တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဗီယက်နမ် ပြည်သူ့ တပ်မတော်စစ်ဦးစီးအရာရှိချုပ်က ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆို၊ တွေ့ဆုံဆွေးနွေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဗီယက်နမ် ပြည်သူ့ တပ်မတော်စစ်ဦးစီးအရာရှိချုပ်က ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆို၊ တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဒီဇင်ဘာ – ၁၉

ဗီယက်နမ်ပြည်သူ့တပ်မတော်စစ်ဦးစီးအရာရှိချုပ် enior Lieutenant General Phan Van Gaing ၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဟနွိုင်းမြို့၌ ချစ်ကြည်ရေးခရီးရောက်ရှိ နေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ယနေ့နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန(K-2000) ၌ ဗီယက်နမ်ပြည်သူ့တပ်မတော်စစ်ဦးစီး အရာရှိချုပ် Senior Lieutenant General Phan Van Giang က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနသို့ ရောက်ရှိကြရာ ဗီယက်နမ်ပြည်သူ့ တပ်မတော်စစ်ဦးစီးအရာရှိချုပ်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဗီယက်နမ်ပြည်သူ့ တပ်မတော်စစ်ဦးစီးအရာရှိချုပ်တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏အလေးပြုခြင်းကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးကြသည်။ ယင်းနောက် ဂုဏ်ပြုကြိုဆိုပွဲသို့ တက်ရောက်လာကြသည့် နှစ်နိုင်ငံတပ်မတော်အရာရှိကြီးများနှင့် အပြန်အလှန် မိတ်ဆက်ပေးပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။

အဆိုပါဂုဏ်ပြုကြိုဆိုပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော် အရာရှိကြီးများ၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှ သံမှူး ဒေါ်ဝင်းစန္ဒာဆွေ၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် အောင်ဇေယျ တို့တက်ရောက်ကြပြီး ဗီယက်နမ် ပြည်သူ့တပ်မတော်စစ်ဦးစီးအရာရှိချုပ်နှင့် အတူ ဗီယက်နမ်ပြည်သူ့တပ်မတော်မှ အရာရှိကြီးများ တက်ရောက်ကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဗီယက်နမ်ပြည်သူ့ တပ်မတော်စစ်ဦးစီးအရာရှိချုပ် တို့သည် ဗီယက်နမ်ကာကွယ်ရေးဝန်ကြီး ဌာန၊ ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးကြသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် ရှည်လျားသော ချစ်ကြည်ရေး သမိုင်းကြောင်းရှိပြီး ဆက်ဆံရေးကောင်းမွန်လျက်ရှိသည့်အခြေအနေများနှင့် ယခုကဲ့သို့ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်သွားရောက်ခြင်းဖြင့် ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးမြှင့်စေနိုင်သည့် အခြေအနေများ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များတွင် အကြမ်းဖက်မှုနှိမ်နင်းရေး၊ ပင်လယ်ပြင် ကယ်ဆယ်ရေး၊ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး၊ သတင်းအချက်အလက် အပြန်အလှန်ဖလှယ်ရေးများအပြင် အခြားနယ်ပယ်ကဏ္ဍ ပေါင်းစုံ၌ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ ထို့ပြင် ဆေးပညာနှင့် ကုသမှုဆိုင်ရာ အတွေ့အကြုံဖလှယ်ရေး၊ ယဉ်ကျေးမှုဆိုင်ရာအဖွဲ့များ၊ အားကစား ဆိုင်ရာအဖွဲ့များ၊ အရာရှိကြီးအဆင့်နှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ အပြန်အလှန်စေလွှတ်၍ ချစ်ကြည် ရင်းနှီးမှုကို ပိုမိုတိုးမြင့်ခိုင်မာအောင် ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ၂၀၂၀ ခုနှစ် တွင် ဗီယက်နမ်နိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ရာတွင် မြန်မာ့တပ်မတော်က တတ်စွမ်းသရွေ့ ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေများအား ခင်မင်ရင်းနှီးစွာ အပြန်အလှန် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဗီယက်နမ်ပြည်သူ့တပ်မတော်စစ်ဦးစီး အရာရှိချုပ်တို့သည် အထိမ်းအမှတ်တံဆိပ်များ အပြန်အလှန်လဲလှယ်ကြပြီး တက်ရောက်လာကြ သူများနှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

