တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံမှ ပြန်လည် ရောက်ရှိ

နေပြည်တော် ဒီဇင်ဘာ ၂၁

ဗီယက်နမ်တပ်မတော်စစ်ဦးစီးအရာရှိချုပ် Senior Lieutenant General Phan Van Gaing ၏ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၏(၃၀)နှစ်မြောက် အမျိုးသားကာကွယ်ရေးနေ့နှင့် (၇၅) နှစ်မြောက် ဗီယက်နမ်ပြည်သူ့တပ်မတော်တည်ထောင် သည့်နေ့ အခမ်းအနားများသို့ တက်ရောက်ခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ သည် ယနေ့ညနေပိုင်းတွင် ဗီယက်နမ်နိုင်ငံ၊ နိုဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးဖြင့်ပြန်လည်ထွက်ခွာကြရာ ဗီယက်နမ်ပြည်သူ့တပ်မတော်မှ ဒုတိယ စစ်ဦးစီးအရာရှိချုပ် Lieutenant General Ngo Minh Tien နှင့် တာဝန်ရှိသူများ၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးကျော်စိုးဝင်း ၊ စစ်သံမှူး ဗိုလ်မှူးချုပ် အောင်ဇေယျနှင့်တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။

မြန်မာ့တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်သို့ ပြန်လည်ရောက်ရှိကြရာ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်ပုံနှင့်တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံရုံးမှ သံရုံးဒုတိယအကြီးအကဲနှင့် ပထမအတွင်းဝန် Mr. Le Gia Thinh ၊ ဗီယက်နမ်နိုင်ငံ လက်ထောက်စစ်သံမှူး Lieutenant Colonel Nguyen Quang Trung နှင့်တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင် သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားကြ သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်တပ်မတော်အရာရှိကြီးများ ပြန်လည်လိုက်ပါလာခဲ့သည် ။

ခရီးစဉ်အတွင်း ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ (၃၀)နှစ်မြောက် အမျိုးသား ကာကွယ်ရေးနေ့နှင့် (၇၅) နှစ်မြောက် ဗီယက်နမ်ပြည်သူ့တပ်မတော် တည်ထောင်သည့်နေ့ အခမ်းအနားများသို့ ပါဝင်တက်ရောက်ခြင်း၊ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr. Nguyen Xuan Phuc နှင့် အမျိုးသားလွှတ်တော်ဥက္ကဌ H.E. Mrs. Nguyen Thi Kim Ngan တို့အပါအဝင် ဗီယက်နမ်နိုင်ငံ အစိုးရအဖွဲ့နှင့် ဗီယက်နမ် ပြည်သူ့တပ်မတော်တို့မှ အကြီးအကဲများနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခြင်းနှင့် အထင်ကရနေရာများသို့ သွားရောက်လေ့လာခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

(Unicode Version)

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ကိုယ္စားလွယ္အဖြဲ႕ ဗီယက္နမ္ဆိုရွယ္လစ္သမၼတႏိုင္ငံမွ ျပန္လည္ ေရာက္ရွိ

ေနျပည္ေတာ္ ဒီဇင္ဘာ ၂၁

ဗီယက္နမ္တပ္မေတာ္စစ္ဦးစီးအရာရွိခ်ဳပ္ Senior Lieutenant General Phan Van Gaing ၏ဖိတ္ၾကားခ်က္အရ ဗီယက္နမ္ဆိုရွယ္လစ္သမၼတႏိုင္ငံ၏(၃၀)ႏွစ္ေျမာက္ အမ်ိဳးသားကာကြယ္ေရးေန႔ႏွင့္ (၇၅) ႏွစ္ေျမာက္ ဗီယက္နမ္ျပည္သူ႔တပ္မေတာ္တည္ေထာင္ သည့္ေန႔ အခမ္းအနားမ်ားသို႔ တက္ေရာက္ခဲ့သည့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ေသာ ျမန္မာ့တပ္မေတာ္ကိုယ္စားလွယ္အဖြဲ႕ သည္ ယေန႔ညေနပိုင္းတြင္ ဗီယက္နမ္ႏိုင္ငံ၊ ႏိုဘိုင္းအျပည္ျပည္ဆိုင္ရာေလဆိပ္မွ ေလေၾကာင္းခရီးျဖင့္ျပန္လည္ထြက္ခြာၾကရာ ဗီယက္နမ္ျပည္သူ႔တပ္မေတာ္မွ ဒုတိယ စစ္ဦးစီးအရာရွိခ်ဳပ္ Lieutenant General Ngo Minh Tien ႏွင့္ တာဝန္ရွိသူမ်ား၊ ဗီယက္နမ္ႏိုင္ငံဆိုင္ရာ ျမန္မာႏိုင္ငံသံအမတ္ႀကီး ဦးေက်ာ္စိုးဝင္း ၊ စစ္သံမႉး ဗိုလ္မႉးခ်ဳပ္ ေအာင္ေဇယ်ႏွင့္တာဝန္ရွိသူမ်ားက ေလဆိပ္တြင္ ပို႔ေဆာင္ႏႈတ္ဆက္ၾကသည္။

