တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ Viettel Group သို့သွားရောက်လေ့လာ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ Viettel Group သို့သွားရောက်လေ့လာ

နေပြည်တော်၊ ဒီဇင်ဘာ – ၁၉

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံတွင် ချစ်ကြည်ရေးခရီးရောက်ရှိနေသော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် Viettel Group သို့ သွားရောက်လေ့လာသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Viettel Group သို့ရောက်ရှိကြရာ Viettel Group ဥက္ကဋ္ဌ Maj. Gen. Nguyen Manh Hung နှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင် များအား Viettel Group ဥက္ကဋ္ဌက ကုမ္ပဏီအစည်းအဝေးခန်းမတွင် ကုမ္ပဏီစတင် ပေါ်ပေါက် လာပုံသမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို Video clip ဖြင့် ရှင်းလင်းတင်ပြ သည်။ ယင်းနောက် Viettel Group ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် Viettel Group အနေဖြင့် ဆက်သွယ်ရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ဆက်သွယ်ရေးပစ္စည်းများကို သုတေသနပြုလုပ်ခြင်းနှင့် ထုတ်လုပ်ခြင်းများအပြင် အင်တာနက် ဝန်ဆောင်မှုနှင့် ဆက်စပ်နေသည့် ဝန်ဆောင်မှုများကိုပါ ဆောင်ရွက်လျက် ရှိကြောင်း၊ နှစ်နိုင်ငံ အကျိုးတူပူးပေါင်းဆောင်ရွက်မှုအနေဖြင့် Mytel ဆက်သွယ်မှု ကွန်ရက်ကို ဆောင်ရွက်ခဲ့ပြီး Mytel ဟူသည့်အမည်ကို ဗိုလ်ချုပ်မှူးကြီးက မှည့်ခေါ်ပေးခဲ့ခြင်းဖြစ်ကာ အချိန်တိုအတွင်း တိုးတက်မှု များစွာရှိခဲ့ကြောင်းနှင့် နှစ်နိုင်ငံ အကျုးိတူ ပူးပေါင်းမှုများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးမောင်းနှင်အားသည် အဓိကကျပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု သည် ဆက်သွယ်မှုစနစ် ကောင်းမွန်မှုအပေါ်တွင်လည်း များစွာမူတည်ကြောင်း၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည် ရင်းနှီးမှုရှိစွာ အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်းများဖြင့် နိုင်ငံ၏ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ဗီယက်နမ်တပ်မတော်နှင့် မြန်မာ့တပ်မတော်နှစ်ရပ် အကျိုးတူပူးပေါင်း၍ Mytel ဆက်သွယ်မှုကွန်ရက်ကို ရဲရဲရင့်ရင့် ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အခြားဆက်သွယ်ရေးဆိုင်ရာ ကဏ္ဍအသီးသီးတွင်လည်း ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် သုတေသနပြုလုပ်ခြင်းများ အမြဲမပြတ်ဆောင်ရွက်သွားပြီး ပြည်တွင်းဈေးကွက်မှ နိုင်ငံတကာဈေးကွက်သို့ အကျိုးတူပူးပေါင်းဆောင်ရွက်မှုများဖြင့် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားခြင်းဖြင့် နိုင်ငံတော်နှင့် ပြည်သူလူထုအပေါ် အကျိုးပြုသွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် Viettel Group ဥက္ကဋ္ဌ တို့သည် အထိမ်းအမှတ် တံဆိပ်များနှင့် အမှတ်တရပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။

အဆိုပါ Viettel Group ကို ၂၀၀၄ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ကာ ဗီယက်နမ်နိုင်ငံ၏အကြီးဆုံး Mobile ဆက်သွယ်ရေးလုပ်ငန်းဖြစ်ပြီး ဗီယက်နမ်ကာကွယ်ရေးဝန်ကြီး ဌာနပိုင် လုပ်ငန်းတစ်ခု ဖြစ်ကြောင်း၊ ပြည်တွင်း၊ ပြည်ပ အလုပ်သမားဦးရေ ၈၀၀၀၀ ရှိပြီး ငှားရမ်းအသုံးပြုသူ ၆၃ သန်းအား ဝန်ဆောင်မှုပေးလျက်ရှိကြောင်း၊ Viettel အနေဖြင့် အာရှ၊ အာဖရိကနှင့် အမေရိက စသည့် တိုက်ကြီး ၃ တိုက်တွင် တယ်လီဖုန်း ဆက်သွယ်ရေးဝန်ဆောင်မှုများအား အောင်မြင်စွာဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော် အတွက် အခွန်ငွေများစွာရရှိအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ပြင် သတင်း အချက်အလက်လုံခြုံမှု၊ ကျန်းမာရေး၊ ပညာရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ ဆက်သွယ်မှုကွန်ရက်နှင့် အားကစားကဏ္ဍများကိုပါ ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာ့တပ်မတော်နှင့်အကျိုးတူ ပူးပေါင်း၍ ၂၀၁၇ ခုနှစ် သြဂုတ်လတွင် စတုတ္ထမြောက် အော်ပရေတာအဖြစ် Mytel ဆက်သွယ်မှုကွန်ရက်ကို အောင်မြင်စွာဆောင်ရွက်ခဲ့ကြောင်း၊ Viettel အနေဖြင့် ၁၀ နှစ်ကြာလုပ်ငန်းလည်ပတ်ပြီးနောက် ကမ္ဘာပေါ်ရှိ ထိပ်တန်း အကြီးမားဆုံး ဆက်သွယ်ရေးကုမ္ပဏီ (၃၀)ခုတွင် စာရင်းဝင်ခဲ့ကြောင်းနှင့် နိုင်ငံတော် အခြေခံအဆောက်အဦ တစ်ခုဖြစ်သောကြောင့် တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်းမှ ၎င်းတို့၏ ရေရှည်တည်တံ့သော ရင်းနှီးမြှပ်နှံမှုမဟာဗျူဟာအား ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်သည်။