(Zawgyi One)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္အား ဗီယက္နမ္ ျပည္သူ႔ တပ္မေတာ္စစ္ဦးစီးအရာရွိခ်ဳပ္က ဂုဏ္ျပဳတပ္ဖြဲ႕ျဖင့္ႀကိဳဆို၊ ေတြ႕ဆုံေဆြးေႏြး

ေနျပည္ေတာ္၊ ဒီဇင္ဘာ – ၁၉

ဗီယက္နမ္ျပည္သူ႔တပ္မေတာ္စစ္ဦးစီးအရာရွိခ်ဳပ္ enior Lieutenant General Phan Van Gaing ၏ ဖိတ္ၾကားခ်က္အရ ဗီယက္နမ္ဆိုရွယ္လစ္သမၼတႏိုင္ငံ၊ ဟႏြိဳင္းၿမိဳ႕၌ ခ်စ္ၾကည္ေရးခရီးေရာက္ရွိ ေနေသာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္အား ယေန႔နံနက္ပိုင္းတြင္ ဗီယက္နမ္ႏိုင္ငံ၊ ကာကြယ္ေရးဝန္ႀကီးဌာန(K-2000) ၌ ဗီယက္နမ္ျပည္သူ႔တပ္မေတာ္စစ္ဦးစီး အရာရွိခ်ဳပ္ Senior Lieutenant General Phan Van Giang က ဂုဏ္ျပဳတပ္ဖြဲ႕ျဖင့္ ႀကိဳဆိုသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ ခ်စ္ၾကည္ေရး ကိုယ္စားလွယ္အဖြဲ႕သည္ ဗီယက္နမ္ကာကြယ္ေရးဝန္ႀကီးဌာနသို႔ ေရာက္ရွိၾကရာ ဗီယက္နမ္ျပည္သူ႔ တပ္မေတာ္စစ္ဦးစီးအရာရွိခ်ဳပ္ႏွင့္ တာဝန္ရွိသူမ်ားက ႀကိဳဆိုႏႈတ္ဆက္ၾကသည္။ ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ဗီယက္နမ္ျပည္သူ႔ တပ္မေတာ္စစ္ဦးစီးအရာရွိခ်ဳပ္တို႔သည္ ဂုဏ္ျပဳတပ္ဖြဲ႕၏အေလးျပဳျခင္းကိုခံယူၿပီး ဂုဏ္ျပဳတပ္ဖြဲ႕အား စစ္ေဆးၾကသည္။ ယင္းေနာက္ ဂုဏ္ျပဳႀကိဳဆိုပြဲသို႔ တက္ေရာက္လာၾကသည့္ ႏွစ္ႏိုင္ငံတပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ အျပန္အလွန္ မိတ္ဆက္ေပးၿပီး အမွတ္တရ စုေပါင္းဓာတ္ပုံ႐ိုက္ၾကသည္။

