တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (၇၂)နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပြခန်းများအားကြည့်ရှု

နေပြည်တော်၊ ဒီဇင်ဘာ ၁၅

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ အငြိမ်းစား ကာကွယ်ရေးဦးစီးချုပ်(ရေ)များ၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(လေ)များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့ လိုက်ပါပြီး ဒီဇင်ဘာ ၁၄ ရက် ညနေပိုင်းတွင် မိတ္ထီလာတပ်နယ်ရှိ လေကြောင်း အတတ်သင် လေတပ်စခန်းဌာနချုပ်၌ ပြသထားသည့် (၇၂)နှစ်မြောက်တပ်မတော်(လေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပြခန်းများအား ကြည့်ရှုသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် (၇၂)နှစ်မြောက်တပ်မတော်(လေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပြခန်းနှင့် အမှတ်တရ ပစ္စည်းအရောင်းဆိုင်များ ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ (၇၂)နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည်နေ့အထိမ်းအမှတ်ပြခန်းအတွင်း ပြသထားသည့် လေကြောင်းသမိုင်း မှတ်တမ်းဓာတ်ပုံများ၊ တပ်မတော်(လေ) သမိုင်းမှတ်တမ်းဓာတ်ပုံများ၊ တပ်မတော်(လေ) ၏ နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာ မှတ်တမ်းဓာတ်ပုံများ၊ တပ်မတော်(လေ) အမျိုးသား၊ အမျိုးသမီးများ လေ့ကျင့်မှု မှတ်တမ်းဓာတ်ပုံများ၊ လေကြောင်းလူငယ်လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများ၊ တပ်မတော်(လေ) စက်မှုလက်မှု အရာရှိ၊ စစ်သည်၊ အစားခန့် များအား လေ့ကျင့်ပျိုးထောင်မှု မှတ်တမ်းဓာတ်ပုံများ လေယာဉ်ပုံစံငယ်များနှင့် လေသူရဲ အသုံးအဆောင်ပစ္စည်းများအား လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် (၇၂)နှစ် မြောက် တပ်မတော်(လေ) နှစ်ပတ်လည်နေ့အထိမ်းအမှတ် မှတ်တမ်းတင်လက်မှတ်ရေးထိုးကြပြီးနောက် လေတပ်စခန်းဌာနချုပ်များ၏ အမှတ်တရပစ္စည်းအရောင်းဆိုင်နှင့် မြန်မာ့ရိုးရာစားသောက်ဖွယ်ရာ အရောင်းဆိုင်၊ စာအုပ်အရောင်းဆိုင်နှင့် တပ်မတော်မှ ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များအား ဆက်လက်ကြည့်ရှုခဲ့ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ယနေ့ညပိုင်းတွင် လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်၊ သူရအုန်းခိုင်ခန်းမ၌ ပြုလုပ်သည့် (၇၂)နှစ်မြောက် တပ်မတော်(လေ) နှစ်ပတ်လည်နေ့အထိမ်းအမှတ်ပဒေသာကပွဲသို့ တက် ရောက်၍ တပ်မတော်(လေ) တေးဂီတအဖွဲ့နှင့် တပ်မတော်(လေ)မိသားစုဝင်များ၏ တေးသီချင်းများနှင့် သီဆိုတီးမှုတ်ကပြဖျော်ဖြေမှုများကို ကြည့်ရှု အားပေးခဲ့သည်။

(Zawgyi Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ (၇၂)ႏွစ္ေျမာက္ တပ္မေတာ္(ေလ) ႏွစ္ပတ္လည္ေန႔ အထိမ္းအမွတ္ျပခန္းမ်ားအားၾကည့္ရႈ