(Zawgyi One)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ ကိုယ္စားလွယ္အဖြဲ႕ Viettel Group သို႔သြားေရာက္ေလ့လာ

ေနျပည္ေတာ္၊ ဒီဇင္ဘာ – ၁၉

ဗီယက္နမ္ဆိုရွယ္လစ္သမၼတႏိုင္ငံတြင္ ခ်စ္ၾကည္ေရးခရီးေရာက္ရွိေနေသာ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ဦးေဆာင္သည့္ ျမန္မာ့တပ္မေတာ္ကိုယ္စားလွယ္အဖြဲ႕သည္ ယေန႔မြန္းလြဲပိုင္းတြင္ Viettel Group သို႔ သြားေရာက္ေလ့လာသည္။

ဦးစြာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္မ်ားသည္ Viettel Group သို႔ေရာက္ရွိၾကရာ Viettel Group ဥကၠ႒ Maj. Gen. Nguyen Manh Hung ႏွင့္ အဖြဲ႕ဝင္မ်ားက ႀကိဳဆိုႏႈတ္ဆက္ၾကၿပီး အမွတ္တရစုေပါင္းဓာတ္ပုံ႐ိုက္ၾကသည္။ ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ အဖြဲ႕ဝင္ မ်ားအား Viettel Group ဥကၠ႒က ကုမၸဏီအစည္းအေဝးခန္းမတြင္ ကုမၸဏီစတင္ ေပၚေပါက္ လာပုံသမိုင္းေၾကာင္းႏွင့္ လုပ္ငန္းေဆာင္႐ြက္မႈ အေျခအေနမ်ားကို Video clip ျဖင့္ ရွင္းလင္းတင္ျပ သည္။ ယင္းေနာက္ Viettel Group ဥကၠ႒က အမွာစကားေျပာၾကားရာတြင္ Viettel Group အေနျဖင့္ ဆက္သြယ္ေရးဆိုင္ရာ အဆင့္ျမင့္လုပ္ငန္းမ်ားကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ဆက္သြယ္ေရးပစၥည္းမ်ားကို သုေတသနျပဳလုပ္ျခင္းႏွင့္ ထုတ္လုပ္ျခင္းမ်ားအျပင္ အင္တာနက္ ဝန္ေဆာင္မႈႏွင့္ ဆက္စပ္ေနသည့္ ဝန္ေဆာင္မႈမ်ားကိုပါ ေဆာင္႐ြက္လ်က္ ရွိေၾကာင္း၊ ႏွစ္ႏိုင္ငံ အက်ိဳးတူပူးေပါင္းေဆာင္႐ြက္မႈအေနျဖင့္ Mytel ဆက္သြယ္မႈ ကြန္ရက္ကို ေဆာင္႐ြက္ခဲ့ၿပီး Mytel ဟူသည့္အမည္ကို ဗိုလ္ခ်ဳပ္မႉးႀကီးက မွည့္ေခၚေပးခဲ့ျခင္းျဖစ္ကာ အခ်ိန္တိုအတြင္း တိုးတက္မႈ မ်ားစြာရွိခဲ့ေၾကာင္းႏွင့္ ႏွစ္ႏိုင္ငံ အက်ဳးိတူ ပူးေပါင္းမႈမ်ားကို ဆက္လက္ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း ေျပာၾကားသည္။

ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ႏိုင္ငံတစ္ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ စီးပြားေရးေမာင္းႏွင္အားသည္ အဓိကက်ၿပီး စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈ သည္ ဆက္သြယ္မႈစနစ္ ေကာင္းမြန္မႈအေပၚတြင္လည္း မ်ားစြာမူတည္ေၾကာင္း၊ ႏွစ္ႏိုင္ငံ တပ္မေတာ္ႏွစ္ရပ္အၾကား ခ်စ္ၾကည္ ရင္းႏွီးမႈရွိစြာ အက်ိဳးတူပူးေပါင္း ေဆာင္႐ြက္ျခင္းမ်ားျဖင့္ ႏိုင္ငံ၏ဆက္သြယ္ေရးက႑ဖြံ႕ၿဖိဳး တိုးတက္ေရးႏွင့္စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္မႈကို ျဖစ္ထြန္းေစမည္ျဖစ္ေၾကာင္း၊ ဗီယက္နမ္တပ္မေတာ္ႏွင့္ ျမန္မာ့တပ္မေတာ္ႏွစ္ရပ္ အက်ိဳးတူပူးေပါင္း၍ Mytel ဆက္သြယ္မႈကြန္ရက္ကို ရဲရဲရင့္ရင့္ ပူးေပါင္း ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ေၾကာင္း၊ အျခားဆက္သြယ္ေရးဆိုင္ရာ က႑အသီးသီးတြင္လည္း ပူးေပါင္း ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းႏွင့္ သုေတသနျပဳလုပ္ျခင္းမ်ား အၿမဲမျပတ္ေဆာင္႐ြက္သြားၿပီး ျပည္တြင္းေဈးကြက္မွ ႏိုင္ငံတကာေဈးကြက္သို႔ အက်ိဳးတူပူးေပါင္းေဆာင္႐ြက္မႈမ်ားျဖင့္ ဆက္လက္ ႀကိဳးပမ္းေဆာင္႐ြက္သြားျခင္းျဖင့္ ႏိုင္ငံေတာ္ႏွင့္ ျပည္သူလူထုအေပၚ အက်ိဳးျပဳသြားရမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

ဆက္လက္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ Viettel Group ဥကၠ႒ တို႔သည္ အထိမ္းအမွတ္ တံဆိပ္မ်ားႏွင့္ အမွတ္တရပစၥည္းမ်ား အျပန္အလွန္ ေပးအပ္ၾကၿပီး စုေပါင္းဓာတ္ပုံ႐ိုက္ခဲ့ၾကသည္။

အဆိုပါ Viettel Group ကို ၂၀၀၄ ခုႏွစ္တြင္စတင္တည္ေထာင္ခဲ့ကာ ဗီယက္နမ္ႏိုင္ငံ၏အႀကီးဆုံး Mobile ဆက္သြယ္ေရးလုပ္ငန္းျဖစ္ၿပီး ဗီယက္နမ္ကာကြယ္ေရးဝန္ႀကီး ဌာနပိုင္ လုပ္ငန္းတစ္ခု ျဖစ္ေၾကာင္း၊ ျပည္တြင္း၊ ျပည္ပ အလုပ္သမားဦးေရ ၈၀၀၀၀ ရွိၿပီး ငွားရမ္းအသုံးျပဳသူ ၆၃ သန္းအား ဝန္ေဆာင္မႈေပးလ်က္ရွိေၾကာင္း၊ Viettel အေနျဖင့္ အာရွ၊ အာဖရိကႏွင့္ အေမရိက စသည့္ တိုက္ႀကီး ၃ တိုက္တြင္ တယ္လီဖုန္း ဆက္သြယ္ေရးဝန္ေဆာင္မႈမ်ားအား ေအာင္ျမင္စြာေဆာင္႐ြက္လ်က္ရွိၿပီး ႏိုင္ငံေတာ္ အတြက္ အခြန္ေငြမ်ားစြာရရွိေအာင္ ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း၊ ထို႔ျပင္ သတင္း အခ်က္အလက္လုံၿခဳံမႈ၊ က်န္းမာေရး၊ ပညာေရး၊ ေထာက္ပံ့ပို႔ေဆာင္ေရး၊ ဆက္သြယ္မႈကြန္ရက္ႏွင့္ အားကစားက႑မ်ားကိုပါ ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ျမန္မာ့တပ္မေတာ္ႏွင့္အက်ိဳးတူ ပူးေပါင္း၍ ၂၀၁၇ ခုႏွစ္ ၾသဂုတ္လတြင္ စတုတၳေျမာက္ ေအာ္ပေရတာအျဖစ္ Mytel ဆက္သြယ္မႈကြန္ရက္ကို ေအာင္ျမင္စြာေဆာင္႐ြက္ခဲ့ေၾကာင္း၊ Viettel အေနျဖင့္ ၁၀ ႏွစ္ၾကာလုပ္ငန္းလည္ပတ္ၿပီးေနာက္ ကမာၻေပၚရွိ ထိပ္တန္း အႀကီးမားဆုံး ဆက္သြယ္ေရးကုမၸဏီ (၃၀)ခုတြင္ စာရင္းဝင္ခဲ့ေၾကာင္းႏွင့္ ႏိုင္ငံေတာ္ အေျခခံအေဆာက္အဦ တစ္ခုျဖစ္ေသာေၾကာင့္ တယ္လီဖုန္းဆက္သြယ္ေရးလုပ္ငန္းမွ ၎တို႔၏ ေရရွည္တည္တံ့ေသာ ရင္းႏွီးျမႇပ္ႏွံမႈမဟာဗ်ဴဟာအား ဆက္လက္ေဆာင္႐ြက္ သြားမည္ျဖစ္သည္။

 

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။