ျမန္မာ့တပ္မေတာ္ခ်စ္ၾကည္ေရးကိုယ္စားလွယ္အဖြဲ႕သည္ ယေန႔ညေနပိုင္းတြင္ ရန္ကုန္ၿမိဳ႕ရွိ မဂၤလာဒုံေလတပ္စခန္းဌာနခ်ဳပ္သို႔ ျပန္လည္ေရာက္ရွိၾကရာ ကာကြယ္ေရး ဦးစီးခ်ဳပ္(ေရ) ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္(ေလ) ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ သက္ပုံႏွင့္တပ္မေတာ္အရာရွိႀကီးမ်ား၊ ျမန္မာႏိုင္ငံဆိုင္ရာ ဗီယက္နမ္ႏိုင္ငံသံ႐ုံးမွ သံ႐ုံးဒုတိယအႀကီးအကဲႏွင့္ ပထမအတြင္းဝန္ Mr. Le Gia Thinh ၊ ဗီယက္နမ္ႏိုင္ငံ လက္ေထာက္စစ္သံမႉး Lieutenant Colonel Nguyen Quang Trung ႏွင့္တာဝန္ရွိသူမ်ားက ေလဆိပ္တြင္ ႀကိဳဆိုႏႈတ္ဆက္ၾကသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ ေသာ ျမန္မာ့တပ္မေတာ္ကိုယ္စားလွယ္အဖြဲ႕တြင္ အဖြဲ႕ဝင္မ်ားအျဖစ္ လိုက္ပါသြားၾက သည့္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ညိဳေစာ၊ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ႏွင့္တပ္မေတာ္အရာရွိႀကီးမ်ား ျပန္လည္လိုက္ပါလာခဲ့သည္ ။

ခရီးစဥ္အတြင္း ဗီယက္နမ္ဆိုရွယ္လစ္သမၼတႏိုင္ငံ၏ (၃၀)ႏွစ္ေျမာက္ အမ်ိဳးသား ကာကြယ္ေရးေန႔ႏွင့္ (၇၅) ႏွစ္ေျမာက္ ဗီယက္နမ္ျပည္သူ႔တပ္မေတာ္ တည္ေထာင္သည့္ေန႔ အခမ္းအနားမ်ားသို႔ ပါဝင္တက္ေရာက္ျခင္း၊ ဗီယက္နမ္ ဆိုရွယ္လစ္သမၼတႏိုင္ငံ ဝန္ႀကီးခ်ဳပ္ Mr. Nguyen Xuan Phuc ႏွင့္ အမ်ိဳးသားလႊတ္ေတာ္ဥကၠဌ H.E. Mrs. Nguyen Thi Kim Ngan တို႔အပါအဝင္ ဗီယက္နမ္ႏိုင္ငံ အစိုးရအဖြဲ႕ႏွင့္ ဗီယက္နမ္ ျပည္သူ႔တပ္မေတာ္တို႔မွ အႀကီးအကဲမ်ားႏွင့္ ေတြ႕ဆုံ၍ ႏွစ္ႏိုင္ငံခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈ ျမႇင့္တင္ေရးဆိုင္ရာကိစၥရပ္မ်ားအား ေဆြးေႏြးျခင္းႏွင့္ အထင္ကရေနရာမ်ားသို႔ သြားေရာက္ေလ့လာျခင္းမ်ား ေဆာင္႐ြက္ခဲ့ၾကသည္။

ဖတ်သင့်သော သတင်းများ

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့် ဖော်ပြထားပါသည်။