ေနျပည္ေတာ္၊ ဒီဇင္ဘာ ၁၅

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ဇနီး ေဒၚၾကဴၾကဴလွ၊ ကာကြယ္ေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိန္ဝင္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းႏွင့္ဇနီး၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ႏွင့္ဇနီး၊ အၿငိမ္းစား ကာကြယ္ေရးဦးစီးခ်ဳပ္(ေရ)မ်ား၊ အၿငိမ္းစားကာကြယ္ေရးဦးစီးခ်ဳပ္(ေလ)မ်ား၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉးတို႔ လိုက္ပါၿပီး ဒီဇင္ဘာ ၁၄ ရက္ ညေနပိုင္းတြင္ မိတၳီလာတပ္နယ္ရွိ ေလေၾကာင္း အတတ္သင္ ေလတပ္စခန္းဌာနခ်ဳပ္၌ ျပသထားသည့္ (၇၂)ႏွစ္ေျမာက္တပ္မေတာ္(ေလ) ႏွစ္ပတ္လည္ေန႔ အထိမ္းအမွတ္ျပခန္းမ်ားအား ၾကည့္ရႈသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဇနီး ေဒၚၾကဴၾကဴလွတို႔သည္ (၇၂)ႏွစ္ေျမာက္တပ္မေတာ္(ေလ) ႏွစ္ပတ္လည္ေန႔ အထိမ္းအမွတ္ျပခန္းႏွင့္ အမွတ္တရ ပစၥည္းအေရာင္းဆိုင္မ်ား ဖြင့္ပြဲအခမ္းအနားအား ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးသည္။ ထို႔ေနာက္ အခမ္းအနားတက္ေရာက္လာၾကသူမ်ားႏွင့္အတူ (၇၂)ႏွစ္ေျမာက္ တပ္မေတာ္(ေလ) ႏွစ္ပတ္လည္ေန႔အထိမ္းအမွတ္ျပခန္းအတြင္း ျပသထားသည့္ ေလေၾကာင္းသမိုင္း မွတ္တမ္းဓာတ္ပုံမ်ား၊ တပ္မေတာ္(ေလ) သမိုင္းမွတ္တမ္းဓာတ္ပုံမ်ား၊ တပ္မေတာ္(ေလ) ၏ ႏိုင္ငံတကာ ဆက္ဆံေရးဆိုင္ရာ မွတ္တမ္းဓာတ္ပုံမ်ား၊ တပ္မေတာ္(ေလ) အမ်ိဳးသား၊ အမ်ိဳးသမီးမ်ား ေလ့က်င့္မႈ မွတ္တမ္းဓာတ္ပုံမ်ား၊ ေလေၾကာင္းလူငယ္လႈပ္ရွားမႈ မွတ္တမ္းဓာတ္ပုံမ်ား၊ တပ္မေတာ္(ေလ) စက္မႈလက္မႈ အရာရွိ၊ စစ္သည္၊ အစားခန႔္ မ်ားအား ေလ့က်င့္ပ်ိဳးေထာင္မႈ မွတ္တမ္းဓာတ္ပုံမ်ား ေလယာဥ္ပုံစံငယ္မ်ားႏွင့္ ေလသူရဲ အသုံးအေဆာင္ပစၥည္းမ်ားအား လွည့္လည္ၾကည့္ရႈၾကသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အဖြဲ႕ဝင္မ်ားသည္ (၇၂)ႏွစ္ ေျမာက္ တပ္မေတာ္(ေလ) ႏွစ္ပတ္လည္ေန႔အထိမ္းအမွတ္ မွတ္တမ္းတင္လက္မွတ္ေရးထိုးၾကၿပီးေနာက္ ေလတပ္စခန္းဌာနခ်ဳပ္မ်ား၏ အမွတ္တရပစၥည္းအေရာင္းဆိုင္ႏွင့္ ျမန္မာ့႐ိုးရာစားေသာက္ဖြယ္ရာ အေရာင္းဆိုင္၊ စာအုပ္အေရာင္းဆိုင္ႏွင့္ တပ္မေတာ္မွ ထုတ္လုပ္သည့္ လူသုံးကုန္ပစၥည္းအေရာင္းဆိုင္မ်ားအား ဆက္လက္ၾကည့္ရႈခဲ့ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ ယေန႔ညပိုင္းတြင္ ေလေၾကာင္းအတတ္သင္ ေလတပ္စခန္းဌာနခ်ဳပ္၊ သူရအုန္းခိုင္ခန္းမ၌ ျပဳလုပ္သည့္ (၇၂)ႏွစ္ေျမာက္ တပ္မေတာ္(ေလ) ႏွစ္ပတ္လည္ေန႔အထိမ္းအမွတ္ပေဒသာကပြဲသို႔ တက္ ေရာက္၍ တပ္မေတာ္(ေလ) ေတးဂီတအဖြဲ႕ႏွင့္ တပ္မေတာ္(ေလ)မိသားစုဝင္မ်ား၏ ေတးသီခ်င္းမ်ားႏွင့္ သီဆိုတီးမႈတ္ကျပေဖ်ာ္ေျဖမႈမ်ားကို ၾကည့္ရႈ အားေပးခဲ့သည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။