရည္ အေသြးအာမခံမႈရွိေအာင္ ေဆာင္႐ြက္ၾကရမည္ျဖစ္ၿပီး အရည္အေသြး အသိအမွတ္ျပဳမႈ ရရွိရန္လည္း သတ္မွတ္ထားသည့္ စံသတ္မွတ္ခ်က္မ်ားကို လိုက္နာေဆာင္႐ြက္သြား ၾကရမည္ ျဖစ္ေၾကာင္း။

တပ္မေတာ္၏ စစ္အင္ဂ်င္နီယာေခါင္းေဆာင္ငယ္မ်ားအျဖစ္ တာဝန္ ထမ္းေဆာင္ၾကရမည့္သူမ်ားသည္ မိမိအဖြဲ႕အစည္းက အားကိုးရသည့္ ေခါင္းေဆာင္ျဖစ္ရန္လည္း မိမိ၏အရည္အေသြးကို တိုးတက္ေနေအာင္ ႀကိဳးစားေဆာင္႐ြက္ၾကရန္လိုေၾကာင္း၊ ေခါင္းေဆာင္မႈဆိုသည္မွာ အသက္အ႐ြယ္ ႏွင့္မဆိုင္ဘဲ စဥ္းစား ဆုံးျဖတ္ႏိုင္စြမ္းႏွင့္ ေတြးေခၚေျမာ္ျမင္မႈကို အေျခခံေၾကာင္း၊ မည္သည့္ အဖြဲ႕အစည္းတြင္ျဖစ္ေစ ေခါင္းေဆာင္သည္ အေရးႀကီးသည့္အတြက္ မိမိကိုယ္ကိုေကာင္းမြန္ရန္ အၿမဲႀကိဳးစားတည္ေဆာက္ေနၾကရမည္ျဖစ္ေၾကာင္း၊ အဖြဲ႕အစည္းတစ္ခု ေကာင္းျခင္း၊ မေကာင္းျခင္း သည္ ကြပ္ကဲသည့္ ေခါင္းေဆာင္အေပၚ မ်ားစြာမူတည္ေသာေၾကာင့္ ေခါင္းေဆာင္မ်ားအေနျဖင့္ အတတ္ပညာ၊ အသိပညာမ်ားကို အၿမဲမျပတ္ေလ့လာ ဆည္းပူးၿပီး မိမိကိုယ္တိုင္ႏွင့္ မိမိကြပ္ကဲ ဦးေဆာင္ရသည့္အဖြဲ႕အစည္းကို စည္းလုံးညီၫြတ္ၿပီး တိုးတက္ေအာင္ ထိန္းသိမ္း ေဆာင္႐ြက္ ေနၾကရမည္ျဖစ္ေၾကာင္း၊ ယင္းသို႔ ေဆာင္႐ြက္ရာတြင္လည္း ျဖစ္သင့္သည္ ကိုျဖစ္ေအာင္ မျဖစ္သင့္ သည္ကို မျဖစ္ေအာင္ ေစတနာထား၍ စနစ္တက်ၾကပ္မတ္ ကြပ္ကဲေဆာင္႐ြက္သြားၾကရန္လိုေၾကာင္း၊ ထို႔ေၾကာင့္ မိမိကိုယ္ကိုႏွင့္ မိမိအဖြဲ႕အစည္းကို ေကာင္းေအာင္ႀကိဳးစား တည္ေဆာက္ျခင္းျဖင့္ မိမိတပ္ဖြဲ႕၊ မိမိတပ္မေတာ္၊ ႏိုင္ငံေတာ္အတြက္ အားကိုးအားထားရသည့္ ေခါင္းေဆာင္ေကာင္း မ်ားျဖစ္ေအာင္ ႀကိဳးစားတည္ေဆာက္သြားၾကရန္လိုေၾကာင္း။

တပ္မေတာ္၏ အဓိကလုပ္ငန္းႀကီးသုံးခုျဖစ္သည့္ ႏိုင္ငံေတာ္ကာကြယ္ေရးတာဝန္၊ ေလ့က်င့္ေရး တာဝန္၊ ျပည္သူ႔အက်ိဳးျပဳလုပ္ငန္းတာဝန္ဆိုသည့္ လုပ္ငန္းႀကီး သုံးခုကို ေက်ပြန္ေအာင္ ထမ္းေဆာင္ ႏိုင္ရန္အတြက္ တပ္မေတာ္၏ ေလ့က်င့္ေရး ဆိုင္ရာမူဝါဒမ်ားျဖစ္သည့္ “က်န္းမာႀကံ့ခိုင္ရမည္၊ ကြၽမ္းက်င္ရမည္၊ ရဲစြမ္းသတၱိရွိရမည္” ဆိုသည့္ ရည္မွန္းခ်က္မ်ားကို တိတိက်က်ႀကိဳးစားေလ့က်င့္ သြားၾကရမည္ျဖစ္ေၾကာင္း။

