တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၁)သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ချီးမြှင့်

နေပြည်တော် ၊ ဒီဇင်ဘာ- ၁၂

တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၁) သင်တန်းဆင်းဂုဏ်ပြု ညစာစားပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ပြင်ဦးလွင်မြို့၊ တပ်မတော်နည်းပညာတက္ကသိုလ်ရှိ ပညာတန်ဆောင်ခန်းမ၌ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

အဆိုပါသင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော် နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သင်တန်းဆင်း အရာရှိများနှင့် မိဘဆွေမျိုးများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သင်တန်းဆင်း အရာရှိများအား တစ်ဦးချင်းရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် သင်တန်းဆင်းအရာရှိများ၊ မိဘဆွေမျိုးများနှင့်အတူ ညစာသုံးဆောင်ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်နည်းပညာတက္ကသိုလ် ဂုဏ်ပြုစစ်တီးဝိုင်းတပ်ဖွဲ့၏ ဂုဏ်ပြုတီးမှုတ်မှုအား ကြည့်ရှုအားပေးပြီး ချီးမြှင့်ငွေများပေးအပ်သည်။

သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ မြဝတီတေးဂီတနှင့်အငြိမ့်အဖွဲ့၊ သဇင်တေးဂီတအဖွဲ့တို့၏ ဖျော်ဖြေ တင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တပ္မေတာ္နည္းပညာတကၠသိုလ္ ဗိုလ္ေလာင္းသင္တန္းအမွတ္စဥ္(၂၁)သင္တန္းဆင္း ဂုဏ္ျပဳညစာစားပြဲသို႔ တက္ေရာက္ခ်ီးျမႇင့္

ေနျပည္ေတာ္ ၊ ဒီဇင္ဘာ- ၁၂

တပ္မေတာ္နည္းပညာတကၠသိုလ္ ဗိုလ္ေလာင္းသင္တန္း အမွတ္စဥ္(၂၁) သင္တန္းဆင္းဂုဏ္ျပဳ ညစာစားပြဲအခမ္းအနားကို ယေန႔ညေနပိုင္းတြင္ ျပင္ဦးလြင္ၿမိဳ႕၊ တပ္မေတာ္နည္းပညာတကၠသိုလ္ရွိ ပညာတန္ေဆာင္ခန္းမ၌က်င္းပရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တက္ေရာက္ခ်ီးျမႇင့္သည္။

အဆိုပါသင္တန္းဆင္း ဂုဏ္ျပဳညစာစားပြဲအခမ္းအနားသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိန္ဝင္းႏွင့္ဇနီး၊ ညႇိႏႈိင္းကြပ္ကဲေရးမႉး(ၾကည္း၊ ေရ၊ ေလ) ဗိုလ္ခ်ဳပ္ႀကီး ျမထြန္းဦးႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ ဇနီး၊ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ဇနီးမ်ား၊ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းမႉး၊ တပ္မေတာ္ နည္းပညာတကၠသိုလ္ ေက်ာင္းအုပ္ႀကီးႏွင့္ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ား၊ သင္တန္းဆင္း အရာရွိမ်ားႏွင့္ မိဘေဆြမ်ိဳးမ်ား တက္ေရာက္ၾကသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က သင္တန္းဆင္း အရာရွိမ်ားအား တစ္ဦးခ်င္းရင္းရင္းႏွီးႏွီး လိုက္လံႏႈတ္ဆက္သည္။ ထို႔ေနာက္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ သင္တန္းဆင္းအရာရွိမ်ား၊ မိဘေဆြမ်ိဳးမ်ားႏွင့္အတူ ညစာသုံးေဆာင္ၾကသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ တပ္မေတာ္နည္းပညာတကၠသိုလ္ ဂုဏ္ျပဳစစ္တီးဝိုင္းတပ္ဖြဲ႕၏ ဂုဏ္ျပဳတီးမႈတ္မႈအား ၾကည့္ရႈအားေပးၿပီး ခ်ီးျမႇင့္ေငြမ်ားေပးအပ္သည္။

သင္တန္းဆင္းဂုဏ္ျပဳညစာစားပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ဘြဲ႕ႏွင္းသဘင္ခန္းမေဆာင္၌ ျမဝတီေတးဂီတႏွင့္အၿငိမ့္အဖြဲ႕၊ သဇင္ေတးဂီတအဖြဲ႕တို႔၏ ေဖ်ာ္ေျဖ တင္ဆက္မႈမ်ားကို ၾကည့္ရႈအားေပးခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။