အဆိုပါဂုဏ္ျပဳႀကိဳဆိုပြဲသို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္အတူ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)မွ စစ္ေထာက္ခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ညိဳေစာ၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ႏွင့္ တပ္မေတာ္ အရာရွိႀကီးမ်ား၊ ဗီယက္နမ္ႏိုင္ငံဆိုင္ရာ ျမန္မာႏိုင္ငံသံ႐ုံးမွ သံမႉး ေဒၚဝင္းစႏၵာေဆြ၊ ျမန္မာစစ္သံ(ၾကည္း၊ေရ၊ေလ) ဗိုလ္မႉးခ်ဳပ္ ေအာင္ေဇယ် တို႔တက္ေရာက္ၾကၿပီး ဗီယက္နမ္ ျပည္သူ႔တပ္မေတာ္စစ္ဦးစီးအရာရွိခ်ဳပ္ႏွင့္ အတူ ဗီယက္နမ္ျပည္သူ႔တပ္မေတာ္မွ အရာရွိႀကီးမ်ား တက္ေရာက္ၾကသည္။ ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဗီယက္နမ္ျပည္သူ႔ တပ္မေတာ္စစ္ဦးစီးအရာရွိခ်ဳပ္ တို႔သည္ ဗီယက္နမ္ကာကြယ္ေရးဝန္ႀကီး ဌာန၊ ဧည့္ခန္းမေဆာင္၌ ေတြ႕ဆုံေဆြးေႏြးၾကသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ ျမန္မာႏိုင္ငံႏွင့္ ဗီယက္နမ္ႏိုင္ငံတို႔သည္ ရွည္လ်ားေသာ ခ်စ္ၾကည္ေရး သမိုင္းေၾကာင္းရွိၿပီး ဆက္ဆံေရးေကာင္းမြန္လ်က္ရွိသည့္အေျခအေနမ်ားႏွင့္ ယခုကဲ့သို႔ ခ်စ္ၾကည္ေရးခရီးစဥ္မ်ား အျပန္အလွန္သြားေရာက္ျခင္းျဖင့္ ရွိရင္းစြဲ ခ်စ္ၾကည္ရင္းႏွီးမႈကို ပိုမိုတိုးျမႇင့္ေစႏိုင္သည့္ အေျခအေနမ်ား၊ ႏွစ္ႏိုင္ငံတပ္မေတာ္ႏွစ္ရပ္အၾကား ပူးေပါင္းေဆာင္႐ြက္မႈ နယ္ပယ္မ်ားတြင္ အၾကမ္းဖက္မႈႏွိမ္နင္းေရး၊ ပင္လယ္ျပင္ ကယ္ဆယ္ေရး၊ သဘာဝေဘးအႏၲရာယ္ ကယ္ဆယ္ေရး၊ သတင္းအခ်က္အလက္ အျပန္အလွန္ဖလွယ္ေရးမ်ားအျပင္ အျခားနယ္ပယ္က႑ ေပါင္းစုံ၌ က်ယ္က်ယ္ျပန႔္ျပန႔္ ပိုမိုပူးေပါင္းေဆာင္႐ြက္သြားမည့္ အေျခအေနမ်ား၊ ထို႔ျပင္ ေဆးပညာႏွင့္ ကုသမႈဆိုင္ရာ အေတြ႕အႀကဳံဖလွယ္ေရး၊ ယဥ္ေက်းမႈဆိုင္ရာအဖြဲ႕မ်ား၊ အားကစား ဆိုင္ရာအဖြဲ႕မ်ား၊ အရာရွိႀကီးအဆင့္ႏွင့္ စစ္မႈထမ္းေဟာင္းအဖြဲ႕ဝင္မ်ား အျပန္အလွန္ေစလႊတ္၍ ခ်စ္ၾကည္ ရင္းႏွီးမႈကို ပိုမိုတိုးျမင့္ခိုင္မာေအာင္ ေဆာင္႐ြက္ႏိုင္မည့္ အေျခအေနမ်ား၊ ၂၀၂၀ ခုႏွစ္ တြင္ ဗီယက္နမ္ႏိုင္ငံက အာဆီယံအလွည့္က် ဥကၠ႒ တာဝန္ထမ္းေဆာင္ရာတြင္ ျမန္မာ့တပ္မေတာ္က တတ္စြမ္းသေ႐ြ႕ ကူညီေဆာင္႐ြက္ေပးသြားမည့္ အေျခအေနမ်ားအား ခင္မင္ရင္းႏွီးစြာ အျပန္အလွန္ ေဆြးေႏြးၾကသည္။

ေတြ႕ဆုံပြဲအၿပီးတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ ဗီယက္နမ္ျပည္သူ႔တပ္မေတာ္စစ္ဦးစီး အရာရွိခ်ဳပ္တို႔သည္ အထိမ္းအမွတ္တံဆိပ္မ်ား အျပန္အလွန္လဲလွယ္ၾကၿပီး တက္ေရာက္လာၾက သူမ်ားႏွင့္အတူ အမွတ္တရစုေပါင္းဓာတ္ပုံ႐ိုက္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။