တပ္မေတာ္တြင္ အင္ဂ်င္နီယာအရာရွိငယ္မ်ားအျဖစ္ တာဝန္ထမ္းေဆာင္ၾကရမည္ျဖစ္သျဖင့္ စစ္ဦးစီး၊ စစ္ေရး၊ စစ္ေထာက္ဆိုင္ရာလုပ္ငန္းမ်ားကို မွန္ကန္စြာ သိရွိေအာင္ေဆာင္႐ြက္ျခင္းျဖင့္ အုပ္ခ်ဳပ္ေရး ပိုင္းဆိုင္ရာလုပ္ငန္းမ်ား တိုးတက္ေကာင္းမြန္ ျပည့္စုံၿပီး သက္သာေခ်ာင္ခ်ိမႈႏွင့္ စိတ္ဓာတ္ စည္းကမ္းပိုင္းဆိုင္ရာမ်ား တိုးတက္ေကာင္းမြန္လာမည္ျဖစ္ေၾကာင္း၊ အုပ္ခ်ဳပ္ေရးစြမ္းရည္တြင္ ပါဝင္သည့္ စစ္စည္းကမ္း လိုက္နာမႈအပိုင္းသည္ မိမိတို႔တပ္မေတာ္သားတိုင္းအတြက္ အဓိက လိုက္နာ ေစာင့္ထိန္းၾကရသည့္အခ်က္ ျဖစ္ေၾကာင္း၊ စည္းကမ္းကို ဥပေဒျဖင့္ထိန္းခ်ဳပ္ထားၿပီး မည္သည့္စနစ္ကို က်င့္သုံးသည္ျဖစ္ေစ ျပ႒ာန္းထားသည့္ စည္းမ်ဥ္း စည္းကမ္းမ်ား ႏွင့္အညီ ေျပာဆိုလုပ္ကိုင္ေနထိုင္ၾကရမည္ျဖစ္သည့္အျပင္ တာဝန္ယူမႈ၊ တာဝန္ခံမႈ မ်ားရွိရမည္ျဖစ္ေၾကာင္း၊ ျပည္သူၾကားက ေပါက္ဖြားၿပီး ျပည္သူမ်ား၏ အစိတ္အပိုင္း တစ္ခုျဖစ္သည့္ တပ္မေတာ္သားမ်ား အေနျဖင့္ စစ္ဘက္ဆိုင္ရာ စည္းမ်ဥ္းဥပေဒမ်ားသာမက ျပည္သူမ်ားအတြက္ထုတ္ျပန္ထားသည့္ နယ္ဘက္ဥပေဒမ်ားကိုလည္း ေလးစားလိုက္နာၾကရမည္ျဖစ္ေၾကာင္း၊ တစ္ဦးခ်င္းစီ၏ ျပဳမူ လုပ္ေဆာင္ခ်က္မ်ားသည္ အဖြဲ႕အစည္းတစ္ခုလုံးအေပၚ သက္ေရာက္မႈရွိသည့္အတြက္ တစ္ဦးခ်င္း စည္းကမ္းလိုက္နာၿပီး စြမ္းရည္တိုးတက္ေအာင္ ေဆာင္႐ြက္ၾကရန္ လိုအပ္သကဲ့သို႔ စည္းကမ္း လိုက္နာမႈ၊ အမိန႔္နာခံမႈ၊ အထက္ေအာက္အျပန္အလွန္ေလးစားမႈမ်ားႏွင့္ စစ္သားေကာင္း စိတ္ဓာတ္ေမြးျမဴၿပီး စည္းစည္းလုံးလုံးေနထိုင္သြားၾကရမည္ျဖစ္ေၾကာင္း။

ေခါင္းေဆာင္ငယ္မ်ားျဖစ္လာၾကမည့္သူမ်ားသည္ တပ္တည္ၿမဲအမိန႔္၊ တိုက္တြန္းခ်က္၊ တားျမစ္ခ်က္ စည္းကမ္းမ်ားကို အေလးထားလိုက္နာေဆာင္႐ြက္ၿပီး အုပ္ခ်ဳပ္မႈ ညီၫြတ္မွ်တစြာႏွင့္ စစ္သည္ေတာ္ က်င့္ဝတ္ ၆၀ ပါအခ်က္မ်ားအတိုင္း လိုက္နာသြားၾကမည္ဆိုပါက တပ္တြင္း၊ တပ္ျပင္စည္းလုံး ညီၫြတ္မႈကို ပိုမိုခိုင္မာ လာေစမည္ျဖစ္ေၾကာင္း၊ မိမိတို႔တပ္မေတာ္သည္ ျပည္သူထဲက ေပါက္ဖြား လာၿပီး တိုင္းရင္းသားေပါင္းစုံႏွင့္ဖြဲ႕စည္းထားသည့္ တပ္မေတာ္ျဖစ္သည္ႏွင့္အညီ ျပည္သူလူထု၏ အသက္အိုးအိမ္စည္းစိမ္ႏွင့္ ေန႔စဥ္လူမႈဘဝလုံၿခဳံေရးမ်ားကိုပါ ကာကြယ္ ေစာင့္ေရွာက္ေပး လ်က္ရွိေၾကာင္း၊ ထို႔ေၾကာင့္ မိမိနယ္ေျမအလိုက္ ေဒသဖြံ႕ၿဖိဳးေရး လုပ္ငန္းမ်ား ေဆာင္႐ြက္ေပးျခင္း၊ ပညာေရး၊ က်န္းမာေရး၊ လူမႈေရးဆိုင္ရာ ကူညီေစာင့္ေရွာက္ေရးလုပ္ငန္းမ်ားတြင္ အားတက္သေရာ စြမ္းစြမ္းတမံ ေဆာင္႐ြက္ေပးျခင္း၊ သဘာဝေဘးအႏၲရာယ္မ်ားႏွင့္ ႀကဳံေတြ႕လာပါက အခ်ိန္ႏွင့္ တစ္ေျပးညီ ကူညီေဆာင္႐ြက္ေပးျခင္းမ်ားျဖင့္ ျပည္သူက အားကိုး၊ အားထားရသည့္ တပ္မေတာ္ သားေကာင္းမ်ားျဖစ္ေအာင္ ႀကိဳးပမ္းသြားၾကရန္လိုေၾကာင္းေျပာၾကားသည္။

ယင္းေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္ သည္ ဗိုလ္ေလာင္းတပ္ခြဲမ်ား၏ အေလးျပဳျခင္း ကိုခံယူၿပီးေနာက္ စစ္ေရးျပအခမ္းအနားမွ ျပန္လည္ထြက္ခြာသည္။

စစ္ေရးျပအခမ္းအနားအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္သည္ တပ္မေတာ္နည္းပညာတကၠသိုလ္ ေက်ာင္းဌာနခ်ဳပ္ ဧည့္ခန္းမ၌ ထူးခြၽန္ဆုရရွိၾကသည့္ ဗိုလ္ေလာင္း(၃) ဦးႏွင့္ ၎တို႔၏ မိဘမ်ားအားေတြ႕ဆုံ၍ ဂုဏ္ျပဳအမွာစကားေျပာၾကားသည္။

ဂုဏ္ျပဳအမွာစကား ေျပာၾကားရာတြင္ ယခုကဲ့သို႔ ထူးခြၽန္ဆုမ်ား ရရွိၾကသည့္အတြက္ မိဘမ်ားႏွင့္ ထပ္တူထပ္မွ် ဝမ္းသာဂုဏ္ယူမိပါေၾကာင္း၊ ႏိုင္ငံ့ဝန္ထမ္းမ်ား၏ သားသမီးမ်ားျဖစ္သည့္ အတြက္လည္း ပိုမိုဂုဏ္ယူဝမ္းေျမာက္မိပါေၾကာင္း၊ ၆ ႏွစ္တာသင္တန္းတက္ေရာက္ခဲ့သည့္ကာလအတြင္း ႀကိဳးစား အားထုတ္မႈ ေကာင္းမြန္ခဲ့၍ ယခုကဲ့သို႔ ထူးခြၽန္ဆုမ်ားရရွိခဲ့ျခင္းျဖစ္ၿပီး ေက်ာင္းဆင္းၿပီး ေနာက္ပိုင္း တြင္လည္း စိတ္ဓာတ္၊ စည္းကမ္းေကာင္းစြာျဖင့္ ဆင္ျခင္တုံတရား၊ အသိသတိထား၍ ေဆာင္႐ြက္သြားၾကရန္လိုအပ္ေၾကာင္း၊ ေပးအပ္သည့္တာဝန္ကို ေက်ပြန္စြာျဖင့္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ထမ္းေဆာင္ၾကရန္လိုေၾကာင္း၊ မိမိစိတ္ကိုအလိုမလိုက္ဘဲ သြားသင့္သည့္ေနရာကိုသာသြားရန္၊ ေပါင္းသင့္သည့္သူကိုသာေပါင္းရန္၊ လုပ္သင့္သည့္ အလုပ္ကိုသာလုပ္ရန္ႏွင့္ ေျပာသင့္သည္ကိုသာ ေျပာရန္ဟူေသာ သင့္ ၄ သင့္ ကို လိုက္နာရန္ႏွင့္ မိမိထမ္းေဆာင္ရမည့္တာဝန္မ်ားကို ဆင္ျခင္တုံ တရားႏွင့္ ေအာင္ျမင္ေအာင္ ေဆာင္႐ြက္ၾကေစလိုေၾကာင္းျဖင့္မွာၾကားခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။